မ်ိဳးဆက္ပြားအသိပညာ(၄) သားဆက္ျခားနည္းလမ္းမ်ား
သားဆက္ျခားနည္းလမ္းေတြ အေၾကာင္းကိုေျပာျပလာခဲ့ေပးတာ ဒီတစ္ခါနဲ႔ဆို ေလးခုေျမာက္ ရွိသြားပါၿပီ။ အရင္တစ္ခါကေတာ့ ဒီမွာ လူသုံးမ်ားတဲ့ ထိုးေဆးနဲ႔ ေသာက္ေဆးႏွစ္ခုထဲက ေသာက္ေဆးအေၾကာင္းကို ေျပာသြားေပးခဲ့တာပါ။ Combined oral contraceptive pill (COC) လို႔ေခၚတဲ့ (oestrogen နဲ႔ progesterone) ေဟာ္မုန္းႏွစ္မ်ိဳးပါဝင္တဲ့ သားဆက္ျခား ေသာက္ေဆးအေၾကာင္းကို ေျပာေပးသြားတာပါ။
ေနာက္ထပ္လူသိနည္းတဲ့ ေသာက္ေဆးတစ္မ်ိဳးကေတာ့ Progestrogen only pill လို႔ေခၚတဲ့ progesterone ေဟာ္မုန္းတစ္မ်ိဳးတည္းပါတဲ့ ေဆးျဖစ္ပါတယ္ ။ ဒီေဟာ္မုန္းဟာ သားဆက္ျခား ထိုးေဆးထဲမွာပါဝင္တဲ့ ပစၥည္းျဖစ္တဲ့အတြက္ ေဆးရဲ႕အာနိသင္ေတြ ေဘးထြက္ဆိုးက်ိဳးေတြဟာ ထိုးေဆးနဲ႔အေတာ္တူပါတယ္။
ေဟာ္မုန္းတစ္မ်ိဳးတည္းပါဝင္တဲ့ ေဆးျဖစ္တဲ့အတြက္ COC နဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ ကိုယ္ဝန္ရွိသြားႏိုင္ေခ်ႏႈန္း အနည္းငယ္မ်ားပါတယ္။ ဒါေပမဲ့ ေကာင္းတဲ့အခ်က္တစ္ခုကလည္း COC ရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္ ေဆးေပးလို႔မရတဲ့သူတစ္ခ်ိဳ႕မွာ ဒီေဆးက သုံးလို႔ရပါတယ္။ ဆီးခ်ိဳ ႏွလုံးေရာဂါရွိသူေတြနဲ႔ ေဆးလိပ္ေသာက္သူေတြမွာ ေဆးေသာက္ဖို႔ ေ႐ြးခ်ယ္မယ္ဆိုရင္ ဒီေဆးဟာ ေသာက္ဖို႔အဆင္ေျပပါတယ္။
COC နဲ႔ Progestrogen only pill ေတြ ဘယ္လိုအလုပ္လုပ္သလဲဆိုတာ ေျပာျပေပးခ်င္ပါတယ္။
estrogen နဲ႔ progesterone ေဟာ္မုန္းႏွစ္မ်ိဳးဟာ လူ႔ကိုယ္ထဲမွာ သဘာဝအတိုင္းရွိေနတဲ့ ေဟာ္မုန္းေတြပါပဲ။ ဒါဆိုေမးစရာရွိမယ္။ ဒီသဘာဝ ေဟာ္မုန္းေတြကိုပဲေပးၿပီး ဘယ္လို သားဆက္ျခားတာလဲ ဆိုၿပီးေတာ့ေပါ့…
သဘာဝအတိုင္းဆိုရင္ ဒီေဟာ္မုန္းႏွစ္မ်ိဳးဟာ ရာသီစက္ဝန္းအတိုင္း အတက္အက်ေတြ ရွိပါတယ္။ ဒီလိုအတက္အက်ေတြဟာ လူေတြရဲ႕ ကိုယ္ဝန္ေဆာင္မႈ ျဖစ္စဥ္ကို ပံ့ပိုးေပးပါတယ္။ ေဆးေသာက္တဲ့အခါမွာ ဒီသဘာဝေဟာ္မုန္းေတြ ပုံမွန္အတက္အက်ျဖစ္စဥ္ အခ်ိန္ကို ခဏတာ ပ်က္စီးသြားေစပါတယ္။ ဒီလိုနည္းနဲ႔ သေႏၶတားေပးတယ္။
