fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

မျိုးဆက်ပွား အသိပညာ (၃) သားဆက်ခြားနည်းလမ်းများ

69
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/04/2018
in အမျိုးသားကျန်းမာရေး
1 min read
A A

မ်ိဳးဆက္ပြား အသိပညာ (၃) သားဆက္ျခားနည္းလမ္းမ်ား

တားေဆးေသာက္ေဆးက ႏွစ္မ်ိဳးရွိပါတယ္။ COC လို႔ဆရာဝန္ေတြ ေခၚတတ္တဲ့ Estrogen နဲ႔ Progesterone Hormone ႏွစ္မ်ိဳးပါတဲ့ ေဆးနဲ႔ Progesterone Hormone တစ္မ်ိဳးတည္းပါတဲ့ ေဆးတို႔ ျဖစ္ပါတယ္။ ေသာက္ေဆးထဲမွာေတာ့ ပထမေဆးက ပိုၿပီးလူသုံးမ်ားပါတယ္။

COC ဟာ သေႏၶတားဖို႔အတြက္ပဲ သုံးလို႔ရပါတယ္။ ေျပာခ်င္တာက လိင္လမ္းေၾကာင္းက တစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြကို ေဆးသုံး႐ုံနဲ႔ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္မွာ မဟုတ္ပါဘူး။ COC သုံးတဲ့အခါမွာ အားသာခ်က္ေတြ ရွိပါတယ္။ ပထမတစ္ခ်က္ကေတာ့ ေဆးကေသာက္ေဆး ျဖစ္လို႔ အသုံးျပဳခ်င္ရင္ အလြယ္တကူ ဝယ္လို႔ရတာပါ။ အခ်ိန္မွန္ေသာက္ႏိုင္ရင္ ကိုယ္ဝန္ရွိသြားႏိုင္ေခ်ႏႈန္းလည္း အေတာ္နည္းပါတယ္။ ေဈးလည္း အေတာ္သက္သာပါတယ္။ ေဆးေသာက္ေနရင္းနဲ႔ ရာသီလည္း အခ်ိန္မွန္ နီးနီးေပၚတဲ့အတြက္ ရာသီေပ်ာက္တာကို စိုးရိမ္တတ္တဲ့ အမ်ိဳးသမီးေတြအတြက္ အဆင္ေျပပါတယ္။

COC ဘယ္လိုစေသာက္ရသလဲေပါ့ ။
ရာသီစက္ဝန္းရဲ႕ ဘယ္အခ်ိန္ကမဆို စေသာက္လို႔ရပါတယ္။ ဒါေပမဲ့ ကိုယ္ရဲ႕ရာသီလာတာေပၚ မူတည္ၿပီး စေသာက္စမွာ ရက္ေရွာင္ရတာေလးေတြ ရွိႏိုင္တာေၾကာင့္ မေသာက္ခင္ ဆရာဝန္ကို ေသခ်ာေမးၾကည့္ဖို႔ လိုပါလိမ့္မယ္။ သတိထားဖို႔လိုတဲ့ တစ္ခ်က္ကေတာ့ ရက္မွန္မွန္ေသာက္ဖို႔ လိုတာပါ။ ရက္ပ်က္သြားလို႔ မရပါဘူး။ ပ်က္သြားတဲ့ရက္ေပၚမူတည္ၿပီး ေဆးေပါင္းေသာက္ရမွာေတြနဲ႔ ရက္ေရွာင္ၿပီး အစက ေဆးျပန္ေသာက္ရတာေတြ ရွိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဒီေသာက္ေဆးကို ေသာက္မယ္ဆိုရင္ေတာ့ တစ္ေန႔တာရဲ႕ သတိတရရွိတတ္တဲ့ အခ်ိန္တစ္ခ်ိန္ကို ေ႐ြးထားၿပီး ပုံမွန္ေသာက္ဖို႔ လိုပါလိမ့္မယ္။ ဒါေၾကာင့္ COC ဟာ အလုပ္မ်ားတတ္တဲ့ လူေတြအတြက္ေတာ့ အဆင္မေျပဘူး ျဖစ္ႏိုင္ပါတယ္။

