fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အလွဲလေးတွေ

142
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/03/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

အလွဲလေးတွေ

အခု ဒီတစ်ခေါက်ပြောချင်တာ သားဆက်ခြားနည်းသုံးစွဲရာမှာ လူတချို့အမှတ်မှားနေတဲ့ အချက်ကလေးတွေကို ပြောချင်လို့ပါ။  အခုချိန်မှာ သားဆက်ခြားနည်းသုံးစွဲတယ်ဆိုတာ သိပ်မထူးဆန်းတော့ပေမဲ့ တချို့တွေက သုံးစွဲပုံ၊ အယူအဆလေးတွေလွဲနေသေးလို့လည်း ဒီဆောင်းပါးကို ရေးရခြင်းဖြစ်ပါတယ်။ အခုဘာတွေ အဖြစ်များလဲ၊ ဘယ်လိုလေးတွေ လွဲနေသလည်းဆိုတာ ကြည့်လိုက်ကြရအောင်ဗျာ

(၁) “နို့တိုက်မိခင်က ရာသီသွေးမဆင်းတဲ့အတွက်ကြောင့် လုံးဝကိုယ်ဝန်မရနိုင်ဘူး”

ဒီအယူအဆက တစိတ်တပိုင်းတော့ မှန်ပါတယ်။ မိခင်နို့ထွက်တဲ့ ဇီဝကမ္မဖြစ်စဉ်ကြောင့် ကလေးမွေးပြီးရာသီသွေးပေါ်တာကို တားဆီးပေးထားတယ်။ ဒါ့ကြောင့်လွယ်လွယ်ပြောရရင် ကလေးမရနိုင်ဘူးဆိုတာမှန်တယ်။ ဒါပေမဲ့ မိခင်က လုံးဝနို့တစ်မျိုးပဲတိုက်တဲ့ မိခင်ဖြစ်ရမယ်။ ဆိုလိုတာက တခြားနို့ဗူးတွေတိုက်တာ၊ ကလေးနဲ့တွေ့တဲ့အချိန်မှနို့တိုက်၊ ပြီးရင်ခရီးထွက်သွား ဒါမျိုးမဖြစ်ရဘူး။ တိတိကျကျပြောရရင် နေ့အချိန်မှာ ၄နာရီကြားတစ်ခါနို့တိုက်ရမယ်၊ ညဖက်မှာ ၆နာရီကြားတစ်ခါနို့တိုက်နိုင်ရမယ်။ ဒီနည်းနဲ့ဆို ကလေးအသက် ၆လအထိတော့ ကာကွယ်နိုင်တယ်၊ သေချာလိုက်နာနိုင်ရင် ၉၈ ရာခိုင်နှုန်းအထိကာကွယ်နိုင်တယ်လို့ ဆိုတယ်။ ကြာလေ ကာကွယ်နိုင်စွမ်းလျော့လေဖြစ်မယ်။

(၂) “ရက်တွက်ပြီးနေတာမို့လို့ကိုယ်တွေက စိတ်ချရတယ်”

ဒါလည်းလွဲနေသေးတယ်၊ ပြောရရင် ကိုယ်ဝန်ရတယ်ဆိုတာ အမျိုးသမီးရဲ့ သားဥနဲ့ အမျိုးသားသုက်ပိုးတွေ့မှဖြစ်တာမှန်းအားလုံးသိမှာပါ။ အမျိုးသားသုက်ပိုးထွက်တာက ကိုယ့်လက်ကိုယ့်ခြေမို့ ထိန်းချုပ်နိုင်ပေမဲ့ အမျိုးသမီးကျအဲ့လို မဟုတ်ပြန်ဘူး။ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ သားဥတွေထုတ်ပေးတာ၊ သားဥကြွေတာ၊ သားအိမ်မှာ သွားကပ်တွယ်တာ စတဲ့လုပ်ငန်းတွေကို LH (Luteinizing hormone), FSH (Follicle stimulating hormone), estrogen, progesterone လို့ခေါ်တဲ့ ဟော်မုန်း ၄ မျိုးတောင်ပူးတွဲပြီး စည်းချက်ညီညီလုပ်ဆောင်ရတာပါ။

အမျိုးသမီးတစ်ယောက်ရာသီလာတဲ့ ရက်ကဒီဟော်မုန်းလေးမျိုးထဲကတစ်ခုခု နည်းနည်းလေးအပြောင်းအလဲလေးဖြစ်သွားတာနဲ့ပြောင်းသွားနိုင်သလို တခြားကိစ္စတွေ ဖြစ်တဲ့ အလုပ်မှာစိတ်ဖိစီးမှုများတာ၊ အားကစားအလုပ်များတာ၊ ပိုးသတ်ဆေးတွေစွဲသောက်တာ၊ ခရီးတွေမကြာခဏသွားနေရတာ၊ ခန္ဓာကိုယ်အလေးချိန်တက်လာတာ အစရှိတဲ့အချက်တွေကြောင့်လည်း ပြောင်းလဲနိုင်တာမို့ ရက်တွက်ပြီးနေတယ်ဆိုတာ တော်တော်လေးစိတ်ချရတဲ့ ရာခိုင်နှုန်းနည်းတယ်လို့ပြောချင်ပါတယ်။

