fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အိပ်ရေးမ၀လို့ ခေါင်းကိုက်ဝေဒနာခံစားရလျှင်

571
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/03/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်တာ အိပ်ရေးမဝတာတွေ ဖြစ်တတ်ပါတယ်။ အလုပ်အရမ်းများလို့ အိပ်ချိန် လုံလုံလောက်လောက် မရတာ ၊ အိပ်ပေမဲ့ စိတ်တွေ ဖိစီးနေလို့ အိပ်မက်ဆိုးတွေ မက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာတွေကြောင့် မနက်နိုးတဲ့အခါ တစ်ကိုယ်လုံး ကိုက်ခဲ နုံးချည့်နေတာတွေ ခံစားရတတ်ပါတယ်။ ဒါ့ပြင် အိပ်ရေး မဝတဲ့အခါ ခေါင်းမကြည်ဘဲ ခေါင်းနောက်နေတာ၊ လက်တွေ ခြေထောက်တွေ ထုံနေတာ ၊ ငူငူငိုင်ငိုင်ကြီး ဖြစ်နေတာမျိုးတွေလည်း ဖြစ်တတ်ပါသေးတယ်။ ဘာကြောင့် ဒီလိုတွေ ဖြစ်ရတာပါလဲ။

လေ့လာစမ်းစစ်မှုတွေအရ နှစ်ခြိုက်စွာ အိပ်စက်ခြင်းဟာ နာကျင်မှုတော်တော်များများနဲ့ ပတ်သက်ဆက်နွှယ်နေပါတယ်။ လူတစ်ယောက် အိပ်စက်တဲ့အခါမှာ REM နဲ့ NREM ဆိုပြီး အဆင့် ၂ ဆင့်ရှိပါတယ်။ REM အဆင့်ဟာ နှစ်ခြိုက်စွာ အိပ်စက်ခြင်းကို ဖြစ်စေပြီး ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းပြောင်းလဲခြင်းတချို့ကို ဖြစ်စေပါတယ်။ တစ်ညတာမှာ REM အဆင့်နဲ့ NREM အဆင့်တို့ တစ်လှည့်စီ ဖြစ်ပေါ်နေပြီး တစ်ညလုံး အနေနဲ့ဆို REM အဆင့်ဟာ ၄ ခါမှ ၆ ခါလောက်အထိ ရှိပါတယ်။

နှစ်ခြိုက်စွာ အိပ်မပျော်တဲ့အခါ ဒါမှမဟုတ် အိပ်ချိန်နည်းတဲ့ အခါမှာ REM အဆင့်ဖြစ်ချိန်ဟာ လျော့နည်းသွားပါတယ်။ အဲဒီအခါမှာ ခန္ဓာကိုယ်မှာ တချို့ ပရိုတင်းတွေ ပိုထွက်စေပါတယ်။ အဲဒီ ပရိုတင်းတွေဟာ မျက်နှာမှာ ရှိတဲ့ အာရုံကြောတွေရဲ့ အာရုံခံစားမှုတွေကို ပိုများစေတဲ့အတွက် ခေါင်းကိုက်ခြင်းတွေကို ခံစားရစေနိုင်ပါတယ်။ ဒါ့ပြင် နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါနဲ့ တင်းကျပ်စွာ ခေါင်းကိုက်ခြင်းတွေကိုလည်း ပိုဆိုးစေတတ်ပါသေးတယ်။ အိပ်ရေးပျက်လို့ ခေါင်းကိုက်တဲ့အခါ ဘယ်လို ခံစားရမလဲ။

အိပ်ရာကနိုးရင် လန်းလန်းဆန်းဆန်း နိုးလာရမယ့်အစား ခေါင်းကြီးကိုက်ပြီး အုံခဲပြီး နိုးလာမယ်။ ပင်ပန်းနွမ်းနယ်နေမယ်။ မလှုပ်ချင် မကိုင်ချင် ဖြစ်နေမယ်။ မလန်းဆန်းဘူး။ ဒါ့ပြင် အိပ်ငိုက်နေတယ်။ မျက်ခွံတွေ လေးနေမယ်။ အာရုံစူးစိုက်နိုင်စွမ်း မရှိဘူး။ အလုပ်မလုပ်ချင်ဘူး။ မေ့မေ့လျော့လျော့တွေ ဖြစ်နေမယ်။ အလုပ်လုပ်နိုင်စွမ်းတွေ ကျဆင်းနေမယ်။ အထူးသဖြင့် တွက်ချက်ရတဲ့ အလုပ်တွေ၊  ချိန်ဆရတဲ့ အလုပ်တွေမှာဆို ပိုဆိုးတယ်။ အဲဒီအတွက် မတော်တဆတွေလည်း ပိုဖြစ်တတ်တယ်။ ပြီးတော့ အလကားနေရင်းလည်း စိတ်တွေ တိုနေတတ်သေးတယ်။

