fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

စနစ်တကျသားဆက်ခြားဖို့ သန္ဓေတားဆေးများအကြောင်း သိကောင်းစရာ

212
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/04/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

စနစ္တက်သားဆက္ျခားဖို႔ သေႏၶတားေဆးမ်ားအေၾကာင္း သိေကာင္းစရာ

ဖြံ႕ၿဖိဳးတိုးတက္လာေသာ ယေန႔ေခတ္ႀကီးမွာ က်ား၊မ မေ႐ြး သားဆက္ျခားနည္းစနစ္မ်ားကို ေသခ်ာသိရွိထားသင့္ပါတယ္။ အိမိေထာင္သည္မ်ားသာမက ဆယ္ေက်ာ္သက္အ႐ြယ္လူငယ္မ်ားပါ သိထားသင့္ပါတယ္။ သားဆက္ျခားနည္းလမ္းမ်ားကို ေ႐ြးခ်ယ္ရာမွာ တစ္ေယာက္ခ်င္းစီရဲ႕ လိုအပ္ခ်က္၊ ကိုယ္ေရးကိုယ္တာနဲ႔ပတ္သက္ၿပီး ဦးစားေပးေ႐ြးခ်ယ္မႈတို႔အျပင္ နည္းလမ္းမ်ား၏ အသုံးဝင္ပုံ၊ ကာကြယ္ေပးႏိုင္မႈစသည့္အေၾကာင္းအရာမ်ားအေပၚ မူတည္ၿပီး ေ႐ြးခ်ယ္ေလ့ရွိၾကပါတယ္။

အသုံးမ်ားေသာ သားဆက္ျခားနည္းလမ္းမ်ားမွာ ကြန္ဒုံး၊ သေႏၶတားေသာက္ေဆး၊ ထိုးေဆးမ်ားအျပင္ လက္ေမာင္းထဲသို႔ သေႏၶတားပစၥည္းထည့္ျခင္း၊ မိန္းမကိုယ္ထဲသို႔ သေႏၶတားပစၥည္းထည့္ျခင္း၊ သားေၾကာျဖတ္ျခင္း၊ သုက္ရည္ အျပင္ဘက္သို႔လႊတ္ျခင္း စသည့္နည္းလမ္းမ်ားျဖစ္ပါတယ္။ နည္းလမ္း တစ္ခုခ်င္းစီ၏ failure rate ဟု ေခၚေသာ မေအာင္ျမင္မႈႏႈန္းမ်ားမွာ အနည္းနဲ႔အမ်ား ရွိတတ္ၾကပါတယ္။ ထို႔ေၾကာင့္ ေသာက္ေဆးမ်ား၏ အသုံးျပဳပုံ၊ အသုံးဝင္ပုံ၊ က်ရႈံးမႈႏႈန္းႏွင့္ ဆိုးက်ိဳးမ်ားကို သိရွိေစရန္ ေျပာျပေပးလိုပါတယ္။

1. Combined oral contraceptive pills(သေႏၶတားေသာက္ေဆး)

ဒီေသာက္ေဆးတြင္ oestrogen ႏွင့္ progestogen ဟု ေခၚေသာ ေဟာ္မုန္းႏွစ္မ်ိဳး ပါဝင္ပါတယ္။ ၎ေဟာ္မုန္းတို႔သည္ ဦးေႏွာက္ထဲတြင္ရွိ မ်ိဳးဥေႂကြေစေသာ အစိတ္အပိုင္းကို တားျမစ္ျခင္းျဖင့္ မ်ိဳးဥမေႂကြေစရန္ ဟန႔္တားေပးျခင္း၊ သားအိမ္ေခါင္းခြၽဲေျမးကို ထူေစၿပီး သုက္ေကာင္မ်ား အလြယ္တကူမဝင္ႏိုင္ေအာင္ တားျမစ္ေပးျခင္း၊ သားအိမ္နံရံကိုပါးေစၿပီး မ်ိဳးဥ အလြယ္တကူမကပ္တြယ္ႏိုင္ေအာင္ ျပဳလုပ္ေပးျခင္းစသည့္ လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးပါတယ္။ ေသာက္ေဆးကို စတင္အသုံးျပဳရာတြင္ တိက်မွန္ကန္ဖို႔လိုအပ္ပါတယ္။

