fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဘဏ်

27
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/01/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi ျဖင့္ဖတ္ရန္)

ဒီေန႔႐ုံးပိတ္ရက္လည္းျဖစ္ ေဆး႐ုံ Duty လည္းမရွိေတာ့ ေဒါက္တာေက်ာ္စြာတစ္ေယာက္ အိမ္မွာေအးေအး ေဆးေဆးအနားယူမယ္လို႔ စဥ္းစားေနတုန္း
“အစ္ကိုေရ၊ ကိုေက်ာ္စြာ”
အိမ္ေရွ႕မွေခၚသံေၾကာင့္ ကျပာကယာထၾကည့္မိေတာ့

“ဘယ္သူလဲမွတ္တယ္၊ ညီဝမ္းကြဲ ေနလင္း”
“ေဟ့ေကာင္ ေနလင္း၊ မလာစဖူးပါလား။ လာလာ အေတာ္ပဲ။ ငါလည္း ဒီေန႔မွအားတာကြ။ ဝင္လာေလ”
“ဟုတ္ကဲ့ေတာ္ေသးတာေပါ့၊ အစ္ကိုအိမ္မွာရွိလို႔”
ဝင္လာေတာ့ ဒီေကာင့္ေဘးမွာ ေကာင္မေလးတစ္ေယာက္။ စိတ္ထဲမွာေန႔ခင္းေၾကာင္ေတာင္ႀကီး ဒီေကာင္မိန္းမ ခိုးလာတယ္ထင္ၿပီး

“ဟိတ္ေကာင္ မင္းဘာေတြ လုပ္လာတာလဲ”
“ဗ်ာ ဘာမွမလုပ္ပါဘူး အကိုရ။ ဒါကြၽန္ေတာ့ ေကာင္မေလး ‘ျဖဴ’ တဲ့၊ ခ်စ္သူျဖစ္တာသိပ္မၾကာေသးဘူး။ သူ႔ကိစၥ ေလးအကူအညီေတာင္းခ်င္လို႔”
“ဘာကိစၥလည္းကြ မင္းကစကားကိုေသခ်ာေျပာ”
“ဟုတ္ကဲ့ပါ အကိုတလြဲမေတြးနဲ႔။ ကြၽန္ေတာ္တို႔က ႐ိုး႐ိုးသားသားပါ။ သူကဘဏ္မွာလုပ္တာ။ တစ္ႏွစ္ေက်ာ္ၿပီ၊ အခုေခ်ာင္းေတြဆိုးေနတာ ေတာက္ေလ်ာက္ပဲ။ တစ္လေတာင္ေက်ာ္ေနၿပီ။ ေဆးခန္းျပဆိုလဲ မျပရဲလို႔တဲ့။ အဲ ဒါေၾကာင့္ အကိုဆီေခၚလာတာ”
ေကာင္မေလးကိုၾကည့္ေတာ့ ေခ်ာင္းဆိုးေနတာကလြဲလို႔ လန္းလန္းဆန္းဆန္းပဲ
“ေခ်ာင္းဆိုးတာ ေတာက္ေလ်ာက္ပဲလား ညီမ”

“ဟုတ္ကဲ့ရွင့္”
“သလိပ္ရလား”
“မရတာ မ်ားတယ္။ လည္ေခ်ာင္းထဲကယားၿပီး ဆိုးတာ။ တစ္ခါတစ္ေလ က်ေတာ့ရတယ္”
“ေသြးပါေသးလား ညီမ”
“မပါပါဘူး ပုံမွန္ပါပဲ”
“ေခ်ာင္းဆိုးတာအျပင္ ဘာျဖစ္ေသးလဲ။ ေမာလား၊ က်ပ္လား၊ ဖ်ားေသးလား၊ အစားအေသာက္ပ်က္လား၊ ပိန္ လာလား”
“တစ္ခါတစ္ေလေတာ့ ေမာတယ္၊ က်ပ္တယ္။ အရမ္းေတာ့ မဟုတ္ဘူး။ က်န္တာအကုန္ေကာင္းပါတယ္။”
“ဘယ္လိုအခါမ်ိဳးလည္း”
“အလုပ္ဆင္းတဲ့ရက္ဆို ပိုသိသာတယ္”
“ဘဏ္မွာလုပ္တာၾကာၿပီလား”
“ဟုတ္ကဲ့ရွင့္ တစ္ႏွစ္ေက်ာ္သြားၿပီ”
“အခုမွဒီလိုျဖစ္တာလား”

“အရင္ကေတာ့ တစ္ခါတစ္ေလျဖစ္ဖူးတယ္။ ဒီေလာက္မၾကာဘူး။ ေခ်ာင္းဆိုးေပ်ာက္ေဆးေသာက္လိုက္ရင္ သက္သာသြားတယ္။ ဒီတစ္ခါကၾကာေနတာ။ ႏွစ္လေလာက္ေတာင္ရွိေတာ့မယ္။”
“ဘဏ္မွာလုပ္တာ ႏွာေခါင္းစည္းတပ္လား”

“တပ္ပါတယ္ရွင့္”
“ဘဏ္မွလုပ္တဲ့အခါ ပိုက္ဆံေတြကေန အနံ႔ရႈမိသလိုေတာ့ျဖစ္ေနလိမ့္မယ္။ ပိုက္ဆံကအသစ္လည္းပါမယ္။ အေဟာင္းေတြဆို ပိုဆိုးတယ္။ မႈိနံ႔ေတြပါပါတတ္တယ္။ ႏွာေခါင္းစည္းတပ္တာကေတာ့ ေကာင္းတယ္။ ဒါေပ မယ့္လက္က ပိုက္ဆံကိုင္လိုက္ ႏွာေခါင္းစည္းကိုင္လိုက္လုပ္မိရင္ ျဖစ္ျဖစ္၊ ႏွာေခါင္းစည္းမခြၽတ္ဘဲ ဖုန္းေျပာ၊ အလုပ္ၿပီးေတာ့လည္း ဒီဖုန္းပဲေျပာေတာ့ အနံ႔ေတြပါႏိုင္တယ္။ ဘယ္လိုေရွာင္ေရွာင္ ရႈမိမွာပဲ။”

“ဟုတ္ကဲ့ရွင့္”
“အကို အႀကံေပးၾကည့္မယ္ေလ။ ေခ်ာင္းဆိုးတာရွည္ေနေတာ့ ဓာတ္မွန္ေတာ့႐ိုက္ထား။ မနက္နဲ႔ည ေရေႏြးနဲ႔ ဆားပလုပ္က်င္းေပးပါ။ ဘာပဲစားစား ၿပီးရင္ေရေႏြးအျဖဴေသာက္ေပး။ အေငြ႕အမႈန္ေတြ တတ္ႏိုင္သေလာက္ ေရွာင္ပါ။ ေလေကာင္းေလသန႔္ မ်ားမ်ားရႈပါ။ အားရွိတာစား။ ေခ်ာင္းဆိုးေပ်ာက္ေဆး အရည္ျဖစ္ျဖစ္၊ ငုံေဆး ျဖစ္ျဖစ္ေသာက္ထားေပါ့”
“ဟုတ္ကဲ့ရွင့္။ အကိုကိုတစ္ခုေလာက္ေမးခ်င္လို႔ပါ”
“ေမးပါ ညီမ”
“ဘဏ္မွလုပ္တာက က်န္းမာေရးကိုထိခိုက္ေစလား”
“အဲလိုေတာ့ အၿမဲမဟုတ္ဘူး။ ခဏတျဖဳတ္လုပ္တဲ့ သူေတြကေတာ့ ဘာမွမျဖစ္တတ္ဘူး။ ပိုက္ဆံေတြသိပ္မ ကိုင္ရရင္လည္း ဘာမွမျဖစ္တတ္ဘူး။ ပိုက္ဆံအနံ႔ေတြ ရႈရမ်ားတဲ့သူက်ေတာ့ အဆုတ္ကိုထိခိုက္ႏိုင္တယ္။ ႏွာေခါင္းစည္းတပ္ေပမယ့္ ေစာေစာကလို ပိုက္ဆံကိုင္လိုက္ ႏွာေခါင္းစည္းကိုင္လိုက္ဆိုျဖစ္မွာပဲ”

