fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ရေကို တစ်နိုင်သန့်ကြမယ်!

944
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/03/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ေရကို တစ္ႏိုင္သန္႔ၾကမယ္!

ဟိုတေလာက ေဒါက္တာႏွင္း ၾကားမိတာ ဂ်ိဳးျဖဴေရထဲ မစင္ပိုးေတြ႕လို႔ဆိုၿပီး အုပ္ေအာ္ေသာင္းနင္း ျဖစ္လိုက္ၾကေသးဆိုပဲ…! ေတြ႕တယ္ မေတြ႕ဘူး ဆိုတာ တာဝန္ရွိ စစ္ေဆးသူေတြသာသိႏိုင္ေပမဲ့ သံုးေန ေသာက္ေနရတဲ့ ကိုယ္ေတြကေတာ့ စိတ္ပူတာေပါ့ေလ..! ခုက မေတြပါဘူး ေတြ႕ပါတယ္ ျငင္းေနတဲ့ အခ်ိန္မ်ိဳးမွာ ကိုယ္ေတြဘက္က စိတ္ခ်ရေအာင္ ေရကို ႀကိဳခ်က္ေသာက္ၾကပါလို႔ သတိေပးရင္း…. အိမ္တြင္းတစ္ပိုင္တစ္ႏိုင္ ေရသန္႔စင္နည္းေလးေျပာျပခ်င္ပါတယ္! ေရကို ႀကိဳခ်က္ေသာက္တာ စိတ္ခ်ရေပမဲ့ လွ်ပ္စစ္မီးမရွိတဲ့ အခါ …. ႀကိဳဖို႔ခ်က္ဖို႔ အဆင္မေျပတဲ့အခါ … ေရစစ္ကေလးသံုးရံုနဲ႔ ပိုးမႊားကင္းစင္တဲ့ ေရသန္႔ရမွာ မဟုတ္ဘူးေလ။ NGO ေတြကေဝတဲ့ ေရသန္႔ေဆးမႈန္႔ေတြ… အျပင္မွာေရာင္းတဲ့ ေရၾကည္ေဆးေတြလည္းရွိပါရဲ႕….သည္ အမႈန္႔ေတြက ေရထဲက အညစ္အေၾကးအနယ္အႏွစ္ေတြကို ဆဲြစုေပးလိုက္ၿပီး ေရသက္သက္ အနယ္အႏွစ္သက္သက္ျဖစ္ေအာင္လုပ္ေပးလိုက္တာပါပဲ! အဲဒီ့ေရၾကည္မႈန္႔ေတြကလည္း အလြယ္ဝယ္လို႔ မရတဲ့ အခါ… အခု ေဒါက္တာႏွင္းေျပာမယ့္နည္းေလးက အိမ္တြင္းတစ္ႏိုင္ ေရသန္႔စင္ဖို႔ရာ သိပ္ကို အဆင္ေျပပါလိမ့္မယ္! ကဲၾကည့္ၾကရေအာင္ပါ။

လိုအပ္ေသာပစၥည္းမ်ား
(၁) ေအာက္ေျခမွာအေပါက္ငယ္ေလးေတြပါတဲ့ ေရအိုး ( ပလတ္စတစ္ပံုးဆိုလည္း ရတယ္)
(၂) ႐ိုး႐ိုးေရအိုး/ ေရသိုေလွာင္မည့္ပံုး
(၃) ၂ဆင့္ေရအိုးတင္စင္ ( စင္မရွိလည္း တစ္အိုးေပၚတစ္အိုးထပ္လို႔ရရင္ အဆင္ေျပပါတယ္)
(၄)ပိတ္စ
(၅)သဲအျဖဴ သန္႔သန္
(၆)မီးေသြးခဲ အႀကီးမ်ား
(၇)ေက်ာက္စရစ္ခဲ မ်ား

