Probiotics က ေကာင္းလား၊ မေကာင္းဘူးလား ????
အခုရက္ပိုင္း ေၾကညာေတြ မွာ probiotics အေၾကာင္းေတြ ေျပာၿပီးေၾကညာလာၾကေတာ့ လူေတာ္ေတာ္မ်ားမ်ား ကေတာ့ probiotics ေကာင္းမွန္းေတာ့ သတိထားလာမိၾကပါတယ္။ ဒါေပမယ့္ ဘယ္လို ဘယ္ပံု က်န္းမာေရး အတြက္ အက်ိဳးရွိႏိုင္သလဲ ဆိုတာကို အေသးစိတ္ ေဖာ္ျပေပးခ်င္ပါတယ္။
Probiotics ဆိုတာဘာလဲ????
တကယ္ေတာ့ probiotics ဆိုတာ အသက္ရွိေသးတဲ့ ဘတ္တီးရီယား ေတြပါပဲ။ ဘတ္တီးရီးယားလို႔ေျပာေတာ့ ကြ်န္ေတာ္တို႔ စိတ္ထဲ ဝင္လာတာ ကေတာ့ လူကို ဒုကၡေပးေစတတ္တယ္ ဆိုတာပါပဲ။ တကယ္ေတာ့ ကြ်န္ေတာ္တို႔ ခႏၶာကိုယ္ မွာ မျမင္ရတဲ့ ပိုးမႊား သန္းေပါင္း မ်ားစြာရွိေနပါတယ္။ အကုန္လံုးက ဒုကၡမျဖစ္ေစပါဘူး။ တခ်ိဳ႕ က ဒုကၡေပးတာ ရွိသလို၊ တခ်ိဳ႕ၾကျပန္ေတာ့လည္း လူ႔ ခႏၶာကိုယ္ ကို ေကာင္းက်ိဳးေပးႏိုင္ပါတယ္။ probiotics ဆိုတာ ေကာင္းက်ိဳးေပးတဲ့ bacteria ႏွင့္ yeast တို႔ပဲ ျဖစ္ပါတယ္။ အထူး သျဖင့္ ကြ်န္ေတာ္ တို႔ အူလမ္းေၾကာင္း တေလွ်ာက္မွာ ပိုးမႊားမ်ိဳးစံု က ေနရာ အျပည့္ ယူထားၾကပါတယ္။ ေကာင္းတဲ့ ဘတ္တီးရီးယားေတြ ပါသလို၊ မေကာင္းတဲ့ လူကို ဒုကၡေပးႏိုင္တဲ့ ပိုးမြားေတြ ကလည္း ေနရာ ယူထားၾကပါတယ္။
အလြယ္ေျပာရရင္ ကြ်န္ေတာ္တို႔ ဝမ္းဗိုက္ သက္ေတာင့္ သက္သာ ျဖစ္ ေစဖို႔ အတြက္ က ေကာင္းတဲ့ ဘတ္တီးရီးယား ေတြ ေနရာပို ယူထားေပးဖို႔ လိုပါတယ္။
ဥပမာ – ကြ်န္ေတာ္တို႔ ေနထိုင္မေကာင္း လို႔ပဲ ျဖစ္ျဖစ္၊ ေခ်ာင္းဆိုး လို႔ပဲ ျဖစ္ျဖစ္ ပိုးသတ္ေဆး Antibiotics ေတြ ေသာက္လိုက္ေတာ့ မေကာင္းတဲ့ ပိုးမႊားေတြ ႏွင့္ အတူ probiotics ေတြပါ ေရာၿပီး ေသသြားတတ္ပါတယ္။ ေနာက္ဆက္တြဲ ဘာျဖစ္တတ္လဲ ဆိုေတာ့ တခ်ိဳ႕ေသာ ပိုးသတ္ေဆးေတြ ေသာက္ရင္ ဝမ္းေလွ်ာတတ္ပါတယ္။ ဝမ္းေလွ်ာတတ္တယ္ ဆိုၿပီး