ေဆးစတင္မေသာက္သုံးမီ တတ္ကြၽမ္းနားလည္ေသာ ဆရာဝန္ႏွင့္ေသခ်ာတိုင္ပင္ၿပီး မိမိတြင္ မည့္သည့္ေရာဂါမ်ားရွိ/မရွိႏွင့္ ကိုယ္ဝန္ ရွိ/မရွိကို ေသခ်ာစစ္ေဆးၿပီးမွ ေသာက္သင့္ပါတယ္။ ဒါ့အျပင္ ေဆး၏ဆိုးက်ိဳးမ်ား၊ မေသာက္သုံးသင့္ေသာအေျခအေနမ်ားကိုပါ ေသခ်ာနားလည္ရပါမယ္။ ေဆးေသာက္ပုံနည္းစနစ္မွာ တစ္ေန႔တစ္လုံး အခ်ိန္မွန္မွန္ မပ်က္မကြက္ ေသာက္သုံးရပါမယ္။ ညဘက္ေသာက္သင့္ပါတယ္။ ေဆးစတင္ေသာက္သုံးရမယ့္ရက္မွာ ဓမၼတာစတင္လာတဲ့ ပထမရက္(သို႔) ၅ရက္ေျမာက္ေန႔တြင္ စတင္ေသာက္ရပါမယ္။ ေသာက္ေဆးကဒ္တြင္ ၇လုံးတစ္တန္းႏွင့္ ၂၈လုံးပါဝင္ပါတယ္။ ေနာက္ဆုံးအတန္းေသာက္ေနခ်ိန္တြင္ ဓမၼတာလာပါလိမ့္မယ္။ သေႏၶတားေဆးကို ႏို႔တိုက္မိခင္မ်ားေသာက္သုံးလိုပါက ကေလးေမြးဖြားၿပီး၆လျပည့္မွသာ စတင္ေသာက္သုံးသင့္ပါတယ္။ အဘယ္ေၾကာင့္ဆိုေသာ္ သေႏၶတားေသာက္ေဆးသည္ မိခင္ႏို႔ရည္တြင္ ပါဝင္ၿပီး ကေလးကို ထိခိုက္မႈရွိႏိုင္ေသာေၾကာင့္ျဖစ္ပါတယ္။

ေသာက္ေဆးေသာက္ရာတြင္ တိက်မွန္ကန္ဖို႔ အေရးႀကီးပါတယ္။ အကယ္၍ တစ္လုံး (သို႔)ႏွစ္လုံး ေသာက္သုံးရန္ ပ်က္ကြက္ပါက သတိရတဲ့အခ်ိန္မွာ ေမ့က်န္ေသာ ေဆးလုံးမ်ားကိုေသာက္ပါ။ အဲ့ေန႔ေသာက္ရမယ့္ ေဆးလုံးကိုလည္း ေသာက္ရမယ့္အခ်ိန္တြင္ ေသာက္ပါ။ တျခားေသာ သားဆက္ျခားနည္းလမ္းသုံးရန္ မလိုအပ္သလို အေရးေပၚ သားဆက္ျခားေဆးလည္း ေသာက္ရန္မလိုပါ။ ၃လုံးေသာက္ရန္ ပ်က္ကြက္ပါက သတိရသည့္ေန႔တြင္ က်န္ခဲ့ေသာ၃လုံးေသာက္ပါ။ အဲ့ေန႔တြင္ ေသာက္ေနက်ေဆးဆက္ေသာက္ပါ။ ၿပီးလွ်င္ ကြန္ဒုံးအသုံးျပဳျခင္း (သို႔) ၇ရက္တိတိအတူတူေနျခင္းကို ေရွာင္ၾကဥ္ရပါမယ္။ ၃လုံးႏွင့္အထက္ ေသာက္ရန္ပ်က္ကြက္ပါက လက္ရွိေသာက္ေနတဲ့ ေဆးကဒ္ကို လႊတ္ပစ္ၿပီး ေဆးကဒ္အသစ္ျပန္စၿပီး ေသာက္ရပါမယ္။

