fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

မိန်းမကိုယ်ကင်ဆာ

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/04/2018
in ရောဂါကြီးများ
1 min read
A A

မိန္းမကိုယ္ကင္ဆာ

မိန္းမကိုယ္ကင္ဆာဆိုတာ အျဖစ္နည္းတဲ့ ကင္ဆာတစ္ခုပါ။ မိန္းမကိုယ္ ကင္ဆာ မေျပာခင္မွာ ပထမဆုံး အမ်ိဳးသမီး လိင္အဂၤါရဲ႕ ဖြဲ႕စည္းပုံကို အနည္းငယ္ ေျပာျပခ်င္ပါတယ္။ အမ်ိဳးသမီး လိင္အဂၤါမွာ အျပင္ဖက္ပိုင္း vulvar နဲ႔ သားအိမ္ေခါင္း သားအိမ္နဲ႔ အျပင္ vulvar ကို ဆက္သြယ္ေပးထားတဲ့ vagina ဆိုၿပီး ရွိပါတယ္။ အျပင္ဖက္ပိုင္း vulvar မွာ လိင္အဂၤါေစ့ ၊ မိန္းမကိုယ္ႏႈတ္ခမ္း အေသး၊ အႀကီးနဲ႔ ဆီးသြားတဲ့ ဆီးေပါက္နဲ႔ ေမြးလမ္းေၾကာင္းေပါက္ေတြ ပါဝင္ပါတယ္။

လိင္အဂၤါေစ့ကို clitoris လို႔ေခၚၿပီး အာ႐ုံေၾကာေပါင္း ၈၀၀၀ ေလာက္နီးပါး ပါဝင္တဲ့ အရမ္းအာ႐ုံခံစားလြယ္တဲ့ အရာတစ္ခု ျဖစ္ပါတယ္။ သူ႔ရဲ႕ လုပ္ငန္းကေတာ့ အာ႐ုံခံစားမႈကို အဓိက စြမ္းေဆာင္ေပးပါတယ္။ မိန္းမကိုယ္ ႏႈတ္ခမ္း အႀကီးနဲ႔ အေသးကေတာ့ ေမြးလမ္းေၾကာင္းကို ဖုန္ေတြ အညစ္အေၾကးေတြ အလြယ္တကူ မဝင္ႏိုင္ေအာင္ ဖုံးအုပ္ေပးထားပါတယ္။ vagina ကေတာ့ vaginal opening ဆိုတဲ့ ေမြးလမ္းေၾကာင္းဝနဲ႔ သားအိမ္ေခါင္းကို ခ်ိတ္ဆက္ေပးထားတဲ့ ႂကြက္သားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ႁပြန္တစ္ခုလိုပါပဲ။ အက်ယ္အားျဖင့္ ၂ လက္မခြဲကေန ၃ လက္မေလာက္က်ယ္ၿပီး အရွည္အားျဖင့္ ၂ လက္မကေန ၄ လက္မေလာက္ ရွည္ပါတယ္။ အလြန္တရာ က်ဳံႏိုင္ဆန႔္ႏိုင္တဲ့ အဂၤါတစ္ခုပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ကေလးတစ္ေယာက္လုံးကို ေမြးထုတ္ႏိုင္တာပါ။

မိန္းမကိုယ္မွာျဖစ္တဲ့ ကင္ဆာကေတာ့ တျခားကင္ဆာေတြနဲ႔ယွဥ္ရင္ အျဖစ္နည္းပါတယ္။ ဒါေပမယ့္ လိင္ဆက္ဆံေဖာ္မ်ားတဲ့သူေတြ ၊ သားအိမ္ေခါင္းကင္ဆာေတြ မိန္းမကိုယ္ကင္ဆာေတြကို ျဖစ္ေစႏိုင္တဲ့ HPV လို ပိုး ရွိေနတဲ့သူေတြ ၊ ပထမဆုံး လိင္ဆက္ဆံတဲ့အခ်ိန္မွာ အသက္အားျဖင့္ အရမ္းငယ္ေနတဲ့သူေတြဆို ပိုျဖစ္ႏိုင္ေခ် ရွိပါတယ္။ ၿပီးေတာ့ ေဆးလိပ္ေသာက္တတ္တဲ့ အမ်ိဳးသမီးေတြမွာလည္း အျဖစ္မ်ားပါတယ္။ HIV ပိုး ရွိတဲ့ အမ်ိဳးသမီးေတြမွာလည္း ျဖစ္တတ္ပါတယ္။ အသက္အားျဖင့္ ဆိုရင္ေတာ့ အသက္ႀကီးတဲ့သူေတြ (မ်ားေသာအားျဖင့္ အသက္ ၆၀ ေက်ာ္ေတြမွာ) ပိုျဖစ္တတ္ပါတယ္။