ဒီပိုးသတ္ေဆးေတြ မေသာက္ လို႔ကလည္း မျဖစ္၊ ေသာက္ေတာ့ ေသာက္ရမွာပါပဲ၊ ဒါေပမယ့္ ဘာလုပ္သင့္လဲ ဆိုေတာ့ ပိုးသတ္ေဆး ေသာက္ေနတဲ့ ကာလ အတြင္းမွာ သန္႔ရွင္းတဲ့ ဒိန္ခ်ဥ္တခြက္ေလာက္ ျပန္ေသာက္ ေပးလိုက္တာ ပာာ ဆံုးရွံဳးသြားတဲ့ probiotics ေတြ ကို ျပန္လည္ ျဖည့္တင္းေပးပါတယ္။ တခ်ိဳ႕ က လန႔ၾကပါတယ္။ ဝမ္းေလွ်ာေနတာ ဒိန္ခ်ဥ္ေကြ်းရင္ ပိုဝမ္းေလွ်ာ ကုန္မွာေပါ့ဆိုၿပီး။ တကယ္ေတာ့ သန္႔ရွင္း လတ္ဆက္တဲ့ ဒိန္ခ်ဥ္ ကေတာ့ ဝမ္းေလွ်ာတာ ကို သက္သာေစႏိုင္ပါတယ္။
ဘယ္လို ေရာဂါ ေတြ၊ ဘယ္လို အေျခအေန ေတြ မွာ probiotics ပါတဲ့ အစားအစာ ေတြ ပိုစားသင့္သလဲ????
1. Irritable Bowel Syndrome (ခဏခဏ ဝမ္းသြားျခင္း)
2. Inflammatory Bowel Disease (အူလမ္းေၾကာင္း ေယာင္ျခင္း)
3. ဘတ္တီးရီးယား၊ ဗိုင္းရပ္စ္၊ သံေကာင္၊ တုတ္ေကာင္ ေၾကာင့္ ျဖစ္တတ္တဲ့ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါ
4. ပိုးသတ္ေဆး ေၾကာင့္ ျဖစ္တဲ့ ဝမ္းေလွ်ာျခင္း စတဲ့ အေျခ အေနမွာ probiotics ႂကြယ္ဝဂတဲ့ အစားအစာ ေတြ ပိုစားေပးဖို႔ လိုအပ္ပါတယ္။
အခုေနာက္ပိုင္း ေလ့လာခ်က္ အခ်ိဳ႕ မွာေတာ့ probiotics ေတြ ပာာ
1. အေရျပားေရာဂါ (Eczema)
2. မိန္းမကိုယ္ ႏွင့္ ဆီးလမ္းေၾကာင္း က်န္းမာေရး
3. တခ်ိဳ႕ေသာ ဓါတ္မတည့္တာ၊ ႏွာေစးေခ်ာင္းဆို ျဖစ္တာ
4. ခံတြင္း က်န္းမာေရး ေတြ အတြက္ လည္း ေကာင္းမြန္တယ္ လို႔ ေျပာလာၾကပါတယ္။
Probiotics ႂကြယ္ဝတဲ့ အစားအစာ မ်ား
1. ဒိန္ခ်ဥ္
2. အခ်ဥ္ေဖာက္ထားေသာ ေဂၚဖီထုပ္
3. မီဆို ပာင္းခ်ိဳ
4. Cheese
5. Yeast bread
6. Probiotics ထပ္ထည့္ထားေသာ ႏို႔
7. သန္႔ရွင္းေသာ လက္လုပ္ခ်ဥ္ အခ်ိဳ႕
8. ပ်ားရည္ စတာေတြ ျဖစ္ပါတယ္။
က်န္းမာေရး အတြက္ေကာင္းတယ္ ဆိုၿပီး အမ်ားႀကီး စားသင့္သလား????