COC ရဲ႕ ေကာင္းတဲ့အခ်က္နဲ႔ ဘယ္လိုေသာက္ရမလဲ ေျပာေပးလိုက္တယ္။ အဲေတာ့ မေကာင္းတဲ့ အခ်က္ေလးေတြကိုေရာ အျဖစ္နည္းေပမဲ့ သိခ်င္ၾကမွာမို႔ ေျပာျပေပးလိုက္ပါမယ္။
ေသာက္တဲ့အခ်ိန္မွာ အန္တာ ေခါင္းကိုက္တာေတြနဲ႔ စိတ္ဓာတ္က်သလို ခံစားရတာေတြ ျဖစ္ႏိုင္ပါတယ္။ ကိုယ္အေလးခ်ိန္ တက္လာတာလည္းရွိႏိုင္သလို ပုံမွန္နဲ႔မတူတဲ့ ရာသီေသြးဆင္းတာေတြ ရင္သားနာက်င္ကိုက္ခဲတာမ်ိဳးေတြ ရွိႏိုင္ပါတယ္။ ဒီလကၡဏာေတြကေတာ့ ေဆးေသာက္ခါစမွာပဲ ျဖစ္တတ္ၿပီး မၾကာခင္ ျပန္ေပ်ာက္သြားတတ္တဲ့အတြက္ ေဆးရပ္တာထက္ လကၡဏာ သက္သာေစတဲ့ေဆးကိုပဲ ေပးေလ့ရွိပါတယ္။

ေနာက္တစ္ခုကေတာ့ COC မွာ Hormone ဓာတ္ေတြပါပါတယ္။ Hormone ေဆးျဖစ္တဲ့အတြက္ မေသာက္သုံးသင့္တဲ့ အေျခအေနေတြ ရွိပါတယ္။ မေသာက္သုံးသင့္သူေတြကေတာ့ အစကတည္းက ေလျဖတ္ႏိုင္တဲ့ အေျခအေနရွိေနသူေတြနဲ႔ ရင္သားကင္ဆာ ရွိဖူးသူေတြ ပါပါတယ္။

ေလျဖတ္ႏိုင္ေခ် သာမန္ထက္မ်ားသူ ဆိုရာမွာ ေသြးတိုးဆီးခ်ိဳေရာဂါရွိသူေတြ ၊ ေခါင္းတစ္ျခမ္းကိုက္ ေရာဂါရွိသူေတြ၊ ႏွလုံးေရာဂါရွိသူေတြနဲ႔ အၾကာႀကီး မလႈပ္မရွားဘဲ ေနသူေတြ ပါဝင္ပါတယ္။ ေဆးလိပ္ေသာက္တတ္တဲ့ အက်င့္ရွိသူေတြဟာ နဂိုကတည္းက သာမန္ထက္ ေလျဖတ္ႏိုင္ေခ် မ်ားတတ္ပါတယ္။ ဒါ့ေၾကာင့္ ေဆးလိပ္ေသာက္တတ္တဲ့အက်င့္ရွိတဲ့ အမ်ိဳးသမီးေတြအတြက္ကေတာ့ ေဆးေသာက္ဖို႔က အဆင္ေျပႏိုင္မွာ မဟုတ္ပါဘူး။

ေနာက္ထပ္သတိထားရမည့္ အခ်က္တစ္ခုကေတာ့ COC အပါအဝင္ သားဆက္ျခားေဆးတိုင္းမွာ Failure rate လို႔ေခၚတဲ့ ကိုယ္ဝန္ရသြားႏိုင္တဲ့ ရာခိုင္ႏႈန္း ရွိတယ္ဆိုတာပါ။ မျဖစ္စေလာက္ နည္းပါးတယ္ဆိုေပမဲ့ ရွိႏိုင္တယ္ဆိုတာကို သတိထားသင့္ပါတယ္။

တစ္ခါတစ္ေလလည္း ကိုယ္ဝန္ရသြားႏိုင္ေခ်ဟာ အခ်ိဳ႕ေသာ အျခားေဆးေတြနဲ႔ ေရာေသာက္ရတဲ့အခါ ပိုၿပီးမ်ားလာႏိုင္ပါတယ္။ ဒီလိုေဆးမ်ိဳးေတြထဲမွာ ဥပမာေျပာရရင္ေတာ့ အတက္က်ေဆးေတြနဲ႔ ပိုးသတ္ေဆးေတြ ပါပါတယ္။ ဒါ့ေၾကာင့္ COC ေသာက္ေနရင္း တျခားေဆးေသာက္ဖို႔ကို လိုအပ္ရင္ ဆရာဝန္ကို အရင္ဆုံး ေမးၾကည့္သင့္ပါတယ္။

ေနာက္ထပ္ COC နဲ႔ပတ္သတ္ၿပီး ေမးေလ့ရွိတဲ့အရာတစ္ခုကေတာ့ ေဆးေသာက္ၿပီး ကိုယ္ဝန္ျပန္ရႏိုင္မလား ဆိုတာပါဘဲ။ ကိုယ္ဝန္ျပန္ရႏိုင္ပါတယ္။ ဒါေပမဲ့ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ကေလးလိုခ်င္ရင္ ျပန္ရႏိုင္တဲ့အခ်ိန္ေတာ့ ကြာသြားႏိုင္ပါတယ္။

