သားဥအိမ္ကင္ဆာဆိုတာ
သားဥအိမ္ဆိုတာ သားအိမ္ေဘးနားမွာ တစ္ဖက္တစ္ခ်က္စီ ရွိေနတဲ့ အရာပါ။ ovary လို႔ ေခၚပါတယ္။ သူ႔ရဲ႕ လုပ္ေဆာင္မႈကေတာ့ မ မ်ိဳးဥကို ထုတ္ေပးၿပီး မ ေဟာ္မုန္းေတြျဖစ္တဲ့ အီစတိုဂ်င္နဲ႔ ပ႐ိုဂ်က္စတုန္းေဟာ္မုန္းေတြကို ထုတ္လုပ္ေပးပါတယ္။ သားဥအိမ္ကင္ဆာဆိုတာ အျဖစ္နည္းပါတယ္။ ဒါေပမယ့္ ျဖစ္လာခဲ့ရင္လည္း ေရာဂါ လကၡဏာေတြ ထင္ထင္ရွားရွား ျပေလ့မရွိတဲ့အတြက္ ျဖစ္စမွာ မသိလိုက္ဘဲ အဆင့္ေတြလြန္မွ သိတာမ်ားၿပီး အသက္ေသဆုံးတာ မ်ားပါတယ္။
ျဖစ္စမွာဆို သူ႔ရဲ႕ လကၡဏာေတြက ဗိုက္ထဲမွာ ေလပြေနသလိုလို ေလထေနသလို ျပည့္အင့္အင့္ျဖစ္ေနမယ္။ နည္းနည္းေလးစားလိုက္တာနဲ႔ ဗိုက္ႀကီးတင္းသြားမယ္။ ဆီးမၾကာခဏ သြားမယ္။ ဆီးသြားခ်င္ရင္လည္း အရမ္းမထိန္းႏိုင္ဘူး။ ဗိုက္ထဲမွာ မီးစနဲ႔ ထိုးသလို ပူပူႀကီး ျဖစ္ေနမယ္။ အစာမေၾကဘူး။ ဝမ္းခ်ဳပ္မယ္။ ဒါေတြအျပင္ ခါးလည္းနာတတ္တယ္။ ရာသီလာရင္လည္း ကိုက္ခဲတာမ်ိဳးေတြ ျဖစ္တတ္တယ္။ အမ်ိဳးသားနဲ႔ အတူေနတဲ့အခါ နာက်င္တာေတြ ျဖစ္တတ္တယ္။ ဗိုက္ႀကီးပူလာတတ္တယ္။ ကင္ဆာတို႔ရဲ႕ ထုံးစံအတိုင္း ပင္ပန္းႏြမ္းနယ္တာေတြ ႏူးခ်ိတာေတြ ခံစားရတတ္တယ္။
ဒီလို လကၡဏာေတြဆိုတာ လူတိုင္း ဘဝမွာ အနည္းနဲ႔ အမ်ားဆိုသလို ျဖစ္ဖူးၾကပါတယ္။ ဒါေပမယ့္ ဘယ္လိုကုကု မသက္သာတဲ့အခါမွာ အမ်ိဳးသမီးေတြ အေနနဲ႔ သားဥအိမ္ကင္ဆာကို ထည့္သြင္းစဥ္းစားဖို႔ လိုပါလိမ့္မယ္။ သားဥအိမ္ကို cell ၃ မ်ိဳးနဲ႔ ဖြဲ႕စည္းထားပါတယ္။ ျပင္းထန္မႈနဲ႔ ေရာဂါလကၡဏာေတြက ဘယ္ cell ေပၚမွာ ျဖစ္တာလဲေပၚ မူတည္ၿပီး ကြဲျပားပါတယ္။
သားဥအိမ္ကင္ဆာ ျဖစ္ပြားမႈဟာ ရာသီလာတာနဲ႔လည္း ဆက္စပ္မႈ အနည္းငယ္ ရွိေနပါတယ္။ ရာသီမ်ားမ်ားလာတဲ့သူေတြ (ဥပမာ ရာသီေသြး ေစာေပၚတဲ့သူ၊ ေနာက္က်မွ ေသြးဆုံးတဲ့သူနဲ႔ ကေလးမေမြးဖူးတဲ့သူေတြမွာဆို) ပိုျဖစ္ႏိုင္ေခ် မ်ားပါတယ္။ ကေလးရခ်င္လို႔ဆိုၿပီး သုံးတဲ့ ဥေႂကြေဆးတခ်ိဳ႕ကလည္း သားဥအိမ္ကင္ဆာ ျဖစ္ပြားမႈႏႈန္းကို မ်ားေစႏိုင္ပါတယ္။
