fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

အမျိုးသားတွေဖြစ်တဲ့ ဆီးကျိတ်ကင်ဆာ

70
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/04/2018
in ရောဂါကြီးများ, အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

သားအိမ္ေခါင္းကင္ဆာေတြ၊ သားအိမ္ထဲမွာ အလုံးေတြ ၊ ေရအိတ္ေရာဂါ အေၾကာင္းေတြ ေျပာတဲ့အခါမွာ အမ်ိဳးသားျဖစ္ရတာ ကံေကာင္းတယ္လို႔ ေတြးမိပါသလား။ အမ်ိဳးသားေတြမွာလည္း အမ်ိဳးသမီးေတြလိုပဲ အျဖစ္မ်ားတဲ့ ဒုကၡေပးလွတဲ့ ဆီးက်ိတ္ဆိုတာ ရွိေနပါတယ္။ အသက္ ၅၀ ေက်ာ္ အမ်ိဳးသား ေတာ္ေတာ္မ်ားမ်ားဟာ ဆီးက်ိတ္ႀကီးျခင္းေတြ ၊ ဆီးက်ိတ္ကင္ဆာေတြေၾကာင့္ ေရာဂါလကၡဏာေတြကို ခံစားေနၾကရပါတယ္။

ဆီးက်ိတ္ဆိုတာဟာ အမ်ိဳးသားေတြရဲ႕ မ်ိဳးပြားအဂၤါေတြထဲက တစ္ခုဆိုလည္း မမွားပါဘူး။ ဆီးအိမ္ရဲ႕ ေအာက္မွာတည္ရွိေနတာျဖစ္ၿပီး အေလးခ်ိန္အားျဖင့္ တစ္ေအာင္စေလာက္ ရွိပါတယ္။ ဆီးက်ိတ္ကေန အရည္တစ္ခု ထုတ္လုပ္ေပးၿပီး ေဝွးေစ့မွ သုက္ပိုးႏွင့္ တျခား အရည္မ်ား ေပါင္းစပ္ကာ သုက္ရည္ကိုျဖစ္ေစပါတယ္။ ဒါ့အျပင္ သုက္လႊတ္ရာမွာလည္း ဆီးက်ိတ္မွာ ရွိတဲ့ ႂကြက္သားေတြက ကူညီေပးပါတယ္။ ဆီးထိန္းတဲ့ေနရာမွာလည္း အနည္းအက်ဥ္း ကူညီေပးႏိုင္ပါေသးတယ္။

ဆီးက်ိတ္ကင္ဆာ ဘာေၾကာင့္ျဖစ္တာလဲဆိုတာကိုေတာ့ ခုထိေသခ်ာ မေျပာႏိုင္ေသးပါဖူး။ ဒါေပမယ့္ ဒီလိုအခ်က္ေတြကေတာ့ ဆီးက်ိတ္ကင္ဆာျဖစ္ပြားမႈ အႏၲရာယ္ကို ပိုမိုျမႇင့္မားေစႏိုင္ပါတယ္။
၁. အသက္အ႐ြယ္
အသက္အ႐ြယ္ႀကီးျခင္းဟာ ဆီးက်ိတ္ကင္ဆာကို ပိုျဖစ္ေစႏိုင္ပါတယ္။ အသက္ ၄၀ ေအာက္ အမ်ိဳးသားေတြမွာဆို ဆီးက်ိတ္ကင္ဆာျဖစ္ဖို႔ နည္းပါတယ္။
၂. မ်ိဳး႐ိုး
မိမိရဲ႕ အေဖ ဒါမွမဟုတ္ ဦးေလး ညီအစ္ကိုေတြမွာ ဆီးက်ိတ္ကင္ဆာ ျဖစ္ဖူးရင္ မိမိမွာလည္း ျဖစ္ဖို႔မ်ားပါတယ္။
၃. အစားအစာ
အနီရဲရဲ အသားေတြ အစားမ်ားတာ၊ အဆီအစိမ့္ေတြ အစားမ်ားတာကလည္း ဆီးက်ိတ္ကင္ဆာကို ပိုမိုျဖစ္ပြားေစပါတယ္။
၄. ကိုယ္အေလးခ်ိန္
အဝလြန္ျခင္းေတြဟာလည္း ဆီးက်ိတ္ကင္ဆာကို ပိုမိုျဖစ္ပြားေစႏိုင္တဲ့ အခ်က္ေတြထဲက တစ္ခုပါပဲ။ အရပ္ရွည္တဲ့သူေတြက ပုတဲ့သူေတြထက္ပိုၿပီး ဆီးက်ိတ္ကင္ဆာ ပိုျဖစ္တယ္လို႔လည္း တခ်ိဳ႕ေလ့လာဆန္းစစ္မႈေတြက ဆိုပါေသးတယ္။

