fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

မျက်စိကလေးကျန်းမာဖို့ အာဟာရပြည့်အောင် စားကြစို့ (1)

31
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/03/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A




ဘာတွေစားသင့်သလဲ????






လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

မျက်စိကလေးကျန်းမာဖို့ အာဟာရပြည့်အောင် စားကြစို့ (1)

ယနေ့ခေတ် မှာ ဆိုရှယ်မီဒီယာ တွေ ဂိမ်းတွေ ခေတ်စားလာတာနှင့် အမျှ ကလေး၊ လူကြီး၊ ကျား၊မ မရွေး အချိန်တိုင်း အလိုလို မျက်စိနဲ့ ဖုန်း ပြတ်တယ်လို့ကို မရှိပါဘူး။ မျက်လုံး က အားစိုက်ပြီး စာရေး စာဖတ် လုပ်ရတာရယ်၊ ဖုန်း screen သေးသေးလေး ကိုအားစိုက် ထုတ်ပြီး ကြည့်လာတာများလာ တာရယ်တို့ကြောင့် မျက်စိ ညောင်းတာ၊ မျက်ရိုးကိုက်တာ၊ အမြင်အာရုံ အားနည်းတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအပြင် အသက်ကြီးလာတာ နှင့် အမျှ အတွင်းတိမ် ဖြစ်ပွားမှု့ က လည်း များလာပါတယ်။

ဒါတွေ မဖြစ်အောင် ဖုန်းလျှော့သုံးဖို့၊ laptop သုံးတာလျှော့ဖို့ ပညာရှင် တော်တော် များများ က သတိပေးနေကြပေမယ့် တကယ့်တကယ်တမ်းတော့ နေ့စဉ် လုပ်ငန်းဆောင်တာ မှာ မဖြစ်မနေ ဖုန်းတွေ၊ Laptop တွေ သုံးနေရတော့ လျှော့သုံးနိုင်ဖို့ ဆိုတာ ခက်ခဲလှပါတယ်။ လျှော့သုံးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် လတ်တလော မလျှော့နိုင်သေးရင်တော့ အာဟာရ ပြည့်အောင်စားပြီး တဖက်တလမ်း ကနေ ကာကွယ်နိုင်ပါတယ်။

ဘာတွေစားသင့်သလဲ????
1. ငရုတ်ပွ အနီ – ငရုတ်ပွ အနီ မှာ ဗီတာမင် C ကြွယ်ဝ တဲ့အတွက် မျက်လုံးမှာ ရှိတဲ့ သွေးကြောမျှင်လေးတွေ၊ သွေးကြောငယ် လေးတွေ အလွယ်တကူ ပေါက်လွယ်တာ ကို ကာကွယ်ပေး ပါတယ်။ ဗီတာမင် C တော့ အစားအစာတော်တော်များများ အထူးသဖြင့် အသီးအနှံ တော်တော်များများ (စတော်ဘယ်ရီ၊ မာလကာသီး၊ သင်္ဘောသီး၊ ပန်းဂေါ်ဖီ) မှာ တွေ့ရတတ်ပါတယ်။

ဒါပေမယ့် ဗီတာမင် C ရဲ့ သဘာဝ အရ အပူပြင်းပြင်း နဲ့တွေ့ရင် အာနိသင် ပျက်သွားတတ်တဲ့ အတွက် ချက်ပြုတ်ပြီးစားရင်တော့ ဗီတာမင်C ပြည့်ပြည့်ဝဝ ရဖို့မလွယ်ပါဘူး။ ဒါကြောင့် စားတဲ့အသီးအနှံ တွေမှာပါတဲ့ ဗီတာမင်C ပြည့်ပြည့်ဝဝ ရဖို့ အတွက် အစိမ်းစားပေးဖို့လိုပါတယ်။ ဒီနေရာ မှာ အစိမ်းစားမယ် ဆိုရင်တော့ ပိုးသတ်ဆေး နှင့် ဘတ်တီးရီးယား အန္တရာယ် ကာကွယ် နိုင်ရန် သေသေချာချာ ဆေးပေးဖို့လိုပါတယ်။ ဥပမာ- ဗင်နီဂါ နှင့်စိမ်ပြီးဆေးတာမျိုး၊ နာရီဝက် ရေစိမ်ပြီးမှ ရေသုံးထပ် ဆေးတာမျိုး စတာတွေ လုပ်ပေးသင့်ပါတယ်။

