(Zawgyi)
လွ်ာကင္ဆာ
လူ႔ကုိယ္ခႏၶာမွာ လွ်ာဆုိတာ အေရးပါတဲ့ အရာတစ္ခုပင္။ လွ်ာဆုိတာ ေသးငယ္လွေပမယ့္ လုပ္ငန္းေပါင္းမ်ားစြာကုိ လုပ္ေပးႏုိင္တဲ့ ႀကြက္သားတစ္ခုပါ။ လွ်ာရဲ႔ လုပ္ငန္းေဆာင္တာေတြကေတာ့ အစာကုိ ဝါးျပီး မ်ဳိခ်တဲ့ေနရာမွာ လြယ္ကူေခ်ာေမာေအာင္ လုပ္ေဆာင္ေပးတယ္။ အရသာခံေပးတယ္။ စကားေျပာတဲ့ေနရာမွာလည္း လႈပ္ရွားမႈ ျပဳလုပ္ျခင္းျဖင့္ စကားသံထြက္ေအာင္ ကူညီေပးတယ္။
အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ လွ်ာမွာ ထိခုိက္ဒဏ္ရာ ရတာေတြ ျဖစ္ႏုိင္ပါတယ္။ သြားနဲ႔ ကုိက္မိတာပဲျဖစ္ျဖစ္ အပူေလာင္တာေတြပဲျဖစ္ျဖစ္ေပ့ါ။ ဒါေပမယ့္ လွ်ာမွာ အနာျဖစ္တယ္ ေတာ္ေတာ္နဲ႔လည္း မသက္သာဘူး။ မေပ်ာက္ဘူး။ ေသြးထြက္ထြက္ေနတယ္ဆုိရင္ေတာ့ ကင္ဆာေရာဂါရဲ႔ လကၡဏာတစ္ခု ျဖစ္ေနႏုိင္ပါတယ္။ လွ်ာကင္ဆာ ျဖစ္ျပီဆုိ လွ်ာမွာအနာျဖစ္တာအျပင္ ဒီလုိလကၡဏာေတြလည္း ေတြ႔ရတတ္ပါေသးတယ္။
-လွ်ာမွာ အနီကြက္ ဒါမွမဟုတ္ အျဖဴကြက္ေလးျဖစ္ေနတာမ်ဳိး
-လွ်ာမွာ အနာျဖစ္ျပီး ၃ပတ္ ေက်ာ္ၾကာတဲ့ထိ မေပ်ာက္ႏုိင္တာမ်ဳိး
-ပါးစပ္ႀကီးက ထုံထုံႀကီး ျဖစ္ေနတာမ်ဳိး
-အစာမ်ဳိခ်ရင္ နာတာမ်ဳိးေတြ ျဖစ္တတ္ပါတယ္။ တခ်ဳိ႕ေတြမွာ လည္ေခ်ာင္းနာ မေပ်ာက္တာမ်ဳိးေတြလည္း ရွိတတ္တယ္။ ဘာအေၾကာင္းမွ မရွိဘဲ ခံတြင္းမွာ ေသြးထြက္တတ္တယ္။ လွ်ာ၊ လွ်ာေဘးေတြမွာ ျဖဴျဖဴ ဒါမွမဟုတ္ နီရဲေနတဲ့ အဖုလုိလုိ အက်ိတ္လုိလုိမ်ဳိး ရွိတတ္တယ္။
ဘယ္လုိလူေတြမွာ လွ်ာကင္ဆာ ျဖစ္တတ္လဲဆုိရင္ ေဆးလိပ္ေသာက္တတ္တဲ့သူေတြ၊ ေဆးရြက္ႀကီး ငုံတတ္တဲ့သူေတြ ၊ ကြမ္းစားတတ္တဲ့သူေတြမွာ ပိုျဖစ္တတ္တယ္။ ဒါ့အျပင္ အရက္ကုိ အလြန္အကၽြံေသာက္တတ္တဲ့သူေတြမွာလည္း လွ်ာကင္ဆာ ျဖစ္ႏုိင္ေခ် မ်ားတာ ေတြ႔ရတယ္။ ခံတြင္းသန္႔ရွင္းမႈ အားနည္းတဲ့သူေတြ ၊ အဆီအစိမ့္ေတြ အကင္ေတြ အရမ္းစားတဲ့သူေတြမွာလည္း ကင္ဆာ ေရာဂါျဖစ္ႏုိင္ေခ် ပိုရွိပါတယ္။ မိဘမ်ဳိးရုိးရွိတဲ့သူေတြနဲ႔ HPV ပုိး ရွိတဲ့သူေတြမွာလည္း ျဖစ္ႏုိင္ပါတယ္။