ဒီေန႔ေတာ့ အသုံးမ်ားတဲ့ သေႏၶတားနည္းမ်ားထဲကမွ ေသာက္ေဆး(COC)နဲ႔ ပတ္သတ္တဲ့ အေၾကာင္းအရာေတြကို ေဖာ္ျပေပးသြားပါတယ္။ ေနာက္တစ္ပတ္ေတာ့ ေနာက္တစ္မ်ိဳး အေၾကာင္းေျပာျပေပးပါ့မယ္။

သာယာေပ်ာ္႐ႊင္ေသာ ေန႔ရက္ေလးပိုင္ဆိုင္ႏိုင္ပါေစ။

Author : Dr. ေမႊး

မျိုးဆက်ပွား အသိပညာ (၃) သားဆက်ခြားနည်းလမ်းများ

တားဆေးသောက်ဆေးက နှစ်မျိုးရှိပါတယ်။ COC လို့ဆရာဝန်တွေ ခေါ်တတ်တဲ့ Estrogen နဲ့ Progesterone Hormone နှစ်မျိုးပါတဲ့ ဆေးနဲ့ Progesterone Hormone တစ်မျိုးတည်းပါတဲ့ ဆေးတို့ ဖြစ်ပါတယ်။ သောက်ဆေးထဲမှာတော့ ပထမဆေးက ပိုပြီးလူသုံးများပါတယ်။

COC ဟာ သန္ဓေတားဖို့အတွက်ပဲ သုံးလို့ရပါတယ်။ ပြောချင်တာက လိင်လမ်းကြောင်းက တစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို ဆေးသုံးရုံနဲ့ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ COC သုံးတဲ့အခါမှာ အားသာချက်တွေ ရှိပါတယ်။ ပထမတစ်ချက်ကတော့ ဆေးကသောက်ဆေး ဖြစ်လို့ အသုံးပြုချင်ရင် အလွယ်တကူ ဝယ်လို့ရတာပါ။ အချိန်မှန်သောက်နိုင်ရင် ကိုယ်ဝန်ရှိသွားနိုင်ချေနှုန်းလည်း အတော်နည်းပါတယ်။ ဈေးလည်း အတော်သက်သာပါတယ်။ ဆေးသောက်နေရင်းနဲ့ ရာသီလည်း အချိန်မှန် နီးနီးပေါ်တဲ့အတွက် ရာသီပျောက်တာကို စိုးရိမ်တတ်တဲ့ အမျိုးသမီးတွေအတွက် အဆင်ပြေပါတယ်။

COC ဘယ်လိုစသောက်ရသလဲပေါ့ ။
ရာသီစက်ဝန်းရဲ့ ဘယ်အချိန်ကမဆို စသောက်လို့ရပါတယ်။ ဒါပေမဲ့ ကိုယ်ရဲ့ရာသီလာတာပေါ် မူတည်ပြီး စသောက်စမှာ ရက်ရှောင်ရတာလေးတွေ ရှိနိုင်တာကြောင့် မသောက်ခင် ဆရာဝန်ကို သေချာမေးကြည့်ဖို့ လိုပါလိမ့်မယ်။ သတိထားဖို့လိုတဲ့ တစ်ချက်ကတော့ ရက်မှန်မှန်သောက်ဖို့ လိုတာပါ။ ရက်ပျက်သွားလို့ မရပါဘူး။ ပျက်သွားတဲ့ရက်ပေါ်မူတည်ပြီး ဆေးပေါင်းသောက်ရမှာတွေနဲ့ ရက်ရှောင်ပြီး အစက ဆေးပြန်သောက်ရတာတွေ ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီသောက်ဆေးကို သောက်မယ်ဆိုရင်တော့ တစ်နေ့တာရဲ့ သတိတရရှိတတ်တဲ့ အချိန်တစ်ချိန်ကို ရွေးထားပြီး ပုံမှန်သောက်ဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် COC ဟာ အလုပ်များတတ်တဲ့ လူတွေအတွက်တော့ အဆင်မပြေဘူး ဖြစ်နိုင်ပါတယ်။

COC ရဲ့ ကောင်းတဲ့အချက်နဲ့ ဘယ်လိုသောက်ရမလဲ ပြောပေးလိုက်တယ်။ အဲတော့ မကောင်းတဲ့ အချက်လေးတွေကိုရော အဖြစ်နည်းပေမဲ့ သိချင်ကြမှာမို့ ပြောပြပေးလိုက်ပါမယ်။
သောက်တဲ့အချိန်မှာ အန်တာ ခေါင်းကိုက်တာတွေနဲ့ စိတ်ဓာတ်ကျသလို ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန် တက်လာတာလည်းရှိနိုင်သလို ပုံမှန်နဲ့မတူတဲ့ ရာသီသွေးဆင်းတာတွေ ရင်သားနာကျင်ကိုက်ခဲတာမျိုးတွေ ရှိနိုင်ပါတယ်။ ဒီလက္ခဏာတွေကတော့ ဆေးသောက်ခါစမှာပဲ ဖြစ်တတ်ပြီး မကြာခင် ပြန်ပျောက်သွားတတ်တဲ့အတွက် ဆေးရပ်တာထက် လက္ခဏာ သက်သာစေတဲ့ဆေးကိုပဲ ပေးလေ့ရှိပါတယ်။

