သုက်ပိုး၏ရှင်သန်မှု
သုက်ပိုးတစ်ကောင်သည် လေနှင့်ထိတွေ့လျှင် အသက်ရှင်နိုင်သလား? အချိန်ဘယ်လောက်ထိရှင်သန်နေနိုင်လဲ ဟူသောမေးခွန်းများက Ondr ကို လူငယ်အချို့က မေးမြန်းလေ့ရှိပါတယ်။
(၁) သုက်ပိုးတစ်ကောင်လေနဲ့ထိတွေ့ပြီးလျှင်ရှင်သန်နိုင်သလား?
သုက်ပိုးတစ်ကောင်သည် လေနဲ့ထိတွေ့လျှင် ၎င်း၏ အစိုဓာတ် လျှင်မြန်စွာဆုံးရူံးနိုင်ပါသည်။ တဖြေးဖြေးခြောက်သွေ့ သေဆုံးသွားနိုင်ကာ မျိုးမအောင်နိုင်တော့ပါ။ ခြောက်သွေ့နေသော သုက်ပိုးသည် အစိုဓာတ်ပြန်ရရှိခဲ့လျှင်လည်း ပြန်လည်မရှင်သန်နိုင်ပါ။ အမှန်တကယ်သင့်တော်သော ရှင်သန်နိုင်သော ပတ်ဝန်းကျင်ရရှိခဲ့လျှင်လည်း ကိုယ်ခန္ဓာပြင်ပတွင် ၃ – ၄ ရက်ခန့်သာ အသက်ရှင်နိုင်ပါတယ်။
(၂) ခြောက်သွေ့နေသောသုက်ရည်များမှ ကိုယ်ဝန်ရနိုင်သလား
လူအများစုသည် သုက်ရည်ခြောက်သွေ့ပေမယ့် ကိုယ်ဝန်ရှိနိုင်သည်ဟု ထင်ပြီးစိုးရိမ်တတ်ကြပါတယ်။ ခြောက်သွေ့သော သုက်ရည်ထဲတွင် သုက်ပိုးမရှင်သန်နိုင်လို့ ကိုယ်ဝန်မရနိုင်ပါ။ သုက်ပိုးတစ်ကောင်၏ ရှင်သန်မှုက အလွန်တိုတောင်းပါတယ်။ အချို့လူများက သုက်ရည်ပေနေသော လက်ဖြင့် မိန်းမကိုယ်ကိုင်မိခဲ့လျှင် ကိုယ်ဝန်ရမည်ကို စိတ်ပူတတ်ကြပါတယ်။ အကယ်၍ သုက်ရည်ထွက်ခါစ သုက်ရည်သာလျှင် လက်ပေါ်မှတဆင့် မိန်းမကိုယ်ထဲဝင်ခဲ့လျှက် ကိုယ်ဝန်ရနိုင်ချေတော့ရှိပါတယ်။ ရာခိုင်နူန်းတော့ နည်းပါတယ်။ သုက်ရည်သည် လျှင်မြန်စွာခြောက်သွေ့ခဲ့ပြီး သုက်ပိုးသေခဲ့လျှင် မရနိုင်ပါ။
(၃) ယောင်္ကျားမျိုးပွားအင်္ဂါထဲတွင် သုက်ပိုးဘယ်လောက်ကြာကြာနေနိုင်လဲ?
ယောင်္ကျားမျိုးပွားအင်္ဂါထဲတွင် သုက်ပိုး၏ သက်တမ်းမှာ ၇၄ ရက်ခန့်ဖြစ်ပါတယ်။ အကယ်၍ ထိုအချိန်အတွင်း ပြင်ပသို့မထုတ်ခဲ့လျှင် ပျက်ဆီးပျော်ဝင်သွားပါတယ်။ သုက်ပိုးသက်တမ်းသည် အခြားသောအကြောင်းရင်းများကြောင့်ပြောင်းလဲတတ်ပါတယ်။
(၄) မိန်းမကိုယ်ထဲတွင် သုက်ပိုးဘယ်လောက်ကြာကြာရှင်သန်နိုင်သလဲ?
မိန်းမကိုယ်ထဲတွင် သုက်ပိုးရှင်သန်မႈသည် အခြေအနေအချို့ပေါ် မူတည်ပါတယ်။ သုက်ပိုးသန်းပေါင်းများစွာ မိန်းမကိုယ်ထဲဝင်ရောက်လာခဲ့သော်လည်း သန္ဓေအောင်ႏိုင်သော သုက်ပိုးအချို့သာ သားအိမ်အဝသို့ရောက်ပါတယ်။ သန္ဓေမအောင်သောသုက်ပိုးများသည်မိန်းမကိုယ်ထဲတွင်ကြာကြာအသက်မရှင်နိုင်ပဲ သေဆုံးသွားကြပါတယ်။
သုက်ပိုးသည် သားအိမ်အဝတွင် ၃ – ၄ ရက် နေနိုင်ပါတယ်။ မမျိုးဥကြွေရက်တွင် သားအိမ်မှထွက်သော အချွဲများသည် သုက်ပိုးများ သားအိမ်ဝ မှတဆင့် သားဥပြွန်ဆီသို့ ဝင်ရောက်ရန် အခြေအနေကောင်းများ ဖန်တီးပေးပါတယ်။ ထိုနည်းဖြင့် သုက်ပိုးနှင့်မမျိုးဥ တွေ့ပြီး သန္ဓေအောင်ကြပါတယ်။
သုက်ပိုး၏ ရှင်သန်မႈအပေါ် သက်ရောက်သောအချက်များမှာ ဓာတုဗေဒပစ္စည်းများ၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ ဆေးဝါးများနှင့် လေထုညစ်ခြင်းစသေ ာအချက်များဖြစ်ပါတယ်။ အပူဒဏ်သည် သုက်ပိုးထွက်မူကိုလျော့ကျစေပါတယ်။
ရေပူချိုးခြင်း၊ အညောင်းထိုင်ခြင်း၊ ဘောင်းဘီတင်းကြပ်စွာ ဝတ်ခြင်းစသည့် အချက်များကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သုက်ပိုးအားကောင်းစေရန် သန့်ရှင်းလတ်ဆတ်သော အသီးအနှံများစားပေးပါ။ ကိုယ်အလေးအချိန် ထိန်းပါ။ အဝလွန်ခြင်းသည် သုက်ပိုးလျော့ကျစေပါတယ်။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။ ဖြည့်စွက်အားဆေး ဥပမာ ဗီတာမင်စီနှင့် ဇင့်ဓာတ် သုံးစွဲပါ။
Author: Dr.ပြည့်ရှင်း