မိန္းမကိုယ္မွာ ကင္ဆာျဖစ္တာထက္စာရင္ သားအိမ္ေခါင္းကင္ဆာကေန မိန္းမကိုယ္ကို ပ်ံႏွံ႔လာတာမ်ိဳးက ပိုမ်ားပါတယ္။ ေရာဂါ လကၡဏာေတြ အေနနဲ႔ ပုံမမွန္ ေသြးဆင္းတာ ( ဥပမာ လိင္ဆက္ဆံၿပီးခ်ိန္ ေသြးဆင္းတာ ၊ ဒါမွမဟုတ္ ေသြးဆုံးၿပီးမွ ေသြးျပန္ဆင္းတာမ်ိဳး ) ၊ ေရလို အရည္ၾကည္ေတြဆင္းတာ ၊ ရာသီလာတဲ့ တစ္လနဲ႔ တစ္လၾကားမွာ အခ်ိန္မဟုတ္ဘဲ ေသြးဆင္းတာ ၊ လိင္ဆက္ဆံတဲ့အခါ ဒါမွမဟုတ္ ဆီးသြားတဲ့အခါမွာ နာက်င္တာေတြ ျဖစ္တတ္ပါတယ္။ တစ္ခါတစ္ေလမွာ အနံ႔ နံတဲ့ အရည္ေတြဆင္းတာမ်ိဳး ၊ ေသြးေရာင္ ရွိတဲ့ အရည္ေတြ ဆင္းတာမ်ိဳးလည္း ရွိတတ္ပါတယ္။ ဆီးစပ္ေတြ နာက်င္ေနတတ္ပါတယ္။ ဝမ္းလည္းခ်ဳပ္တတ္တယ္။ မိန္းမကိုယ္မွာ အနာတစ္ခုခု ရွိေနတယ္ ဒါမွမဟုတ္ အလုံးအက်ိတ္တစ္ခုခု စမ္းမိမယ္ ဒါမွမဟုတ္ ယားေနတာက ဘယ္လိုလုပ္လုပ္ မေပ်ာက္ဘဲ ျဖစ္ေနတယ္ဆိုရင္လည္း ကင္ဆာ ျဖစ္ေနတာ ျဖစ္ေနႏိုင္ပါတယ္။

ဒါေၾကာင့္ မိမိမွာ ဒီလို လကၡဏာေတြထဲက တစ္ခုခု ရွိေနတယ္ဆိုရင္ ေသခ်ာျပသၿပီး တိုင္ပင္သင့္ပါတယ္။ ကင္ဆာ ဟုတ္မဟုတ္ သိရေအာင္ ေအာက္ပိုင္းစမ္းသပ္မႈေတြအပါအဝင္ မွန္ေျပာင္းၾကည့္တာ အသားစယူတာေတြ လုပ္လို႔ရပါတယ္။ ကုသမႈ အေနနဲ႔ကေတာ့ ခြဲစိတ္ကုသတာျဖစ္ျဖစ္၊ ေဆးသြင္းကုသတာျဖစ္ျဖစ္ ၊ ဓာတ္ကင္တာပဲျဖစ္ျဖစ္ လုပ္လို႔ရပါတယ္။ ျဖစ္တဲ့ေနရာ၊ ျဖစ္တဲ့ ကင္ဆာဆဲလ္အမ်ိဳးအစားနဲ႔ အဆင့္ေတြေပၚ မူတည္ၿပီး ကုသမႈေတြက မ်ိဳးစုံကြဲျပားပါတယ္။

