Record keeping ေဆးမွတ္တမ္းသိမ္းဆည္းျခင္း
ေဆးမွတ္တမ္း သိမ္းဆည္းျခင္းဟာ ေဆးပုံမွန္ေသာက္တာ ၊ ဆရာဝန္နဲ႔ ပုံမွန္ျပန္ျပသလို အေရးႀကီးပါတယ္။ ဘာလို႔လဲဆိုရင္ ဆရာဝန္နဲ႔ျပထားတဲ့ စမ္းသပ္ခ်က္ေတြ ၊ ေသာက္ေနတဲ့ ေဆးေတြ အေသးစိပ္ရယ္ ၿပီးေတာ့ လူနာ အရင္စစ္ေဆးဖူးတဲ့ ေဆးစစ္ခ်က္မွတ္တမ္း ၊ ေသြးအေျဖ ရယ္ ၊ ECG ၊ X ray ေတြကို ျပန္ၿပီးၾကည့္လို႔ရပါတယ္။ အဲဒါေတြက အေရးႀကီး အေရးပါပါတယ္။ ေနထိုင္မေကာင္းလို႔ ေဆး႐ုံ လာရၿပီဆိုရင္ အဲဒီ မွတ္တမ္းေတြ ျပန္ၾကည့္ရပါတယ္။
ဥပမာ ေျပာရမယ္ဆိုရင္ လူနာ တစ္ေယာက္ ဗိုက္ေအာင့္လို႔ အစာအိမ္ေအာင့္တယ္ ဆိုရင္ သူေသာက္ေနတဲ့ ေဆးေတြထဲမွာ အကိုက္အခဲေပ်ာက္ေဆး၊ steroid ေတြပါေနလား ဆိုတာ ၾကည့္ရပါတယ္။ အစာအိမ္ မနာ ေအာင္ ဘာေဆးေတြ ထည့္ထားေပးလဲ။ ျပန္ခ်ိန္ၿပီးေပးရပါတယ္။ ေသြးအန္တဲ့ လူနာဆိုရင္လဲ အရက္ေသာက္၊ အသည္းေရာင္ B, C အျပင္ အျခား ေဆးေၾကာင့္ျဖစ္ႏိုင္တဲ့ အကိုက္အခဲေပ်ာက္ေဆး၊ ေသြးႀကဲေဆးေတြ ေသာက္ေနရလား ဆိုတာ သိဖို႔လိုပါတယ္။
တစ္ခ်ိဳ႕ လူနာေတြက သိေပမယ့္ တစ္ခ်ိဳ႕ကေတာ့ ေသာက္ေနတဲ့ ေဆးေတြကို မသိပါဘူး။ အဲလိုအခ်ိန္ဆိုရင္ ေဆးမွတ္တမ္းကိုျပန္ၾကည့္ရပါတယ္။ ဒီမွာက တစ္ျခား ႏိုင္ငံမွာလိုမ်ိဳး ေဆးမွတ္တမ္း မွတ္သားမႈ ကို computer အေျခခံနဲ႔ မွတ္သားတဲ့ စနစ္ မရွိေသးတာေၾကာင့္ လူနာမ်ား အေနနဲ႔ မိမိရဲ႕ေဆးမွတ္တမ္းကို ေသခ်ာစြာ သိမ္းဆည္းၿပီး ေဆး႐ုံ ေဆးခန္းလာရင္ ယူေဆာင္လာဖို႔ လိုပါတယ္။
ေဆးမွတ္တမ္းေတြမွာ အေရးႀကီးတာေတြ အမ်ားႀကီးပါ။ ECG ဆိုရင္လည္း ရင္ဘတ္ေအာင့္လို႔လာျပရင္ ECG ဆြဲၿပီး နဂိုထဲက ရွိတဲ့ ႏွလုံးေသြးေၾကာက်ဥ္းတာလား ခဏ ႏွလုံးေသြးေၾကာ က်ဳံ႔လို႔ျဖစ္တာလား ဆိုတာ သိဖို႔လိုပါတယ္။ ခ်က္ခ်င္းယူလာဖို႔ ခက္ခဲရင္လည္း အိမ္ကို တစ္ေယာက္ေယာက္နဲ႔ ယူခိုင္းတာ ျဖစ္ျဖစ္ phone နဲ႔ ဓာတ္ပုံ႐ိုက္ၿပီး ပို႔တာ ျဖစ္ျဖစ္ လုပ္ေပးလို႔ရပါတယ္။ ေနာက္ၿပီး ခြဲစိပ္ထားတဲ့ မွတ္တမ္းေတြ ၊ ခြဲစိပ္မႈရဲ႕ ရလဒ္ေတြ ကို လည္းျပန္လည္ ၾကည့္ရႈလို႔ရပါတယ္။ ေဆးတည့္ မတည့္ ေရာဂါ ရာဇဝင္ေတြလည္း သိႏိုင္တဲ့ အတြက္ ေဆးကုသမႈမွာ အမ်ားႀကီး အေထာက္အပံ့ရပါတယ္။
Author : Dr. Lynn
