fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အနားယူခြင်း နှင့် အောင်မြင်မှု

72
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/05/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ဒီေခါင္းစဥ္က အနည္းငယ္ထူးဆန္းေနပါလိမ့္မယ္။ ႀကီးပြားတိုးတက္ ေအာင္ျမင္ခ်င္ပါတယ္ဆိုမွ အနားယူေနလို႔ျဖစ္ပါ့မလား အခုမနားမေန ႀကိဳးစားတာေတာင္မွ လူတန္းေစ့ေနႏိုင္႐ုံပဲရွိေသးတာ ဆရာ့ဟာမျဖစ္ႏိုင္ဘူးထင္တယ္ လို႔ ေမးၾက ေျပာၾကမယ့္ စာဖတ္ပရိသတ္ေတြအမ်ားႀကီးရွိပါလိမ့္မယ္။

ကြၽန္ေတာ္တို႔လို ဖြံ႕ၿဖိဳးဆဲတိုင္းျပည္မွာ စီးပြားေရးအတြက္ မနည္း႐ုန္းကန္လႈပ္ရွားေနရတာေၾကာင့္ တိုင္းျပည္ရွိလူအမ်ားစုဟာ နားေနျခင္းနဲ႔ စိတ္ေျဖေလွ်ာ့အပန္းေျဖျခင္း ကိစၥေတြေပၚမွာ တန္ဖိုးမထားတတ္ၾကတာကိုေတြ႕ရပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အေျခခံလူတန္းစားေတြ အထက္တန္းလူတန္းစားေတြနဲ႔ယွဥ္ရင္စီးပြားေရး စလုပ္ေနတဲ့သူေတြ၊ ေအာင္ျမင္ခါစ လုပ္ငန္းငယ္ပိုင္ရွင္ သူေဌးသက္လတ္ပိုင္းေတြ၊ ဘြဲ႕ရပညာတတ္ေတြ အမ်ားစု ပါတဲ့ အလယ္အလတ္လူတန္းစားအလႊာ လူေတြက ပိုလို႔ေတာင္ နားခ်ိန္မရွိတာ ေတြ႕ရပါတယ္။

သူတို႔ဟာ အခုလက္ရွိအဆင့္ထက္ နိမ့္က်မသြားရန္နဲ႔ ႀကီးပြားတိုးတက္ၿပီး အထက္တန္းအဆင့္ကိုတက္လွမ္းႏိုင္ဖို႔ အတြက္ အလုပ္ေတြဆက္တိုက္လုပ္ရင္း ပညာေတြ တခုၿပီးတခုသင္ယူရင္း အခြင့္အလမ္းေတြရွာရင္းနဲ႔ပဲ အနားယူဖို႔ မိမိကိုယ္မိမိ အခ်ိန္ေပးဖို႔ မိမိခ်စ္ခင္ရသူေတြ ကို အခ်ိန္ေပးဖို႔ မအားျဖစ္ေနတာကိုေတြ႕ရပါတယ္။

ေအာင္ျမင္တိုးတက္ႀကီးပြားရန္ ဇြဲ၊လုံ႔လ၊ဝိရီယျဖင့္တက္ႂကြစြာလႈပ္ရွားေနမႈကလည္း အေရးႀကီးသလို နားေနျခင္းကလည္းအေရးပါပါတယ္။ အနားယူျခင္းျဖင့္ က်န္းမာျခင္း၊စိတ္သက္သာ ေပ်ာ္႐ႊင္ျခင္းေတြကို ရရွိ႐ုံသာမက မိမိကိုယ္ရည္ကိုယ္ေသြးကိုလည္း ျမင့္တက္ေစၿပီး စီးပြားေရးကိုပါ တိုးတက္ေအာင္ျမင္ေစႏိုင္ပါတယ္။

