Ondr မွာ အခုတေလာအေမးမ်ားတဲ့ ေမးခြန္းကေတာ့မီးခိုးေတြ႐ူမိရင္ ဘာေရာဂါေတြျဖစ္မလဲ ဆိုေသာေမးခြန္းမ်ားပင္ျဖစ္ပါတယ္။တနည္းအားျဖင့္ ပတ္ဝန္းက်င္ ေလထုညစ္ညမ္းလွ်င္ က်န္းမာေရးဆိုးက်ိဳးမ်ားကို သိခ်င္ေနၾကပါလိမ့္မယ္။
ေလထုညစ္ညမ္းမူအက်ိဳးဆက္အေနျဖင့္က်န္းမာေရးၿခိမ္းေျခာက္မူျပႆနာမ်ားကေတာ့ တကမာၻလုံးရင္ဆိုင္ေနၾကရပါတယ္။လူရဲ႕က်န္းမာေရးေကာင္းမြန္ရန္တြက္ သန႔္စင္ေသာေလထု႐ူ႐ိူက္မူသည္ အဓိကေသာ့ခ်က္တစ္ခုပင္ျဖစ္ပါတယ္။
ေလထုညစ္ညမ္းမူျဖစ္ေစႏိုင္ေသာအေၾကာင္းရင္းမ်ားမွာ
- သယ္ယူပို႔ေဆာင္ယာဥ္မ်ားမွထြက္ေသာမီးခိုးမ်ား
- ေလာင္စာဆီေလာင္ကြၽမ္းမူမ်ား
- စက္႐ုံမ်ားမွထြက္ေသာမီးခိုးမ်ား
- မီးေလာင္ကြၽမ္းမူမွထြက္ေသာမီးခိုးမ်ား
- ေဆးလိပ္ေသာက္သုံးျခင္းစသည္တို႔ေၾကာင့္ျဖစ္ႏိုင္ပါတယ္။
အဆိုပါမီးခိုးမ်ား၊ဂတ္စ္မ်ားတြင္ က်န္းမာေရးကိုထိခိုက္ေစႏိုင္ေသာ အဆိပ္အေတာက္ျဖစ္ေစႏိုင္ေသာပစၥည္းမ်ားပါဝင္ပါတယ္။O3၊SO2၊NO2၊BaP၊suspended particulate matter စသည္တို႔ပါဝင္ပါတယ္။ေလထုညစ္ညမ္းမူျဖစ္ေစေသာအရာေပၚမူတည္ရ်္ စိတ္ပိုင္းဆိုင္ရာျပႆနာမ်ား၊႐ုပ္ပိုင္းဆိုင္ရာေရာဂါမ်ား စသည္ျဖင့္ဆိုး႐ြားစြာခံစားရရွိႏိုင္ပါတယ္။ၿမိဳ႕ေနလူတန္းစာမ်ားသည္ေက်းလက္ေနလူတန္းစာမ်ားထက္ ေလထုညစ္ညမ္းမူဒဏ္ပိုမိုခံစားရႏိုင္ပါတယ္။
ေလထုထဲရွိညစ္ညမ္းပစၥည္းမ်ားသည္အသက္႐ူလမ္းေၾကာင္းမွတဆင့္ အဆုတ္ထဲသို႔ဝင္ေရာက္ကာထိုမွတဆင့္ေသြးေၾကာထဲေရာက္ရွိရ်္ ကိုယ္အဂၤါအစိတ္အပိုင္းမ်ိဳးစုံသို႔ျပန႔္ႏွံ႔ဝင္ေရာက္ထိခိုက္ပါတယ္။
ညစ္ညမ္းေသာေလကို႐ူ႐ိူက္မိပါက
(1) ခ်က္ခ်င္းခံစားရႏိုင္ေသာက်န္းမာေရးျပႆနာမ်ားမွာ
-မ်က္လုံး၊ႏွာေခါင္း၊ပါးစပ္၊လည္ေခ်ာင္းယားယံျခင္း
-ေခါင္းကိုက္ျခင္း/စိတ္တိုလြယ္ျခင္း
-မူးေဝျခင္း
-အသက္႐ူမဝျခင္းစသည္တို႔ကို ခံစားရႏိုင္ပါတယ္။
(2)ေရရွည္႐ူ႐ိူက္ေနရပါက ျဖစ္ႏိုင္ေသာေရာဂါအခ်ိဳ႕မွာ
-ပန္းနာရင္က်ပ္ေရာဂါ
ညစ္ညမ္းေသာေလထု႐ူ႐ိူက္ပါက အျဖစ္မ်ားေသာေဝဒနာပင္ျဖစ္ပါတယ္။ေလႁပြန္ေရာင္ရမ္းကာ အသက္႐ူက်ပ္ကာ ပုံမွန္လူပ္ရွားမူပင္မျပဳလုပ္ႏိုင္ေအာင္ပင္ ေမာက်ပ္ေနတတ္ပါတယ္။
-အဆုတ္ကင္ဆာ
ေလထုထဲတြင္ပါလာေသာကင္ဆာျဖစ္ေစေသာအဆိပ္မ်ားသည္ အဆုတ္ဆဲလ္မ်ားကို ကင္ဆာဆဲလ္မ်ားအျဖစ္သို႔ေျပာင္းကာ အဆုတ္ကင္ဆာေရာဂါ ျဖစ္ေစပါတယ္။