သေႏၶတားေသာက္ေဆးမ်ားကို မွန္ကန္စြာ အသုံးျပဳပါက ၁၀၀ရာခိုင္ႏႈန္းကာကြယ္ႏိုင္ပါတယ္။ Failure rateမွာ 0.1%ျဖစ္ပါတယ္။ ေသာက္ေဆး၏ေကာင္းက်ိဳးမ်ားမွာ
– ကိုယ္ဝန္ရေစမႈနည္းျခင္း၊
– ေဆးသက္သာစြာျဖင့္ ေသာက္သုံးႏိုင္ျခင္း၊
– တစ္လတစ္ခါ ဓမၼတာမွန္ေစျခင္း၊
– သားအိမ္ျပင္ပသေႏၶတည္ျခင္း၊ သားအိမ္နံရံေရာင္ရမ္းျခင္း၊ မ်ိဳးဥအိမ္တြင္ ေရအိတ္တည္ျခင္း၊ မ်ိဳးဥအိမ္ကင္ဆာ၊ သားအိမ္ကင္ဆာျဖစ္ျခင္းတို႔မွ ကာကြယ္ေပးျခင္း၊
– ေသာက္ေဆးျဖတ္ၿပီးေသာအခါ အလြယ္တကူကိုယ္ဝန္ ျပန္ရႏိုင္ျခင္း စတဲ့ေကာင္းက်ိဳးမ်ားရရွိႏိုင္ပါတယ္။

ဆိုးက်ိဳးမ်ားအေနႏွင့္
-ေဆးေသာက္ၿပီးေသာအခါ ေခါင္းကိုက္ျခင္း၊ ပ်ိဳ႕ျခင္း၊ ကိုယ္အေလးခ်ိန္တက္ျခင္း၊ ရင္သားနာျခင္း၊ တစ္လတည္းတြင္ ဓမၼတာ မၾကာခဏလာတတ္ျခင္း
– ေသြးတိုးျခင္း၊ ႏွလုံးအားနည္းျခင္း၊ ေလျဖတ္ျခင္းစသည့္ေရာဂါမ်ား ခံစားရႏိုင္ျခင္း၊
– ႏွစ္ရွည္လမ်ား ေသာက္သုံးၿပီးေသာအခါ ေဆးျဖတ္လိုက္ခ်ိန္တြင္ ဓမၼတာမေပၚျခင္း စသည့္ ဆိုးက်ိဳးမ်ားခံစားရႏိုင္ပါတယ္။

သေႏၶသားေသာက္ေဆး မေသာက္သုံးသင့္သူမ်ားမွာ
-ကိုယ္ဝန္ေဆာင္မိခင္မ်ား၊
– ႏွလုံးေရာဂါအခံရွိသူမ်ား၊ ေသြးတိုးေရာဂါရွိသူမ်ား၊ ေခါင္းကိုက္ေရာဂါ၊ ရင္သားကင္ဆာႏွင့္ တျခားေသာ ဆီးႏွင့္ေက်ာက္ကပ္ေရာဂါ၊ အသည္းေရာဂါရွိသူမ်ား ေရွာင္ၾကဥ္သင့္ပါတယ္။

