fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

နှစ်ကြောင်းပေါ်တိုင်း ကိုယ်ဝန်ရှိပြီဆိုတာ သေချာလား

6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/04/2018
in အမျိုးသားကျန်းမာရေး
1 min read
A A
နှစ်ကြောင်းပေါ်တိုင်း ကိုယ်ဝန်ရှိပြီဆိုတာ သေချာလား

ဒီဘက်ခေတ်မှာ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတယောက်ယောက်နဲ့အတူနေပြီး ကိုယ်ဝန်ရှိ မရှိ သိချင်ပါက အလွယ်အကူဆုံးနည်းကတော့ မိမိဘာသာ ဆီးစစ်တံဝယ်ပြီး စစ်ကြည့်ခြင်းပါပဲ။ ဆီးစစ်တံပေါ်မှာ နှစ်ကြောင်းပေါ်ရင် ကိုယ်ဝန်ရှိပြီး တစ်ကြောင်းတည်းဆိုရင် မရှိဘူးလို့ မှတ်ယူလေ့ရှိကြပါတယ်။

သို့သော် အမျိုးသမီးအတော်များများအနေနဲ့ ဆီးစစ်တံကို ဘယ်လိုသုံးရမယ်။ ဘယ်အချိန်မှာစစ်ရင် အနီးစပ်ဆုံး မှန်ကန်မှုရှိမယ် စတဲ့ အကြောင်းတွေကိုတော့ ဂဃနဏ မသိကြတာများပါတယ်။ ဒါ့အပြင် တကြောင်းတည်းပေါ်တိုင်းကော စိတ်ချရပြီလား။ နှစ်ကြောင်းပေါ်တိုင်းကော ကိုယ်ဝန်ရှိတာ သေချာပြီလား စသဖြင့်လည်း မေးတဲ့သူတွေလည်း ရှိပါတယ်။

ဒါကြောင့် ဒီတပတ်မှာ ကိုယ်ဝန်ရှိမရှိစစ်တဲ့ ဆီးစစ်တံအကြောင်းကို သိသလောက်ရေးပြချင်ပါတယ်။ ကိုယ်ဝန်ရှိ မရှိ ဆီးစစ်တဲ့ အတံလေးက ကိုယ်ဝန်ရှိရင် ဆီးထဲမှာ ပါလာတတ်တဲ့ hCG (Human Chorionic Gonadotrophin) ဟော်မုန်းကို စစ်တာပါ။

တားနည်းတခုခုမသုံးဘဲ လိင်ဆက်ဆံတဲ့အခါမှာ အမျိုးသမီးရဲ့မမျိုးဥနဲ့ အမျိုးသားရဲ့သုတ်ကောင်တို့ သားဥပြွန်ထဲမှာ ပေါင်းမိပါတယ်။ အဲ့အခါ Zygote လို့ခေါ်တဲ့ သန္ဓေအောင်ဥလေးဖြစ်လာပါတယ်။ ထိုသန္ဓေအောင်ဥလေးကနေ သန္ဓေသားဖြစ်ဖို့အတွက် သားဥပြွန်ကနေ သားအိမ်ဆီကို ဆင်းလာပြီး သားအိမ်နံရံမှာ တွယ်ကပ်ရပါတယ်။ ထိုသို့သားအိမ်နံရံမှာတွယ်ကပ်လိုက်တဲ့အခါမှာ hCG (Human Chorionic Gonadotrophin) လို့ခေါ်တဲ့ဟော်မုန်းစထွက်လာပါတယ်။

ဆီးစစ်တံက ဆီးထဲမှာ ထိုဟော်မုန်းပါလာမလာကို စမ်းသပ်တာပါ။ ပါလာတယ်ဆို နှစ်ကြောင်းပေါ်ပြီး ကိုယ်ဝန်ရှိတယ်လို့ အကြမ်းအားဖြင့် မှတ်ယူနိုင်ပါတယ်။ သန္ဓေစတည်ခြင်းမှာ ဟော်မုန်းက အထွက်နည်းသေးတာကြောင့် ဆီးစစ်ရင် မပေါ်နိုင်သေးပါ။ ဆီးထဲမှာ hCG ဟော်မုန်း ပမာဏ 10 mIU/ml အထက်ပါတဲ့အခါမှ ဆီးစစ်တံနဲ့ စစ်ဆေးလို့ သိနိုင်တာပါ။