အသံုးျပဳပံု

(၁) ပထမဆံုး ပစၥည္းအားလံုးကို ဆပ္ျပာ/ ေရတို႔ျဖင့္ စင္ၾကယ္ေအာင္ေဆးၿပီး အဝတ္သန္႔သန္႔ျဖင့္သုတ္ပါ။ ( ပိတ္စျဖဴကိုေတာ့ ေသခ်ာေလွ်ာ္ဖြတ္ ေနလွန္းၿပီး မီးပူထိုးထားပါ..
သဲ/ မီးေသြး နဲ႔ ေက်ာက္စရစ္ေတြကိုလည္း ေဆးေၾကာၿပီးတာနဲ႔ ဇကာနဲ႔စစ္ၿပီး ေနပူပူမွာ ျဖန္႔ၿပီး အေျခာက္ခံပါ… အေပၚက ပလတ္စတစ္ အၾကည္ေလးအုပ္ၿပီး လွန္းေပးႏိုင္ရင္ ပို အဆင္ေျပပါတယ္) ။
(၂) ၿပီးရင္ အေပါက္ပါတဲ့အိုးထဲမွာ အခုနကပိတ္ျဖဴ ကအေနေတာ္ျဖတ္ၿပီး ခင္းပါမယ္… အေပါက္ကေလးေတြ အကုန္လံုေအာင္ခင္းပါ။
(၃) ၿပီးရင္ အိုးရဲ႕ ၃ ပံု ၁ ပံုကို အခုနက သန္႔စင္ၿပီးအေျခာက္ခံထားတဲ့သဲကို ညီေအာင္ညွိၿပီး ျဖည့္ပါ ။
(၄) ၿပီးရင္ အေပၚက ပိတ္ျဖဴ တစ္လႊာအုပ္ပါ။ ၎ ပိတ္ျဖဴ အေပၚမွာ သန္႔စင္ထားတဲ့ မီးေသြး အတံုးႀကီးကို အေသးေလးေတြ ျဖစ္ေအာင္ ေခ်ၿပီး အိုးရဲ႕ အလယ္ပိုင္း ၃ပံု၁ ပံု ျပည့္ေအာင္ျဖည့္ပါ။
(၅) အဲဒီ့ မီးေသြးအလႊာေပၚမွာ သန္႔စင္ၿပီး ေက်ာက္စရစ္မ်ားကို က်န္ ၃ပံု၁ ပံု မျပည့္ တျပည့္ထိ ျဖန္႔ထည့္ပါ( ေရထည့္တဲ့ အခါ မလွ်ံက်ေအာင္ ေနရာခ်န္ျခင္းပါ)
(၆) အားလံုးၿပီးရင္ စင္ရဲ႕ အေပၚဆင့္မွာ သည္ အေပါက္ငယ္မ်ား ပါတဲ့ အိုးကို တင္ပါ။
သူ႔ေအာက္တည့္တည့္မွာ ႐ိုး႐ိုးေရအိုး/ ေရသိုေလွာင္မည့္အိုးကို ထားပါ။
(စင္မရွိလွ်င္ တစ္အိုးနဲ႔တစ္အိုး ထပ္ထားလို႔ရပါတယ္… အရြယ္အစားကို ခ်ိန္ၿပီးဝယ္ပါ)
(၇)မိမိ ေသာက္/သံုးမယ့္ေရကို အျပင္မွာ ေရစစ္နဲ႔ တစ္ထပ္စစ္ထားပါ( ဒါမွ အမိႈက္ အ႐ိုက္အမႈန္ အမႊား အႀကီးေတြ စစ္ၿပီးသားျဖစ္သြားပါမယ္)။ ၿပီးရင္ အဲဒီ့ေရကို အေပၚက အိုးထဲ ျဖည္းျဖည္းခ်င္းေလာင္းထည့္ပါ။ အေပၚအိုးထဲကေရေတြဟာ အေပါက္ငယ္ေလးေတြကတစ္ဆင့္ ေအာက္ဘက္အိုးထဲက်လာပါလိမ့္မယ္။ ပထမဆံုးရလာတဲ့ ေရမွာ မီးေသြးမႈန္ေလးေတြ အနည္းငယ္ပါတတ္ပါတယ္ .. မစိုးရိမ္ပါနဲ႔ … အဲဒီ့ေရကို ပဲ အေပၚအိုးထဲ ျပန္လည္ေလာင္းထည့္ၿပီး ေနာက္ထပ္တစ္ေခါက္စစ္ယူေပးႏိုင္ပါတယ္။ အဲလိုဆိုၾကည္လင္သန္႔ရွင္းတဲ့ ေရကို စိတ္ခ်လက္ခ်ေသာက္ႏိုင္သံုးႏိုင္ပါၿပီ။
သတိျပဳရန္မ်ား
– စစခ်င္း ပါဝင္ပစၥည္းေတြကို သန္႔စင္ေဆးေၾကာတဲ့ေရက ေရၾကည္ေရသန္႔ျဖစ္ရပါမယ္! အထပ္ထပ္ေဆးေၾကာဖို႔လိုပါတယ္။
– သံုးထားတဲြ ပိတ္စ အမ်ိဳး အစားနဲ႔ ေရရဲ႕ ေနာက္က်ိမႈ အဆင့္ကို လိုက္ၿပီး အဲဒီပိတ္စေတြကို ၂/၃ လ တစ္ခါ သန္႔ရွင္းေပး/ လဲလွယ္ေပးဖို႔လိုပါမယ္။
– ၂ လ ၃ လေနလို႔ ေအာက္ကိုက်လာတဲ့ေရမွာ အနယ္ေတြပါေနၿပီဆိုရင္ ဆက္မသံုးပဲ ေရၾကည္ျဖင္ အေပၚက အႀကိမ္ႀကိမ္ ေလာင္းၿပီး သန္႔ရွင္းေရး လုပ္… ၿပီးေတာ့မွ ဆက္သံုးရမွာျဖစ္ပါတယ္။

