fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး
ဘယ်သူ့ကြောင့် ကလေးမရတာလဲ ?
26
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/04/2018
in အမျိုးသားကျန်းမာရေး
1 min read
A A
(Zawgyi)
Author – Dr. CST
(Unicode)
အိမ်ထောင်ပြုတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာကြလို့ပါ။ တစ်အိုးတစ်အိမ်နဲ့ မိသားစု သိုက်သိုက်ဝန်းဝန်း ဖြစ်ချင်ကြလို့ပါ။ အိမ်ထောင်သည်ဖြစ်လာရင် ချက်ချင်းမဟုတ်တောင် တစ်ချိန်ချိန်တော့ သားသမီးလိုချင်လာတတ်ကြပါတယ်။ လိုချင်တဲ့အခါ ကလေးမရရင်စိတ်ဆင်းရဲတတ်ကြတယ်။ ငါ့အပြစ်လား၊ သူ့အပြစ်လားတွေးတတ်ကြတယ်။ ဘာကြောင့်ကလေးမ ရကြတာလဲ။
ကလေးမရဘူးဆိုတဲ့နေရာမှာ တားနည်းတစ်စုံတစ်ရာမှမသုံးဘဲ တစ်နှစ်ကျော်လောက်ပုံမှန်လိင်ဆက်ဆံနေကြ ပါလျက်နဲ့ က လေးမရတဲ့အခါမှဆိုလိုတာပါ။ တစ်ခါမှမရဘူးတာလား။ ပထမကလေးရပြီးမှ ထပ်မရတော့တာ လား လည်းရှိတတ်ကြပါတယ်။
နှစ်ယောက်လုံးနဲ့ဆိုင်တဲ့အချက်တွေကတော့ အတူနေတဲ့အခါအဆင်မပြေခြင်းတွေ၊ အတူနေတဲ့ရက် အပိုင်းအခြားနဲ့အတူနေပြီး ရေဆေးမိခြင်းတွေနဲ့လည်း ဆိုင်တတ်တယ်။ နှစ်ယောက်စလုံးမှာ စိတ်ဖိစီးမှုတွေများနေရင် လည်းဖြစ်နိုင်တယ်။
အမျိုးသားကြောင့်ဖြစ်နိုင်တဲ့အချက်တွေက သုက်လွှတ်မြန်နေခြင်း၊ သုက်လွှတ်ပေမယ့်နောက်ပြန်စီးနေခြင်း၊ သုက်ပိုးလုံးဝမပါ ခြင်း၊ သုက်ပိုးမပြည့်မီခြင်း၊ မွေးရာပါဝှေးစေ့မပါခြင်း၊ သေးခြင်း၊ ပိုးဝင်ဖူးခြင်း၊ ထိခိုက်ဒဏ်ရာရ ဖူးခြင်း၊ ခွဲစိပ်ဖူးခြင်း၊ ဓာတ်ရောင် ခြည်ခံဖူးခြင်း၊ ဂနိုရောဂါနဲ့ TB ရောဂါများ၊ တချို့သောဆေးတွေစွဲသောက်နေရ ခြင်းတွေကြောင့် ဖြစ်နိုင်တယ်။
အမျိုးသမီးတွေကြောင့် ဖြစ်နိုင်တဲ့အချက်တွေက သားဥမကြွေခြင်း၊ သားဥအိမ်နဲ့ဆိုင်တဲ့ရောဂါများ၊ သားဥပြွန် ပိတ်နေခြင်း၊ မွေး ရာပါသားအိမ်မပါခြင်း၊ သားအိမ်တွင်အလုံးရှိနေခြင်း၊ သားအိမ်တွင်ခေါင်းချွဲမြှေးမရှိခြင်း၊ ပြစ်လွန်းခြင်း၊ မိန်းမကိုယ်လမ်း ကြောင်းပိတ်ခြင်း စတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ အရင်ကခွဲစိပ်ဖူးတာတွေရှိခဲ့ရင် လည်း အတွင်းကအင်္ဂါအစိတ်အပိုင်းတွေ တစ်ခုနဲ့တစ်ခုကပ်နေတတ်တယ်။ အဲလိုအခါတွေမှာလည်း ကလေးရဖို့ နှောင့်နှေးတတ်တယ်။ တချို့တွေကြတော့ ဟော်မုန်းဆိုင် ရာရောဂါတွေကြောင့် ဖြစ်နိုင်တယ်။
ကလေးမရနိုင်လို့စစ်ဆေးရင် အမျိုးသားရောအမျိုးသမီးရောစစ်ဆေးရတယ်။ နှစ်ယောက်စလုံးမှာ သွေးစစ်၊ ဆီးစစ်၊ ဓာတ်မှန် ရိုက်၊ ultrasound ရိုက်ဖို့လိုတယ်။ ဟော်မုန်းတွေလည်းစစ်ဖို့လိုရင် စစ်ရမယ်။ အမျိုးသားတွေ သုက်ပိုးစစ်ဖို့လိုတယ်။ အမျိုးသမီး တွေ သားဥကြွေမကြွေ၊ သားဥပြွန်ပိတ်မပိတ်စစ်ရတယ်။ နှစ်ယောက်လုံးလို အပ်ရင်အသားစတွေ စစ်ဖို့အထိလုပ်ရတတ်တယ်။
ကလေးမရတဲ့အကြောင်းကိုရှာပြီးမှ ရနိုင်လား၊ မရနိုင်ဘူးလား သိရမှာပါ။ တချို့ကကုလို့ရတယ်။ ကလေးပြန်ရနိုင်တယ်။ တချို့ ကျတော့လည်း မရနိုင်တော့ဘူး။ ကလေးမရသေးတဲ့ အိမ်ထောင်သည်တွေက သားဖွားမီးယပ် အထူးကုတွေနဲ့တိုင်ပင်ပြီး စစ်ဆေးဖို့လိုပါတယ်။ လိုအပ်လာရင်အထူးကု သမားတော်တွေနဲ့ပါ တိုင်ပင်ရပါမယ်။
Author – Dr. CST
Previous Post
အမျိုးသမီးများအတွက် ဒွိဟများတက်သော ရာသီပေါ်ခြင်း
Next Post
ပျိုမေတို့ရယ် ခေါင်းတစ်ခြမ်းကိုက်တတ်တယ်
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Do men want to take nutritional supplements?
အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?
1 year ago
1.4k
The second most common cancer in men
အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ
1 year ago
771
About common diseases of men over 50
အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း
2 years ago
1.1k
Is prostate disease hereditary?
ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?
2 years ago
637
အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့
2 years ago
1k
ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?
2 years ago
1.1k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ပျိုမေတို့ရယ် ခေါင်းတစ်ခြမ်းကိုက်တတ်တယ်
G6PD-Deficiency ရောဂါ
အပေါ်ရှေ့သွား ၂ချောင်းကြားမှာ နည်းနည်းကျဲရင်
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.