2. Emergency contraceptive pills ( post coital pills/ morning after pills) -အေရးေပၚသေႏၶတားေဆး

အေရးေပၚသေႏၶတားေဆးသည္ အကာအကြယ္မဲ့ လိင္ဆက္ဆံၿပီး ကိုယ္ဝန္မရေစရန္ေသာက္ရေသာ ေဆးျဖစ္ပါတယ္။ ကိုယ္ဝန္ဖ်က္ခ်ေသာ ေဆးမဟုတ္ပါ။ ဒီေဆးကို Ecee-2, pill72, Levo-72 စတဲ့ နာမည္ေတြနဲ႔ လာပါတယ္။ ေသာက္သုံးပုံနည္းစနစ္မွာ လိင္ဆက္ဆံၿပီး ၁၂နာရီ၊ ၇၂နာရီ၊ နာရီ၁၂၀အတြင္း ေသာက္သုံးရပါတယ္။ ၇၂နာရီအတြင္း ေသာက္သုံးလွ်င္ အေကာင္းဆုံးပါ။ လိင္ဆက္ဆံၿပီး ေဆး၂လုံးခ်က္ခ်င္းေသာက္ၿပီး ေနာက္၁၂နာရီအတြင္းမွာ ေနာက္၂လုံးေသာက္ရပါတယ္။ အကယ္၍ေဆးေသာက္ၿပီး ပ်ိဳ႕အန္ပါက ထပ္ေသာက္ေပးရပါမယ္။

အေရးေပၚသေႏၶတားေဆးရဲ႕ ေကာင္းက်ိဳးမ်ားမွာ
– မလိုခ်င္ဘဲ ကိုယ္ဝန္ရျခင္း
– ကိုယ္ဝန္ဖ်က္ခ်မႈႏႈန္း ေလ်ာ့က်ေစျခင္းစသည္တို႔ျဖစ္ပါတယ္။

ဆိုးက်ိဳးမ်ားအေနနဲ႔
– ပ်ိဳ႕အန္ျခင္း၊ ေခါင္းကိုက္ျခင္း၊ မူးေဝျခင္း၊ ႏြမ္းနယ္ျခင္း၊ ရင္သားနာက်င္ျခင္း၊ ဓမၼတာမမွန္ျခင္းတို႔ျဖစ္ပါတယ္။

အေရးေပၚသေႏၶတားေဆးကို ခဏခဏေသာက္ရန္မသင့္ပါဘူး။ ဒါ့အျပင္ ကိုယ္ဝန္ဖ်က္ခ်ဖို႔အတြက္လည္း အသုံးမျပဳသင့္ပါ။ အကယ္၍ မိမိတြင္ ေရာဂါတစ္ခုခုရွိေနပါက ေဆးမေသာက္မီ ဆရာဝန္ႏွင့္တိုင္ပင္သင့္ပါတယ္။ အေရးေပၚသေႏၶတားေဆးသည္ လိင္ဆက္ဆံရာမွတစ္ဆင့္ ကူးစက္ႏိုင္ေသာ ေရာဂါမ်ားကို မကာကြယ္ႏိုင္ပါ။

အထက္ေဖာ္ျပပါ သားဆက္ျခားရန္ေသာက္သုံးသင့္ေသာ ေဆးမ်ား၏ အသုံးဝင္ပုံ၊ ေကာင္းက်ိဳး၊ ဆိုးက်ိဳး မ်ားကို ေသခ်ာသိရွိၿပီး စနစ္တက်အသုံးျပဳရန္တိုက္တြန္းလိုပါတယ္။ တန္ဖိုးရွိေသာ အသက္မ်ား မဆုံးရႈံးေစဖို႔၊ စနစ္တက်သားဆက္ျခားႏိုင္သည့္နည္းလမ္းမ်ားကို သိရွိေစဖို႔ ရည္႐ြယ္၍ ေရးသားလိုက္ရပါသည္။

Author : Dr.သီတာလႈိင္ (ေဆး- ၂)

စနစ်တကျသားဆက်ခြားဖို့ သန္ဓေတားဆေးများအကြောင်း သိကောင်းစရာ

ဖွံ့ဖြိုးတိုးတက်လာသော ယနေ့ခေတ်ကြီးမှာ ကျား၊မ မရွေး သားဆက်ခြားနည်းစနစ်များကို သေချာသိရှိထားသင့်ပါတယ်။ အိမိထောင်သည်များသာမက ဆယ်ကျော်သက်အရွယ်လူငယ်များပါ သိထားသင့်ပါတယ်။ သားဆက်ခြားနည်းလမ်းများကို ရွေးချယ်ရာမှာ တစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်၊ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်ပြီး ဦးစားပေးရွေးချယ်မှုတို့အပြင် နည်းလမ်းများ၏ အသုံးဝင်ပုံ၊ ကာကွယ်ပေးနိုင်မှုစသည့်အကြောင်းအရာများအပေါ် မူတည်ပြီး ရွေးချယ်လေ့ရှိကြပါတယ်။