သည္ေရစစ္နည္းေလးကို သံုးေပးခ်င္းအားျဖင့္ မိမိတို႔ ေသာက္သံုးမဲ့ ေရမွာ
– သံဓာတ္ကင္းစင္ျခင္း
– အနံ႕ အသက္ ( အထူးသျဖင့္ ဇဝက္သာနံ႕) ကင္းစင္ျခင္း
– ဘတ္တီးရီးယားပိုးမႊားကင္းစင္ျခင္း
– အငန္ဓာတ္ေလ်ာ့ျခင္း
– ေရၾကည္လင္ျခင္း
စတဲ့ အကိ်ဳးေက်းဇူးေတြနဲ႔ အတူ သန္႔ရွင္းၾကည္လင္တဲ့ ေသာက္ေရကို ရရွိမွာျဖစ္ပါတယ္! အခုေခတ္မွာ ေရသန္႔လို႔ ေျပာေရာင္းေနတာေတြေတာင္ မယံုရတာ အားလံုး အသိပါ။ သည္လို အိမ္တြင္း တစ္ႏိုင္ ကိုယ္ပိုင္ေရသန္႔စင္စနစ္ကေလးရွိတာဟာ အင္မတန္ အက်ိဳးေက်းဇူးမ်ားမွာပါ။ အသင့္ဝယ္လို႔ရတဲ့ ေရသန္႔အိုးေတြလည္းရွိေပမယ့္ ေဒါက္တာႏွင္းကေတာ့ ကိုယ္တိုင္လုပ္မွ စိတ္ခ်ရတယ္ထင္တာေၾကာင့္ အားလံုး လုပ္တတ္သြားေအာင္ သည္နည္းေလး ေပးခ်င္ပါတယ္။ အားလံုးပဲအႏၲရာယ္ကင္းကင္းနဲ႔ ေရၾကည္ေရသန္႔ ေသာက္သံုး ႏိုင္ၾကပါေစ။

Author : ႏွင္းႏုေအး

ရေကို တစ်နိုင်သန့်ကြမယ်!

ဟိုတလောက ဒေါက်တာနှင်း ကြားမိတာ ဂျိုးဖြူရေထဲ မစင်ပိုးတွေ့လို့ဆိုပြီး အုပ်အော်သောင်းနင်း ဖြစ်လိုက်ကြသေးဆိုပဲ…! တွေ့တယ် မတွေ့ဘူး ဆိုတာ တာဝန်ရှိ စစ်ဆေးသူတွေသာသိနိုင်ပေမဲ့ သုံးနေ သောက်နေရတဲ့ ကိုယ်တွေကတော့ စိတ်ပူတာပေါ့လေ..! ခုက မတွေပါဘူး တွေ့ပါတယ် ငြင်းနေတဲ့ အချိန်မျိုးမှာ ကိုယ်တွေဘက်က စိတ်ချရအောင် ရေကို ကြိုချက်သောက်ကြပါလို့ သတိပေးရင်း…. အိမ်တွင်းတစ်ပိုင်တစ်နိုင် ရေသန့်စင်နည်းလေးပြောပြချင်ပါတယ်! ရေကို ကြိုချက်သောက်တာ စိတ်ချရပေမဲ့ လျှပ်စစ်မီးမရှိတဲ့ အခါ …. ကြိုဖို့ချက်ဖို့ အဆင်မပြေတဲ့အခါ … ရေစစ်ကလေးသုံးရုံနဲ့ ပိုးမွှားကင်းစင်တဲ့ ရေသန့်ရမှာ မဟုတ်ဘူးလေ။ NGO တွေကဝေတဲ့ ရေသန့်ဆေးမှုန့်တွေ… အပြင်မှာရောင်းတဲ့ ရေကြည်ဆေးတွေလည်းရှိပါရဲ့….သည် အမှုန့်တွေက ရေထဲက အညစ်အကြေးအနယ်အနှစ်တွေကို ဆွဲစုပေးလိုက်ပြီး ရေသက်သက် အနယ်အနှစ်သက်သက်ဖြစ်အောင်လုပ်ပေးလိုက်တာပါပဲ! အဲဒီ့ရေကြည်မှုန့်တွေကလည်း အလွယ်ဝယ်လို့ မရတဲ့ အခါ… အခု ဒေါက်တာနှင်းပြောမယ့်နည်းလေးက အိမ်တွင်းတစ်နိုင် ရေသန့်စင်ဖို့ရာ သိပ်ကို အဆင်ပြေပါလိမ့်မယ်! ကဲကြည့်ကြရအောင်ပါ။