တခ်ဳိ႕ သြားတုေတြ တတ္တာမ်ဳိးေတြ ရွိတယ္။ အဲဒီ သြားတုေတြက ေခ်ာင္ေနရင္လည္း အနာေတြ ထပ္ခါထပ္ခါျဖစ္ျပီး ကင္ဆာျဖစ္လာတာမ်ဳိးေတြ ရွိတတ္တယ္။ တခ်ဳိ႔က် သြားခၽြန္ေတြ သြားတက္ေတြ နဲ႔ လွ်ာက ပြန္းပဲ့ဒဏ္ျဖစ္တာမ်ားျပီးလည္း ျဖစ္ႏုိင္တယ္။ မ်ားေသာအားျဖင့္ အမ်ဳိးသားေတြမွာ ပုိျဖစ္ေလ့ရွိျပီး အသက္ ၅၅ ႏွစ္ေက်ာ္တဲ့ သက္ၾကီးပုိင္းေတြမွာ ပုိျဖစ္တတ္တယ္။
ေဆးကုသမႈ အေနနဲ႔ေတာ့ ဘယ္ေလာက္ထိ ဆုိးေနျပီဆုိတာရယ္ ဘယ္အဆင့္ထိ ေရာက္ေနျပီဆုိတာရယ္ေပၚ မူတည္ပါတယ္။ ေစာသိရရင္ေတာ့ ျဖစ္ေနတဲ့ ေနရာေလးကုိ ဖယ္ထုတ္လုိက္တာမ်ဳိး လုပ္လုိ႔ရပါတယ္။ မ်ားေသာအားျဖင့္ လွ်ာကင္ဆာေတြက ေရာဂါလကၡဏာ မျပတတ္ၾကတဲ့အတြက္ အဆင့္လြန္မွ သိၾကတာမ်ားပါတယ္။ ဓာတ္ကင္တာတုိ႔ ကင္ဆာေဆးသြင္းကုသတာမ်ဳိးေတြလည္း လုပ္လုိ႔ရပါတယ္။
မျဖစ္ေအာင္ ဘယ္လုိ ကာကြယ္ႏုိင္လဲဆုိရင္ ေဆးလိပ္မေသာက္ပါနဲ႔။ အသီးအရြက္မ်ားမ်ားစားပါ။ ခံတြင္းသန္႔ရွင္းေရးုကုိ ဂရုစုိက္ပါ။ အရက္အလြန္အကၽြံေသာက္သုံးျခင္းမွ ေရွာင္ၾကဥ္ပါ။
အားလုံး က်န္းမာခ်မ္းသာၾကေစေၾကာင္း ဆုမြန္ေကာင္းေတာင္းရင္း ….
Author : Dr. ေမ
လျှာကင်ဆာ
လူ့ကိုယ်ခန္ဓာမှာ လျှာဆိုတာ အရေးပါတဲ့ အရာတစ်ခုပင်။ လျှာဆိုတာ သေးငယ်လှပေမယ့် လုပ်ငန်းပေါင်းများစွာကို လုပ်ပေးနိုင်တဲ့ ကြွက်သားတစ်ခုပါ။ လျှာရဲ့ လုပ်ငန်းဆောင်တာတွေကတော့ အစာကို ဝါးပြီး မျိုချတဲ့နေရာမှာ လွယ်ကူချောမောအောင် လုပ်ဆောင်ပေးတယ်။ အရသာခံပေးတယ်။ စကားပြောတဲ့နေရာမှာလည်း လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် စကားသံထွက်အောင် ကူညီပေးတယ်။
အကြောင်းအမျိုးမျိုးကြောင့် လျှာမှာ ထိခိုက်ဒဏ်ရာ ရတာတွေ ဖြစ်နိုင်ပါတယ်။ သွားနဲ့ ကိုက်မိတာပဲဖြစ်ဖြစ် အပူလောင်တာတွေပဲဖြစ်ဖြစ်ပေ့ါ။ ဒါပေမယ့် လျှာမှာ အနာဖြစ်တယ် တော်တော်နဲ့လည်း မသက်သာဘူး။ မပျောက်ဘူး။ သွေးထွက်ထွက်နေတယ်ဆိုရင်တော့ ကင်ဆာရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နေနိုင်ပါတယ်။ လျှာကင်ဆာ ဖြစ်ပြီဆို လျှာမှာအနာဖြစ်တာအပြင် ဒီလိုလက္ခဏာတွေလည်း တွေ့ရတတ်ပါသေးတယ်။
-လျှာမှာ အနီကွက် ဒါမှမဟုတ် အဖြူကွက်လေးဖြစ်နေတာမျိုး
-လျှာမှာ အနာဖြစ်ပြီး ၃ပတ် ကျော်ကြာတဲ့ထိ မပျောက်နိုင်တာမျိုး
-ပါးစပ်ကြီးက ထုံထုံကြီး ဖြစ်နေတာမျိုး
