မသန႔္ရွင္းတဲ့ စားေသာက္ဆိုင္မ်ား ရဲ႕ အႏၲရာယ္မ်ား ႏွင့္ ဘယ္လိုကာကြယ္ၾကမလဲ
အခုလိုေျပာင္းလဲတိုးတက္လာတဲ့ ေခတ္ႀကီးမွာ လူအမ်ားကလည္း အလုပ္ကိုယ္စီနဲ႔ အခ်ိန္မရၾကေတာ့ တာကတေၾကာင္း နယ္ကေန အလုပ္လာလုပ္ၾကေတာ့ တစ္ကိုယ္ရည္တကာယ ဆိုေတာ့ အလုပ္ရႈပ္ခံၿပီး ထမင္း ပာင္း ကိုယ္တိုင္ မခ်က္ျပဳတ္ၾကေတာ့ ပဲ လြယ္လင့္တကူ ဝယ္စားလာၾကပါတယ္။ ဝယ္စားလာတဲ့ အေလွ်ာက္ ကြၽန္ေတာ္တို႔ေတြဟာ လမ္းေဘး ေဈးသည္ပဲ ျဖစ္ျဖစ္ ရပ္ကြက္ထဲက ထမင္းဆိုင္ပဲ ျဖစ္ျဖစ္ အားကိုးလာရပါတယ္။
ဒါေပမယ့္ ကြၽန္ေတာ္တို႔ စားေသာက္ေနတဲ့ ေဈးဆိုင္ေတြ သန႔္မသန႔္ ကို မစဥ္းစားမိပါဘူး။ မ်ားေသာ အားျဖင့္ လမ္းေဘးဆိုင္ေတြ ဆို ညစ္ပတ္တယ္ လို႔ပဲ သိေပမယ့္ ဘယ္ေလာက္ အတိုင္းအတာ ထိ ညစ္ပတ္ေနလဲ ဆိုတာ ကြၽန္ေတာ္တို႔ သတိမထားမိပါဘူး။
အခုေအာက္မွာ ျပထားတဲ့ ပုံ က စားေသာက္ဆိုင္တစ္ခု အသားေတြ ကို ျပင္ဆင္ေနတဲ့ပုံပါ။အသားေတြကို ေနာက္ေဖး လမ္းၾကား ညဘက္ ေခြးေတြ တက္အိပ္တဲ့ ေနရာေပၚမွာ လွီးခြၽတ္ေနတာပါ။ ဒါေပမယ့္ အဲ့ဒီ ဆိုင္ပဲ ဒီလို လုပ္တာလားဆိုေတာ့ ကြၽန္ေတာ္တို႔ တျခားဆိုင္ေတြမွ မျမင္ရတာ။
ေနာက္ၿပီး ရပ္ကြက္ဆိုင္ေလးေတြ မွာ စားရင္ ျဖစ္ႏိုင္တဲ့ ျပႆနာ ကေတာ့ ထပ္ခါထပ္ခါ ေႏႊးထားတဲ့ ပာင္းေတြပါ။ ထပ္ခါထပ္ခါ ေႏႊးထားေတာ့ တခ်ိဳ႕ေသာ ပာင္းလ်ာေတြ ဆို ႏိုက္ထရိတ္ (Nitrate) ထြက္လာတဲ့ အတြက္ ကင္ဆာ ေရာဂါ အထိေတာင္ ျဖစ္လာႏိုင္ပါတယ္။
အသုံးျပဳတဲ့ ဇြန္း၊ ပန္းကန္၊ ခြက္ ေတြက လည္း ထပ္ခါထပ္ခါ ေဆးထားတဲ့ ေရမွာ ႏွစ္ၿပီးေဆးခ်လိုက္တာမ်ိဳးဆိုေတာ့ ဝမ္းပ်က္ဝမ္းေလ်ာ အသည္းေရာင္အသားဝါ A ပိုး ႏွင့္ တျခားေသာ တံေတြးႏွင့္ အစားအေသာက္ က ကတဆင့္ ကူးစက္ေရာဂါ ေတြလည္း ကူးစက္ႏိုင္ပါတယ္။
ဒါဆို ကိုယ္တိုင္မခ်က္စားႏိုင္တဲ့ သူေတြ ဘယ္လိုေ႐ြးခ်ယ္စားေသာက္ၾကမလဲ????
