(Zawgyi)
ဦး လွမင္းတစ္ေယာက္ မနက္မိုးလင္းကတည္းက ဗိုက္ေတြ ရစ္ၿပီးဝမ္းေတြသြားေနသည္။ အစားမွားလို႔ျဖစ္ႏိုင္သည္။ တစ္ေန႔ကေတာ့ အလႉတြင္ ထမင္းသြားစားလိုက္သည္။ သုံးႀကိမ္ေလာက္ သြားၿပီးႏုံးေနသည္။
“ၾကက္သြန္ျဖဴေလး မီးဖုတ္စားလိုက္ရင္ ဝမ္းသြားတာရပ္သြားလိမ့္မယ္”
မိန္းမက ေကြၽးေနက် ဓာတ္စာကို လွမ္းေျပာၿပီး မီးဖိုထဲဝင္သြားသည္။ ၾကက္သြန္ျဖဴ မီးဖုတ္အနံ႔ေလးက သင္းေနသည္။
“ဒါေလးစားလိုက္။ ခဏေနေပ်ာက္သြားလိမ့္မယ္” ခဏေနေတာ့ မီးဖိုခန္းထဲမွ ျပန္ထြက္လာသည္။ ႂကြက္သြန္ျဖဴ ငါးဥေလာက္ကို မီးရဲရဲႏွင့္ ဖုတ္ထားသည္။ ဦးလွမင္း စားလိုက္သည္။
“ညေနက်ရင္ ထပ္လုပ္ေပးမယ္။ ဒီမနက္ေတာ့ ဒါကုန္ေအာင္စားထား” အိမ္တြင္ေတာ့ မိန္းမက ဆရာဝန္။ သူေျပာသည့္အတိုင္းသာ တေသြမသိန္းလိုက္နာရမည္။ တစ္ေန႔လုံးေနေတာ့ ဝမ္းက ေျခာက္ခါေလာက္ျဖစ္ေနၿပီ။
“ငါ ဓာတ္ဆားရည္ ေသာက္လိုက္မယ္။ ဝမ္းသြားတာ မ်ားေနၿပီ။”
“ရွင့္မွာ ေသြးတိုးရွိတယ္ေလ။ ဓာတ္ဆားရည္ေသာက္ရင္ ေသြးတိုးလိမ့္မယ္။”
ဆရာဝန္တစ္ေယာက္လို ေျပာေနသည္။ ဦးလွမင္းတစ္ေယာက္ ညေနပိုင္းေရာက္ေတာ့ ေခါင္းက မူးေနာက္မူးေနာက္။ လမ္းေလွ်ာက္ရသည္ကိုပင္ အားမရွိသလိုလို။ ညပိုင္းေရာက္ေတာ့ မိန္းမက ၾကက္သြန္ျဖဴ မီးဖုတ္ကို ေနာက္တစ္ႀကိမ္ထပ္လုပ္ေပးသည္။
“ ဒါေလးစားလိုက္။ ညက်ရင္ ေကာင္းသြားလိမ့္မယ္” ညေနဖက္ေရာက္ေတာ့ ဝမ္းက မရပ္ေသး။ အိမ္သာကို သြားႏိုင္တဲ့ အားမရွိေတာ့။ သားငယ္က အေဖ့ အျဖစ္ကို ၾကည့္ၿပီး “အေဖရယ္။ ေဆးခန္းသြားျပလိုက္ရေအာင္။ ကြၽန္ေတာ္လိုက္ပို႔ေပးမယ္ေလ”
ဦးလွမင္းက ေဆးခန္းသြားခ်င္ေနသူ။ မိန္းမကိုေၾကာက္လို႔သာ သြားမျပျခင္းျဖစ္သည္။
“အမယ္ေလးေတာ္ ေဆးခန္းက ဘာကိစၥသြားခ်င္ရတာတုန္း။ ၾကက္သြန္ျဖဴစားထားတာပဲေလ။ ေကာင္းသြားမွာပါဆိုမွ”