အိပ်ရေးမဝလို့ ခေါင်းကိုက်စေတဲ့ အချက်တွေထဲမှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ ရောဂါတစ်ခုလည်း ရှိသေးတယ်။ အဲဒါကတော့ Sleep Apnoea လို့ခေါ်တဲ့ ရောဂါပါ။ အိပ်နေတဲ့ အချိန်အတောအတွင်းမှာ အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့မှုတချို့ ဖြစ်တဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မရဘဲ မနက်နိုးနိုးခြင်း ခေါင်းကိုက်တတ်တဲ့ ရောဂါတစ်ခုပါ။

ဒါကြောင့် တကယ်လို့ သင်ဟာ မနက်နိုးနိုးခြင်း ခေါင်းကိုက်တာ မကြာခဏဖြစ်တယ်၊ ဘယ်လောက်အိပ်အိပ် အိပ်ရေးမဝဖြစ်နေတယ်ဆို ဒီရောဂါလည်း ဖြစ်နေနိုင်ပါတယ်။ ဒီရောဂါက အမျိုးသားတွေမှာ ပိုဖြစ်တတ်ပြီး ကိုယ်အလေးချိန်များတဲ့ သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက် ၄၀ ကျော်တဲ့ သူတွေမှာ ပိုဖြစ်တတ်ပြီး မျိုးရိုးရှိရင် ပိုဖြစ်နိုင်ပါတယ်။ ဒီရောဂါဖြစ်ရင်တော့ နောက်ဆက်တွဲ အနေနဲ့ နှလုံး၊ သွေးတိုး၊ ဆီးချိုတွေ ဖြစ်လာတတ်ပါတယ်။

အိပ်ရေးပျက်လို့ ခေါင်းကိုက်တာက လူတိုင်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မကြာခဏ ဖြစ်နေရင်တော့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တဲ့ Sleep Aponoe ရောဂါဖြစ်နေနိုင်တာကြောင့် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါ့ပြင် ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူတွေ၊ Tension Headache လို့ခေါ်တဲ့ စိတ်ဖိစီးရင် ခေါင်းကိုက်တတ်တဲ့သူတွေအတွက် အိပ်ချိန်ကို မဖြစ်မနေ ပုံမှန်ထားရှိသင့်ပါတယ်။

အိပ်ရေးပျက်လို့ ခေါင်းကိုက်ပြီဆိုရင် ရေချိုးပေးတာ ၊ ခေါင်းကို ခပ်သာသာ နှိပ်နယ်ပေးတာမျိုးတွေ ပြုလုပ်ပေးလို့ရပါတယ်။ အဆီအစိမ့်တွေ လျှော့စားပြီး အစေ့အဆန်တို့ အစိမ်းရင့်ရောင်ရှိတဲ့ လတ်ဆတ်တဲ့ သစ်သီးသစ်ရွက်တွေ စားတာမျိုး လုပ်ပေးသင့်ပါတယ်။ အချိန်ရရင် အနားယူပေးတာမျိုး တစ်ရေးတစ်မော အိပ်ပေးတာမျိုးတွေ ပြုလုပ်ပေးသင့်ပါတယ်။

ခေါင်းကိုက်အရမ်းဆိုးရင်တော့ ပါရာစီတမောလို အကိုက်အခဲ ပျောက်ဆေးတွေကို ၆ နာရီခြားပြီး တစ်လုံးစီ သောက်လို့ရပါတယ်။ အစားစားပြီးမှသာ သောက်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ အသည်းရောဂါ ရှိသူတွေဆိုရင်တော့ ဆရာဝန်နဲ့ မေးမြန်းပြီးမှ သောက်သင့်ပါတယ်။

Author: Dr. မေ

Previous Post

ရင်သားမှာဖြစ်သော ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်များအကြောင်း (အပိုင်း ၁)

Next Post

ရင်သားမှာဖြစ်သော ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်များအကြောင်း အပိုင်း ၂

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
126

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရင်သားမှာဖြစ်သော ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်များအကြောင်း အပိုင်း ၂

ကလေးများနဲ့ အိပ်ချိန်

လူတစ်ယောက် ရုတ်တရတ် နှလုံးခုန်ရပ် အသက်ရှူရပ်သွားရင် ဘာတွေလုပ်ရမလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.