fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အီးစီးကရက် (Electronic cigarette)ဆိုတာ ဆေးလိပ်ဖြတ်တဲ့အရာလား

180
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/05/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

လွန်ခဲ့တဲ့လေးငါးနှစ်လောက်စပြီး အီးစီးကရက်သောက်သုံးမှုဟာ တစနဲ့တစ ပိုပိုများလာပါတယ်။

အီးစီးကရက်လို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့နိုင်ငံက လူအများစုက ဆေးလိပ်ဖြတ်တဲ့ပစ္စည်းလို့ပဲ ထင်မြင်ကြပါတယ်။

အွန်လိုင်းအမေးအဖြေမှာလည်း ဆေးလိပ်ဖြတ်ဖို့အကြံပေးရင် ဆေးလိပ်ဖြတ်ဖို့အတွက် အီးစီးကရက် သုံးရမှာလားလို့ ပြန်ပြန်မေးကြပါတယ်။ အီးစီးကရက်ဆိုတာက ဆေးရည်ထည့်သုံးရပြီး ထိုဆေးရည်ကို အငွေ့ဖြစ်စေတဲ့ ဘက်ထရီသုံး အပူပေးကိရိယာပါဝင်သော အီလက်ထရာနစ်ပစ္စည်းတမျိုးဖြစ်ပါတယ်။

အီးစီးကရက်သောက်တယ်ဆိုတာက ဘက်ထရီသုံးအပူပေးကိရိယာကြောင့် ဆေးရည်ကနေအငွေ့ဖြစ်သွားတဲ့အငွေ့တွေကို နှာခေါင်းပါးစပ်နဲ့ ရှုရှိုက်မှုတ်ထုတ်ခြင်းဖြစ်ပါတယ်။ အချိန်အတိုင်းအတာတခုထိ သုံးပြီးတိုင်းမှာ အီးစီးကရက်မှာပါတဲ့ ဘက်ထရီကို အားပြန်ပြန်သွင်းပေးဖို့လိုပါတယ်။ အီးစီးကရက်ကို vape အဖြစ်လည်း လူအများသိကြပါတယ်။

အီးစီးကရက်ကို ရိုးရိုးစီးကရက်ထက် ကျန်းမာရေးထိခိုက်မှုပိုနည်းတယ်လို့ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူအများက ထင်ကြပါတယ်။ ဒီလိုထင်ရတာကလည်း ကျွန်တော်တို့နိုင်ငံကပြည်သူတွေအသုံးများဆုံးဖြစ်တဲ့ ဖေ့ဘွတ်မှာ အီးစီးကရက်ရောင်းတဲ့သူတွေ အွန်လိုင်းရှော့ပင်းပေ့တွေက အီးစီးကရက်သောက်ခြင်းဖြင့် ဆေးလိပ်ဖြတ်နိုင်တယ်။ အဆုတ်လည်းမထိခိုက်ဘူး။ စတိုင်လ်လည်းကျတယ်။ ဆေးလိပ်လိုအနံ့ မဆိုးတဲ့အတွက် လူကြားသူကြားထဲသောက်ရလည်းအဆင်ပြေတယ်။ မီးပွားကျပြီးမီးလောင်မှာလည်းမပူရဘူး စသဖြင့် လွန်လွန်ကြူးကြူးရေးပြီးကြေညာထားတာတွေကြောင့်နဲ့ တချို့နာမည်ကျော် ဖေ့ဘွတ်ဆယ်လီ(Facebook Cele)တွေကိုယ်တိုင် အီးစီးကရက်ကို သောက်ပြပြီး ကြေညာတဲ့အတွက်ကြောင့် လို့ယူဆမိပါတယ်။