COC ရဲ႕ ပထမအာနိသင္ကေတာ့ အျပင္ကေန oestrogen နဲ႔ progesterone ေဟာ္မုန္းႏွစ္ခုကို ျဖည့္ေပးလိုက္တယ္။ ဒီေဟာ္မုန္းႏွစ္ခု ပမာဏေတြ သဘာဝရာသီ စက္ဝန္းအတိုင္း မဟုတ္ေတာ့တဲ့အခါ မ်ိဳးပြားတဲ့မမ်ိဳးဥ ထုတ္လႊတ္တဲ့အခါမွာ အေရးႀကီးတဲ့ ဦးေႏွာက္က ေဟာ္မုန္းႏွစ္မ်ိဳးျဖစ္တဲ့ FSH နဲ႔ LH ထြက္တာကို နည္းသြားေစတယ္။ ဒီလိုနည္းနဲ႔ ရာသီစက္ဝန္းမွာ မမ်ိဳးဥလႊတ္တာကို တားလိုက္တယ္။
ေနာက္ထပ္ အာနိသင္တစ္မ်ိဳးကေတာ့ ပါဝင္တဲ့ progesterone ေဟာ္မုန္းရဲ႕ အာနိသင္ကို အေျခခံထားတယ္။ Progesterone က သားအိမ္ေခါင္းအခြၽဲေျမးကို ထူလာေစတဲ့အတြက္ အမ်ိဳးသားရဲ႕ သုက္ပိုးဝင္ေရာက္မႈကို တားေပးတယ္။ ဒါ့အျပင္ သားအိမ္နံရံကိုလည္း သေႏၶသား ကပ္တြယ္လို႔ မရေအာင္ လုပ္ေပးတယ္။ Progestrogen only pill ကေတာ့ Progesterone ေဟာ္မုန္းတစ္မ်ိဳးတည္းရဲ႕ အာနိသင္ကိုပဲ အဓိကအေျခခံထားပါတယ္။
Author : Dr. ေမႊး
မျိုးဆက်ပွားအသိပညာ(၄) သားဆက်ခြားနည်းလမ်းများ
သားဆက်ခြားနည်းလမ်းတွေ အကြောင်းကိုပြောပြလာခဲ့ပေးတာ ဒီတစ်ခါနဲ့ဆို လေးခုမြောက် ရှိသွားပါပြီ။ အရင်တစ်ခါကတော့ ဒီမှာ လူသုံးများတဲ့ ထိုးဆေးနဲ့ သောက်ဆေးနှစ်ခုထဲက သောက်ဆေးအကြောင်းကို ပြောသွားပေးခဲ့တာပါ။ Combined oral contraceptive pill (COC) လို့ခေါ်တဲ့ (oestrogen နဲ့ progesterone) ဟော်မုန်းနှစ်မျိုးပါဝင်တဲ့ သားဆက်ခြား သောက်ဆေးအကြောင်းကို ပြောပေးသွားတာပါ။
နောက်ထပ်လူသိနည်းတဲ့ သောက်ဆေးတစ်မျိုးကတော့ Progestrogen only pill လို့ခေါ်တဲ့ progesterone ဟော်မုန်းတစ်မျိုးတည်းပါတဲ့ ဆေးဖြစ်ပါတယ် ။ ဒီဟော်မုန်းဟာ သားဆက်ခြား ထိုးဆေးထဲမှာပါဝင်တဲ့ ပစ္စည်းဖြစ်တဲ့အတွက် ဆေးရဲ့အာနိသင်တွေ ဘေးထွက်ဆိုးကျိုးတွေဟာ ထိုးဆေးနဲ့အတော်တူပါတယ်။