အလုပ္ရဲ႕ခရီး မိမိရဲ႕ႀကိဳးစားမႈ အဘယ္မွ်ေပါက္ေျမာက္ ခဲ့ၿပီးၿပီ၊ ေရွ႕ရည္မွန္းခ်က္ ဘာေတြထားမည္။ ေရွ႕ကိုဘယ္လိုခရီးဆက္မည္ ဘာေတြလိုအပ္ေနသည္ စသျဖင့္ သုံးသပ္ဆင္ျခင္ျခင္း၊ ဆန္းစစ္ျခင္း စီမံကိန္းခ်ျခင္းေတြ ေဆာင္႐ြက္ႏိုင္ရန္အတြက္ နားေနျခင္းနဲ႔ စိတ္ေျဖေလွ်ာ့ အပန္းေျဖျခင္းေတြ လုပ္ဖို႔လိုအပ္ပါတယ္။

ေန႔စဥ္နဲ႔အမွ် အမ်ားနဲ႔ရင္ေဘာင္တန္းယွဥ္ၿပိဳင္ကာ ေနာက္ေကာက္မက်ေအာင္ ႀကိဳးစားေနရင္းနဲ႔ ေရရွည္မွာ စိတ္ဖိစီးမႈေတြမ်ားၿပီး မြန္းၾကပ္လာတတ္ပါတယ္။ အဲ့လို မၾကာခဏျဖစ္လာရင္ Quality Of Life က်လာကာ မိမိကိုယ္တိုင္လည္း အသက္ရွင္ေနထိုင္ရတာကို ေက်နပ္မႈ မရွိႏိုင္ေတာ့တာ၊ စိတ္ဓါတ္က်လာတာေတြကို ခံစားရၿပီး မိမိခ်စ္တဲ့သူေတြ မိသားစုေတြ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ ဆက္ဆံရာမွာလည္း အဆင္မေျပတာ ေတြျဖစ္လာႏိုင္ပါတယ္။

အဂၤလန္ႏိုင္ငံက က်န္းမာေရးသုေတသီေတြရဲ႕ သုေတသန ေလ့လာမႈစာတမ္းတခုတြင္ အိပ္ေရးမဝသည့္အခါ အနားယူျခင္းမရွိဘဲ အလုပ္ေတြဆက္တိုက္လုပ္တဲ့အခါမွာ အာ႐ုံစူးစိုက္ႏိုင္မႈ စြမ္းအားေလ်ာ့က်လာၿပီး စိတ္နဲ႔ကိုယ္က်န္းမာေရးကိုပါ ထိခိုက္လာေၾကာင္းေတြ႕ရေၾကာင္း၊ ယင္းအေျခအေနက မိသားစုအေပၚသက္ေရာက္မႈလည္းျဖစ္ေစသလို မိမိလုပ္ငန္းနဲ႔ပတ္သက္ဆက္ႏြယ္သည့္ သူမ်ားအေပၚလည္း သက္ေရာက္မႈ ျဖစ္ေစေၾကာင္း၊ ဒါ့အျပင္အိပ္ေရးမဝျခင္း အနားမယူျခင္းတို႔က ကိုယ္အေလးခ်ိန္ကိုတိုးလာေစႏိုင္ၿပီး ခႏၶာကိုယ္တြင္းေရာင္ရမ္းမႈမ်ားကိုပါ ျဖစ္ေစႏိုင္ေၾကာင္း ေရးသားေဖာ္ျပထားပါတယ္။

ေနာက္ထပ္သုေတသနတခုကေတာ့ လုပ္ငန္းခြင္မေတာ္တဆထိခိုက္မႈေတြ ယာဥ္မေတာ္တဆျဖစ္မႈေတြ စတဲ့မေတာ္တဆမႈအမ်ားစုဟာ Human Error (လူသားေတြရဲ႕အမွားမ်ား)ေၾကာင့္ျဖစ္ၿပီး ထို Human Error ေတြျဖစ္ရတဲ့အေၾကာင္းရင္းကို လိုက္ၾကည့္တဲ့အခါမွာ အမွားက်ဴးလြန္သူေတြဟာ လုံေလာက္စြာအနားယူခ်ိန္မရွိဘဲ စိတ္ရာကိုယ္ပါ စြမ္းေဆာင္ရည္က်ဆင္းေနတာကို ေတြ႕ရေၾကာင္း ေဖာ္ျပထားပါတယ္။