အမျိုးသားတွေရော အမျိုးသမီးတွေရော အတော်များများက ဒီနေ့ကိုယ်ဝန်ရှိ ဒီနေ့တန်းစစ်လို့ရနိုင်တယ် ထင်ကြပါတယ်။ ဒါဟာ မှားပါတယ်။ လွန်ခဲ့တဲ့ တပတ်လောက်ကမှ အတူနေခဲ့တာကို ဒီနေ့ဆီးစစ်မယ်ဆိုရင်တောင် ပေါ်နိုင်ချေနည်းပါတယ်။ ဘာလို့လဲဆိုတော့ သန္ဓေတည်နေရင်တောင် တပတ်လောက်နဲ့ ဆီးထဲမှာ ဆီးစစ်တံနဲ့ စစ်လို့ရတဲ့ ဟော်မုန်းပမာဏ မပါလာသေးလို့ပါ။

ဒါကြောင့် ဆီးစစ်တံနဲ့ စစ်မယ်ဆိုရင် အကြမ်းအားဖြင့် ပုံမှန်ရာသီလာရမယ့်ရက်မှာ မလာပါက နောက် ၁၀ရက်လောက် အကြာမှာ မနက်စောစော အလယ်ဆီး (ဆီးစွန့်တဲ့ အပေါက်ကနေ စစထွက်တဲ့ဆီး မဟုတ်တဲ့ဆီး)ကို ယူစစ်ပါ။ ဒါမှ နီးစပ်တဲ့အဖြေကိုရပါတယ်။

တချို့ဗဟုသုတနည်းတဲ့ အမျိုးသမီးတွေက မနေ့က ရည်းစား သို့မဟုတ် ချစ်သူနဲ့အတူနေ နောက်နေ့ဆီးစစ်တံနဲ့စစ် နှစ်ကြောင်းမပေါ်တော့ ကိုယ်ဝန်မရှိဘူးလို့ သတ်မှတ်လိုက်ပြီး နောက်မှ ကိုယ်ဝန်ပေါ်လာတဲ့အခါ မိမိရည်းစား သို့မဟုတ် ချစ်သူကအထင်လွဲပြီးပြသာနာတက်တာတွေအများကြီးရှိပါတယ်။

ဆီးစစ်တံ အမျိုးအစားပေါ်မူတည်ပြီး ဆီးစစ်ပုံစစ်နည်းခြင်း အနည်းငယ်ကွာနိုင်ပါတယ်။
တချို့ဆီးစစ်တံကကျ အချောင်းလေး (Strip) မဟုတ်ဘဲ အပြားပေါ်မှာ အပေါက်လေးနှစ်ပေါက်ပါတဲ့ (test kit) လိုမျိုး လာပါတယ်။ အဲ့လိုအပြားလေးနဲ့ လာတဲ့အမျိုးအစားကျ အရင်ဆုံးဆီးကို ခွက်သန့်သန့်တခုထဲ ပေါက်ထည့်ပါ။ ပြီးရင် အဲ့အိတ်ထဲမှာ အသင့်ပါလာတဲ့ ပြွန်လေးတခုနဲ့ ဆီး၂စက် ၃စက်လောက်ကိုယူပြီး ဆီးစစ်အပြားရဲ့ အဝိုင်းပုံစံပြထားတဲ့ ဆီးစစ်တဲ့နေရာဆီးထည့်ပါ။ အကြမ်းအားဖြင့် သုံးမိနစ်လောက် စောင့်လိုက်ရင် အဖြေထွက်ပါပြီ။