“အေမကလည္း ညဖက္ညဥ့္နက္မွ အေဖ ဝမ္းေတြ သြားေနရင္ ဘယ္လိုလုပ္မလဲ။ အခုသြားျပရင္ ေဆးခန္းမွီေသးတယ္။ ဆရာဝန္က ေဆးေလးဘာေလးေပးရင္ သက္သာမွာေပါ့။ အခုေတာ့ ဓာတ္ဆားရည္ေတာင္ မေသာက္ေတာ့ အေဖက မူးေနတာေပါ့”
သားက သူ႔အေမကို အတိုက္အခံ ျပန္ေျပာသည္။ ဦးလွမင္းႀကိတ္၍ ဝမ္းသာသြားသည္။ သားက အေမကို ဘာမွ မေျပာပဲ အေဖကို တြဲသည္။ ထို႔ေနာက္ ေဆးခန္းသို႔ သားအဖႏွစ္ေယာက္ ဆိုက္ကားေလးႏွင့္ ထြက္လာၾကသည္။ ေဆးခန္းက ပိတ္ေတာ့မည္။
“ေဆးခန္းမပိတ္ပါနဲ႔ဦး ဆရာ။ ကြၽန္ေတာ့္ အေဖ ဝမ္းေတြ သြားေနလို႔ပါ”
သားမွ ဆရာဝန္ေလးအား ေတာင္းပန္လိုက္သည္။
“ရပါတယ္ လာပါ။ ေသြးေပါင္ေလးခ်ိန္ၾကည့္ရေအာင္ ကုတင္ေပၚတက္ေနာ္။ ဘယ္ႏွစ္ခါရွိၿပီလဲ”
“ခုနစ္ခါေလာက္ေတာ့ရွိၿပီဆရာ”
“ဗိုက္ရစ္ရစ္နာလား”
“နာတယ္ဆရာ။ အရည္ ေပ်ာ့ေပ်ာ့ေတြ သြားတာမ်ားတယ္”
“ေသြးေပါင္ေတြက်ေနတယ္။ ဝမ္းသြားတာမ်ားလို႔ေနမွာ။”
သားက ဝင္ေျပာသည္။
“ဟုတ္လိမ့္မယ္။ ဝမ္းသြားတာ ဓာတ္ဆားရည္လည္း မေသာက္ဘူး။ ေသြးတိုးမွာ စိုးလို႔တဲ့”
“ေသြးတိုးရွိလို႔လား”
“ေသြးက တစ္ခါတစ္ေလေတာ့ တိုးတယ္ဆရာ”
“ေသြးတိုးအတြက္ ေဆးေတြေရာ ေသာက္ေနရလား”
“ေဆးေတာ့ ပုံမွန္မေသာက္ရပါဘူး။”
“အခုေတာ့ ေသြးေပါင္က်ေနတယ္။ ဓာတ္ဆားရည္ေတာင္ မဟုတ္ဘူး။ Drip ေတာင္ ခ်ိတ္ရမယ္။ ၿပီးမွ ျပန္ေပါ့။”
“ဆရာကို အားနာလိုက္တာ။ ေဆးခန္းပိတ္ခ်ိန္ႀကီးမွ”
မနက္ခင္းေစာေစာ ေဆး႐ုံသို႔ သြားရဦးမည့္ ဆရာဝန္ေလးကိုလည္း သားသမီးခ်င္းကိုယ္ခ်င္းစာသည္။ မိန္းမကိုလည္း စိတ္ထဲမွာ က်ိန္ဆဲမိသည္။ ေစာေစာကသာ သြားရလွ်င္ ဒီေလာက္ႀကီးျဖစ္ခ်င္မွ ျဖစ္မွာ။
“ရပါတယ္။ ဝမ္းသြားရင္ ဓာတ္ဆားရည္ေသာက္ရတယ္ဆိုတာ မသိတာလား”
သားငယ္က ဆရာဝန္အားရွင္းျပသည္။
“အိမ္မွာက အေမက ဆရာဝန္ပဲ။ အေဖက တစ္ခါတစ္ေလေသြးေပါင္ တတ္ တတ္တယ္။ အၿမဲေတာ့လည္း မဟုတ္ဘူး။ အဲဒါ ေသြးတိုးတယ္ ဓာတ္ဆားရည္ မေသာက္နဲ႔လို႔ ဆိုၿပီး အေဖ့ကို မေသာက္ခိုင္းဘူး”