လိုအပ်သောပစ္စည်းများ
(၁) အောက်ခြေမှာအပေါက်ငယ်လေးတွေပါတဲ့ ရေအိုး ( ပလတ်စတစ်ပုံးဆိုလည်း ရတယ်)
(၂) ရိုးရိုးရေအိုး/ ရေသိုလှောင်မည့်ပုံး
(၃) ၂ဆင့်ရေအိုးတင်စင် ( စင်မရှိလည်း တစ်အိုးပေါ်တစ်အိုးထပ်လို့ရရင် အဆင်ပြေပါတယ်)
(၄)ပိတ်စ
(၅)သဲအဖြူ သန့်သန်
(၆)မီးသွေးခဲ အကြီးများ
(၇)ကျောက်စရစ်ခဲ များ

အသုံးပြုပုံ

(၁) ပထမဆုံး ပစ္စည်းအားလုံးကို ဆပ်ပြာ/ ရေတို့ဖြင့် စင်ကြယ်အောင်ဆေးပြီး အဝတ်သန့်သန့်ဖြင့်သုတ်ပါ။ ( ပိတ်စဖြူကိုတော့ သေချာလျှော်ဖွတ် နေလှန်းပြီး မီးပူထိုးထားပါ..
သဲ/ မီးသွေး နဲ့ ကျောက်စရစ်တွေကိုလည်း ဆေးကြောပြီးတာနဲ့ ဇကာနဲ့စစ်ပြီး နေပူပူမှာ ဖြန့်ပြီး အခြောက်ခံပါ… အပေါ်က ပလတ်စတစ် အကြည်လေးအုပ်ပြီး လှန်းပေးနိုင်ရင် ပို အဆင်ပြေပါတယ်) ။
(၂) ပြီးရင် အပေါက်ပါတဲ့အိုးထဲမှာ အခုနကပိတ်ဖြူ ကအနေတော်ဖြတ်ပြီး ခင်းပါမယ်… အပေါက်ကလေးတွေ အကုန်လုံအောင်ခင်းပါ။
(၃) ပြီးရင် အိုးရဲ့ ၃ ပုံ ၁ ပုံကို အခုနက သန့်စင်ပြီးအခြောက်ခံထားတဲ့သဲကို ညီအောင်ညှိပြီး ဖြည့်ပါ ။
(၄) ပြီးရင် အပေါ်က ပိတ်ဖြူ တစ်လွှာအုပ်ပါ။ ၎င်း ပိတ်ဖြူ အပေါ်မှာ သန့်စင်ထားတဲ့ မီးသွေး အတုံးကြီးကို အသေးလေးတွေ ဖြစ်အောင် ချေပြီး အိုးရဲ့ အလယ်ပိုင်း ၃ပုံ၁ ပုံ ပြည့်အောင်ဖြည့်ပါ။
(၅) အဲဒီ့ မီးသွေးအလွှာပေါ်မှာ သန့်စင်ပြီး ကျောက်စရစ်များကို ကျန် ၃ပုံ၁ ပုံ မပြည့် တပြည့်ထိ ဖြန့်ထည့်ပါ( ရေထည့်တဲ့ အခါ မလျှံကျအောင် နေရာချန်ခြင်းပါ)
(၆) အားလုံးပြီးရင် စင်ရဲ့ အပေါ်ဆင့်မှာ သည် အပေါက်ငယ်များ ပါတဲ့ အိုးကို တင်ပါ။
သူ့အောက်တည့်တည့်မှာ ရိုးရိုးရေအိုး/ ရေသိုလှောင်မည့်အိုးကို ထားပါ။
(စင်မရှိလျှင် တစ်အိုးနဲ့တစ်အိုး ထပ်ထားလို့ရပါတယ်… အရွယ်အစားကို ချိန်ပြီးဝယ်ပါ)
(၇)မိမိ သောက်/သုံးမယ့်ရေကို အပြင်မှာ ရေစစ်နဲ့ တစ်ထပ်စစ်ထားပါ( ဒါမှ အမှိုက် အရိုက်အမှုန် အမွှား အကြီးတွေ စစ်ပြီးသားဖြစ်သွားပါမယ်)။ ပြီးရင် အဲဒီ့ရေကို အပေါ်က အိုးထဲ ဖြည်းဖြည်းချင်းလောင်းထည့်ပါ။ အပေါ်အိုးထဲကရေတွေဟာ အပေါက်ငယ်လေးတွေကတစ်ဆင့် အောက်ဘက်အိုးထဲကျလာပါလိမ့်မယ်။ ပထမဆုံးရလာတဲ့ ရေမှာ မီးသွေးမှုန်လေးတွေ အနည်းငယ်ပါတတ်ပါတယ် .. မစိုးရိမ်ပါနဲ့ … အဲဒီ့ရေကို ပဲ အပေါ်အိုးထဲ ပြန်လည်လောင်းထည့်ပြီး နောက်ထပ်တစ်ခေါက်စစ်ယူပေးနိုင်ပါတယ်။ အဲလိုဆိုကြည်လင်သန့်ရှင်းတဲ့ ရေကို စိတ်ချလက်ချသောက်နိုင်သုံးနိုင်ပါပြီ။
သတိပြုရန်များ
– စစချင်း ပါဝင်ပစ္စည်းတွေကို သန့်စင်ဆေးကြောတဲ့ရေက ရေကြည်ရေသန့်ဖြစ်ရပါမယ်! အထပ်ထပ်ဆေးကြောဖို့လိုပါတယ်။
– သုံးထားတွဲ ပိတ်စ အမျိုး အစားနဲ့ ရေရဲ့ နောက်ကျိမှု အဆင့်ကို လိုက်ပြီး အဲဒီပိတ်စတွေကို ၂/၃ လ တစ်ခါ သန့်ရှင်းပေး/ လဲလှယ်ပေးဖို့လိုပါမယ်။
– ၂ လ ၃ လနေလို့ အောက်ကိုကျလာတဲ့ရေမှာ အနယ်တွေပါနေပြီဆိုရင် ဆက်မသုံးပဲ ရေကြည်ဖြင် အပေါ်က အကြိမ်ကြိမ် လောင်းပြီး သန့်ရှင်းရေး လုပ်… ပြီးတော့မှ ဆက်သုံးရမှာဖြစ်ပါတယ်။