သတင္းေတြမွာလည္း မၾကာခဏဆိုသလို ဟိုင္းေဝးကားေမာင္းစဥ္ ယာဥ္ေမာင္းအိပ္ငိုက္ၿပီး ကားမေတာ္တဆ ျဖစ္တာမ်ိဳးေတြ ၾကားေနရပါတယ္။ အလုပ္ခြင္မွာလည္း ထိုနည္းတူစြာျဖစ္တာေတြ အမ်ားႀကီးရွိပါတယ္။ ဒါေတြဟာ အႏၲရာယ္မ်ားလွပါတယ္။ အလုပ္ေတြကို နားခ်ိန္မရွိဘဲ ခႏၶာကိုယ္က လုပ္ႏိုင္တဲ့ အတိုင္းအတာထက္ ေက်ာ္လြန္ကာ လုပ္ေဆာင္ျခင္း ခိုင္းေစျခင္းသည္ ခ်ီးက်ဴးစရာမဟုတ္ေပ။ မေတာ္တဆမႈျဖစ္လာပါက အလုပ္ရွင္ေရာအလုပ္သမား အျပင္ တခ်ိဳ႕အေျခေနေတြဆိုရင္ မဆိုင္တဲ့သူေတြပါ ထိခိုက္ႏိုင္ပါတယ္။

ဒါေၾကာင့္ အဆုံးသတ္အေနနဲ႔ အႀကံေပးလိုတာက နားခ်ိန္ထားပါ။ ညဘက္ကို အိပ္ေရးဝေအာင္ အိပ္ပါ။ တလမွာ အနည္းဆုံးတခါေလာက္ေတာ့ တြန္းတိုးယွဥ္ၿပိဳင္ လႈပ္ရွားေနရမႈေတြက ေခတၱလြတ္ေျမာက္ရာ တိတ္ဆိတ္ၿငိမ္သက္ေသာ ေနရာတခုမွာ မိမိတေယာက္တည္းျဖစ္ေစ မိသားစုနဲ႔ျဖစ္ေစ အနားယူပါ။ အဲ့လိုအနားယူျခင္းျဖင့္ စိတ္ေရာကိုယ္ပါ Refresh ျဖစ္ၿပီး စိတ္သစ္ခြန္အားသစ္ေတြနဲ႔ အလုပ္ေတြကို ပိုမိုေကာင္းမြန္စြာ လုပ္ကိုင္ႏိုင္လာပါလိမ့္မယ္လို႔ အႀကံေပးခ်င္ပါတယ္။

Author : Dr. 528

ဒီခေါင်းစဉ်က အနည်းငယ်ထူးဆန်းနေပါလိမ့်မယ်။ ကြီးပွားတိုးတက် အောင်မြင်ချင်ပါတယ်ဆိုမှ အနားယူနေလို့ဖြစ်ပါ့မလား အခုမနားမနေ ကြိုးစားတာတောင်မှ လူတန်းစေ့နေနိုင်ရုံပဲရှိသေးတာ ဆရာ့ဟာမဖြစ်နိုင်ဘူးထင်တယ် လို့ မေးကြ ပြောကြမယ့် စာဖတ်ပရိသတ်တွေအများကြီးရှိပါလိမ့်မယ်။

ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲတိုင်းပြည်မှာ စီးပွားရေးအတွက် မနည်းရုန်းကန်လှုပ်ရှားနေရတာကြောင့် တိုင်းပြည်ရှိလူအများစုဟာ နားနေခြင်းနဲ့ စိတ်ဖြေလျှော့အပန်းဖြေခြင်း ကိစ္စတွေပေါ်မှာ တန်ဖိုးမထားတတ်ကြတာကိုတွေ့ရပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ အခြေခံလူတန်းစားတွေ အထက်တန်းလူတန်းစားတွေနဲ့ယှဉ်ရင်စီးပွားရေး စလုပ်နေတဲ့သူတွေ၊ အောင်မြင်ခါစ လုပ်ငန်းငယ်ပိုင်ရှင် သူဌေးသက်လတ်ပိုင်းတွေ၊ ဘွဲ့ရပညာတတ်တွေ အများစု ပါတဲ့ အလယ်အလတ်လူတန်းစားအလွှာ လူတွေက ပိုလို့တောင် နားချိန်မရှိတာ တွေ့ရပါတယ်။