“အဆုတ္မွာ ဘာထိတာလဲ အကို”
“ရင္က်ပ္လိုပုံစံျဖစ္ႏိုင္တယ္။ အနံ႔ေတြေၾကာင့္ က်ပ္မယ္၊ ေလႁပြန္ေတြေယာင္မယ္၊ ေခ်ာင္းဆိုးမယ္၊ ၾကာလာ ရင္အဆုတ္ပြတာေတြလည္းျဖစ္ႏိုင္တယ္။ ေျခာက္ၿပီးက်ဳံ႔တာမ်ိဳးလည္း ျဖစ္ႏိုင္တယ္။”
“အဲဒါေတြက ဆိုးလား”
“ဆိုးလား ဆိုတာေတြက ေရာဂါအေျခအေနေပၚမူတည္တာေပါ့။ အစပဲဆိုရင္ ေသခ်ာအနားယူမယ္။ အေငြ႕အ မႈန္အနံ႔ေရွာင္မယ္ဆိုရင္ ျပန္ေပ်ာက္ႏိုင္တာေပါ့။ ၾကာေနၿပီ၊ ေရာဂါလည္းရင့္တယ္ဆိုရင္ေတ့ာ နားလည္းမ ေပ်ာက္ႏိုင္ေတာ့ဘူး။ နာတာရွည္ျဖစ္ႏိုင္တယ္။”

“TB တို႔ကင္ဆာတို႔နဲ႔ တူသလားရွင့္”
“TB လည္းမဟုတ္ဘူး။ ကင္ဆာလည္းမဟုတ္ဘူး”
“ဟုတ္ကဲ့ရွင့္ ညီမကအခု ဘယ္အဆင့္ေရာက္ေနၿပီလဲ မသိဘူးေနာ္”

“ညီမရဲ႕ အခုကဘာေၾကာင့္ျဖစ္တယ္ဆိုတာ ေတာင္မသိေသးဘူး။ အေပၚကေျပာတာေတြလည္းလုပ္၊ ဓာတ္ မွန္ေတြလည္း႐ိုက္၊ ၿပီးရင္အကို႔ကိုျပန္ျပေပးပါ”
“ဟုတ္ကဲ့ပါရွင့္၊ ေက်းဇူးတင္ပါတယ္ရွင့္”
“ဟုတ္တယ္အကိုရာ၊ ကြၽန္ေတာ္လည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ ကြၽန္ေတာ္လည္းသူျဖစ္ေနတာျမင္ ေတာ့ အကို႔ကိုသတိရမိလို႔ပါ”

“ေအးပါကြာ၊ ရပါတယ္။ မင္းကေတာ့ ငါ့ကိုႏွိပ္စက္ေနၾကပဲေလ”
သုံးေယာက္သား ၿပိဳင္တူရယ္မိလိုက္ၾကပါတယ္။

Author – Dr. CST

(Unicode ျဖင့္ဖတ္ရန္)

ဒီနေ့ရုံးပိတ်ရက်လည်းဖြစ် ဆေးရုံ Duty လည်းမရှိတော့ ဒေါက်တာကျော်စွာတစ်ယောက် အိမ်မှာအေးအေး ဆေးဆေးအနားယူမယ်လို့ စဉ်းစားနေတုန်း
“အစ်ကိုရေ၊ ကိုကျော်စွာ”
အိမ်ရှေ့မှခေါ်သံကြောင့် ကပြာကယာထကြည့်မိတော့

“ဘယ်သူလဲမှတ်တယ်၊ ညီဝမ်းကွဲ နေလင်း”
“ဟေ့ကောင် နေလင်း၊ မလာစဖူးပါလား။ လာလာ အတော်ပဲ။ ငါလည်း ဒီနေ့မှအားတာကွ။ ဝင်လာလေ”
“ဟုတ်ကဲ့တော်သေးတာပေါ့၊ အစ်ကိုအိမ်မှာရှိလို့”
ဝင်လာတော့ ဒီကောင့်ဘေးမှာ ကောင်မလေးတစ်ယောက်။ စိတ်ထဲမှာနေ့ခင်းကြောင်တောင်ကြီး ဒီကောင်မိန်းမ ခိုးလာတယ်ထင်ပြီး