-အစာမျိုချရင် နာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တချို့တွေမှာ လည်ချောင်းနာ မပျောက်တာမျိုးတွေလည်း ရှိတတ်တယ်။ ဘာအကြောင်းမှ မရှိဘဲ ခံတွင်းမှာ သွေးထွက်တတ်တယ်။ လျှာ၊ လျှာဘေးတွေမှာ ဖြူဖြူ ဒါမှမဟုတ် နီရဲနေတဲ့ အဖုလိုလို အကျိတ်လိုလိုမျိုး ရှိတတ်တယ်။
ဘယ်လိုလူတွေမှာ လျှာကင်ဆာ ဖြစ်တတ်လဲဆိုရင် ဆေးလိပ်သောက်တတ်တဲ့သူတွေ၊ ဆေးရွက်ကြီး ငုံတတ်တဲ့သူတွေ ၊ ကွမ်းစားတတ်တဲ့သူတွေမှာ ပိုဖြစ်တတ်တယ်။ ဒါ့အပြင် အရက်ကို အလွန်အကျွံသောက်တတ်တဲ့သူတွေမှာလည်း လျှာကင်ဆာ ဖြစ်နိုင်ချေ များတာ တွေ့ရတယ်။ ခံတွင်းသန့်ရှင်းမှု အားနည်းတဲ့သူတွေ ၊ အဆီအစိမ့်တွေ အကင်တွေ အရမ်းစားတဲ့သူတွေမှာလည်း ကင်ဆာ ရောဂါဖြစ်နိုင်ချေ ပိုရှိပါတယ်။ မိဘမျိုးရိုးရှိတဲ့သူတွေနဲ့ HPV ပိုး ရှိတဲ့သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။
တချို့ သွားတုတွေ တတ်တာမျိုးတွေ ရှိတယ်။ အဲဒီ သွားတုတွေက ချောင်နေရင်လည်း အနာတွေ ထပ်ခါထပ်ခါဖြစ်ပြီး ကင်ဆာဖြစ်လာတာမျိုးတွေ ရှိတတ်တယ်။ တချို့ကျ သွားချွန်တွေ သွားတက်တွေ နဲ့ လျှာက ပွန်းပဲ့ဒဏ်ဖြစ်တာများပြီးလည်း ဖြစ်နိုင်တယ်။ များသောအားဖြင့် အမျိုးသားတွေမှာ ပိုဖြစ်လေ့ရှိပြီး အသက် ၅၅ နှစ်ကျော်တဲ့ သက်ကြီးပိုင်းတွေမှာ ပိုဖြစ်တတ်တယ်။
ဆေးကုသမှု အနေနဲ့တော့ ဘယ်လောက်ထိ ဆိုးနေပြီဆိုတာရယ် ဘယ်အဆင့်ထိ ရောက်နေပြီဆိုတာရယ်ပေါ် မူတည်ပါတယ်။ စောသိရရင်တော့ ဖြစ်နေတဲ့ နေရာလေးကို ဖယ်ထုတ်လိုက်တာမျိုး လုပ်လို့ရပါတယ်။ များသောအားဖြင့် လျှာကင်ဆာတွေက ရောဂါလက္ခဏာ မပြတတ်ကြတဲ့အတွက် အဆင့်လွန်မှ သိကြတာများပါတယ်။ ဓာတ်ကင်တာတို့ ကင်ဆာဆေးသွင်းကုသတာမျိုးတွေလည်း လုပ်လို့ရပါတယ်။
မဖြစ်အောင် ဘယ်လို ကာကွယ်နိုင်လဲဆိုရင် ဆေးလိပ်မသောက်ပါနဲ့။ အသီးအရွက်များများစားပါ။ ခံတွင်းသန့်ရှင်းရေးုကို ဂရုစိုက်ပါ။ အရက်အလွန်အကျွံသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။
အားလုံး ကျန်းမာချမ်းသာကြစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ….
Author : Dr. မေ