-ေလႁပြန္ပိတ္ေရာဂါ
ေလထုညစ္ညမ္းမူေၾကာင့္ အဆုတ္ေလအိတ္ကေလးမ်ားပ်က္ဆီးကာ အသက္႐ူမဝေသာျပႆနာရင္ဆိုင္ရပါတယ္။
-ေသြးကင္ဆာ
ေလထုထဲရွိ Benzene အေငြ႕မ်ားထိေတြ႕ေသာေၾကာင့္ ေသြးကင္ဆာျဖစ္ေစႏိုင္ပါတယ္။
-အဆုတ္ပြေရာဂါ
ေလထုထဲတြင္ ပါလာေသာဘက္တီးရီးယားမ်ား႐ူ႐ိူက္မိပါကအဆုတ္ပြေရာဂါအစရွိေသာအသက္႐ူလမ္းေၾကာင္းဆိုင္ရာေရာဂါမ်ားျဖစ္ေစပါတယ္။
-ေမြးရာပါေရာဂါမ်ား
ေလထုညစ္ညမ္းမူေၾကာင့္ ေမြးခါစကေလးငယ္မ်ားႏွင့္ကိုယ္ဝန္ေေဆာင္သည္မ်ားသည္ ကိုယ္ခံအားနည္းသူမ်ားျဖစ္သည့္အတြက္ ေရာဂါပိုးကူးစက္ျခင္း၊ဓာတ္မတည့္မူျဖစ္ျခင္းႏွင့္ေမြးရာပါေရာဂါပါလာေသာကေလးငယ္မ်ားေမြးျခင္းစေသာေရာဂါမ်ားျဖစ္ေစပါတယ္။
-အဆုတ္အားနည္းျခင္း
ညစ္ညမ္းေသာေလကို ႐ူ႐ိူက္မူေၾကာင့္ အဆိုပါအဆုတ္သည္ အားနည္းလာကာ အသက္႐ူလမ္းေၾကာင္းဆိုင္ရာျပႆနာေတြျဖစ္လာႏိုင္ပါတယ္။ႏွာေစးေခ်ာင္းဆိုးလြယ္ျခင္း၊ဓာတ္မတည့္မူအလြယ္တကူခံစားရျခင္စသည္တို႔ျဖစ္ႏိုင္တယ္။
-ႏွလုံးေရာဂါ
ေလထုထဲတြင္ပါလာေသာအဆိပ္အေတာက္မ်ားေၾကာင့္ ႏွလုံးေရာဂါအမ်ိဳးမ်ိဳးကို ခံစားရႏိုင္ပါတယ္။ႏွလံးေသြးေၾကာက်ဥ္းျခင္း၊ေလျဖတ္ျခင္းစသည္တို႔ခံစားရႏိုင္ပါသည္။
-သက္တမ္းေစ့မေနႏိုင္ျခင္း
ညစ္ညမ္းေသာေလထုကို ႐ူ႐ိုူက္ေနရေသာလူမ်ားသည္ သက္တမ္းေစ့မေနႏိုင္ပါ။သန႔္စင္ေသာေလမရရွိေသာေၾကာင့္ ကိုယ္တြင္းအဂၤါမ်ားပ်က္စီးကာလူသက္တမ္းေစ့မေနႏိုင္ပါ။
ေလထုညစ္ညမ္းမူကာကြယ္ႏိုင္ေသာနည္းလမ္းမ်ားမွာ
-စက္တပ္ယာဥ္သုံးစြဲမူေလ်ာ့ခ်ျခင္း
-ေလာင္စာဆီေခြၽတာသုံးစြဲ ျခင္း
-ေဆးလိပ္ေသာက္မူေလ်ာ့ခ်ျခင္း
-သစ္ပင္စိုက္ျခင္း
-မီးေလာင္မူျဖစ္ပြားႏိုင္ေသာေနရာမ်ားဂ႐ုစိုက္ျခင္း
-တခါသုံးပစၥည္းသုံးစြဲမူေလ်ာ့ခ်ၿပီး ျပန္လည္သုံးစြဲႏိုင္ေသာပစၥည္းမ်ားသုံးျခင္း
-တာရွည္ခံပစၥည္းမ်ားသာသုံးစြဲရန္
-လူေနထူထပ္မူေလ်ာ့ခ်ျခင္းစသည္တို႔ျဖစ္ပါသည္။
ေလထူညစ္ညမ္းမူေၾကာင့္ က်န္းမာေရးျပႆနာမ်ားရင္ဆိုင္ရာပါက နီးစပ္ရာေဆး႐ုံသို႔အျမန္ဆုံးကုသမူခံယူသင့္ပါတယ္။ေရရွည္ညစ္ညမ္းမူမျဖစ္ပြားရန္ ထိေရာက္ေသာကာကြယ္နည္းမ်ားကို လက္ေတြ႕က်င့္သုံးသင့္ပါတယ္။
Author: Dr. Pyae Shin
Photo Credit – Myanmar Pressphoto Agency
Unicode