သူတို့ဟာ အခုလက်ရှိအဆင့်ထက် နိမ့်ကျမသွားရန်နဲ့ ကြီးပွားတိုးတက်ပြီး အထက်တန်းအဆင့်ကိုတက်လှမ်းနိုင်ဖို့ အတွက် အလုပ်တွေဆက်တိုက်လုပ်ရင်း ပညာတွေ တခုပြီးတခုသင်ယူရင်း အခွင့်အလမ်းတွေရှာရင်းနဲ့ပဲ အနားယူဖို့ မိမိကိုယ်မိမိ အချိန်ပေးဖို့ မိမိချစ်ခင်ရသူတွေ ကို အချိန်ပေးဖို့ မအားဖြစ်နေတာကိုတွေ့ရပါတယ်။

အောင်မြင်တိုးတက်ကြီးပွားရန် ဇွဲ၊လုံ့လ၊ဝိရီယဖြင့်တက်ကြွစွာလှုပ်ရှားနေမှုကလည်း အရေးကြီးသလို နားနေခြင်းကလည်းအရေးပါပါတယ်။ အနားယူခြင်းဖြင့် ကျန်းမာခြင်း၊စိတ်သက်သာ ပျော်ရွှင်ခြင်းတွေကို ရရှိရုံသာမက မိမိကိုယ်ရည်ကိုယ်သွေးကိုလည်း မြင့်တက်စေပြီး စီးပွားရေးကိုပါ တိုးတက်အောင်မြင်စေနိုင်ပါတယ်။

အလုပ်ရဲ့ခရီး မိမိရဲ့ကြိုးစားမှု အဘယ်မျှပေါက်မြောက် ခဲ့ပြီးပြီ၊ ရှေ့ရည်မှန်းချက် ဘာတွေထားမည်။ ရှေ့ကိုဘယ်လိုခရီးဆက်မည် ဘာတွေလိုအပ်နေသည် စသဖြင့် သုံးသပ်ဆင်ခြင်ခြင်း၊ ဆန်းစစ်ခြင်း စီမံကိန်းချခြင်းတွေ ဆောင်ရွက်နိုင်ရန်အတွက် နားနေခြင်းနဲ့ စိတ်ဖြေလျှော့ အပန်းဖြေခြင်းတွေ လုပ်ဖို့လိုအပ်ပါတယ်။

နေ့စဉ်နဲ့အမျှ အများနဲ့ရင်ဘောင်တန်းယှဉ်ပြိုင်ကာ နောက်ကောက်မကျအောင် ကြိုးစားနေရင်းနဲ့ ရေရှည်မှာ စိတ်ဖိစီးမှုတွေများပြီး မွန်းကြပ်လာတတ်ပါတယ်။ အဲ့လို မကြာခဏဖြစ်လာရင် Quality Of Life ကျလာကာ မိမိကိုယ်တိုင်လည်း အသက်ရှင်နေထိုင်ရတာကို ကျေနပ်မှု မရှိနိုင်တော့တာ၊ စိတ်ဓါတ်ကျလာတာတွေကို ခံစားရပြီး မိမိချစ်တဲ့သူတွေ မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဆက်ဆံရာမှာလည်း အဆင်မပြေတာ တွေဖြစ်လာနိုင်ပါတယ်။