ၾကက္သြန္ျဖဴစားသည့္ ကိစၥကိုေတာ့ ထည့္မေျပာေတာ့။
“ျဖစ္ျဖစ္ခ်င္းသာ ဓာတ္ဆားရည္ေသာက္ရင္ ဒီေလာက္ႀကီး ေသြးေပါင္ေတြ က်ေနမွာ မဟုတ္ဘူး။ ကိုယ့္မွာ လည္း ေသြးတိုးမရွိေတာ့ ဓာတ္ဆားရည္ေသာက္ပါေနာ္။ အခုေတာ့ ေဆးေတြလည္း ေပးလိုက္မယ္။ ေဆးလည္း ေသာက္ေပါ့”
“ဟုတ္ကဲ့ပါ ဆရာ ေက်းဇူးတင္ပါတယ္”
ဦးလွမင္းလႈိက္လႈိက္လွဲလွဲ ေျပာလိုက္သည္။
“အေဖကေလ အေမ့ကို သိပ္ေၾကာက္တာ။ အေမက ဒါမလုပ္နဲ႔ဆိုရင္ ဘာမွ မလုပ္ရဲဘူး။ ဒါေတာင္ ကြၽန္ေတာ္ အေမ့ကို အတိုက္အခံလုပ္ၿပီး ေဆးခန္းေခၚလာရတာ”
ဦးလွမင္း သားကို ဘုၾကည့္ၾကည့္လိုက္သည္။ သားကေတာ့ အေဖကို လွည့္မၾကည့္။ ဆရာဝန္ေလးေပးေသာ ေဆးမ်ားကို သာ ၾကည့္ေနသည္။ ဒီညေတာ့ သန္းေခါင္ေက်ာ္မွ ေဆးခန္းပိတ္ရဦးမည့္ ဆရာဝန္ေလးကို ဦးလွမင္း အားနာလွပါသည္။ ဆရာဝန္ေလးအား စိတ္ထဲမွ ေန၍ ဆုေတာင္းမ်ားေပးေနလိုက္သည္။
Author – ေဒါက္တာေအးခ်မ္းမိုး
(Unicode)
ဦး လှမင်းတစ်ယောက် မနက်မိုးလင်းကတည်းက ဗိုက်တွေ ရစ်ပြီးဝမ်းတွေသွားနေသည်။ အစားမှားလို့ဖြစ်နိုင်သည်။ တစ်နေ့ကတော့ အလှူတွင် ထမင်းသွားစားလိုက်သည်။ သုံးကြိမ်လောက် သွားပြီးနုံးနေသည်။
“ကြက်သွန်ဖြူလေး မီးဖုတ်စားလိုက်ရင် ဝမ်းသွားတာရပ်သွားလိမ့်မယ်”
မိန်းမက ကျွေးနေကျ ဓာတ်စာကို လှမ်းပြောပြီး မီးဖိုထဲဝင်သွားသည်။ ကြက်သွန်ဖြူ မီးဖုတ်အနံ့လေးက သင်းနေသည်။
“ဒါလေးစားလိုက်။ ခဏနေပျောက်သွားလိမ့်မယ်” ခဏနေတော့ မီးဖိုခန်းထဲမှ ပြန်ထွက်လာသည်။ ကြွက်သွန်ဖြူ ငါးဥလောက်ကို မီးရဲရဲနှင့် ဖုတ်ထားသည်။ ဦးလှမင်း စားလိုက်သည်။
“ညနေကျရင် ထပ်လုပ်ပေးမယ်။ ဒီမနက်တော့ ဒါကုန်အောင်စားထား” အိမ်တွင်တော့ မိန်းမက ဆရာဝန်။ သူပြောသည့်အတိုင်းသာ တသွေမသိန်းလိုက်နာရမည်။ တစ်နေ့လုံးနေတော့ ဝမ်းက ခြောက်ခါလောက်ဖြစ်နေပြီ။
“ငါ ဓာတ်ဆားရည် သောက်လိုက်မယ်။ ဝမ်းသွားတာ များနေပြီ။”