Ondr မှာ အခုတလောအမေးများတဲ့ မေးခွန်းကတော့မီးခိုးတွေရူမိရင် ဘာရောဂါတွေဖြစ်မလဲ ဆိုသောမေးခွန်းများပင်ဖြစ်ပါတယ်။တနည်းအားဖြင့် ပတ်ဝန်းကျင် လေထုညစ်ညမ်းလျှင် ကျန်းမာရေးဆိုးကျိုးများကို သိချင်နေကြပါလိမ့်မယ်။
လေထုညစ်ညမ်းမူအကျိုးဆက်အနေဖြင့်ကျန်းမာရေးခြိမ်းခြောက်မူပြဿနာများကတော့ တကမ္ဘာလုံးရင်ဆိုင်နေကြရပါတယ်။လူရဲ့ကျန်းမာရေးကောင်းမွန်ရန်တွက် သန့်စင်သောလေထုရူရိူက်မူသည် အဓိကသော့ချက်တစ်ခုပင်ဖြစ်ပါတယ်။
လေထုညစ်ညမ်းမူဖြစ်စေနိုင်သောအကြောင်းရင်းများမှာ
- သယ်ယူပို့ဆောင်ယာဉ်များမှထွက်သောမီးခိုးများ
- လောင်စာဆီလောင်ကျွမ်းမူများ
- စက်ရုံများမှထွက်သောမီးခိုးများ
- မီးလောင်ကျွမ်းမူမှထွက်သောမီးခိုးများ
- ဆေးလိပ်သောက်သုံးခြင်းစသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်။
အဆိုပါမီးခိုးများ၊ဂတ်စ်များတွင် ကျန်းမာရေးကိုထိခိုက်စေနိုင်သော အဆိပ်အတောက်ဖြစ်စေနိုင်သောပစ္စည်းများပါဝင်ပါတယ်။O3၊SO2၊NO2၊BaP၊suspended particulate matter စသည်တို့ပါဝင်ပါတယ်။လေထုညစ်ညမ်းမူဖြစ်စေသောအရာပေါ်မူတည်ရျ် စိတ်ပိုင်းဆိုင်ရာပြဿနာများ၊ရုပ်ပိုင်းဆိုင်ရာရောဂါများ စသည်ဖြင့်ဆိုးရွားစွာခံစားရရှိနိုင်ပါတယ်။မြို့နေလူတန်းစာများသည်ကျေးလက်နေလူတန်းစာများထက် လေထုညစ်ညမ်းမူဒဏ်ပိုမိုခံစားရနိုင်ပါတယ်။
လေထုထဲရှိညစ်ညမ်းပစ္စည်းများသည်အသက်ရူလမ်းကြောင်းမှတဆင့် အဆုတ်ထဲသို့ဝင်ရောက်ကာထိုမှတဆင့်သွေးကြောထဲရောက်ရှိရျ် ကိုယ်အင်္ဂါအစိတ်အပိုင်းမျိုးစုံသို့ပြန့်နှံ့ဝင်ရောက်ထိခိုက်ပါတယ်။
ညစ်ညမ်းသောလေကိုရူရိူက်မိပါက
(1) ချက်ချင်းခံစားရနိုင်သောကျန်းမာရေးပြဿနာများမှာ
-မျက်လုံး၊နှာခေါင်း၊ပါးစပ်၊လည်ချောင်းယားယံခြင်း
-ခေါင်းကိုက်ခြင်း/စိတ်တိုလွယ်ခြင်း
-မူးဝေခြင်း
-အသက်ရူမဝခြင်းစသည်တို့ကို ခံစားရနိုင်ပါတယ်။
(2)ရေရှည်ရူရိူက်နေရပါက ဖြစ်နိုင်သောရောဂါအချို့မှာ
-ပန်းနာရင်ကျပ်ရောဂါ
ညစ်ညမ်းသောလေထုရူရိူက်ပါက အဖြစ်များသောဝေဒနာပင်ဖြစ်ပါတယ်။လေပြွန်ရောင်ရမ်းကာ အသက်ရူကျပ်ကာ ပုံမှန်လူပ်ရှားမူပင်မပြုလုပ်နိုင်အောင်ပင် မောကျပ်နေတတ်ပါတယ်။
-အဆုတ်ကင်ဆာ
လေထုထဲတွင်ပါလာသောကင်ဆာဖြစ်စေသောအဆိပ်များသည် အဆုတ်ဆဲလ်များကို ကင်ဆာဆဲလ်များအဖြစ်သို့ပြောင်းကာ အဆုတ်ကင်ဆာရောဂါ ဖြစ်စေပါတယ်။