ဒါ့အျပင္ မ်ိဳး႐ိုးဗီဇမွာ BRCA1 နဲ႔ BRCA2 mutation ျဖစ္ေနသူေတြအေနနဲ႔လည္း ျဖစ္ႏိုင္ေခ် ၁၅% ေလာက္ ျမင့္မားပါတယ္။ မိဘမ်ိဳး႐ိုးမွာ သားဥအိမ္ကင္ဆာ ျဖစ္ဖူးတဲ့သူရွိရင္လည္း မိမိမွာ ျဖစ္ႏိုင္လို႔ သတိထားဆင္ျခင္သင့္ပါတယ္။
ရင္သားကင္ဆာ သားအိမ္ကင္ဆာနဲ႔ အူမႀကီးကင္ဆာ ျဖစ္ဖူးထားရင္လည္း သားဥအိမ္ကင္ဆာ ျဖစ္ပြားႏိုင္ေခ်ေတြ ရွိလို႔ေနပါတယ္။ သားအိမ္နံရံထူတဲ့ အမ်ိဳးသမီးေတြလည္း ျဖစ္ႏိုင္သလို ကိုယ္အေလးခ်ိန္မ်ားရင္လည္း ျဖစ္ႏိုင္ေခ် ပိုမ်ားပါတယ္။ တခ်ိဳ႕ေတြမွာက် အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေဟာ္မုန္းအစားထိုး ကုသမႈေတြ ခံယူေနတာ ရွိပါတယ္။ အဲလို ေဟာ္မုန္းအစားထိုးကုသမႈေတြကလည္း သားဥအိမ္ကင္ဆာ ျဖစ္ပြားမႈ အႏၲရာယ္ကို ျမႇင့္တက္ေစပါတယ္။
သားဥအိမ္ကင္ဆာ ဟုတ္မဟုတ္ကိုေတာ့ ေသြးစစ္ၾကည့္တာ ၊ CT ႐ိုက္ၾကည့္တာ ၊ အသားစ ယူၾကည့္တာေတြကေနတဆင့္ သိႏိုင္ပါတယ္။ ကုသမႈ အေနနဲ႔ကေတာ့ ခြဲစိတ္ကုသတာ၊ ကင္ဆာေဆးသြင္း ကုသတာနဲ႔ ဓာတ္ကင္တာေတြ ျပဳလုပ္လို႔ ရပါတယ္။ ေစာသိရေလေလ အရွင္းေပ်ာက္ကင္းေအာင္ ကုသဖို႔ လြယ္ေလေလပါ။ ဒါေပမယ့္ သားဥအိမ္ကင္ဆာေတြဟာ စျဖစ္ကာစမွာ သိတာ ၁၅% ေလာက္ပဲ ရွိပါတယ္။ မ်ားေသာအားျဖင့္ အဆင့္လြန္မွ သိၾကတာမို႔ ေသဆုံးမႈႏႈန္းဟာ တစ္ဝက္ေက်ာ္ေလာက္ ထိရွိေနပါတယ္။
ကာကြယ္ဖို႔နည္းအေနနဲ႔ကေတာ့ မိဘမ်ိဳး႐ိုးမွာ ကင္ဆာျဖစ္ၿပီး သားဥအိမ္ျဖစ္ပြားဖို႔ အႏၲရာယ္မ်ားသူဆို ေသြးဆုံးခါနီးမွာ သားဥအိမ္ႏွစ္ခုလုံးကို ျဖတ္ထုတ္လိုက္တာေတြ လုပ္လို႔ရပါတယ္။ သေႏၶတားေဆးကို ၁၀ ႏွစ္နဲ႔ အထက္ ေသာက္တဲ့သူေတြမွာလည္း သားဥအိမ္ကင္ဆာ ျဖစ္ပြားတာ ေလ်ာ့နည္းတာ ေတြ႕ရပါတယ္။ အဆုံးသတ္အေနနဲ႔ မွာခ်င္တာကေတာ့ မိမိမွာ ျဖစ္ပြားေနတဲ့ လကၡဏာေတြက ဆိုးဆိုးဝါးဝါး မဟုတ္လို႔ ဆိုၿပီး ေပါ့ဆမေနဘဲ က်န္းမာေရးကို စစ္ေဆးသင့္ပါတယ္။ ေလပြတာေလး အစာမေၾကတာေလးေတြက အစ ေနာက္ကြယ္မွာ ေရာဂါႀကီး တစ္ခု ရွိေနတတ္လို႔ပါ။ ဒါေၾကာင့္ ဘယ္ေရာဂါလကၡဏာမဆို ဘယ္လိုကုကု အခ်ိန္ၾကာျမင့္စြာ မသက္သာဘဲ ရွိေနတယ္ဆိုရင္ေတာ့ မေပါ့ဆၾကဖို႔ မွာၾကားရင္း………..