“ဟိတ်ကောင် မင်းဘာတွေ လုပ်လာတာလဲ”
“ဗျာ ဘာမှမလုပ်ပါဘူး အကိုရ။ ဒါကျွန်တော့ ကောင်မလေး ‘ဖြူ’ တဲ့၊ ချစ်သူဖြစ်တာသိပ်မကြာသေးဘူး။ သူ့ကိစ္စ လေးအကူအညီတောင်းချင်လို့”
“ဘာကိစ္စလည်းကွ မင်းကစကားကိုသေချာပြော”
“ဟုတ်ကဲ့ပါ အကိုတလွဲမတွေးနဲ့။ ကျွန်တော်တို့က ရိုးရိုးသားသားပါ။ သူကဘဏ်မှာလုပ်တာ။ တစ်နှစ်ကျော်ပြီ၊ အခုချောင်းတွေဆိုးနေတာ တောက်လျောက်ပဲ။ တစ်လတောင်ကျော်နေပြီ။ ဆေးခန်းပြဆိုလဲ မပြရဲလို့တဲ့။ အဲ ဒါကြောင့် အကိုဆီခေါ်လာတာ”
ကောင်မလေးကိုကြည့်တော့ ချောင်းဆိုးနေတာကလွဲလို့ လန်းလန်းဆန်းဆန်းပဲ
“ချောင်းဆိုးတာ တောက်လျောက်ပဲလား ညီမ”

“ဟုတ်ကဲ့ရှင့်”
“သလိပ်ရလား”
“မရတာ များတယ်။ လည်ချောင်းထဲကယားပြီး ဆိုးတာ။ တစ်ခါတစ်လေ ကျတော့ရတယ်”
“သွေးပါသေးလား ညီမ”
“မပါပါဘူး ပုံမှန်ပါပဲ”
“ချောင်းဆိုးတာအပြင် ဘာဖြစ်သေးလဲ။ မောလား၊ ကျပ်လား၊ ဖျားသေးလား၊ အစားအသောက်ပျက်လား၊ ပိန် လာလား”
“တစ်ခါတစ်လေတော့ မောတယ်၊ ကျပ်တယ်။ အရမ်းတော့ မဟုတ်ဘူး။ ကျန်တာအကုန်ကောင်းပါတယ်။”
“ဘယ်လိုအခါမျိုးလည်း”
“အလုပ်ဆင်းတဲ့ရက်ဆို ပိုသိသာတယ်”
“ဘဏ်မှာလုပ်တာကြာပြီလား”
“ဟုတ်ကဲ့ရှင့် တစ်နှစ်ကျော်သွားပြီ”
“အခုမှဒီလိုဖြစ်တာလား”

“အရင်ကတော့ တစ်ခါတစ်လေဖြစ်ဖူးတယ်။ ဒီလောက်မကြာဘူး။ ချောင်းဆိုးပျောက်ဆေးသောက်လိုက်ရင် သက်သာသွားတယ်။ ဒီတစ်ခါကကြာနေတာ။ နှစ်လလောက်တောင်ရှိတော့မယ်။”
“ဘဏ်မှာလုပ်တာ နှာခေါင်းစည်းတပ်လား”

“တပ်ပါတယ်ရှင့်”
“ဘဏ်မှလုပ်တဲ့အခါ ပိုက်ဆံတွေကနေ အနံ့ရှုမိသလိုတော့ဖြစ်နေလိမ့်မယ်။ ပိုက်ဆံကအသစ်လည်းပါမယ်။ အဟောင်းတွေဆို ပိုဆိုးတယ်။ မှိုနံ့တွေပါပါတတ်တယ်။ နှာခေါင်းစည်းတပ်တာကတော့ ကောင်းတယ်။ ဒါပေ မယ့်လက်က ပိုက်ဆံကိုင်လိုက် နှာခေါင်းစည်းကိုင်လိုက်လုပ်မိရင် ဖြစ်ဖြစ်၊ နှာခေါင်းစည်းမချွတ်ဘဲ ဖုန်းပြော၊ အလုပ်ပြီးတော့လည်း ဒီဖုန်းပဲပြောတော့ အနံ့တွေပါနိုင်တယ်။ ဘယ်လိုရှောင်ရှောင် ရှုမိမှာပဲ။”