(၃) “ကိုယ်ဝန်တားဆေး (လက်ညှိုးဆေး) ကသောက်လိုက်တာနဲ့ ချက်ခြင်းကာကွယ်မှုပေးတယ်”

ဒီဆေးတွေက အများအခေါ်လက်ညှိုးဆေးလို့ခေါ်တဲ့ မျှားအလိုက်သောက်ရတဲ့ ဆေးကိုပြောတာပါ (အရေးပေါ်တားဆေးကတော့ လိင်ဆက်ဆံပြီးမှသောက်ရတာဖြစ်ပြီး ဒီဆေးကတော့ မဆက်ဆံခင်ကြိုသောက်ရတာပါ) ဆေးကဒ်မှာ လေးတန်းပါလေ့ရှိပြီး သူ့မျှားပြထားတဲ့အတိုင်းသောက်ရပါတယ်။ ဆေးထဲမှာ ဟော်မုန်းတစ်မျိုးပါတာရှိတယ်၊ နှစ်မျိုးပါတာရှိတယ်။

ဟော်မုန်းတစ်မျိုးတည်းပါတဲ့ဆေးကတော့ မိခင်နို့တိုက်နေသူတွေနဲ့ပိုသင့်တော်တယ်။ ဆေးထဲမှာပါတဲ့ ဟော်မုန်းဓာတ်က ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေနဲ့ ပေါင်းပြီးလုပ်ဆောင်တာဖြစ်ပါတယ်။ သောက်ပြီးချက်ခြင်းတော့ ကိုယ်ဝန်တားနိုင်တဲ့ စွမ်းရည်ရသွားမှာမဟုတ်တာကြောင့် ဆေးစသောက်ပြီး တစ်လအတွင်းတော့ တခြားသန္ဓေတားနည်းတစ်ခုခုနဲ့ တွဲသုံးသင့်ပါတယ် ဥပမာ ကွန်ဒုံးသုံးတာမျိုးပါ။

(၄) “လိင်ဆက်ဆံပြီး မိန်းမကိုယ်ကို ဆေးလိုက်ရင်ကိုယ်ဝန်မရနိုင်တော့ဘူး”

လိင်ဆက်ဆံပြီး သုက်ရည်ထွက်သွားတာနဲ့ မိန်းမကိုယ်ဝ ကနေတစ်ဆင့် သားအိမ်ထဲဝင်သွားတာကြောင့် ဘယ်နည်းနဲ့ ဆေးဆေးသုတ်ပိုးကို ဖယ်ရှားနိုင်မှာမဟုတ်ပါဘူး။ သုက်ပိုးကို အတိုင်းအတာတစ်ခုထိတားပေးနိုင်တဲ့ အမြှုပ်လိုဟာမျိုးက မဆက်ဆံခင်ကတည်းက သုံးရတာမျိုးပါ။ ကိစ္စပြီးမှ အတင်းလိုက်ဆေးလည်း မထူးတော့ပါဘူး။

(၅) “ကျွန်မကတော့ ဆက်ဆံပြီးတာနဲ့ ရေချိုးပလိုက်တယ်၊ ပြီးတော့ဆီးလည်းကြာကြာသွားလိုက်တယ်”

နှစ်နည်းစလုံးမှားနေပါတယ်ခင်ဗျ၊ အပေါ်မှာပြောခဲ့သလိုပဲ အမျိုးသမီးထဲ သုက်ပိုးဝင်သွားပြီးဖြစ်တာကြောင့် ရေချိုးလည်း ခန္ဓာကိုယ်သန့်ရှင်းသွားတာပဲရှိမှာဖြစ်ပြီး ကိုယ်ဝန်တော့တားနိုင်မှာမဟုတ်ပါဘူး။ နောက်တစ်ခုက သုက်ပိုးကမိန်းမကိုယ်လမ်းကြောင်းကနေပဲသားအိမ်ထဲ ရောက်နိုင်တာဖြစ်ပြီး ဆီးလမ်းကြောင်းကိုဆေးတာက ဘာသက်ရောက်မှုမှ မရှိနိုင်ပါဘူး။ ပြောရရင်တော့ လားလားမှမဆိုင်တဲ့ လမ်းကြောင်းနှစ်ခုဖြစ်နေပါတယ်။

(၆)  “လိင်ဆက်ဆံပြီး သုက်ပိုးမထွက်ခင်မှာတင် လိင်တံကိုပြန်ထုတ်လိုက်တယ်”