နောက်တစ်ခုကတော့ COC မှာ Hormone ဓာတ်တွေပါပါတယ်။ Hormone ဆေးဖြစ်တဲ့အတွက် မသောက်သုံးသင့်တဲ့ အခြေအနေတွေ ရှိပါတယ်။ မသောက်သုံးသင့်သူတွေကတော့ အစကတည်းက လေဖြတ်နိုင်တဲ့ အခြေအနေရှိနေသူတွေနဲ့ ရင်သားကင်ဆာ ရှိဖူးသူတွေ ပါပါတယ်။

လေဖြတ်နိုင်ချေ သာမန်ထက်များသူ ဆိုရာမှာ သွေးတိုးဆီးချိုရောဂါရှိသူတွေ ၊ ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူတွေ၊ နှလုံးရောဂါရှိသူတွေနဲ့ အကြာကြီး မလှုပ်မရှားဘဲ နေသူတွေ ပါဝင်ပါတယ်။ ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိသူတွေဟာ နဂိုကတည်းက သာမန်ထက် လေဖြတ်နိုင်ချေ များတတ်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ်သောက်တတ်တဲ့အကျင့်ရှိတဲ့ အမျိုးသမီးတွေအတွက်ကတော့ ဆေးသောက်ဖို့က အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

နောက်ထပ်သတိထားရမည့် အချက်တစ်ခုကတော့ COC အပါအဝင် သားဆက်ခြားဆေးတိုင်းမှာ Failure rate လို့ခေါ်တဲ့ ကိုယ်ဝန်ရသွားနိုင်တဲ့ ရာခိုင်နှုန်း ရှိတယ်ဆိုတာပါ။ မဖြစ်စလောက် နည်းပါးတယ်ဆိုပေမဲ့ ရှိနိုင်တယ်ဆိုတာကို သတိထားသင့်ပါတယ်။

တစ်ခါတစ်လေလည်း ကိုယ်ဝန်ရသွားနိုင်ချေဟာ အချို့သော အခြားဆေးတွေနဲ့ ရောသောက်ရတဲ့အခါ ပိုပြီးများလာနိုင်ပါတယ်။ ဒီလိုဆေးမျိုးတွေထဲမှာ ဥပမာပြောရရင်တော့ အတက်ကျဆေးတွေနဲ့ ပိုးသတ်ဆေးတွေ ပါပါတယ်။ ဒါ့ကြောင့် COC သောက်နေရင်း တခြားဆေးသောက်ဖို့ကို လိုအပ်ရင် ဆရာဝန်ကို အရင်ဆုံး မေးကြည့်သင့်ပါတယ်။

နောက်ထပ် COC နဲ့ပတ်သတ်ပြီး မေးလေ့ရှိတဲ့အရာတစ်ခုကတော့ ဆေးသောက်ပြီး ကိုယ်ဝန်ပြန်ရနိုင်မလား ဆိုတာပါဘဲ။ ကိုယ်ဝန်ပြန်ရနိုင်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်နဲ့ တစ်ယောက် ကလေးလိုချင်ရင် ပြန်ရနိုင်တဲ့အချိန်တော့ ကွာသွားနိုင်ပါတယ်။

ဒီနေ့တော့ အသုံးများတဲ့ သန္ဓေတားနည်းများထဲကမှ သောက်ဆေး(COC)နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးသွားပါတယ်။ နောက်တစ်ပတ်တော့ နောက်တစ်မျိုး အကြောင်းပြောပြပေးပါ့မယ်။

သာယာပျော်ရွှင်သော နေ့ရက်လေးပိုင်ဆိုင်နိုင်ပါစေ။

Author : Dr. မွှေး

Previous Post

မျိုးဆက်ပွားအသိပညာ(၂) သားဆက်ခြားနည်းလမ်းများ

Next Post

မျိုးဆက်ပွားအသိပညာ(၄) သားဆက်ခြားနည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
771
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မျိုးဆက်ပွားအသိပညာ(၄) သားဆက်ခြားနည်းလမ်းများ

မျိုးဆက်ပွားအသိပညာ(၅) သားဆက်ခြားနည်းလမ်းများ

G6PD

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.