Author : Dr. ေမ
သားဥအိမ်ကင်ဆာဆိုတာ
သားဥအိမ်ဆိုတာ သားအိမ်ဘေးနားမှာ တစ်ဖက်တစ်ချက်စီ ရှိနေတဲ့ အရာပါ။ ovary လို့ ခေါ်ပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှုကတော့ မ မျိုးဥကို ထုတ်ပေးပြီး မ ဟော်မုန်းတွေဖြစ်တဲ့ အီစတိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ သားဥအိမ်ကင်ဆာဆိုတာ အဖြစ်နည်းပါတယ်။ ဒါပေမယ့် ဖြစ်လာခဲ့ရင်လည်း ရောဂါ လက္ခဏာတွေ ထင်ထင်ရှားရှား ပြလေ့မရှိတဲ့အတွက် ဖြစ်စမှာ မသိလိုက်ဘဲ အဆင့်တွေလွန်မှ သိတာများပြီး အသက်သေဆုံးတာ များပါတယ်။
ဖြစ်စမှာဆို သူ့ရဲ့ လက္ခဏာတွေက ဗိုက်ထဲမှာ လေပွနေသလိုလို လေထနေသလို ပြည့်အင့်အင့်ဖြစ်နေမယ်။ နည်းနည်းလေးစားလိုက်တာနဲ့ ဗိုက်ကြီးတင်းသွားမယ်။ ဆီးမကြာခဏ သွားမယ်။ ဆီးသွားချင်ရင်လည်း အရမ်းမထိန်းနိုင်ဘူး။ ဗိုက်ထဲမှာ မီးစနဲ့ ထိုးသလို ပူပူကြီး ဖြစ်နေမယ်။ အစာမကြေဘူး။ ဝမ်းချုပ်မယ်။ ဒါတွေအပြင် ခါးလည်းနာတတ်တယ်။ ရာသီလာရင်လည်း ကိုက်ခဲတာမျိုးတွေ ဖြစ်တတ်တယ်။ အမျိုးသားနဲ့ အတူနေတဲ့အခါ နာကျင်တာတွေ ဖြစ်တတ်တယ်။ ဗိုက်ကြီးပူလာတတ်တယ်။ ကင်ဆာတို့ရဲ့ ထုံးစံအတိုင်း ပင်ပန်းနွမ်းနယ်တာတွေ နူးချိတာတွေ ခံစားရတတ်တယ်။
ဒီလို လက္ခဏာတွေဆိုတာ လူတိုင်း ဘဝမှာ အနည်းနဲ့ အများဆိုသလို ဖြစ်ဖူးကြပါတယ်။ ဒါပေမယ့် ဘယ်လိုကုကု မသက်သာတဲ့အခါမှာ အမျိုးသမီးတွေ အနေနဲ့ သားဥအိမ်ကင်ဆာကို ထည့်သွင်းစဉ်းစားဖို့ လိုပါလိမ့်မယ်။ သားဥအိမ်ကို cell ၃ မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။ ပြင်းထန်မှုနဲ့ ရောဂါလက္ခဏာတွေက ဘယ် cell ပေါ်မှာ ဖြစ်တာလဲပေါ် မူတည်ပြီး ကွဲပြားပါတယ်။
သားဥအိမ်ကင်ဆာ ဖြစ်ပွားမှုဟာ ရာသီလာတာနဲ့လည်း ဆက်စပ်မှု အနည်းငယ် ရှိနေပါတယ်။ ရာသီများများလာတဲ့သူတွေ (ဥပမာ ရာသီသွေး စောပေါ်တဲ့သူ၊ နောက်ကျမှ သွေးဆုံးတဲ့သူနဲ့ ကလေးမမွေးဖူးတဲ့သူတွေမှာဆို) ပိုဖြစ်နိုင်ချေ များပါတယ်။ ကလေးရချင်လို့ဆိုပြီး သုံးတဲ့ ဥကြွေဆေးတချို့ကလည်း သားဥအိမ်ကင်ဆာ ဖြစ်ပွားမှုနှုန်းကို များစေနိုင်ပါတယ်။