အသုံးများသော သားဆက်ခြားနည်းလမ်းများမှာ ကွန်ဒုံး၊ သန္ဓေတားသောက်ဆေး၊ ထိုးဆေးများအပြင် လက်မောင်းထဲသို့ သန္ဓေတားပစ္စည်းထည့်ခြင်း၊ မိန်းမကိုယ်ထဲသို့ သန္ဓေတားပစ္စည်းထည့်ခြင်း၊ သားကြောဖြတ်ခြင်း၊ သုက်ရည် အပြင်ဘက်သို့လွှတ်ခြင်း စသည့်နည်းလမ်းများဖြစ်ပါတယ်။ နည်းလမ်း တစ်ခုချင်းစီ၏ failure rate ဟု ခေါ်သော မအောင်မြင်မှုနှုန်းများမှာ အနည်းနဲ့အများ ရှိတတ်ကြပါတယ်။ ထို့ကြောင့် သောက်ဆေးများ၏ အသုံးပြုပုံ၊ အသုံးဝင်ပုံ၊ ကျရှုံးမှုနှုန်းနှင့် ဆိုးကျိုးများကို သိရှိစေရန် ပြောပြပေးလိုပါတယ်။

1. Combined oral contraceptive pills(သန္ဓေတားသောက်ဆေး)

ဒီသောက်ဆေးတွင် oestrogen နှင့် progestogen ဟု ခေါ်သော ဟော်မုန်းနှစ်မျိုး ပါဝင်ပါတယ်။ ၎င်းဟော်မုန်းတို့သည် ဦးနှောက်ထဲတွင်ရှိ မျိုးဥကြွေစေသော အစိတ်အပိုင်းကို တားမြစ်ခြင်းဖြင့် မျိုးဥမကြွေစေရန် ဟန့်တားပေးခြင်း၊ သားအိမ်ခေါင်းချွဲမြေးကို ထူစေပြီး သုက်ကောင်များ အလွယ်တကူမဝင်နိုင်အောင် တားမြစ်ပေးခြင်း၊ သားအိမ်နံရံကိုပါးစေပြီး မျိုးဥ အလွယ်တကူမကပ်တွယ်နိုင်အောင် ပြုလုပ်ပေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးပါတယ်။ သောက်ဆေးကို စတင်အသုံးပြုရာတွင် တိကျမှန်ကန်ဖို့လိုအပ်ပါတယ်။

ဆေးစတင်မသောက်သုံးမီ တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့်သေချာတိုင်ပင်ပြီး မိမိတွင် မည့်သည့်ရောဂါများရှိ/မရှိနှင့် ကိုယ်ဝန် ရှိ/မရှိကို သေချာစစ်ဆေးပြီးမှ သောက်သင့်ပါတယ်။ ဒါ့အပြင် ဆေး၏ဆိုးကျိုးများ၊ မသောက်သုံးသင့်သောအခြေအနေများကိုပါ သေချာနားလည်ရပါမယ်။ ဆေးသောက်ပုံနည်းစနစ်မှာ တစ်နေ့တစ်လုံး အချိန်မှန်မှန် မပျက်မကွက် သောက်သုံးရပါမယ်။ ညဘက်သောက်သင့်ပါတယ်။ ဆေးစတင်သောက်သုံးရမယ့်ရက်မှာ ဓမ္မတာစတင်လာတဲ့ ပထမရက်(သို့) ၅ရက်မြောက်နေ့တွင် စတင်သောက်ရပါမယ်။ သောက်ဆေးကဒ်တွင် ၇လုံးတစ်တန်းနှင့် ၂၈လုံးပါဝင်ပါတယ်။ နောက်ဆုံးအတန်းသောက်နေချိန်တွင် ဓမ္မတာလာပါလိမ့်မယ်။ သန္ဓေတားဆေးကို နို့တိုက်မိခင်များသောက်သုံးလိုပါက ကလေးမွေးဖွားပြီး၆လပြည့်မှသာ စတင်သောက်သုံးသင့်ပါတယ်။ အဘယ်ကြောင့်ဆိုသော် သန္ဓေတားသောက်ဆေးသည် မိခင်နို့ရည်တွင် ပါဝင်ပြီး ကလေးကို ထိခိုက်မှုရှိနိုင်သောကြောင့်ဖြစ်ပါတယ်။