ထမင္းဘူး မျပင္ဆင္ႏိုင္ရင္ေတာင္ ထမင္းဘူးအလြတ္ နဲ႔ ဇြန္းေလာက္ေတာ့ ေဆာင္ထားသင့္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ မျဖစ္မေနကို က လမ္းေဘးက ဆိုင္စားေတာ့မယ္ဆိုရင္ ကိုယ့္မွာ ပါတဲ့ ဘူးထဲ ပဲ ထည့္စားပါ။ အစ မွာေတာ့ အလုပ္ရႈပ္တယ္ ထင္ရေပမယ့္ ကိုယ့္ က်န္းမာေရး အတြက္ ဘယ္အရာကမွ အေရးမႀကီးဘူး လို႔ ယူဆၿပီး လုပ္ပါ။
မျဖစ္မေန ဝယ္စားေတာ့မယ္ဆိုရင္လည္း ပါဆယ္ဝယ္ပါ။ တနည္းအားျဖင့္ သူတို႔ဆီက ပန္းကန္၊ ဇြန္းေတြ နဲ႔ မစားျဖစ္ေတာ့ေအာင္ပါ။
ေနာက္တစ္ခု က ကြၽန္ေတာ္တို႔ ျမန္မာ လူမ်ိဳးေတြ က အရမ္း အားနာတတ္ၾကတယ္။ ကိုယ္စားေနရင္း နဲ႔ သူမ်ားက နည္းနည္းေကြၽးဆိုရင္ ကိုယ့္ဇြန္းနဲ႔ပဲ ျဖစ္ျဖစ္ သူ႔ဇြန္း နဲ႔ပဲ ျဖစ္ျဖစ္ ကိုယ့္ပန္းကန္က ခပ္စားတာ ကို ဘာမွ မေျပာဘဲ လက္ခံၾကပါတယ္။ ဒါကေတာ့ အားမနာသင့္ပါဘူး။ တစ္ေယာက္ေယက္ က တကယ္စားခ်င္ေနရင္ ပန္းကန္ သပ္သပ္ နဲ႔ သာ ခြဲထည့္ေပးလိုက္ပါ။ သင့္က်န္းမာေရး က သင့္လက္ထဲ မွာပါ။ အားမနာပါနဲ႔။
ေနာက္တစ္ခု ျမန္မာ လူမ်ိဳးဆိုေတာ့ ဘာစားစား အခ်ဥ္ရည္ေလး နဲ႔စားၾကတယ္။ ဥပမာ အေၾကာ္စုံ စားရင္ေတာင္ ဒီ အခ်ဥ္တစ္ခြက္ထဲ ကပဲ သူတို႔ ငါတို႔ တို႔စားၾကတယ္။ အကယ္၍ စားေနတဲ့ သူေတြ ထဲမွာ တံေတြးက တဆင့္ ကူးစက္တတ္တဲ့ ေရာဂါ ရွိေနရင္ ကူးစက္သြားႏိုင္ပါတယ္။
ေနာက္တစ္ခု က လက္ဖက္သုပ္ စားရင္လည္း ထိုနည္း၎ ပါပဲ လူဆယ္ေယာက္ က လက္ဖက္ ပန္းကန္တစ္ပန္းကန္မွာ ရွိေနတဲ့ ဇြန္းႏွစ္ေခ်ာင္း ကို မွ်စားေနတာ ကေတာ့ မျဖစ္သင့္ပါဘူး။
အခု ကြၽန္ေတာ္ ေဖာ္ျပသြားတဲ့ အခ်က္ေတြ ကေတာ့ အျပင္စာ ေတြ ကို အားကိုးေနရတဲ့ သူေတြ နဲ႔ ႐ုံးေတြ ေက်ာင္းေတြ မွာ ထမင္းစားရင္ အမ်ား နဲ႔ စုစားတဲ့ သူေတြ အေနနဲ႔ လိုက္လုပ္ဖို႔ ရည္႐ြယ္ပါတယ္။ အဓိက ကေတာ့ ကိုယ့္က်န္းမာေရး အတြက္ သူမ်ား ကို ဘယ္ေတာ့မွ အားမနာပါနဲ႔။
ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္ @ Dr. Nutrition