အေကာင္းဆုံးကေတာ့ ကင္ဆာမျဖစ္ေအာင္ ေဆးလိပ္ေသာက္ျခင္းကို တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ပါ။ HPV ပိုးကို ကာကြယ္ေပးတဲ့ သားအိမ္ေခါင္းကင္ဆာ ကာကြယ္ေဆးကို ထိုးပါလို႔ တိုက္တြန္းရင္း နိဂုံးခ်ဳပ္အပ္ပါတယ္။

Author : Dr. ေမ

မိန်းမကိုယ်ကင်ဆာ

မိန်းမကိုယ်ကင်ဆာဆိုတာ အဖြစ်နည်းတဲ့ ကင်ဆာတစ်ခုပါ။ မိန်းမကိုယ် ကင်ဆာ မပြောခင်မှာ ပထမဆုံး အမျိုးသမီး လိင်အင်္ဂါရဲ့ ဖွဲ့စည်းပုံကို အနည်းငယ် ပြောပြချင်ပါတယ်။ အမျိုးသမီး လိင်အင်္ဂါမှာ အပြင်ဖက်ပိုင်း vulvar နဲ့ သားအိမ်ခေါင်း သားအိမ်နဲ့ အပြင် vulvar ကို ဆက်သွယ်ပေးထားတဲ့ vagina ဆိုပြီး ရှိပါတယ်။ အပြင်ဖက်ပိုင်း vulvar မှာ လိင်အင်္ဂါစေ့ ၊ မိန်းမကိုယ်နှုတ်ခမ်း အသေး၊ အကြီးနဲ့ ဆီးသွားတဲ့ ဆီးပေါက်နဲ့ မွေးလမ်းကြောင်းပေါက်တွေ ပါဝင်ပါတယ်။

လိင်အင်္ဂါစေ့ကို clitoris လို့ခေါ်ပြီး အာရုံကြောပေါင်း ၈၀၀၀ လောက်နီးပါး ပါဝင်တဲ့ အရမ်းအာရုံခံစားလွယ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ငန်းကတော့ အာရုံခံစားမှုကို အဓိက စွမ်းဆောင်ပေးပါတယ်။ မိန်းမကိုယ် နှုတ်ခမ်း အကြီးနဲ့ အသေးကတော့ မွေးလမ်းကြောင်းကို ဖုန်တွေ အညစ်အကြေးတွေ အလွယ်တကူ မဝင်နိုင်အောင် ဖုံးအုပ်ပေးထားပါတယ်။ vagina ကတော့ vaginal opening ဆိုတဲ့ မွေးလမ်းကြောင်းဝနဲ့ သားအိမ်ခေါင်းကို ချိတ်ဆက်ပေးထားတဲ့ ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြွန်တစ်ခုလိုပါပဲ။ အကျယ်အားဖြင့် ၂ လက်မခွဲကနေ ၃ လက်မလောက်ကျယ်ပြီး အရှည်အားဖြင့် ၂ လက်မကနေ ၄ လက်မလောက် ရှည်ပါတယ်။ အလွန်တရာ ကျုံနိုင်ဆန့်နိုင်တဲ့ အင်္ဂါတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကလေးတစ်ယောက်လုံးကို မွေးထုတ်နိုင်တာပါ။

မိန်းမကိုယ်မှာဖြစ်တဲ့ ကင်ဆာကတော့ တခြားကင်ဆာတွေနဲ့ယှဉ်ရင် အဖြစ်နည်းပါတယ်။ ဒါပေမယ့် လိင်ဆက်ဆံဖော်များတဲ့သူတွေ ၊ သားအိမ်ခေါင်းကင်ဆာတွေ မိန်းမကိုယ်ကင်ဆာတွေကို ဖြစ်စေနိုင်တဲ့ HPV လို ပိုး ရှိနေတဲ့သူတွေ ၊ ပထမဆုံး လိင်ဆက်ဆံတဲ့အချိန်မှာ အသက်အားဖြင့် အရမ်းငယ်နေတဲ့သူတွေဆို ပိုဖြစ်နိုင်ချေ ရှိပါတယ်။ ပြီးတော့ ဆေးလိပ်သောက်တတ်တဲ့ အမျိုးသမီးတွေမှာလည်း အဖြစ်များပါတယ်။ HIV ပိုး ရှိတဲ့ အမျိုးသမီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသက်အားဖြင့် ဆိုရင်တော့ အသက်ကြီးတဲ့သူတွေ (များသောအားဖြင့် အသက် ၆၀ ကျော်တွေမှာ) ပိုဖြစ်တတ်ပါတယ်။