“ရှင့်မှာ သွေးတိုးရှိတယ်လေ။ ဓာတ်ဆားရည်သောက်ရင် သွေးတိုးလိမ့်မယ်။”
ဆရာဝန်တစ်ယောက်လို ပြောနေသည်။ ဦးလှမင်းတစ်ယောက် ညနေပိုင်းရောက်တော့ ခေါင်းက မူးနောက်မူးနောက်။ လမ်းလျှောက်ရသည်ကိုပင် အားမရှိသလိုလို။ ညပိုင်းရောက်တော့ မိန်းမက ကြက်သွန်ဖြူ မီးဖုတ်ကို နောက်တစ်ကြိမ်ထပ်လုပ်ပေးသည်။
“ ဒါလေးစားလိုက်။ ညကျရင် ကောင်းသွားလိမ့်မယ်” ညနေဖက်ရောက်တော့ ဝမ်းက မရပ်သေး။ အိမ်သာကို သွားနိုင်တဲ့ အားမရှိတော့။ သားငယ်က အဖေ့ အဖြစ်ကို ကြည့်ပြီး “အဖေရယ်။ ဆေးခန်းသွားပြလိုက်ရအောင်။ ကျွန်တော်လိုက်ပို့ပေးမယ်လေ”
ဦးလှမင်းက ဆေးခန်းသွားချင်နေသူ။ မိန်းမကိုကြောက်လို့သာ သွားမပြခြင်းဖြစ်သည်။
“အမယ်လေးတော် ဆေးခန်းက ဘာကိစ္စသွားချင်ရတာတုန်း။ ကြက်သွန်ဖြူစားထားတာပဲလေ။ ကောင်းသွားမှာပါဆိုမှ”
“အမေကလည်း ညဖက်ညဥ့်နက်မှ အဖေ ဝမ်းတွေ သွားနေရင် ဘယ်လိုလုပ်မလဲ။ အခုသွားပြရင် ဆေးခန်းမှီသေးတယ်။ ဆရာဝန်က ဆေးလေးဘာလေးပေးရင် သက်သာမှာပေါ့။ အခုတော့ ဓာတ်ဆားရည်တောင် မသောက်တော့ အဖေက မူးနေတာပေါ့”
သားက သူ့အမေကို အတိုက်အခံ ပြန်ပြောသည်။ ဦးလှမင်းကြိတ်၍ ဝမ်းသာသွားသည်။ သားက အမေကို ဘာမှ မပြောပဲ အဖေကို တွဲသည်။ ထို့နောက် ဆေးခန်းသို့ သားအဖနှစ်ယောက် ဆိုက်ကားလေးနှင့် ထွက်လာကြသည်။ ဆေးခန်းက ပိတ်တော့မည်။
“ဆေးခန်းမပိတ်ပါနဲ့ဦး ဆရာ။ ကျွန်တော့် အဖေ ဝမ်းတွေ သွားနေလို့ပါ”
သားမှ ဆရာဝန်လေးအား တောင်းပန်လိုက်သည်။
“ရပါတယ် လာပါ။ သွေးပေါင်လေးချိန်ကြည့်ရအောင် ကုတင်ပေါ်တက်နော်။ ဘယ်နှစ်ခါရှိပြီလဲ”
“ခုနစ်ခါလောက်တော့ရှိပြီဆရာ”
“ဗိုက်ရစ်ရစ်နာလား”
“နာတယ်ဆရာ။ အရည် ပျော့ပျော့တွေ သွားတာများတယ်”
“သွေးပေါင်တွေကျနေတယ်။ ဝမ်းသွားတာများလို့နေမှာ။”
သားက ဝင်ပြောသည်။
“ဟုတ်လိမ့်မယ်။ ဝမ်းသွားတာ ဓာတ်ဆားရည်လည်း မသောက်ဘူး။ သွေးတိုးမှာ စိုးလို့တဲ့”
“သွေးတိုးရှိလို့လား”