မသန့်ရှင်းတဲ့ စားသောက်ဆိုင်များ ရဲ့ အန္တရာယ်များ နှင့် ဘယ်လိုကာကွယ်ကြမလဲ
အခုလိုပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကြီးမှာ လူအများကလည်း အလုပ်ကိုယ်စီနဲ့ အချိန်မရကြတော့ တာကတကြောင်း နယ်ကနေ အလုပ်လာလုပ်ကြတော့ တစ်ကိုယ်ရည်တကာယ ဆိုတော့ အလုပ်ရှုပ်ခံပြီး ထမင်း ပာင်း ကိုယ်တိုင် မချက်ပြုတ်ကြတော့ ပဲ လွယ်လင့်တကူ ဝယ်စားလာကြပါတယ်။ ဝယ်စားလာတဲ့ အလျှောက် ကျွန်တော်တို့တွေဟာ လမ်းဘေး ဈေးသည်ပဲ ဖြစ်ဖြစ် ရပ်ကွက်ထဲက ထမင်းဆိုင်ပဲ ဖြစ်ဖြစ် အားကိုးလာရပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ စားသောက်နေတဲ့ ဈေးဆိုင်တွေ သန့်မသန့် ကို မစဉ်းစားမိပါဘူး။ များသော အားဖြင့် လမ်းဘေးဆိုင်တွေ ဆို ညစ်ပတ်တယ် လို့ပဲ သိပေမယ့် ဘယ်လောက် အတိုင်းအတာ ထိ ညစ်ပတ်နေလဲ ဆိုတာ ကျွန်တော်တို့ သတိမထားမိပါဘူး။
အခုအောက်မှာ ပြထားတဲ့ ပုံ က စားသောက်ဆိုင်တစ်ခု အသားတွေ ကို ပြင်ဆင်နေတဲ့ပုံပါ။အသားတွေကို နောက်ဖေး လမ်းကြား ညဘက် ခွေးတွေ တက်အိပ်တဲ့ နေရာပေါ်မှာ လှီးချွတ်နေတာပါ။ ဒါပေမယ့် အဲ့ဒီ ဆိုင်ပဲ ဒီလို လုပ်တာလားဆိုတော့ ကျွန်တော်တို့ တခြားဆိုင်တွေမှ မမြင်ရတာ။
နောက်ပြီး ရပ်ကွက်ဆိုင်လေးတွေ မှာ စားရင် ဖြစ်နိုင်တဲ့ ပြဿနာ ကတော့ ထပ်ခါထပ်ခါ နွှေးထားတဲ့ ပာင်းတွေပါ။ ထပ်ခါထပ်ခါ နွှေးထားတော့ တချို့သော ပာင်းလျာတွေ ဆို နိုက်ထရိတ် (Nitrate) ထွက်လာတဲ့ အတွက် ကင်ဆာ ရောဂါ အထိတောင် ဖြစ်လာနိုင်ပါတယ်။
အသုံးပြုတဲ့ ဇွန်း၊ ပန်းကန်၊ ခွက် တွေက လည်း ထပ်ခါထပ်ခါ ဆေးထားတဲ့ ရေမှာ နှစ်ပြီးဆေးချလိုက်တာမျိုးဆိုတော့ ဝမ်းပျက်ဝမ်းလျော အသည်းရောင်အသားဝါ A ပိုး နှင့် တခြားသော တံတွေးနှင့် အစားအသောက် က ကတဆင့် ကူးစက်ရောဂါ တွေလည်း ကူးစက်နိုင်ပါတယ်။
ဒါဆို ကိုယ်တိုင်မချက်စားနိုင်တဲ့ သူတွေ ဘယ်လိုရွေးချယ်စားသောက်ကြမလဲ????