သည်ရေစစ်နည်းလေးကို သုံးပေးချင်းအားဖြင့် မိမိတို့ သောက်သုံးမဲ့ ရေမှာ
– သံဓာတ်ကင်းစင်ခြင်း
– အနံ့ အသက် ( အထူးသဖြင့် ဇဝက်သာနံ့) ကင်းစင်ခြင်း
– ဘတ်တီးရီးယားပိုးမွှားကင်းစင်ခြင်း
– အငန်ဓာတ်လျော့ခြင်း
– ရေကြည်လင်ခြင်း
စတဲ့ အကျိုးကျေးဇူးတွေနဲ့ အတူ သန့်ရှင်းကြည်လင်တဲ့ သောက်ရေကို ရရှိမှာဖြစ်ပါတယ်! အခုခေတ်မှာ ရေသန့်လို့ ပြောရောင်းနေတာတွေတောင် မယုံရတာ အားလုံး အသိပါ။ သည်လို အိမ်တွင်း တစ်နိုင် ကိုယ်ပိုင်ရေသန့်စင်စနစ်ကလေးရှိတာဟာ အင်မတန် အကျိုးကျေးဇူးများမှာပါ။ အသင့်ဝယ်လို့ရတဲ့ ရေသန့်အိုးတွေလည်းရှိပေမယ့် ဒေါက်တာနှင်းကတော့ ကိုယ်တိုင်လုပ်မှ စိတ်ချရတယ်ထင်တာကြောင့် အားလုံး လုပ်တတ်သွားအောင် သည်နည်းလေး ပေးချင်ပါတယ်။ အားလုံးပဲအန္တရာယ်ကင်းကင်းနဲ့ ရေကြည်ရေသန့် သောက်သုံး နိုင်ကြပါစေ။

Author : နှင်းနုအေး

Previous Post

ကြုံတွေ့ရသော နှလုံးရောဂါ အရေးပေါ်အချို့

Next Post

ကာလသားရောဂါအကြောင်း သိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကာလသားရောဂါအကြောင်း သိကောင်းစရာ

"ဆီးပိုးဝင်တာ ကြောက်စရာလား??"

HIV ပိုး ရှိတဲ့အမျိုးသမီးက ကိုယ်ဝန်ရှိခဲ့ရင် ကလေးမွေးခဲ့ရင် ဘာတွေလုပ်ရမလဲ။ အပိုင်း(၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.