ဆီးက်ိတ္ကင္ဆာျဖစ္ရင္ ဘယ္လိုေတြ ခံစားရႏိုင္လဲ။
-ဆီးသြားရခက္လာတတ္တယ္။ ( ဆီးစသြားဖို႔ အားယူရတာ၊ ေတာ္ေတာ္နဲ႔ စ မသြားတာေတြ ျဖစ္လာတယ္)
-ဆီးလုံး ေသးသြားတတ္တယ္
-ဆီးခဏခဏ သြားတတ္တယ္
-ဆီးသြားၿပီးရင္လည္း တစ္စက္တစ္စက္နဲ႔ က်ေနတတ္တယ္
-ဆီးက်န္ေနသလို ခံစားေနရတတ္တယ္
-အမ်ိဳးသားစြမ္းရည္ ေလ်ာ့ဆင္းသြားတတ္တယ္ (ပန္းေသ ပန္းညႇိးတာမ်ိဳးေတြ ျဖစ္တတ္တယ္)
-ဆီးထဲမွာ ေသြးပါတတ္တယ္
-ဆီးသြားခ်င္ရင္ ထိန္းလို႔ မရျဖစ္တတ္တယ္
-ညဖက္ ေကာင္းေကာင္းအိပ္လို႔မရဘဲ ဆီးခဏခဏ ထသြားရတာမ်ိဳးေတြ ျဖစ္လာမယ္
-အ႐ိုးေတြ နာက်င္တာ ၊ ခါးေတြနာတာေတြ ျဖစ္တတ္တယ္
-ဆီးစပ္ေတြ နာတာ၊ တင္းတာေတြ ျဖစ္ႏိုင္တယ္။

ဆီးက်ိတ္ကင္ဆာဟာ တျခားကင္ဆာေတြလိုပဲ အဆင့္ေတြ ရွိပါတယ္။ ေစာစီးစြာ သိျခင္းျဖင့္ ေပ်ာက္ကင္းေအာင္ ကုသႏိုင္ပါတယ္။ တကယ္လို႔ ေစာေစာမသိလိုက္ဘူးဆိုရင္ အ႐ိုးကို ျပန႔္သြားတာ ၊ ဆီးအိမ္ကို ျပန႔္သြားတာေတြ ျပန္ရည္ေက်ာကို ျပန႔္သြားတာေတြ ျဖစ္ႏိုင္ပါတယ္။ ဒီလိုအဆင့္ဆိုရင္ေတာ့ ကုသဖို႔လည္း ပိုခက္သြားသလို နာက်င္မႈေတြလည္း ပိုမိုခံစားရႏိုင္ပါတယ္။

ဆီးက်ိတ္ကင္ဆာကို ေစာသိရေလေအာင္ တတ္ကြၽမ္းတဲ့ ဆရာဝန္ေတြနဲ႔ စအိုတြင္း လက္ႏႈိက္စမ္းသပ္တာေတြ လုပ္လို႔ရပါတယ္။ ေသြးစစ္တာ၊ တီဘီဓာတ္မွန္ (အာထရာေစာင္း) ႐ိုက္တာေတြ လုပ္လို႔ရပါတယ္။ အသားစယူတာေတြတာေတြ CT ႐ိုက္တာေတြလည္း လုပ္လို႔ရပါတယ္။