ဟော်မုန်းတစ်မျိုးတည်းပါဝင်တဲ့ ဆေးဖြစ်တဲ့အတွက် COC နဲ့နှိုင်းယှဉ်မယ်ဆိုရင် ကိုယ်ဝန်ရှိသွားနိုင်ချေနှုန်း အနည်းငယ်များပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အချက်တစ်ခုကလည်း COC ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဆေးပေးလို့မရတဲ့သူတစ်ချို့မှာ ဒီဆေးက သုံးလို့ရပါတယ်။ ဆီးချို နှလုံးရောဂါရှိသူတွေနဲ့ ဆေးလိပ်သောက်သူတွေမှာ ဆေးသောက်ဖို့ ရွေးချယ်မယ်ဆိုရင် ဒီဆေးဟာ သောက်ဖို့အဆင်ပြေပါတယ်။
COC နဲ့ Progestrogen only pill တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။
estrogen နဲ့ progesterone ဟော်မုန်းနှစ်မျိုးဟာ လူ့ကိုယ်ထဲမှာ သဘာဝအတိုင်းရှိနေတဲ့ ဟော်မုန်းတွေပါပဲ။ ဒါဆိုမေးစရာရှိမယ်။ ဒီသဘာဝ ဟော်မုန်းတွေကိုပဲပေးပြီး ဘယ်လို သားဆက်ခြားတာလဲ ဆိုပြီးတော့ပေါ့…
သဘာဝအတိုင်းဆိုရင် ဒီဟော်မုန်းနှစ်မျိုးဟာ ရာသီစက်ဝန်းအတိုင်း အတက်အကျတွေ ရှိပါတယ်။ ဒီလိုအတက်အကျတွေဟာ လူတွေရဲ့ ကိုယ်ဝန်ဆောင်မှု ဖြစ်စဉ်ကို ပံ့ပိုးပေးပါတယ်။ ဆေးသောက်တဲ့အခါမှာ ဒီသဘာဝဟော်မုန်းတွေ ပုံမှန်အတက်အကျဖြစ်စဉ် အချိန်ကို ခဏတာ ပျက်စီးသွားစေပါတယ်။ ဒီလိုနည်းနဲ့ သန္ဓေတားပေးတယ်။
COC ရဲ့ ပထမအာနိသင်ကတော့ အပြင်ကနေ oestrogen နဲ့ progesterone ဟော်မုန်းနှစ်ခုကို ဖြည့်ပေးလိုက်တယ်။ ဒီဟော်မုန်းနှစ်ခု ပမာဏတွေ သဘာဝရာသီ စက်ဝန်းအတိုင်း မဟုတ်တော့တဲ့အခါ မျိုးပွားတဲ့မမျိုးဥ ထုတ်လွှတ်တဲ့အခါမှာ အရေးကြီးတဲ့ ဦးနှောက်က ဟော်မုန်းနှစ်မျိုးဖြစ်တဲ့ FSH နဲ့ LH ထွက်တာကို နည်းသွားစေတယ်။ ဒီလိုနည်းနဲ့ ရာသီစက်ဝန်းမှာ မမျိုးဥလွှတ်တာကို တားလိုက်တယ်။
နောက်ထပ် အာနိသင်တစ်မျိုးကတော့ ပါဝင်တဲ့ progesterone ဟော်မုန်းရဲ့ အာနိသင်ကို အခြေခံထားတယ်။ Progesterone က သားအိမ်ခေါင်းအချွဲမြေးကို ထူလာစေတဲ့အတွက် အမျိုးသားရဲ့ သုက်ပိုးဝင်ရောက်မှုကို တားပေးတယ်။ ဒါ့အပြင် သားအိမ်နံရံကိုလည်း သန္ဓေသား ကပ်တွယ်လို့ မရအောင် လုပ်ပေးတယ်။ Progestrogen only pill ကတော့ Progesterone ဟော်မုန်းတစ်မျိုးတည်းရဲ့ အာနိသင်ကိုပဲ အဓိကအခြေခံထားပါတယ်။
Author : Dr. မွှေး