“ဟုတ်ကဲ့ရှင့်”
“အကို အကြံပေးကြည့်မယ်လေ။ ချောင်းဆိုးတာရှည်နေတော့ ဓာတ်မှန်တော့ရိုက်ထား။ မနက်နဲ့ည ရေနွေးနဲ့ ဆားပလုပ်ကျင်းပေးပါ။ ဘာပဲစားစား ပြီးရင်ရေနွေးအဖြူသောက်ပေး။ အငွေ့အမှုန်တွေ တတ်နိုင်သလောက် ရှောင်ပါ။ လေကောင်းလေသန့် များများရှုပါ။ အားရှိတာစား။ ချောင်းဆိုးပျောက်ဆေး အရည်ဖြစ်ဖြစ်၊ ငုံဆေး ဖြစ်ဖြစ်သောက်ထားပေါ့”
“ဟုတ်ကဲ့ရှင့်။ အကိုကိုတစ်ခုလောက်မေးချင်လို့ပါ”
“မေးပါ ညီမ”
“ဘဏ်မှလုပ်တာက ကျန်းမာရေးကိုထိခိုက်စေလား”
“အဲလိုတော့ အမြဲမဟုတ်ဘူး။ ခဏတဖြုတ်လုပ်တဲ့ သူတွေကတော့ ဘာမှမဖြစ်တတ်ဘူး။ ပိုက်ဆံတွေသိပ်မ ကိုင်ရရင်လည်း ဘာမှမဖြစ်တတ်ဘူး။ ပိုက်ဆံအနံ့တွေ ရှုရများတဲ့သူကျတော့ အဆုတ်ကိုထိခိုက်နိုင်တယ်။ နှာခေါင်းစည်းတပ်ပေမယ့် စောစောကလို ပိုက်ဆံကိုင်လိုက် နှာခေါင်းစည်းကိုင်လိုက်ဆိုဖြစ်မှာပဲ”

“အဆုတ်မှာ ဘာထိတာလဲ အကို”
“ရင်ကျပ်လိုပုံစံဖြစ်နိုင်တယ်။ အနံ့တွေကြောင့် ကျပ်မယ်၊ လေပြွန်တွေယောင်မယ်၊ ချောင်းဆိုးမယ်၊ ကြာလာ ရင်အဆုတ်ပွတာတွေလည်းဖြစ်နိုင်တယ်။ ခြောက်ပြီးကျုံ့တာမျိုးလည်း ဖြစ်နိုင်တယ်။”
“အဲဒါတွေက ဆိုးလား”
“ဆိုးလား ဆိုတာတွေက ရောဂါအခြေအနေပေါ်မူတည်တာပေါ့။ အစပဲဆိုရင် သေချာအနားယူမယ်။ အငွေ့အ မှုန်အနံ့ရှောင်မယ်ဆိုရင် ပြန်ပျောက်နိုင်တာပေါ့။ ကြာနေပြီ၊ ရောဂါလည်းရင့်တယ်ဆိုရင်တေ့ာ နားလည်းမ ပျောက်နိုင်တော့ဘူး။ နာတာရှည်ဖြစ်နိုင်တယ်။”

“TB တို့ကင်ဆာတို့နဲ့ တူသလားရှင့်”
“TB လည်းမဟုတ်ဘူး။ ကင်ဆာလည်းမဟုတ်ဘူး”
“ဟုတ်ကဲ့ရှင့် ညီမကအခု ဘယ်အဆင့်ရောက်နေပြီလဲ မသိဘူးနော်”

“ညီမရဲ့ အခုကဘာကြောင့်ဖြစ်တယ်ဆိုတာ တောင်မသိသေးဘူး။ အပေါ်ကပြောတာတွေလည်းလုပ်၊ ဓာတ် မှန်တွေလည်းရိုက်၊ ပြီးရင်အကို့ကိုပြန်ပြပေးပါ”
“ဟုတ်ကဲ့ပါရှင့်၊ ကျေးဇူးတင်ပါတယ်ရှင့်”
“ဟုတ်တယ်အကိုရာ၊ ကျွန်တော်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်လည်းသူဖြစ်နေတာမြင် တော့ အကို့ကိုသတိရမိလို့ပါ”

“အေးပါကွာ၊ ရပါတယ်။ မင်းကတော့ ငါ့ကိုနှိပ်စက်နေကြပဲလေ”
သုံးယောက်သား ပြိုင်တူရယ်မိလိုက်ကြပါတယ်။

Author – Dr. CST

Previous Post

ဘဏ်လုပ်သားတွေရဲ့ လုပ်ငန်းခွင်ကျန်းမာရေး

Next Post

ငွေစက္ကူမှဘဏ်ဝန်ထမ်းများနှင့် ပြည်သူများရနိုင်တဲ့ရောဂါအန္တရာယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ငွေစက္ကူမှဘဏ်ဝန်ထမ်းများနှင့် ပြည်သူများရနိုင်တဲ့ရောဂါအန္တရာယ်

နှင်းခူဘေးဘယာ ဝေးဖို့ရာ

HIV နဲ့နေရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.