ဆေးပညာအရတော့ ဒါကို withdrawal method လို့ခေါ်တယ်။ သဘာဝအတိုင်းသားဆက်ခြားနည်းတစ်ခုထဲမှာပါဝင်တယ်။ အပြည့်အဝစိတ်မချရပေမဲ့ မှန်မှန်ကန်ကန် လိုက်နာမယ်ဆိုရင်တော့ ၈၀ ရာခိုင်နှုန်းကျော်ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက လုံးဝကြီးစိတ်ချထားလို့ရတဲ့ နည်းတစ်ခုတော့ မဟုတ်ပါဘူး။ အားသာချက်ကတော့ ကွန်ဒုံးမစွပ်ချင်တဲ့ အတွဲတွေအတွက်အဆင်ပြေတယ်။ မကောင်းတာက ရောဂါပိုးကူးစက်နိုင်ခြေများတယ်။ တခြားသားဆက်ခြားနည်းတစ်ခုခုနဲ့ တွဲသုံးမယ်ဆို ပိုကောင်းပါတယ်။

(၇) “ဆက်ဆံတဲ့ အခါပုံစံပြောင်းပြီးဆက်ဆံတာကလည်း ကိုယ်ဝန်ရနိုင်ခြေနည်းတယ်”

လုံးဝမှားယွင်းတဲ့ အဆိုတစ်ခုဖြစ်ပါတယ်။ အမျိုးသားရော အမျိုးသမီးရော ဘယ်လိုပဲနေနေ ကိုယ်ဝန်ရနိုင်ခြေက ဒီအတိုင်းသာဖြစ်ပါတယ်။ ကမ္ဘာ့ဆွဲအားတွေဘာတွေ ထည့်စဉ်းစားမနေပါနဲ့၊ သုက်ကောင်လေးတွေက သူတို့သွားစရာရှိတဲ့နေရာ ရောက်အောင်သွားမှာပါ။

(၈) “ကျွန်တော်က ပိုစိတ်ချရအောင် ကွန်ဒုံးနှစ်ထပ်စွပ်ပြီးနေတယ်”

ကွန်ဒုံးဝယ်ရင် ဗူးပေါ်မှာစာရေးထားပါတယ်။ နှစ်ထပ်မစွပ်ဖို့၊ လေမခိုအောင်စွပ်ဖို့တို့ ရေးထားပါတယ်။ အလကားရေးထားတာ မဟုတ်ပါဘူး။ ၂ ထပ်စွပ်ရင် ပေါက်ပြဲနိုင်တယ်၊ လေခိုရင်လည်း ပေါက်ပြဲနိုင်တယ်၊ ဒါဆို ကိုယ်ဝန်တင်မကဘူး၊ လိင်ဆက်ဆံတာကနေ ရတဲ့ရောဂါတွေပါ ကူးနိုင်တယ်။ ဒါ့ကြောင့် ၂ ထပ်စွပ်တာမျိုးမလုပ်ရပါဘူး။ ကိုယ်ဝယ်လိုက်တဲ့ ကွန်ဒုံးက ရက်လွန်မလွန်လည်း သေချာကြည့်ဖို့လည်းလိုပါတယ်။

(၉) “လိင်ဆက်ဆံတုန်းစိတ်ဆန္ဒမပြီးမြောက်ရင် ကိုယ်ဝန်မရနိုင်ဘူး”

လိင်ဆက်ဆံပြီးဆန္ဒပြည့်မြောက်သွားတဲ့အခါမှာမှ သုက်ပိုးထွက်တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဆန္ဒမပြည့်မြောက်ခင် ဆက်ဆံနေတုန်းထွက်တဲ့ အရည်ကြည်လေးတွေမှာလည်း သုက်ပိုး(နည်းပေမဲ့) ပါဝင်လေ့ရှိတယ်။ ဒါ့ကြောင့် ကိုယ်ဝန်လုံးဝမရနိုင်တာတော့ မဟုတ်ပါဘူး။ ရာခိုင်နှုန်းအနည်းငယ်တော့ ရှိပါသေးတယ်။

(၁၀) “ပထမဆုံးအချိန်မို့လို့ ကိုယ်ဝန်ရဖို့မဖြစ်နိုင်သေးဘူး”

ဒီလိုကိစ္စက အလေ့အကျင့်ရှိမှ ဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ ဘယ်နှစ်ကြိမ်မြောက်ပဲ ဖြစ်ဖြစ်အမျိုးသမီးက အရွယ်လည်းရောက်ပြီးသား ဒါမှမဟုတ် သွေးလည်းမဆုံးသေးဘူးဆိုရင် ကိုယ်ဝန်ရနိုင်ခြေက ဒီအတိုင်းပါပဲ။

ဒါတွေကတော့ အတွေ့များတဲ့ အယူအဆအလွဲလေးတွေကို ဖော်ပြပေးတာဖြစ်ပါတယ်။ စာဖတ်သူများကိုလည်း အဆုံးထိဖတ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Dr. Wayne.

Previous Post

 သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း

Next Post

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သော ဗိုက်အောင့်/ဗိုက်နာခြင်းများ (အပိုင်း ၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သော ဗိုက်အောင့်/ဗိုက်နာခြင်းများ (အပိုင်း ၁)

ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်သော ဗိုက်အောင့်/ ဗိုက်နာခြင်းများ

အမျိုးသမီးများ သွေးဆုံးခြင်းအကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.