သို့သော်လေ့လာမှုတွေအရ အီးစီးကရက်ထဲမှာထည့်သုံးတဲ့ ဆေးရည်ဟာ နီကိုတင်းဓါတ်အပြင် သစ်ခွနံ့၊ သစ်ကြံပိုးနံ့စသည့် လူအများနှစ်ခြိုက်သဘောကျ အောင်ထည့်ထားသည့် ဓါတုဗေဒနည်းဖြင့်ပြုလုပ်ထားသော အနံ့အရသာများပါ ပါဝင်တာကြောင့် အသက်အန္တရာယ်ရှိသော ရောဂါများဖြစ်ပွားနိုင်သည့် အခွင့်အလမ်းပိုများကြောင်း လေ့လာမှုတရပ်က သတိပေးထားပါတယ်။ အီးစီးကရက်ကို သောက်ရှူလိုက်ချိန်မှာ သူ့မှာပါတဲ့အနံ့၊ အရသာ စတဲ့ဓါတုပစ္စည်းတွေနဲ့အဆုတ်နဲ့ထိတွေ့ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာပြသာနာတွေဖြစ်နိုင်ပါတယ်။

အီးစီးကရက်ကိုရေရှည်သောက်သုံးပါက အဆုတ်နဲ့ဆီးအိမ်ကင်ဆာများ၊ နှလုံးသွေးကြောကျဉ်းရောဂါများ ဖြစ်ပွားနိုင်ခြေရှိသည့်အပြင် သွေးဖြူဥများနဲ့ခန္ဓာကိုယ်ရှိ ဆဲလ်များကိုလည်း အဆိပ်အတောက်ဖြစ်ပြီးထိခိုက်ပျက်စီးစေနိုင်ကာ ကိုယ်ခံအားကျလာစေနိုင်ပါတယ်လို့ သုတေသနတရပ်ကပြောထားပါတယ်။ ကိုယ်ဝန်ဆောင်တွေသောက်သုံးရင် ပေါင်မပြည့်တဲ့ ကလေးမွေးဖွားနိုင်သလို၊ မွေးလာတဲ့ ကလေးတွေဟာ ဦးနှောက်ဖွံ့ဖြိုးမှုနှောင့်နှေးစေတာကြောင့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ အီးစီးကရက်ကိုလုံး၀ မသောက်ဖို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။ ဒီအီးစီးကရက်ကို ကိုယ်တိုင်မသောက်သော်လည်း သောက်တဲ့သူနဲ့နီးနီးကပ်ကပ်နေပြီး အီးစီးကရက်ငွေ့များကို ရှုမိပါက အီးစီးကရက်သောက်တဲ့ဆိုးကျိုးတွေခံစားရနိုင်ပါတယ်။

ဒါကြောင့်ကိုယ်ဝန်ဆောင်သည်တွေဆိုရင် ရိုးရိုးစီးကရက်သောက်တဲ့သူနဲ့ဝေးဝေးနေသင့်တဲ့အပြင် အီးစီးကရက်သောက်တဲ့သူကိုလည်းရှောင်ရပါမယ်။ အီးစီးကရက်က မီးဘေးအန္တရာယ်မရှိဘူးဆိုတာကလည်း ဟုတ်သလိုလို ထင်ရပေမယ့် အတိအကျပြောရရင်မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အီးစီးကရက်မှာပါတဲ့ ဘက်ထရီကနေ ပေါက်ကွဲပြီး မီးလောင်မှုဖြစ်တဲ့ဖြစ်ရပ်တွေ ရှိလို့ပါ။

အီးစီးကရက်ဆိုတာဟာ ဆေးလိပ်ကို ပုံမှားရိုက်ထားတာပါပဲ။ ဆေးလိပ်လိုပဲ ဆိုးကျိုးများပါတယ်။ သောက်ရင်လည်းစွဲပါတယ်။ ဆေးလိပ်စွဲလန်းတာထက်ကိုပိုစွဲလန်းနိုင်ပါတယ်။ ဆေးလိပ်ထက်လည်း အန္တရာယ်များပါတယ် ဘာလို့လဲဆိုတော့ ဖေ့ဘွတ်မှာ အီးစီးကရက်သောက်ပြပြီး အငွေ့တွေအများကြီးထုတ်တာ အငွေ့တွေကိုအကွင်းလေးတွေပုံစံမှုတ်ထုတ်ပြီးဆော့တာ စသဖြင့် အီးစီးကရက်သောက်တာမဟုတ်ဘဲ အီးစီးကရက်အငွေ့ (Vape အငွေ့) တွေနဲ့အမျိုးမျိူးလုပ်ဆော့တဲ့ ဗီဒီယိုတွေကိုကြည့်ကာ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်တွေ၊ဆယ်နှစ်အောက်ကလေးတွေကပါ လက်တည့်စမ်းသောက်လာကြပါတယ်။