-လေပြွန်ပိတ်ရောဂါ
လေထုညစ်ညမ်းမူကြောင့် အဆုတ်လေအိတ်ကလေးများပျက်ဆီးကာ အသက်ရူမဝသောပြဿနာရင်ဆိုင်ရပါတယ်။
-သွေးကင်ဆာ
လေထုထဲရှိ Benzene အငွေ့များထိတွေ့သောကြောင့် သွေးကင်ဆာဖြစ်စေနိုင်ပါတယ်။
-အဆုတ်ပွရောဂါ
လေထုထဲတွင် ပါလာသောဘက်တီးရီးယားများရူရိူက်မိပါကအဆုတ်ပွရောဂါအစရှိသောအသက်ရူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်စေပါတယ်။
-မွေးရာပါရောဂါများ
လေထုညစ်ညမ်းမူကြောင့် မွေးခါစကလေးငယ်များနှင့်ကိုယ်ဝန်ေဆောင်သည်များသည် ကိုယ်ခံအားနည်းသူများဖြစ်သည့်အတွက် ရောဂါပိုးကူးစက်ခြင်း၊ဓာတ်မတည့်မူဖြစ်ခြင်းနှင့်မွေးရာပါရောဂါပါလာသောကလေးငယ်များမွေးခြင်းစသောရောဂါများဖြစ်စေပါတယ်။
-အဆုတ်အားနည်းခြင်း
ညစ်ညမ်းသောလေကို ရူရိူက်မူကြောင့် အဆိုပါအဆုတ်သည် အားနည်းလာကာ အသက်ရူလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်ပါတယ်။နှာစေးချောင်းဆိုးလွယ်ခြင်း၊ဓာတ်မတည့်မူအလွယ်တကူခံစားရခြင်စသည်တို့ဖြစ်နိုင်တယ်။
-နှလုံးရောဂါ
လေထုထဲတွင်ပါလာသောအဆိပ်အတောက်များကြောင့် နှလုံးရောဂါအမျိုးမျိုးကို ခံစားရနိုင်ပါတယ်။နှလံးသွေးကြောကျဉ်းခြင်း၊လေဖြတ်ခြင်းစသည်တို့ခံစားရနိုင်ပါသည်။
-သက်တမ်းစေ့မနေနိုင်ခြင်း
ညစ်ညမ်းသောလေထုကို ရူရိုူက်နေရသောလူများသည် သက်တမ်းစေ့မနေနိုင်ပါ။သန့်စင်သောလေမရရှိသောကြောင့် ကိုယ်တွင်းအင်္ဂါများပျက်စီးကာလူသက်တမ်းစေ့မနေနိုင်ပါ။
လေထုညစ်ညမ်းမူကာကွယ်နိုင်သောနည်းလမ်းများမှာ
-စက်တပ်ယာဉ်သုံးစွဲမူလျော့ချခြင်း
-လောင်စာဆီချွေတာသုံးစွဲ ခြင်း
-ဆေးလိပ်သောက်မူလျော့ချခြင်း
-သစ်ပင်စိုက်ခြင်း
-မီးလောင်မူဖြစ်ပွားနိုင်သောနေရာများဂရုစိုက်ခြင်း
-တခါသုံးပစ္စည်းသုံးစွဲမူလျော့ချပြီး ပြန်လည်သုံးစွဲနိုင်သောပစ္စည်းများသုံးခြင်း
-တာရှည်ခံပစ္စည်းများသာသုံးစွဲရန်
-လူနေထူထပ်မူလျော့ချခြင်းစသည်တို့ဖြစ်ပါသည်။
လေထူညစ်ညမ်းမူကြောင့် ကျန်းမာရေးပြဿနာများရင်ဆိုင်ရာပါက နီးစပ်ရာဆေးရုံသို့အမြန်ဆုံးကုသမူခံယူသင့်ပါတယ်။ရေရှည်ညစ်ညမ်းမူမဖြစ်ပွားရန် ထိရောက်သောကာကွယ်နည်းများကို လက်တွေ့ကျင့်သုံးသင့်ပါတယ်။
Author: Dr. Pyae Shin
Photo Credit – Myanmar Pressphoto Agency