အခု ကြ်န္ေတာ္ေျပာထားတာ ေတြ ကေတာ့ ေကာင္းက်ိဳးေတြ ခ်ည္းပါပဲ။ ဒါေပမယ့္ တခ်ိဳ႕ တခ်ိဳ႕ေသာ သူေတြ မွာ ဆိုရင္ probiotics နဲ႔ မတည့္တာေတြ ရွိတတ္ပါတယ္။ ဥပမာ- ဗိုက္ေအာင့္ ျခင္း၊ ေလပြျခင္း စတာေတြ ျဖစ္တတ္ပါတယ္။ အဲ့လို ျဖစ္ရင္ေတာ့ သက္ဆိုင္ရာ ဆရာဝန္ ႏွင့္ ျပၿပီး ဘယ္လိုမ်ိဳး စားေသာက္ရမလဲ ကို အေသးစိတ္ တိုင္ပင္သင့္ပါတယ္။
ေလးစားစြာျဖင့္
ေဒါက္တာ ညီညီေက်ာ္
(Unicode)
Probiotics က ကောင်းလား၊ မကောင်းဘူးလား ????
အခုရက်ပိုင်း ကြေညာတွေ မှာ probiotics အကြောင်းတွေ ပြောပြီးကြေညာလာကြတော့ လူတော်တော်များများ ကတော့ probiotics ကောင်းမှန်းတော့ သတိထားလာမိကြပါတယ်။ ဒါပေမယ့် ဘယ်လို ဘယ်ပုံ ကျန်းမာရေး အတွက် အကျိုးရှိနိုင်သလဲ ဆိုတာကို အသေးစိတ် ဖော်ပြပေးချင်ပါတယ်။
Probiotics ဆိုတာဘာလဲ????
တကယ်တော့ probiotics ဆိုတာ အသက်ရှိသေးတဲ့ ဘတ်တီးရီယား တွေပါပဲ။ ဘတ်တီးရီးယားလို့ပြောတော့ ကျွန်တော်တို့ စိတ်ထဲ ဝင်လာတာ ကတော့ လူကို ဒုက္ခပေးစေတတ်တယ် ဆိုတာပါပဲ။ တကယ်တော့ ကျွန်တော်တို့ ခန္ဓာကိုယ် မှာ မမြင်ရတဲ့ ပိုးမွှား သန်းပေါင်း များစွာရှိနေပါတယ်။ အကုန်လုံးက ဒုက္ခမဖြစ်စေပါဘူး။ တချို့ က ဒုက္ခပေးတာ ရှိသလို၊ တချို့ကြပြန်တော့လည်း လူ့ ခန္ဓာကိုယ် ကို ကောင်းကျိုးပေးနိုင်ပါတယ်။ probiotics ဆိုတာ ကောင်းကျိုးပေးတဲ့ bacteria နှင့် yeast တို့ပဲ ဖြစ်ပါတယ်။ အထူး သဖြင့် ကျွန်တော် တို့ အူလမ်းကြောင်း တလျှောက်မှာ ပိုးမွှားမျိုးစုံ က နေရာ အပြည့် ယူထားကြပါတယ်။ ကောင်းတဲ့ ဘတ်တီးရီးယားတွေ ပါသလို၊ မကောင်းတဲ့ လူကို ဒုက္ခပေးနိုင်တဲ့ ပိုးမွားတွေ ကလည်း နေရာ ယူထားကြပါတယ်။
အလွယ်ပြောရရင် ကျွန်တော်တို့ ဝမ်းဗိုက် သက်တောင့် သက်သာ ဖြစ် စေဖို့ အတွက် က ကောင်းတဲ့ ဘတ်တီးရီးယား တွေ နေရာပို ယူထားပေးဖို့ လိုပါတယ်။
ဥပမာ – ကျွန်တော်တို့ နေထိုင်မကောင်း လို့ပဲ ဖြစ်ဖြစ်၊ ချောင်းဆိုး လို့ပဲ ဖြစ်ဖြစ် ပိုးသတ်ဆေး Antibiotics တွေ သောက်လိုက်တော့ မကောင်းတဲ့ ပိုးမွှားတွေ နှင့် အတူ probiotics တွေပါ ရောပြီး သေသွားတတ်ပါတယ်။ နောက်ဆက်တွဲ ဘာဖြစ်တတ်လဲ ဆိုတော့ တချို့သော ပိုးသတ်ဆေးတွေ သောက်ရင် ဝမ်းလျှောတတ်ပါတယ်။ ဝမ်းလျှောတတ်တယ် ဆိုပြီး ဒီပိုးသတ်ဆေးတွေ မသောက် လို့ကလည်း မဖြစ်၊ သောက်တော့ သောက်ရမှာပါပဲ၊ ဒါပေမယ့် ဘာလုပ်သင့်လဲ ဆိုတော့ ပိုးသတ်ဆေး သောက်နေတဲ့ ကာလ အတွင်းမှာ သန့်ရှင်းတဲ့ ဒိန်ချဉ်တခွက်လောက် ပြန်သောက် ပေးလိုက်တာ ပာာ ဆုံးရှုံးသွားတဲ့ probiotics တွေ ကို ပြန်လည် ဖြည့်တင်းပေးပါတယ်။ တချို့ က လန့ကြပါတယ်။ ဝမ်းလျှောနေတာ ဒိန်ချဉ်ကျွေးရင် ပိုဝမ်းလျှော ကုန်မှာပေါ့ဆိုပြီး။ တကယ်တော့ သန့်ရှင်း လတ်ဆက်တဲ့ ဒိန်ချဉ် ကတော့ ဝမ်းလျှောတာ ကို သက်သာစေနိုင်ပါတယ်။
ဘယ်လို ရောဂါ တွေ၊ ဘယ်လို အခြေအနေ တွေ မှာ probiotics ပါတဲ့ အစားအစာ တွေ ပိုစားသင့်သလဲ????
1. Irritable Bowel Syndrome (ခဏခဏ ဝမ်းသွားခြင်း)
2. Inflammatory Bowel Disease (အူလမ်းကြောင်း ယောင်ခြင်း)
3. ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်၊ သံကောင်၊ တုတ်ကောင် ကြောင့် ဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ
4. ပိုးသတ်ဆေး ကြောင့် ဖြစ်တဲ့ ဝမ်းလျှောခြင်း စတဲ့ အခြေ အနေမှာ probiotics ကြွယ်ဝဂတဲ့ အစားအစာ တွေ ပိုစားပေးဖို့ လိုအပ်ပါတယ်။
အခုနောက်ပိုင်း လေ့လာချက် အချို့ မှာတော့ probiotics တွေ ပာာ
1. အရေပြားရောဂါ (Eczema)
2. မိန်းမကိုယ် နှင့် ဆီးလမ်းကြောင်း ကျန်းမာရေး
3. တချို့သော ဓါတ်မတည့်တာ၊ နှာစေးချောင်းဆို ဖြစ်တာ
4. ခံတွင်း ကျန်းမာရေး တွေ အတွက် လည်း ကောင်းမွန်တယ် လို့ ပြောလာကြပါတယ်။
Probiotics ကြွယ်ဝတဲ့ အစားအစာ များ
1. ဒိန်ချဉ်
2. အချဉ်ဖောက်ထားသော ဂေါ်ဖီထုပ်
3. မီဆို ပာင်းချို
4. Cheese
5. Yeast bread
6. Probiotics ထပ်ထည့်ထားသော နို့
7. သန့်ရှင်းသော လက်လုပ်ချဉ် အချို့
8. ပျားရည် စတာတွေ ဖြစ်ပါတယ်။
ကျန်းမာရေး အတွက်ကောင်းတယ် ဆိုပြီး အများကြီး စားသင့်သလား????
အခု ကျွန်တော်ပြောထားတာ တွေ ကတော့ ကောင်းကျိုးတွေ ချည်းပါပဲ။ ဒါပေမယ့် တချို့ တချို့သော သူတွေ မှာ ဆိုရင် probiotics နဲ့ မတည့်တာတွေ ရှိတတ်ပါတယ်။ ဥပမာ- ဗိုက်အောင့် ခြင်း၊ လေပွခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အဲ့လို ဖြစ်ရင်တော့ သက်ဆိုင်ရာ ဆရာဝန် နှင့် ပြပြီး ဘယ်လိုမျိုး စားသောက်ရမလဲ ကို အသေးစိတ် တိုင်ပင်သင့်ပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်