မိန်းမကိုယ်မှာ ကင်ဆာဖြစ်တာထက်စာရင် သားအိမ်ခေါင်းကင်ဆာကနေ မိန်းမကိုယ်ကို ပျံနှံ့လာတာမျိုးက ပိုများပါတယ်။ ရောဂါ လက္ခဏာတွေ အနေနဲ့ ပုံမမှန် သွေးဆင်းတာ ( ဥပမာ လိင်ဆက်ဆံပြီးချိန် သွေးဆင်းတာ ၊ ဒါမှမဟုတ် သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာမျိုး ) ၊ ရေလို အရည်ကြည်တွေဆင်းတာ ၊ ရာသီလာတဲ့ တစ်လနဲ့ တစ်လကြားမှာ အချိန်မဟုတ်ဘဲ သွေးဆင်းတာ ၊ လိင်ဆက်ဆံတဲ့အခါ ဒါမှမဟုတ် ဆီးသွားတဲ့အခါမှာ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေမှာ အနံ့ နံတဲ့ အရည်တွေဆင်းတာမျိုး ၊ သွေးရောင် ရှိတဲ့ အရည်တွေ ဆင်းတာမျိုးလည်း ရှိတတ်ပါတယ်။ ဆီးစပ်တွေ နာကျင်နေတတ်ပါတယ်။ ဝမ်းလည်းချုပ်တတ်တယ်။ မိန်းမကိုယ်မှာ အနာတစ်ခုခု ရှိနေတယ် ဒါမှမဟုတ် အလုံးအကျိတ်တစ်ခုခု စမ်းမိမယ် ဒါမှမဟုတ် ယားနေတာက ဘယ်လိုလုပ်လုပ် မပျောက်ဘဲ ဖြစ်နေတယ်ဆိုရင်လည်း ကင်ဆာ ဖြစ်နေတာ ဖြစ်နေနိုင်ပါတယ်။

ဒါကြောင့် မိမိမှာ ဒီလို လက္ခဏာတွေထဲက တစ်ခုခု ရှိနေတယ်ဆိုရင် သေချာပြသပြီး တိုင်ပင်သင့်ပါတယ်။ ကင်ဆာ ဟုတ်မဟုတ် သိရအောင် အောက်ပိုင်းစမ်းသပ်မှုတွေအပါအဝင် မှန်ပြောင်းကြည့်တာ အသားစယူတာတွေ လုပ်လို့ရပါတယ်။ ကုသမှု အနေနဲ့ကတော့ ခွဲစိတ်ကုသတာဖြစ်ဖြစ်၊ ဆေးသွင်းကုသတာဖြစ်ဖြစ် ၊ ဓာတ်ကင်တာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဖြစ်တဲ့နေရာ၊ ဖြစ်တဲ့ ကင်ဆာဆဲလ်အမျိုးအစားနဲ့ အဆင့်တွေပေါ် မူတည်ပြီး ကုသမှုတွေက မျိုးစုံကွဲပြားပါတယ်။

အကောင်းဆုံးကတော့ ကင်ဆာမဖြစ်အောင် ဆေးလိပ်သောက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ HPV ပိုးကို ကာကွယ်ပေးတဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ထိုးပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

Author : Dr. မေ

Previous Post

အိပ်မပျော်ခြင်း (Insomnia)

Next Post

သွားတွေအရောင်မစွန်းအောင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
483

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
440

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွားတွေအရောင်မစွန်းအောင်

လူသိနည်းတဲ့ မုတ်ချိုအိတ်ကင်ဆာ

ဖားကိုက်လို့ သေရတယ်ဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.