ကုသမႈကေတာ့ ျဖစ္တဲ့အဆင့္ေပၚ မူတည္ပါတယ္။ ဆီးက်ိတ္ကင္ဆာကို ကာကြယ္လိုလွ်င္ လတ္ဆတ္တဲ့ အသီးအႏွံေတြ ဟင္းသီးဟင္း႐ြက္ေတြ မ်ားမ်ားစားပါ။ ကိုယ္အေလးခ်ိန္ထိန္းပါ။ ေလ့က်င့္ခန္း တစ္ခုခု လုပ္ေပးပါ။ မိမိမွာ ေရာဂါျဖစ္ပြားႏိုင္တဲ့ လကၡဏာ တစ္စုံတစ္ခု (ဥပမာ မ်ိဳး႐ိုးရွိတာမ်ိဳး) ရွိရင္ေတာ့ ပုံမွန္ စစ္ေဆးမႈေတြ ျပဳလုပ္သင့္ပါတယ္။

Author : Dr. ေမ

(Unicode)

သားအိမ်ခေါင်းကင်ဆာတွေ၊ သားအိမ်ထဲမှာ အလုံးတွေ ၊ ရေအိတ်ရောဂါ အကြောင်းတွေ ပြောတဲ့အခါမှာ အမျိုးသားဖြစ်ရတာ ကံကောင်းတယ်လို့ တွေးမိပါသလား။ အမျိုးသားတွေမှာလည်း အမျိုးသမီးတွေလိုပဲ အဖြစ်များတဲ့ ဒုက္ခပေးလှတဲ့ ဆီးကျိတ်ဆိုတာ ရှိနေပါတယ်။ အသက် ၅၀ ကျော် အမျိုးသား တော်တော်များများဟာ ဆီးကျိတ်ကြီးခြင်းတွေ ၊ ဆီးကျိတ်ကင်ဆာတွေကြောင့် ရောဂါလက္ခဏာတွေကို ခံစားနေကြရပါတယ်။

ဆီးကျိတ်ဆိုတာဟာ အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ ဆီးအိမ်ရဲ့ အောက်မှာတည်ရှိနေတာဖြစ်ပြီး အလေးချိန်အားဖြင့် တစ်အောင်စလောက် ရှိပါတယ်။ ဆီးကျိတ်ကနေ အရည်တစ်ခု ထုတ်လုပ်ပေးပြီး ဝှေးစေ့မှ သုက်ပိုးနှင့် တခြား အရည်များ ပေါင်းစပ်ကာ သုက်ရည်ကိုဖြစ်စေပါတယ်။ ဒါ့အပြင် သုက်လွှတ်ရာမှာလည်း ဆီးကျိတ်မှာ ရှိတဲ့ ကြွက်သားတွေက ကူညီပေးပါတယ်။ ဆီးထိန်းတဲ့နေရာမှာလည်း အနည်းအကျဉ်း ကူညီပေးနိုင်ပါသေးတယ်။

ဆီးကျိတ်ကင်ဆာ ဘာကြောင့်ဖြစ်တာလဲဆိုတာကိုတော့ ခုထိသေချာ မပြောနိုင်သေးပါဖူး။ ဒါပေမယ့် ဒီလိုအချက်တွေကတော့ ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို ပိုမိုမြှင့်မားစေနိုင်ပါတယ်။
၁. အသက်အရွယ်
အသက်အရွယ်ကြီးခြင်းဟာ ဆီးကျိတ်ကင်ဆာကို ပိုဖြစ်စေနိုင်ပါတယ်။ အသက် ၄၀ အောက် အမျိုးသားတွေမှာဆို ဆီးကျိတ်ကင်ဆာဖြစ်ဖို့ နည်းပါတယ်။
၂. မျိုးရိုး
မိမိရဲ့ အဖေ ဒါမှမဟုတ် ဦးလေး ညီအစ်ကိုတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်ဖူးရင် မိမိမှာလည်း ဖြစ်ဖို့များပါတယ်။
၃. အစားအစာ
အနီရဲရဲ အသားတွေ အစားများတာ၊ အဆီအစိမ့်တွေ အစားများတာကလည်း ဆီးကျိတ်ကင်ဆာကို ပိုမိုဖြစ်ပွားစေပါတယ်။
၄. ကိုယ်အလေးချိန်
အဝလွန်ခြင်းတွေဟာလည်း ဆီးကျိတ်ကင်ဆာကို ပိုမိုဖြစ်ပွားစေနိုင်တဲ့ အချက်တွေထဲက တစ်ခုပါပဲ။ အရပ်ရှည်တဲ့သူတွေက ပုတဲ့သူတွေထက်ပိုပြီး ဆီးကျိတ်ကင်ဆာ ပိုဖြစ်တယ်လို့လည်း တချို့လေ့လာဆန်းစစ်မှုတွေက ဆိုပါသေးတယ်။