Record keeping ဆေးမှတ်တမ်းသိမ်းဆည်းခြင်း
ဆေးမှတ်တမ်း သိမ်းဆည်းခြင်းဟာ ဆေးပုံမှန်သောက်တာ ၊ ဆရာဝန်နဲ့ ပုံမှန်ပြန်ပြသလို အရေးကြီးပါတယ်။ ဘာလို့လဲဆိုရင် ဆရာဝန်နဲ့ပြထားတဲ့ စမ်းသပ်ချက်တွေ ၊ သောက်နေတဲ့ ဆေးတွေ အသေးစိပ်ရယ် ပြီးတော့ လူနာ အရင်စစ်ဆေးဖူးတဲ့ ဆေးစစ်ချက်မှတ်တမ်း ၊ သွေးအဖြေ ရယ် ၊ ECG ၊ X ray တွေကို ပြန်ပြီးကြည့်လို့ရပါတယ်။ အဲဒါတွေက အရေးကြီး အရေးပါပါတယ်။ နေထိုင်မကောင်းလို့ ဆေးရုံ လာရပြီဆိုရင် အဲဒီ မှတ်တမ်းတွေ ပြန်ကြည့်ရပါတယ်။
ဥပမာ ပြောရမယ်ဆိုရင် လူနာ တစ်ယောက် ဗိုက်အောင့်လို့ အစာအိမ်အောင့်တယ် ဆိုရင် သူသောက်နေတဲ့ ဆေးတွေထဲမှာ အကိုက်အခဲပျောက်ဆေး၊ steroid တွေပါနေလား ဆိုတာ ကြည့်ရပါတယ်။ အစာအိမ် မနာ အောင် ဘာဆေးတွေ ထည့်ထားပေးလဲ။ ပြန်ချိန်ပြီးပေးရပါတယ်။ သွေးအန်တဲ့ လူနာဆိုရင်လဲ အရက်သောက်၊ အသည်းရောင် B, C အပြင် အခြား ဆေးကြောင့်ဖြစ်နိုင်တဲ့ အကိုက်အခဲပျောက်ဆေး၊ သွေးကြဲဆေးတွေ သောက်နေရလား ဆိုတာ သိဖို့လိုပါတယ်။
တစ်ချို့ လူနာတွေက သိပေမယ့် တစ်ချို့ကတော့ သောက်နေတဲ့ ဆေးတွေကို မသိပါဘူး။ အဲလိုအချိန်ဆိုရင် ဆေးမှတ်တမ်းကိုပြန်ကြည့်ရပါတယ်။ ဒီမှာက တစ်ခြား နိုင်ငံမှာလိုမျိုး ဆေးမှတ်တမ်း မှတ်သားမှု ကို computer အခြေခံနဲ့ မှတ်သားတဲ့ စနစ် မရှိသေးတာကြောင့် လူနာများ အနေနဲ့ မိမိရဲ့ဆေးမှတ်တမ်းကို သေချာစွာ သိမ်းဆည်းပြီး ဆေးရုံ ဆေးခန်းလာရင် ယူဆောင်လာဖို့ လိုပါတယ်။
ဆေးမှတ်တမ်းတွေမှာ အရေးကြီးတာတွေ အများကြီးပါ။ ECG ဆိုရင်လည်း ရင်ဘတ်အောင့်လို့လာပြရင် ECG ဆွဲပြီး နဂိုထဲက ရှိတဲ့ နှလုံးသွေးကြောကျဉ်းတာလား ခဏ နှလုံးသွေးကြော ကျုံ့လို့ဖြစ်တာလား ဆိုတာ သိဖို့လိုပါတယ်။ ချက်ချင်းယူလာဖို့ ခက်ခဲရင်လည်း အိမ်ကို တစ်ယောက်ယောက်နဲ့ ယူခိုင်းတာ ဖြစ်ဖြစ် phone နဲ့ ဓာတ်ပုံရိုက်ပြီး ပို့တာ ဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။ နောက်ပြီး ခွဲစိပ်ထားတဲ့ မှတ်တမ်းတွေ ၊ ခွဲစိပ်မှုရဲ့ ရလဒ်တွေ ကို လည်းပြန်လည် ကြည့်ရှုလို့ရပါတယ်။ ဆေးတည့် မတည့် ရောဂါ ရာဇဝင်တွေလည်း သိနိုင်တဲ့ အတွက် ဆေးကုသမှုမှာ အများကြီး အထောက်အပံ့ရပါတယ်။
Author : Dr. Lynn