ထမင်းဘူး မပြင်ဆင်နိုင်ရင်တောင် ထမင်းဘူးအလွတ် နဲ့ ဇွန်းလောက်တော့ ဆောင်ထားသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မဖြစ်မနေကို က လမ်းဘေးက ဆိုင်စားတော့မယ်ဆိုရင် ကိုယ့်မှာ ပါတဲ့ ဘူးထဲ ပဲ ထည့်စားပါ။ အစ မှာတော့ အလုပ်ရှုပ်တယ် ထင်ရပေမယ့် ကိုယ့် ကျန်းမာရေး အတွက် ဘယ်အရာကမှ အရေးမကြီးဘူး လို့ ယူဆပြီး လုပ်ပါ။
မဖြစ်မနေ ဝယ်စားတော့မယ်ဆိုရင်လည်း ပါဆယ်ဝယ်ပါ။ တနည်းအားဖြင့် သူတို့ဆီက ပန်းကန်၊ ဇွန်းတွေ နဲ့ မစားဖြစ်တော့အောင်ပါ။
နောက်တစ်ခု က ကျွန်တော်တို့ မြန်မာ လူမျိုးတွေ က အရမ်း အားနာတတ်ကြတယ်။ ကိုယ်စားနေရင်း နဲ့ သူများက နည်းနည်းကျွေးဆိုရင် ကိုယ့်ဇွန်းနဲ့ပဲ ဖြစ်ဖြစ် သူ့ဇွန်း နဲ့ပဲ ဖြစ်ဖြစ် ကိုယ့်ပန်းကန်က ခပ်စားတာ ကို ဘာမှ မပြောဘဲ လက်ခံကြပါတယ်။ ဒါကတော့ အားမနာသင့်ပါဘူး။ တစ်ယောက်ယေက် က တကယ်စားချင်နေရင် ပန်းကန် သပ်သပ် နဲ့ သာ ခွဲထည့်ပေးလိုက်ပါ။ သင့်ကျန်းမာရေး က သင့်လက်ထဲ မှာပါ။ အားမနာပါနဲ့။
နောက်တစ်ခု မြန်မာ လူမျိုးဆိုတော့ ဘာစားစား အချဉ်ရည်လေး နဲ့စားကြတယ်။ ဥပမာ အကြော်စုံ စားရင်တောင် ဒီ အချဉ်တစ်ခွက်ထဲ ကပဲ သူတို့ ငါတို့ တို့စားကြတယ်။ အကယ်၍ စားနေတဲ့ သူတွေ ထဲမှာ တံတွေးက တဆင့် ကူးစက်တတ်တဲ့ ရောဂါ ရှိနေရင် ကူးစက်သွားနိုင်ပါတယ်။
နောက်တစ်ခု က လက်ဖက်သုပ် စားရင်လည်း ထိုနည်း၎င်း ပါပဲ လူဆယ်ယောက် က လက်ဖက် ပန်းကန်တစ်ပန်းကန်မှာ ရှိနေတဲ့ ဇွန်းနှစ်ချောင်း ကို မျှစားနေတာ ကတော့ မဖြစ်သင့်ပါဘူး။
အခု ကျွန်တော် ဖော်ပြသွားတဲ့ အချက်တွေ ကတော့ အပြင်စာ တွေ ကို အားကိုးနေရတဲ့ သူတွေ နဲ့ ရုံးတွေ ကျောင်းတွေ မှာ ထမင်းစားရင် အများ နဲ့ စုစားတဲ့ သူတွေ အနေနဲ့ လိုက်လုပ်ဖို့ ရည်ရွယ်ပါတယ်။ အဓိက ကတော့ ကိုယ့်ကျန်းမာရေး အတွက် သူများ ကို ဘယ်တော့မှ အားမနာပါနဲ့။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော် @ Dr. Nutrition