သောက်ဆေးသောက်ရာတွင် တိကျမှန်ကန်ဖို့ အရေးကြီးပါတယ်။ အကယ်၍ တစ်လုံး (သို့)နှစ်လုံး သောက်သုံးရန် ပျက်ကွက်ပါက သတိရတဲ့အချိန်မှာ မေ့ကျန်သော ဆေးလုံးများကိုသောက်ပါ။ အဲ့နေ့သောက်ရမယ့် ဆေးလုံးကိုလည်း သောက်ရမယ့်အချိန်တွင် သောက်ပါ။ တခြားသော သားဆက်ခြားနည်းလမ်းသုံးရန် မလိုအပ်သလို အရေးပေါ် သားဆက်ခြားဆေးလည်း သောက်ရန်မလိုပါ။ ၃လုံးသောက်ရန် ပျက်ကွက်ပါက သတိရသည့်နေ့တွင် ကျန်ခဲ့သော၃လုံးသောက်ပါ။ အဲ့နေ့တွင် သောက်နေကျဆေးဆက်သောက်ပါ။ ပြီးလျှင် ကွန်ဒုံးအသုံးပြုခြင်း (သို့) ၇ရက်တိတိအတူတူနေခြင်းကို ရှောင်ကြဉ်ရပါမယ်။ ၃လုံးနှင့်အထက် သောက်ရန်ပျက်ကွက်ပါက လက်ရှိသောက်နေတဲ့ ဆေးကဒ်ကို လွှတ်ပစ်ပြီး ဆေးကဒ်အသစ်ပြန်စပြီး သောက်ရပါမယ်။

သန္ဓေတားသောက်ဆေးများကို မှန်ကန်စွာ အသုံးပြုပါက ၁၀၀ရာခိုင်နှုန်းကာကွယ်နိုင်ပါတယ်။ Failure rateမှာ 0.1%ဖြစ်ပါတယ်။ သောက်ဆေး၏ကောင်းကျိုးများမှာ
– ကိုယ်ဝန်ရစေမှုနည်းခြင်း၊
– ဆေးသက်သာစွာဖြင့် သောက်သုံးနိုင်ခြင်း၊
– တစ်လတစ်ခါ ဓမ္မတာမှန်စေခြင်း၊
– သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊ သားအိမ်နံရံရောင်ရမ်းခြင်း၊ မျိုးဥအိမ်တွင် ရေအိတ်တည်ခြင်း၊ မျိုးဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာဖြစ်ခြင်းတို့မှ ကာကွယ်ပေးခြင်း၊
– သောက်ဆေးဖြတ်ပြီးသောအခါ အလွယ်တကူကိုယ်ဝန် ပြန်ရနိုင်ခြင်း စတဲ့ကောင်းကျိုးများရရှိနိုင်ပါတယ်။

ဆိုးကျိုးများအနေနှင့်
-ဆေးသောက်ပြီးသောအခါ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ ရင်သားနာခြင်း၊ တစ်လတည်းတွင် ဓမ္မတာ မကြာခဏလာတတ်ခြင်း
– သွေးတိုးခြင်း၊ နှလုံးအားနည်းခြင်း၊ လေဖြတ်ခြင်းစသည့်ရောဂါများ ခံစားရနိုင်ခြင်း၊
– နှစ်ရှည်လများ သောက်သုံးပြီးသောအခါ ဆေးဖြတ်လိုက်ချိန်တွင် ဓမ္မတာမပေါ်ခြင်း စသည့် ဆိုးကျိုးများခံစားရနိုင်ပါတယ်။