ဆီးကျိတ်ကင်ဆာဖြစ်ရင် ဘယ်လိုတွေ ခံစားရနိုင်လဲ။
-ဆီးသွားရခက်လာတတ်တယ်။ ( ဆီးစသွားဖို့ အားယူရတာ၊ တော်တော်နဲ့ စ မသွားတာတွေ ဖြစ်လာတယ်)
-ဆီးလုံး သေးသွားတတ်တယ်
-ဆီးခဏခဏ သွားတတ်တယ်
-ဆီးသွားပြီးရင်လည်း တစ်စက်တစ်စက်နဲ့ ကျနေတတ်တယ်
-ဆီးကျန်နေသလို ခံစားနေရတတ်တယ်
-အမျိုးသားစွမ်းရည် လျော့ဆင်းသွားတတ်တယ် (ပန်းသေ ပန်းညှိးတာမျိုးတွေ ဖြစ်တတ်တယ်)
-ဆီးထဲမှာ သွေးပါတတ်တယ်
-ဆီးသွားချင်ရင် ထိန်းလို့ မရဖြစ်တတ်တယ်
-ညဖက် ကောင်းကောင်းအိပ်လို့မရဘဲ ဆီးခဏခဏ ထသွားရတာမျိုးတွေ ဖြစ်လာမယ်
-အရိုးတွေ နာကျင်တာ ၊ ခါးတွေနာတာတွေ ဖြစ်တတ်တယ်
-ဆီးစပ်တွေ နာတာ၊ တင်းတာတွေ ဖြစ်နိုင်တယ်။

ဆီးကျိတ်ကင်ဆာဟာ တခြားကင်ဆာတွေလိုပဲ အဆင့်တွေ ရှိပါတယ်။ စောစီးစွာ သိခြင်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ တကယ်လို့ စောစောမသိလိုက်ဘူးဆိုရင် အရိုးကို ပြန့်သွားတာ ၊ ဆီးအိမ်ကို ပြန့်သွားတာတွေ ပြန်ရည်ကျောကို ပြန့်သွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုအဆင့်ဆိုရင်တော့ ကုသဖို့လည်း ပိုခက်သွားသလို နာကျင်မှုတွေလည်း ပိုမိုခံစားရနိုင်ပါတယ်။

ဆီးကျိတ်ကင်ဆာကို စောသိရလေအောင် တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ စအိုတွင်း လက်နှိုက်စမ်းသပ်တာတွေ လုပ်လို့ရပါတယ်။ သွေးစစ်တာ၊ တီဘီဓာတ်မှန် (အာထရာစောင်း) ရိုက်တာတွေ လုပ်လို့ရပါတယ်။ အသားစယူတာတွေတာတွေ CT ရိုက်တာတွေလည်း လုပ်လို့ရပါတယ်။

ကုသမှုကတော့ ဖြစ်တဲ့အဆင့်ပေါ် မူတည်ပါတယ်။ ဆီးကျိတ်ကင်ဆာကို ကာကွယ်လိုလျှင် လတ်ဆတ်တဲ့ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ ကိုယ်အလေးချိန်ထိန်းပါ။ လေ့ကျင့်ခန်း တစ်ခုခု လုပ်ပေးပါ။ မိမိမှာ ရောဂါဖြစ်ပွားနိုင်တဲ့ လက္ခဏာ တစ်စုံတစ်ခု (ဥပမာ မျိုးရိုးရှိတာမျိုး) ရှိရင်တော့ ပုံမှန် စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။

Author : Dr. မေ

Previous Post

သားဥအိမ်ကင်ဆာဆိုတာ

Next Post

သည်းခြေကျောက် ရှိတဲ့သူတွေ ဘာစားရမလဲ၊ ဘာရှောင်ရမလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သည်းခြေကျောက် ရှိတဲ့သူတွေ ဘာစားရမလဲ၊ ဘာရှောင်ရမလဲ?

စိတ်ထားနုနယ်တဲ့ ကလေးတွေကို ဆူမှာလား

လိင်ဆန္ဒနှင့် ဆိုးကျိုးဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.