fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ
အရက်စွဲခြင်း
89
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/06/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A
အရက်စွဲခြင်း
သီတာနွယ်(အမရပူရ)
(Unicode)
အရက်စွဲခြင်း
တကမ္ဘာလုံးရှိ လူဦးရေရဲ့ ထက်ဝက်ခန့်နီးပါးဟာ အရက်ကို စွဲစွဲမြဲမြဲသောက်သုံးလျက်ရှိပြီး အရက်ကြောင့်ဖြစ်သော နောက်ဆက်တွဲကျန်းမာရေးပြသာနာများ၊ဆိုးကျိုးများကို ခံစားနေကြရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတဝှမ်းရှိ လူသန်းပေါင်း ၁၄၀ ခန့်ဟာ အရက်စွဲကာ အရက်ရဲ့ကျေးကျွန်များဖြစ်လျက်ရှိပါတယ်။အရက်သောက်ပြီးအရက်စွဲတဲ့ထိဖြစ်ရတဲ့ အကြောင်းရင်းတွေကိုလေ့လာကြည့်တဲ့အခါမှာတော့ အဓိကအနေနဲ့အချက်နှစ်ချက်ကိုတွေ့ရပါတယ်။
၁။စိတ်ဓါတ်ကျလို့၊စိတ်ညစ်လို့သောက်မိရာကနေ အရက်စွဲခြင်း
ဒီဘက်ခေတ်မှာ စီးပွားရေးကျပ်တည်းလာတဲ့အတွက် လူတွေဟာ စားဝတ်နေရေးအတွက် နေ့စဉ်လှုပ်ရှားရုန်းကန်နေကြရတဲ့အခါ အပန်းဖြေချိန်၊အနားယူချိန်ဟာ မရှိသလောက်နည်းပါးလာကြပါတယ်။
ဒီလိုလှုပ်ရှားရုန်းကန်ရင်းနဲ့ အလုပ်ထဲမှာပြသာနာတွေဖြစ်လာတာ၊မိသားစုတွေထဲမှာပြသာနာတွေဖြစ်လာတာ စတဲ့ကျရှုံးမှုတွေနဲ့ကြုံတွေ့တဲ့အခါမှာ စိတ်ဓါတ်ကျတာ၊စိတ်ညစ်တာတွေဖြစ်လာပြီး အိပ်မပျော်တာ၊စိတ်မပျော်တော့တာတွေဖြစ်လာပါတယ်။
အဲ့အခါမှာစိတ်ညစ်တာတွေ၊စိတ်ဓါတ်ကျတာတွေရဲ့ထွက်ပေါက်စိတ်ဖြေရာအနေနဲ့ လူအများစုက အရက်ကိုသွားသောက်မိတတ်ကြပါတယ်။
၂။ စိုးရိမ်စိတ်များလို့သောက်ခြင်း
(ဥပမာ- ကိုယ်ချစ်နေတဲ့ကောင်မလေးကို ရည်စားစကားပြောဖို့ မပြောရဲလို့ သို့မဟုတ် အကြောင်းတခုခုကြောင့် စင်ပေါ်တက်စကားပြောရမယ့်အခါ စကားမပြောရဲလို့
သူငယ်ချင်းတွေ၊မိတ်ဆွေတွေက အရက်နည်းနည်းလောက်သောက်ကြည့်ဖို့ တိုက်တွန်းတာကြောင့်သောက်လိုက်တယ်။အဲ့လိုသောက်လိုက်တဲ့အချိန်မှာ အာသွက်လျှာသွက်နဲ့ပြောရဲဆိုရဲဖြစ်လာတယ်။အဲ့ဒီခံစားချက်ကိုသဘောကျသွားပြီး စိုးရိမ်စိတ်များတိုင်းအရက်ကို သောက်တာမျိုးပေါ့)
တခြားအရက်သောက်ရတဲ့အကြောင်းတွေအများကြီးရှိပေမယ့် အများအားဖြင့်တော့ ဒီအချက်နှစ်ချက်ကြောင့်ပဲ အရက်စွဲတဲ့ထိဖြစ်သွားရတာများပါတယ်။ဒီလို စိတ်ညစ်လို့၊စိတ်ဓါတ်ကျလို့၊စိုးရိမ်စိတ်များလို့စတဲ့ စိတ်အခြေအနေတွေကြောင့်အရက်သောက်တဲ့အခါ အစပိုင်းမှာတော့ အဆင်ပြေတယ်နေလို့ကောင်းတယ်ထင်ရပေမယ့် အရက်စွဲလာတာနဲ့အမျှ အရက်ကြောင့်ပဲ စိတ်ညစ်တာ၊အိပ်မပျော်တာ၊စိုးရိမ်စိတ်များတာတွေဖြစ်နိုင်ပါတယ်။
အရက်စွဲတဲ့သူရဲ့လက္ခဏာတွေကတော့
သောက်နှုန်းက နဂို နှစ်ပက်၊သုံးပက်လောက်ကနေ တဖြည်းဖြည်းနဲ့များလာတာ၊အရင်ကညနေပိုင်းပဲသောက်ရကနေ နောက်ပိုင်းမနက်မိုးလင်းကစပြီး အလုပ်အကိုင်တွေပျက်လောက်တဲ့ထိတနေကုန်သောက်တာ