သန္ဓေသားသောက်ဆေး မသောက်သုံးသင့်သူများမှာ
-ကိုယ်ဝန်ဆောင်မိခင်များ၊
– နှလုံးရောဂါအခံရှိသူများ၊ သွေးတိုးရောဂါရှိသူများ၊ ခေါင်းကိုက်ရောဂါ၊ ရင်သားကင်ဆာနှင့် တခြားသော ဆီးနှင့်ကျောက်ကပ်ရောဂါ၊ အသည်းရောဂါရှိသူများ ရှောင်ကြဉ်သင့်ပါတယ်။

2. Emergency contraceptive pills ( post coital pills/ morning after pills) -အရေးပေါ်သန္ဓေတားဆေး

အရေးပေါ်သန္ဓေတားဆေးသည် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ကိုယ်ဝန်မရစေရန်သောက်ရသော ဆေးဖြစ်ပါတယ်။ ကိုယ်ဝန်ဖျက်ချသော ဆေးမဟုတ်ပါ။ ဒီဆေးကို Ecee-2, pill72, Levo-72 စတဲ့ နာမည်တွေနဲ့ လာပါတယ်။ သောက်သုံးပုံနည်းစနစ်မှာ လိင်ဆက်ဆံပြီး ၁၂နာရီ၊ ၇၂နာရီ၊ နာရီ၁၂၀အတွင်း သောက်သုံးရပါတယ်။ ၇၂နာရီအတွင်း သောက်သုံးလျှင် အကောင်းဆုံးပါ။ လိင်ဆက်ဆံပြီး ဆေး၂လုံးချက်ချင်းသောက်ပြီး နောက်၁၂နာရီအတွင်းမှာ နောက်၂လုံးသောက်ရပါတယ်။ အကယ်၍ဆေးသောက်ပြီး ပျို့အန်ပါက ထပ်သောက်ပေးရပါမယ်။

အရေးပေါ်သန္ဓေတားဆေးရဲ့ ကောင်းကျိုးများမှာ
– မလိုချင်ဘဲ ကိုယ်ဝန်ရခြင်း
– ကိုယ်ဝန်ဖျက်ချမှုနှုန်း လျော့ကျစေခြင်းစသည်တို့ဖြစ်ပါတယ်။

ဆိုးကျိုးများအနေနဲ့
– ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ နွမ်းနယ်ခြင်း၊ ရင်သားနာကျင်ခြင်း၊ ဓမ္မတာမမှန်ခြင်းတို့ဖြစ်ပါတယ်။

အရေးပေါ်သန္ဓေတားဆေးကို ခဏခဏသောက်ရန်မသင့်ပါဘူး။ ဒါ့အပြင် ကိုယ်ဝန်ဖျက်ချဖို့အတွက်လည်း အသုံးမပြုသင့်ပါ။ အကယ်၍ မိမိတွင် ရောဂါတစ်ခုခုရှိနေပါက ဆေးမသောက်မီ ဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။ အရေးပေါ်သန္ဓေတားဆေးသည် လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို မကာကွယ်နိုင်ပါ။

အထက်ဖော်ပြပါ သားဆက်ခြားရန်သောက်သုံးသင့်သော ဆေးများ၏ အသုံးဝင်ပုံ၊ ကောင်းကျိုး၊ ဆိုးကျိုး များကို သေချာသိရှိပြီး စနစ်တကျအသုံးပြုရန်တိုက်တွန်းလိုပါတယ်။ တန်ဖိုးရှိသော အသက်များ မဆုံးရှုံးစေဖို့၊ စနစ်တကျသားဆက်ခြားနိုင်သည့်နည်းလမ်းများကို သိရှိစေဖို့ ရည်ရွယ်၍ ရေးသားလိုက်ရပါသည်။

Author : Dr.သီတာလှိုင် (ဆေး- ၂)

Previous Post

သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ

Next Post

ဗိုက်ပူနံကား သန်များလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
772
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဗိုက်ပူနံကား သန်များလား

ကလေးတို့ ဖျားပြီးတက် တဲ့ အခါ 

အဖျား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.