ဒါ့အပြင် မျိုးရိုးဗီဇမှာ BRCA1 နဲ့ BRCA2 mutation ဖြစ်နေသူတွေအနေနဲ့လည်း ဖြစ်နိုင်ချေ ၁၅% လောက် မြင့်မားပါတယ်။ မိဘမျိုးရိုးမှာ သားဥအိမ်ကင်ဆာ ဖြစ်ဖူးတဲ့သူရှိရင်လည်း မိမိမှာ ဖြစ်နိုင်လို့ သတိထားဆင်ခြင်သင့်ပါတယ်။
ရင်သားကင်ဆာ သားအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာ ဖြစ်ဖူးထားရင်လည်း သားဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေတွေ ရှိလို့နေပါတယ်။ သားအိမ်နံရံထူတဲ့ အမျိုးသမီးတွေလည်း ဖြစ်နိုင်သလို ကိုယ်အလေးချိန်များရင်လည်း ဖြစ်နိုင်ချေ ပိုများပါတယ်။ တချို့တွေမှာကျ အကြောင်းအမျိုးမျိုးကြောင့် ဟော်မုန်းအစားထိုး ကုသမှုတွေ ခံယူနေတာ ရှိပါတယ်။ အဲလို ဟော်မုန်းအစားထိုးကုသမှုတွေကလည်း သားဥအိမ်ကင်ဆာ ဖြစ်ပွားမှု အန္တရာယ်ကို မြှင့်တက်စေပါတယ်။
သားဥအိမ်ကင်ဆာ ဟုတ်မဟုတ်ကိုတော့ သွေးစစ်ကြည့်တာ ၊ CT ရိုက်ကြည့်တာ ၊ အသားစ ယူကြည့်တာတွေကနေတဆင့် သိနိုင်ပါတယ်။ ကုသမှု အနေနဲ့ကတော့ ခွဲစိတ်ကုသတာ၊ ကင်ဆာဆေးသွင်း ကုသတာနဲ့ ဓာတ်ကင်တာတွေ ပြုလုပ်လို့ ရပါတယ်။ စောသိရလေလေ အရှင်းပျောက်ကင်းအောင် ကုသဖို့ လွယ်လေလေပါ။ ဒါပေမယ့် သားဥအိမ်ကင်ဆာတွေဟာ စဖြစ်ကာစမှာ သိတာ ၁၅% လောက်ပဲ ရှိပါတယ်။ များသောအားဖြင့် အဆင့်လွန်မှ သိကြတာမို့ သေဆုံးမှုနှုန်းဟာ တစ်ဝက်ကျော်လောက် ထိရှိနေပါတယ်။
ကာကွယ်ဖို့နည်းအနေနဲ့ကတော့ မိဘမျိုးရိုးမှာ ကင်ဆာဖြစ်ပြီး သားဥအိမ်ဖြစ်ပွားဖို့ အန္တရာယ်များသူဆို သွေးဆုံးခါနီးမှာ သားဥအိမ်နှစ်ခုလုံးကို ဖြတ်ထုတ်လိုက်တာတွေ လုပ်လို့ရပါတယ်။ သန္ဓေတားဆေးကို ၁၀ နှစ်နဲ့ အထက် သောက်တဲ့သူတွေမှာလည်း သားဥအိမ်ကင်ဆာ ဖြစ်ပွားတာ လျော့နည်းတာ တွေ့ရပါတယ်။ အဆုံးသတ်အနေနဲ့ မှာချင်တာကတော့ မိမိမှာ ဖြစ်ပွားနေတဲ့ လက္ခဏာတွေက ဆိုးဆိုးဝါးဝါး မဟုတ်လို့ ဆိုပြီး ပေါ့ဆမနေဘဲ ကျန်းမာရေးကို စစ်ဆေးသင့်ပါတယ်။ လေပွတာလေး အစာမကြေတာလေးတွေက အစ နောက်ကွယ်မှာ ရောဂါကြီး တစ်ခု ရှိနေတတ်လို့ပါ။ ဒါကြောင့် ဘယ်ရောဂါလက္ခဏာမဆို ဘယ်လိုကုကု အချိန်ကြာမြင့်စွာ မသက်သာဘဲ ရှိနေတယ်ဆိုရင်တော့ မပေါ့ဆကြဖို့ မှာကြားရင်း………..
Author : Dr. မေ