အရက်ကိုမသောက်ရရင်မနေနိုင်ဘဲ လက်တွေတုန်လာတာ၊လေတွေတက်တာ၊သောက်လိုက်မှ အဲ့လက္ခဏာတွေကပျောက်သွားတာတွေပါ။အရက်သောက်တာကြာလို့ အရက်စွဲတဲ့အခါ ရုပ်ပိုင်းဆိုင်ရာထိခိုက်သလို စိတ်ပိုင်းဆိုင်ရာနဲ့အာရုံကြောတွေလည်းထိခိုက်ပါတယ်။
ဗီတာမင်တွေနည်းသွားတာ၊ထုံတာ၊ကျဉ်တာ၊မျက်လုံးဝါးတာ၊တက်တာ၊သူငယ်ပြန်ရောဂါဖြစ်တာ စတဲ့အာရုံကြောပိုင်းဆိုင်ရာ ပြသာနာတွေအပြင် စိတ်ပိုင်းဆိုင်ရာမှာဆိုရင် စိတ်ဓါတ်ကျတာ၊ကြွတာ၊တကယ်မရှိတာတွေကိုမြင်တာ၊တကယ်မကြားဘဲနဲ့ကြားတာ၊မိမိရဲ့အိမ်ထောင်ဖက်အပေါ်သံသယစိတ်တွေ၊ဝန်တိုစိတ်တွေဝင်လာတာ၊ညအိပ်မပျော်တာ၊ကိုယ့်ကိုကိုယ်သတ်သေတာ စတဲ့ပြသာနာတွေပါဖြစ်နိုင်ပါတယ်။
အရက်သောက်တာကြာလာတာနဲ့အမျှ အသည်းရောင်တာ၊အသည်းခြောက်တာ၊အသည်းကင်ဆာဖြစ်တာ၊သွေးအန်တာ၊အစာအိမ်ရောဂါဖြစ်တာ၊ပန်းသေပန်းညိုးဖြစ်တာ စတဲ့ရောဂါတွေပါ ခံစားရနိုင်ပါတယ်။
ဒါတွေအပြင် အမူးလွန်ရင်းနဲ့အကာကွယ်မဲ့ပျော်ပါးမိသောကြောင့်လိင်မှတဆင့် ကူးစက်ရောဂါများကူးစက်ခံရတာ၊မူးပြီးဆိုင်ကယ်တို့ကားတို့ မောင်းသောကြောင့်ယဉ်တိုက်မှုဖြစ်တာ၊မူပြီးအလုပ်လုပ်တာကြောင့် ဆုံးရှုံးနစ်နာမှုတွေဖြစ်တာ စတဲ့ လူမှုရေး၊စီပွားရေးဆိုင်ရာ ပြသာနာတွေလည်းဖြစ်နိုင်ပါတယ်။အဆုံးသတ်အနေနဲ့ပြောရရင် အရက်သောက်ပြီး အရက်စွဲတဲ့အခါ ရရှိလာတဲ့ဆိုးကျိူးတွေကို သောက်တဲ့သူတယောက်ပဲခံစားရတာမဟုတ်ဘဲ ထိုသူရဲ့မိသားစုအသိုင်းအဝိုင်းပါခံစားရကြရပါတယ်။
ဒါကြောင့်အရက်ကိုအစပြုမသောက်မိဖို့နဲ့ အရက်စွဲနေပြီဆိုပါကလည်း ဆရာဝန်နှင့်ပြသပြီး ဆေးရုံတက်ကာ အရက်ဖြတ်ဖို့ တိုက်တွန်းချင်ပါတယ်။
သီတာနွယ်(အမရပူရ)
Previous Post
နှလုံးသွေးပြန်ခန်းနှစ်ခုကြားရှိနံရံတွင် အပေါက်ပါခြင်း
Next Post
ကလေးများနှင့် ပန်းနာရင်ကျပ်ရောဂါ
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
About the main vitamins needed to strengthen the immune system
ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း
1 year ago
1.2k
Health factors that should be prepared before traveling in summer
နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ
1 year ago
125
ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?
2 years ago
2.3k
အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?
2 years ago
1.5k
အလွှာခြားတာကောင်းလား?
2 years ago
1k
In the summer, when the air conditioner and fan are used too much
နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ
2 years ago
605
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ကလေးများနှင့် ပန်းနာရင်ကျပ်ရောဂါ
အိပ်ပျော်နေစဉ် သုက်ထွက်ခြင်း
ဝမ်းထဲ သွေးပါခြင်း
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.