နောက်ဆုံးအနေနဲ့ကတော့ ဆီးစစ်တံနဲ့စစ်တိုင်း ကိုယ်ဝန်ရှိ မရှိ သေချာသိနိုင်လား။ နှစ်ကြောင်းပေါ်တိုင်းကော ကိုယ်ဝန်ရှိတယ်လို့ သေချာပြောနိုင်လား။ တကြောင်းပဲပေါ်တိုင်းကော ကိုယ်ဝန်မရှိဘူးလို့ သေချာပြောနိုင်လား မေးခွန်းတွေနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။

ဆီးစစ်တံကတခု ဘယ်လောက်ထိ တိကျမှုရှိသလဲဆိုတာက ဆီးစစ်တံကို အရည်အသွေးပြည့်မှီအောင် ထုတ်လုပ်ထိန်းသိမ်းမှု၊ ဆီးစစ်တံ အရည်အသွေးနဲ့လည်း သက်ဆိုင်သလို ကိုယ်က ဘယ်အချိန် ဘယ်ရက်မှာ ဆီးစစ်သလဲ၊ ဆီးစစ်ပုံ စစ်နည်း မှန်ကန်ရဲ့လားနဲ့လည်း သက်ဆိုင်ပါတယ်။

ဆီးစစ်တံက သက်တမ်းလွန်နေရင်၊ အရည်အသွေး မကောင်းရင်၊ ဆီးစစ်ပုံစစ်နည်း မှားယွင်းနေရင်၊ ဆီးစစ်တာ ရက်စောနေရင်၊ ဆီးစစ်မယ့်ရက်မှာ အရည်တွေ အများကြီးသောက်ထားလို့ ဆီးထဲအရည်ပမာဏများပြီး ဟော်မုန်းပမာဏာက နည်းသွားရင်၊ ဆီးဆေးတွေသောက်ထားရင် စတဲ့အခြေအနေတွေမျိုးမှာ ကိုယ်ဝန် ရှိနေပါရက်နဲ့ မရှိဘူးလို့ မှားပြတတ်ပါတယ်။(ဆိုလိုတာက ကိုယ်ဝန်ရှိရက်နဲ့ ဆီးစစ်တံမှာတကြောင်းပဲပေါ်တာပါ)

အဲ့လိုပဲ
– ကိုယ်ဝန်လိုချင်ဇော စိတ်စွဲနေသူတွေ
– တချို့သောဆေးဝါးများ(အတက်ကျဆေး ၊စိတ်ငြိမ်ဆေး ၊ဆီးဆေး စတာတွေ)သုံးနေရင်
– ကလေးရစေအောင် ထိုးတဲ့ဆေးဝါးများသုံးနေရင်
– hCGဟော်မုန်း ထုတ်တဲ့ အကျိတ်ရောဂါတွေရှိနေရင်
– ဆီးစစ်တံကို ဆပ်ပြာထိထားရင် စတဲ့အခြေအနေတွေမှာဆိုရင်လည်း ကိုယ်ဝန်မရှိဘဲနဲ့ ရှိတယ်လို့ပြတတ်ပါတယ်။ (ဆိုလိုတာက ကိုယ်ဝန်မရှိဘဲနဲ့ ဆီးစစ်တံမှာ နှစ်ကြောင်းပေါ်တာပါ)

ဒါပေမယ့် ဒါတွေဟာ အတိအကျမေးလို့သာ အသေးစိတ် ပြောရတာပါ။ ဖြစ်နိုင်ခြေကတော့ နည်းပါတယ်။ ဆီးစစ်တံနဲ့စစ်ရင် အများအားဖြင့်တော့ ၉၀ ရာခိုင်နှုန်းကျော် တိကျပါတယ်။

Author : Dr. 528

Previous Post

သွားအစွပ် (Crown) စွပ်ထားတဲ့သွားတွေကို ဘယ်လိုဂရုစိုက်ကြမလဲ

Next Post

အမျိုးသမီးများ သတိထားသင့်တဲ့ ရေအိတ်တည်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
749
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
634

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးများ သတိထားသင့်တဲ့ ရေအိတ်တည်ခြင်း

သွေးတွင်း ပိုတက်ဆီယမ် များရင် ဘယ်လို စားသောက် သင့်သလဲ????

ဝမ်းလျှောရင် ဓာတ်ဆားရည်သောက်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.