2. အစေ့အဆန် စားပေးပါ – အကြမ်းဖျင်းအားဖြင့် အစေ့အဆန် တစ်အောင်စ (30 gram) စားပေးခြင်းဖြင့် ကျွန်တော်တို့ တနေ့တာ လိုအပ်တဲ့ ဗီတာမင်E ရဲ့ ၅၀ ရာခိုင်နှုန်း ရပြီးသားဖြစ်ပါမယ်။ နောက်ဆုံးလေ့လာတွေ့ရှိချက်များ အရ ဗီတာမင် E အသက်အရွယ် ကြီးရင် ဖြစ်တတ်တဲ့ မျက်စိရောဂါ (Age-related macular degeneration) ကို သက်သာစေပြီး အတွင်းတိမ် ဖြစ်ပွားမှု့လည်းလျှော့ချပေးနိုင်ပါတယ်။ ဗီတာမင် E က ဘယ်တွေမှာ ပါလဲ ဆိုတော့ မြေပဲ၊ နေကြာစေ့၊ မြေပဲထောပတ်၊ Almond စတာတွေ မှာပါ ပါတယ်။ ဒါပေမယ့် 30 gram ထက် ပို မစားသင့်ပါဘူး။ ကယ်လိုရီ များလို့ အလေးချိန် တက်စေပါတယ်။

3. အစိမ်းရင့်ရောင် ပာင်းသီးပာင်းရွက် များ စားပေးပါ- ဥပမာ- ကိုက်လန်၊ မုန့်ညှင်း၊ ပာင်းနုနွယ် စတဲ့ အရွက်တွေမှာ ဗီတာမင် C နှင့် ဗီတာမင် E ကြွယ်ဝစွာ ပါဝင်တဲ့ အပြင် ဗီတာမင် A အုပ်စုဝင်တွေ ဖြစ်တဲ့ carotenoids lutein နှင့် zeaxanthin ပါတဲ့ အတွက် နာတာရှည် မျက်စိရောဂါတွေ ဖြစ်တဲ့ Age-related Macular Degeneration (AMD) နှင့် အတွင်းတိမ်မျက်စိ ရောဂါ(cataracts) ရောဂါဖြစ်ပွားမှု့ကိုပါ လျှော့ချပေးနိုင်ပါတယ်။

4. ဆော်လမွန် (သို့) ပင်လယ်ငါးစားပေးပါ- အိုမီဂါ သရီး တွေ ဖြစ်တဲ့ EPA နှင့် DHA ကြွယ်ဝတဲ့ ဆော်လမွန် ငါး နှင့် တခြားသော ပင်လယ်ငါးတွေ စားပေးခြင်းအားဖြင့် Age-related Macular Degeneration (AMD) နှင့် ရေတိမ်ရောဂါ တွေ ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ အိုမီဂါ သရီး (Omega 3 fatty acids ) နည်းသွားရင် မျက်စိခြောက်တတ်ပါတယ်။

5. လိမ္မော်ရောင် (သို့) အဝါရောင်ရှိတဲ့ အသီးအနှံ များစားပေးပါ- ဥပမာ- ကန်စွန်းဥ အဝါ၊ မုန်လာဥနီ၊ ဂျပန်သခွါးမွှေး(လိမ္မော်)၊ သရက်သီး၊ ရွှေဖရုံသီး စတာတွေ မှာ အများသိတဲ့ အတိုင်း ဗီတာမင် A တစ်မျိုးဖြစ်တဲ့ beta-carotene (ဘီတာ ကရိုတင်း)ပါတဲ့ အတွက် ဗီတာမင် A ချို့တဲ့ရင်ဖြစ်တတ်တဲ့ ညဘက် အမြင်အာရုံချို့တဲ့တာ (Night Blindness) ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Previous Post

COPD ( သို့) အဆုတ်လေပြွန်ကျဉ်းတဲ့နာတာရှည်ရောဂါ

Next Post

မသန့်ရှင်းတဲ့ စားသောက်ဆိုင်များ ရဲ့ အန္တရာယ်များ နှင့် ဘယ်လိုကာကွယ်ကြမလဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မသန့်ရှင်းတဲ့ စားသောက်ဆိုင်များ ရဲ့ အန္တရာယ်များ နှင့် ဘယ်လိုကာကွယ်ကြမလဲ

ကလေးတီဘီရောဂါဆိုတာ ဘယ်လောက်ကြောက်ဖို့ ကောင်းသလဲ

ကိုယ်ဝန်ဆောင်နှင့်ဆေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.