အစပိုင်းမှာ အငွေ့ကိုကစားချင်တဲ့စိတ်နဲ့သောက်ရာကနေ နည်းနည်းကြာလာတာနဲ့ အီးစီးကရက်ကို မသောက်ရမနေနိုင်အောင်စွဲလာပါတယ်။ အဲ့အခါမှာ အပေါ်မှာပြောထားတဲ့ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ရိုးရိုးစီးကရက်ဘူးတွေမှာလို ၁၈နှစ်အောက်မရောင်းရ။ ကျန်းမာရေးထိခိုက်နိုင်သည် စသဖြင့် ကျန်းမာရေးပညာပေးပုံတွေနဲ့စာတွေ ရိုက်နှိပ်ထားစရာမလိုတော့ ကလေးတွေ၊ လူငယ်တွေအများစုက ကျန်းမာရေးအန္တရာယ်မရှိဘူးလို့ထင်ကြပါတယ်။

အွန်လိုင်းကနေအိမ်တိုင်ရာရောက်မှာလို့ရတဲ့အတွက် ဆယ်ကျော်သက်တွေ၊ အရွယ်မရောက်သေးတဲ့ကလေးတွေအတွက် လက်တည့်စမ်းဖို့ပိုလွယ်နေသလိုဖြစ်နေပါတယ်။ အချို့လူကြီးမိဘတွေကလည်း ဖေ့ဘွတ်မှာကြေညာထားတာတွေကိုကြည့်ပြီး ယုံကြည်ကာ ဆေးလိပ်မဟုတ်တော့ အန္တရာယ်မရှိဘူးထင်ကာ မတားဆီးကြပါဘူး။

ဒီနှစ်နှစ်အတွင်းမှာဆိုရင် ကျွန်တော်တို့ မြန်မာလူငယ်ထုတွေထဲမှာ အီးစီးကရက်သောက်နှုန်းဟာ သိသိသာသာကြီးကို မြင့်တက်လာပါတယ်။ မိန်းကလေးတွေအများစုကပါ အီးစီးကရက်သောက်လာကြပါတယ်ဒါဟာ နိုင်ငံရဲ့အနာဂါတ်အတွက် ကောင်းတဲ့အလားအလာမဟုတ်ပါဘူး။

ဒါကြောင့် အစိုးရအနေနဲ့ အီးစီးကရက်နဲ့ပတ်သက်ပြီးကျန်းမာရေးပညာပေးတာတွေ၊ အီးစီးကရက်ကြေညာတွေကို စီစစ်တားဆီးတာမျိုးတွေ၊ အီးစီးကရက်အရောင်းဆိုင်တွေမှာ ကလေးတွေနဲ့ ၁၈နှစ်မပြည့်သေးသူတွေကို မရောင်းဖို့စည်းကမ်းချက်ထုတ်တာတွေ၊ အီးစီးကရက်နဲ့ဆိုင်တဲ့ ဥပဒေတရပ်ရေးဆွဲတာမျိုးတွေကို အမြန်ဆုံးလုပ်သင့်ပါတယ်လို့အကြံပေးရင်း အဆုံးသတ်လိုက်ရပါတယ်။

Author : Dr. 528

Previous Post

နေမကောင်းရင် တစ်ခုခုဖြစ်ရင် ဘယ်သွားရမလဲ 

Next Post

လက်ဖက်ရည်နဲ့ ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လက်ဖက်ရည်နဲ့ ကျန်းမာရေး

လမစေ့ဘဲမွေးခြင်း

သားအိမ်ဝထိန်းဖို့ လိုသလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.