“သွေးက တစ်ခါတစ်လေတော့ တိုးတယ်ဆရာ”
“သွေးတိုးအတွက် ဆေးတွေရော သောက်နေရလား”
“ဆေးတော့ ပုံမှန်မသောက်ရပါဘူး။”
“အခုတော့ သွေးပေါင်ကျနေတယ်။ ဓာတ်ဆားရည်တောင် မဟုတ်ဘူး။ Drip တောင် ချိတ်ရမယ်။ ပြီးမှ ပြန်ပေါ့။”
“ဆရာကို အားနာလိုက်တာ။ ဆေးခန်းပိတ်ချိန်ကြီးမှ”
မနက်ခင်းစောစော ဆေးရုံသို့ သွားရဦးမည့် ဆရာဝန်လေးကိုလည်း သားသမီးချင်းကိုယ်ချင်းစာသည်။ မိန်းမကိုလည်း စိတ်ထဲမှာ ကျိန်ဆဲမိသည်။ စောစောကသာ သွားရလျှင် ဒီလောက်ကြီးဖြစ်ချင်မှ ဖြစ်မှာ။
“ရပါတယ်။ ဝမ်းသွားရင် ဓာတ်ဆားရည်သောက်ရတယ်ဆိုတာ မသိတာလား”
သားငယ်က ဆရာဝန်အားရှင်းပြသည်။
“အိမ်မှာက အမေက ဆရာဝန်ပဲ။ အဖေက တစ်ခါတစ်လေသွေးပေါင် တတ် တတ်တယ်။ အမြဲတော့လည်း မဟုတ်ဘူး။ အဲဒါ သွေးတိုးတယ် ဓာတ်ဆားရည် မသောက်နဲ့လို့ ဆိုပြီး အဖေ့ကို မသောက်ခိုင်းဘူး”
ကြက်သွန်ဖြူစားသည့် ကိစ္စကိုတော့ ထည့်မပြောတော့။
“ဖြစ်ဖြစ်ချင်းသာ ဓာတ်ဆားရည်သောက်ရင် ဒီလောက်ကြီး သွေးပေါင်တွေ ကျနေမှာ မဟုတ်ဘူး။ ကိုယ့်မှာ လည်း သွေးတိုးမရှိတော့ ဓာတ်ဆားရည်သောက်ပါနော်။ အခုတော့ ဆေးတွေလည်း ပေးလိုက်မယ်။ ဆေးလည်း သောက်ပေါ့”
“ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးတင်ပါတယ်”
ဦးလှမင်းလှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။
“အဖေကလေ အမေ့ကို သိပ်ကြောက်တာ။ အမေက ဒါမလုပ်နဲ့ဆိုရင် ဘာမှ မလုပ်ရဲဘူး။ ဒါတောင် ကျွန်တော် အမေ့ကို အတိုက်အခံလုပ်ပြီး ဆေးခန်းခေါ်လာရတာ”
ဦးလှမင်း သားကို ဘုကြည့်ကြည့်လိုက်သည်။ သားကတော့ အဖေကို လှည့်မကြည့်။ ဆရာဝန်လေးပေးသော ဆေးများကို သာ ကြည့်နေသည်။ ဒီညတော့ သန်းခေါင်ကျော်မှ ဆေးခန်းပိတ်ရဦးမည့် ဆရာဝန်လေးကို ဦးလှမင်း အားနာလှပါသည်။ ဆရာဝန်လေးအား စိတ်ထဲမှ နေ၍ ဆုတောင်းများပေးနေလိုက်သည်။
Author – ဒေါက်တာအေးချမ်းမိုး