အင်္ဂလန်နိုင်ငံက ကျန်းမာရေးသုတေသီတွေရဲ့ သုတေသန လေ့လာမှုစာတမ်းတခုတွင် အိပ်ရေးမဝသည့်အခါ အနားယူခြင်းမရှိဘဲ အလုပ်တွေဆက်တိုက်လုပ်တဲ့အခါမှာ အာရုံစူးစိုက်နိုင်မှု စွမ်းအားလျော့ကျလာပြီး စိတ်နဲ့ကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာကြောင်းတွေ့ရကြောင်း၊ ယင်းအခြေအနေက မိသားစုအပေါ်သက်ရောက်မှုလည်းဖြစ်စေသလို မိမိလုပ်ငန်းနဲ့ပတ်သက်ဆက်နွယ်သည့် သူများအပေါ်လည်း သက်ရောက်မှု ဖြစ်စေကြောင်း၊ ဒါ့အပြင်အိပ်ရေးမဝခြင်း အနားမယူခြင်းတို့က ကိုယ်အလေးချိန်ကိုတိုးလာစေနိုင်ပြီး ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုများကိုပါ ဖြစ်စေနိုင်ကြောင်း ရေးသားဖော်ပြထားပါတယ်။

နောက်ထပ်သုတေသနတခုကတော့ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုတွေ ယာဉ်မတော်တဆဖြစ်မှုတွေ စတဲ့မတော်တဆမှုအများစုဟာ Human Error (လူသားတွေရဲ့အမှားများ)ကြောင့်ဖြစ်ပြီး ထို Human Error တွေဖြစ်ရတဲ့အကြောင်းရင်းကို လိုက်ကြည့်တဲ့အခါမှာ အမှားကျူးလွန်သူတွေဟာ လုံလောက်စွာအနားယူချိန်မရှိဘဲ စိတ်ရာကိုယ်ပါ စွမ်းဆောင်ရည်ကျဆင်းနေတာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။

သတင်းတွေမှာလည်း မကြာခဏဆိုသလို ဟိုင်းဝေးကားမောင်းစဉ် ယာဉ်မောင်းအိပ်ငိုက်ပြီး ကားမတော်တဆ ဖြစ်တာမျိုးတွေ ကြားနေရပါတယ်။ အလုပ်ခွင်မှာလည်း ထိုနည်းတူစွာဖြစ်တာတွေ အများကြီးရှိပါတယ်။ ဒါတွေဟာ အန္တရာယ်များလှပါတယ်။ အလုပ်တွေကို နားချိန်မရှိဘဲ ခန္ဓာကိုယ်က လုပ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်ကာ လုပ်ဆောင်ခြင်း ခိုင်းစေခြင်းသည် ချီးကျူးစရာမဟုတ်ပေ။ မတော်တဆမှုဖြစ်လာပါက အလုပ်ရှင်ရောအလုပ်သမား အပြင် တချို့အခြေနေတွေဆိုရင် မဆိုင်တဲ့သူတွေပါ ထိခိုက်နိုင်ပါတယ်။

ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးလိုတာက နားချိန်ထားပါ။ ညဘက်ကို အိပ်ရေးဝအောင် အိပ်ပါ။ တလမှာ အနည်းဆုံးတခါလောက်တော့ တွန်းတိုးယှဉ်ပြိုင် လှုပ်ရှားနေရမှုတွေက ခေတ္တလွတ်မြောက်ရာ တိတ်ဆိတ်ငြိမ်သက်သော နေရာတခုမှာ မိမိတယောက်တည်းဖြစ်စေ မိသားစုနဲ့ဖြစ်စေ အနားယူပါ။ အဲ့လိုအနားယူခြင်းဖြင့် စိတ်ရောကိုယ်ပါ Refresh ဖြစ်ပြီး စိတ်သစ်ခွန်အားသစ်တွေနဲ့ အလုပ်တွေကို ပိုမိုကောင်းမွန်စွာ လုပ်ကိုင်နိုင်လာပါလိမ့်မယ်လို့ အကြံပေးချင်ပါတယ်။

Author : Dr. 528

Previous Post

ညဘက်သွားကြိတ်တတ်တဲ့သူတွေ အသုံးပြုသင့်တဲ့ Nightguard

Next Post

ခရမ်းချဉ်သီးတန်ခိုး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခရမ်းချဉ်သီးတန်ခိုး

အချို ကြိုက်ပြီး သွားတိုက်ဖို့ပျင်းတဲ့ကလေးငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Fissure Sealants

သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းအကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.