ဖွံ့ဖြိုးဆဲနိုင်ငံတချို့နှင့် Sub-Saharan Africa တို့တွင် HIV/AIDS ကူးစက်ပျံ့နှံ့မှုမှာ မြင့်မားနေဆဲဖြစ် သည်။ HIV/AIDS ရောဂါ ကူးစက်မှုနှင့် ပတ်သက်ပြီး ABC ကာကွယ်ရေးဆိုင်ရာ ဗျူဟာကျင့်သုံးစေခဲ့သည်။ သို့သော် အမျိုးသမီးများသည် ရောဂါနှင့်ပတ်သက်၍ဗဟုသုတလွန်စွာနည်းပါးလျက်ပင် ရှိကြသေးကြောင်းတွေ့ရသည်။
- A – Abstinence (ရှောင်ကြဉ်ခြင်း)
- B – Be Faithful (သစ္စာရှိခြင်း) နှင့်
- C – Use a Condom (ကွန်ဒုံးသုံးခြင်း)
တို့ဖြင့် HIV ဗိုင်းရပ်စ်ကူးစက်မှုကိုကာကွယ်ဟန့်တားနိုင်ကြမည် ဖြစ်သည်။
သို့သော် အမျိုးသမီးနှင့် အမျိုးသားတို့ကြားမတူညီသောမွေးရာပါ အခွင့်အရေးများကားရှိနေကြဆဲဖြစ် သည်။ အမျိုးသမီးများသည် လူမှုဆက်ဆံရေးနှင့် စီးပွားရေးဆိုင်ရာ အခွင့်အာဏာများမရှိကြသဖြင့် ABC လိုက် နာဆောင်ရွက်မှုအတွက် မိမိတို့၏ ဆက်ဆံဖော်များအား ညှိနှိုင်းဆောင်ရွက်နိုင်ခွင့် မရှိကြပေ။ အမျိုးသမီးနှင့် အမျိုးသားတို့ကြားမညီမျှမှုသည် ABC လိုက်နာဆောင်ရွက်မှုအတွက် အဟန့်အတားတစ်ခု ဖြစ်လျက်ရှိသည်။
ကမ္ဘာတစ်ဝန်းတွင် HIV/AIDS ဖြင့် နေထိုင်သူစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းမှာအမျိုးသမီးများဖြစ်ကြ သည်။ Sub-Saharan ဒေသအဖို့ အမျိုးသမီးအရေအတွက်မှာ ၆၀ ရာခိုင်နှုန်းခန့်ပင် ရှိနေသည်။ လူငယ်၊ လူရွယ်များတွင် ယောကျ်ားလေး၊ မိန်းကလေး နှိုင်းယှဉ်ကြည့်ပါက မိန်းကလေးအရေအတွက်မှာ ၂.၅ ဆပိုနေသည်။
ကျွမ်းကျင်ပညာရှင်များက HIV ဗိုင်းရပ်စ်ကူးစက်မှုကိုလာမည့်သုံးနှစ်တာကာလအတွင်းပိုးသတ်ဆေး
Microbicide ဖြင့် ကာကွယ်ပေးနိုင်တော့မည်ဟုမျှော်မှန်းထားကြသည်။ လူသန်းပေါင်း ၂.၅ သန်းကို ဆေးဝါး ဖြင့် ကာကွယ်နိုင်ပြီးထိရောက်မှုစွမ်းအားမှာ ၆၀ ရာခိုင်နှုန်းရှိနိုင်မည်ဟုဆိုပါသည်။
အမျိုးသမီးနှင့် အမျိုးသားတို့ကြားတန်းတူညီမျှသောအခွင့်အရေးများရရှိနိုင်ပါက HIV/AIDS ကာကွယ် တိုက်ဖျက်ရေးအတွက် အထောက်အကူများစွာ ဖြစ်စေနိုင်မည် ဖြစ်ပေသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)