fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

သင်္ကြန်မှာအပျော်လွန်ပြီး မငိုရစေဖို့

236
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/04/2018
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

သင်္ကြန်မှာအပျော်လွန်ပြီး မငိုရစေဖို့

ကျွန်တော်တို့ မြန်မာတွေဟာ ပျော်တာကို ကြိုက်နှစ်သက်ကြသူများပါ။ တနှစ်မှာ ၁၂လရှိတဲ့အလျောက် လတလချင်းစီတိုင်းမှာ နွဲပျော်စရာ ပွဲတော်တွေ သူ့လနဲ့သူ ရှိပါတယ်။ ထိုလအလိုက်ကျင်းပတဲ့ ပွဲတော်တွေထဲကမှ နွေရာသီ တန်ခူးလမှာကျင်းပလေ့ရှိတဲ့ အတာသင်္ကြန် ရေသဘင်ပွဲဟာ ဆိုရင်ဖြင့် အကြီးကျယ်ဆုံး အခမ်းနားဆုံးပွဲဖြစ်ပါတယ်။

နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့အချိန်အခါသမယလည်းဖြစ်ပါတယ်။ မဟာသင်္ကြန် ရေသဘင်ပွဲကို ဆင်ယင်ကျင်းပခဲ့ကြတာဟာဖြင့် ပုဂံခေတ်ကနေ စတင်ခဲ့တယ်လို့ ယူဆကြပါတယ်။ အရင်ခေတ်တွေတုန်းကတော့ တဦးနဲ့တဦး ငွေဖလားနဲ့ သပြေခက်နဲ့ ညင်သာစွာ ပက်ဖျန်းရေကစားကြပါတယ်။

ရေပက်ဖျန်းရတဲ့အကြောင်းကတော့ နှစ်ဟောင်းကအညစ်အကြေးတွေ နှစ်သစ်ကိုမပါလာစေဖို့ အတာရေနဲ့ဆေးကြောတာလို့ ရှေးလူကြီးတွေကပြောကြပါတယ်။ ၂၀ရာစုနှောင်းပိုင်းမှာတော့ သင်္ကြန်မှာရေပြွတ်တွေ၊ရေပိုက်တွေ နဲ့ ပက်ဖျန်းကစားလာကြပါတယ်။ ကားနဲ့လည်းရေပက်ခံထွက်တာမျိုးတွေ လုပ်လာကြပါတယ်။

၂၁ ရာစု အစလောက်ကနေစပြီး သင်္ကြန်ရဲ့ပုံစံဟာ သိသိသာသာကြီးကိုပြောင်းလဲလာပါတယ်။ ငွေဖလားနဲ့သပြေခက်နေရာမှာ ရေပိုက်တွေ၊ ရေပြွတ်တွေ၊ ရေဘောလုံးတွေ အစားထိုးဝင်ရောက်လာရုံသာမက အဝတ်အစားအပိုင်းတွေ၊ ဖက်ရှင်အပိုင်းတွေမှာလည်း အမျိုးသမီးတွေအနေနဲ့ အတိုအပြတ်တွေပြီး ရေကစားကြတာ၊ ရေပက်ခံထွက်တာမျိုးတွေ အများကြီးတွေ့လာရပါတယ်။

ကားတွေနဲ့သာမက ဆိုင်ကယ်တွေနဲ့ပါ ရေပက်ခံထွက်လာကြပါတယ်။ အရက်သေစာ၊ မူးယစ်ဆေးဝါး သုံးစွဲမှုတွေဟာလည်း သင်္ကြန်နဲ့အတူ တွဲဖက်ပါလာခဲ့ပြီး အခုနောက်ပိုင်းမှာ ပိုပိုဆိုးလာပါတယ်။ ကား၊ဆိုင်ကယ်တွေနဲ့ အပျော်ရေပက်ခံထွက်ကြတဲ့သူတွေထဲက တချို့တဝက်လောက်က တလမ်းဝင်တလမ်းထွက်နဲ့ ရေစိုရွှဲပြီးရင်း စိုရွှဲလာကြရုံသာမက မူးပြီးရင်းလည်း ပိုမူးလာကြပါတယ်။

လေ့လာသုံးသပ်သူတွေရဲ့အဆိုအရ သင်္ကြန်ပွဲအတွင်း ရေပက်ခံထွက်တဲ့သူတွေအားလုံးရဲ့ ထက်ဝက်ကျော်ဟာ ကားတွေ၊ဆိုင်ကယ်တွေနဲ့ အုပ်စုဖွဲ့လျှောက်လည်ရင်း လွတ်လွတ်လပ်လပ်ကြီး အရက်သောက်ခဲ့ကြတာ ထင်ရှားပါတယ်။

ဒီလို အရက်သေစာမူးယစ်ပြီး အပျော်ထွက်လည်တဲ့အခါမှာ အရက်မူးယစ်ဆေး အရှိန်နဲ့ ယာဉ်မတော်တဆဖြစ်မှုတွေဖြစ်တာအပြင် အုပ်စုအချင်းချင်း တဖွဲ့နဲ့တဖွဲ့ သော်လည်းကောင်း၊ တခြားသူတွေနဲ့ သော်လည်းကောင်း ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးကတခုကစပြီး စကားများရန်ဖြစ်ရာကနေ ဓါးပွဲ၊တုတ်ပွဲတွေဖြစ်ကာ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေပါဖြစ်ကြပါတယ်။

ဒါတွေတင်ပဲလားဆိုတော့ မဟုတ်။ သင်္ကြန်ကာလအတွင်း လူအများစိတ်လွတ်ကိုယ်လွတ်ပျော်ပါးကြတာကို အခွင့်ကောင်းယူကာ ဖျော်ရည်၊ပီကေ၊သကြားလုံး၊ကော်ဖီစတဲ့ထဲမှာဆေးခတ်ပြီး အမျိုးသမီးတွေကို လိမ်လည်တိုက်ကျွေးတာ သို့မဟုတ် ဆေးခတ်ပြီးသား အမျိုးအစားဖြစ်တဲ့ ဖျော်ရည်၊ကော်ဖီ၊ပီကေ၊သကြားလုံးစတာတွေအား အမျိုးသမီးတွေကိုလိမ်လည်တိုက်ကျွေးတာတွေ စတဲ့အောက်တန်းကျတဲ့လုပ်ရပ်တွေကိုလုပ်တဲ့ လူယုတ်မာတချို့လည်းရှိပါတယ်။

ဘဘောရိုးနဲ့တိုက်တယ်ကျွေးတယ်ထင်ပြီး စားသောက်မိရာကနေ သင်္ကြန်တွင်းမှာ လူယုတ်မာတွေရဲ့ဖျက်ဆီးခြင်းကိုခံလိုက်ရတဲ့ အမျိုးသမီးတွေအကြောင်းလည်း နှစ်စဉ်နှစ်တိုင်းနီးပါး သတင်းစာတွေ၊ဂျာနယ်တွေ၊ဖေ့ဘုတ်တွေထဲမှာ ကြားနေမြင်နေရပါတယ်။ ဒါကြောင့် အခုခေတ်သင်္ကြန်ဆိုတာက ခြုံပြောရရင် ပျော်ရွှင်မှုအပြင် အသက်အန္တရာယ်ကော အရှက်အန္တရာယ်ရောပါ ရှိနေတဲ့ ပွဲတော်တခုလို့ပြောရင်လည်းရပါတယ်။

သင်္ကြန်တွင်းမှာ အပျော်တအားလွန်မိခဲ့ပါက အသက်အန္တရာယ်၊အရှက်အန္တရာယ် နဲ့ ကြုံတွေ့ရပြီး ငိုရဖို့များပါတယ်။ အခုခေတ်မှာ အရှက်အန္တရာယ်က အမျိုးသမီးတွေအတွက်ပဲ ရှိတာမဟုတ်ပါဘူး။ အမျိုးသားတွေလည်း အရှက်အန္တရာယ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းတွေ အင်တာနက်တွေပေါလာတဲ့အခုခေတ်မှာ အမျိုးသားအချင်းချင်းကိုမှ ကြိုက်နှစ်သက်တဲ့ ကာမမုဆိုးလူယုတ်မာ တွေက ပိုပိုများလာလို့ပါ။

သိပ်မကြာသေးခင်ကကို ရန်ကုန်မြို့ရှိ စားသောက်ဆိုင်ရှင်အမျိုးသားက သူ့ဆိုင်မှာအလုပ်လုပ်တဲ့ဝန်ထမ်းအမျိုးသားကို အနိုင်ကျင့်ကာ ကာမရယူခဲ့တဲ့သတင်းဟာဆိုရင် ဂျာနယ်တွေ၊ဖေ့ဘုတ်တွေမှာ ပလူပျံကာ ပြည်သူလူထုတွေအကြားမှာ ဒီသတင်းနဲ့ပတ်သက်ပြီး အတော်လေးကို ဆူဆူညံညံဖြစ်ခဲ့ပါတယ်။

အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ သင်္ကြန်တွင်း မဏ္ဍပ်မှာပျော်မယ့် သို့မဟုတ် ကား၊ ဆိုင်ကယ်တွေနဲ့ ရေပက်ခံထွက်ကာပျော်မယ့် အစ်ကိုအစ်မ ဦးလေးအဒေါ် ညီငယ်ညီမငယ် တွေအနေနဲ့ အရက်သေစာ၊မူးယစ်ဆေးဝါးတွေမသုံးမိဖို့နဲ့ အိမ်ကနေထည့်ယူလာတဲ့ မုန့်၊ရေသန့်၊သရေစာတွေကလွဲပြီး မိမိနဲ့သိတဲ့သူတွေကပဲဖြစ်ဖြစ် မသိတဲ့သူတွေကပဲဖြစ်ဖြစ် ပေးလာကျွေးလာတဲ့ မုန့်၊အချိုရည်စတဲ့သရေစာတွေကို တတ်နိုင်သမျှမစားဖို့ပါ။

စတုဒီတာကျွေးတဲ့နေရာရောက်ရင်လည်း မိမိကိုယ်တိုင် စတုဒီသာကျွေးတဲ့ဆီကိုသွားယူပြီး စားတာကပိုစိတ်ချရပါမယ်။ ဒီခေတ်မှာက သတိကြီးကြီးထားနိုင်မှကို တော်ရုံကြမှာပါ။

ယခုခေတ် သင်္ကြန်တွင်းမှာ အပျော်လွန်ပြီး သတိလက်လွတ်ဖြစ်သွားရင်တော့ အမျိုးသမီးတွေတင်သာမက အမျိုးသားတွေလည်း ငိုရဖို့က ၁၀၀ ရာခိုင်နှုန်းနီးပါး ကို သေချာပါကြောင်း အကြံပြုရင်း ဆောင်းပါးကို အဆုံးသတ်လိုက်ရပါတယ်။

Dr 528

Previous Post

အနံ့ထွက်နေသလား သတိထား

Next Post

သလဲသီးအကြောင်းသိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သလဲသီးအကြောင်းသိကောင်းစရာ

ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှကင်းဝေးပြီးကျန်းမာစေရန် လိုက်နာရမည့်အချက်များ

သမင်မမျက်လုံးပိုင်ရှင် ဖြစ်လိုပါက

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.