(Zawgyi)
ဒါကြောင့်ဖြည့်စွက်စာကျွေးရတာပါ ယနေ့လူငယ် နောင်ဝယ်လူကြီး စကားအတိုင်း လူငယ်များရဲ့အစ ကလေးဘ၀တွင် အာဟာ၇ပြည့်ဝပီး ရောဂါမ၀င်ဖို့ ကလေးဥာဏ်ကောင်းဖို့အတွက် မိခင်နို့တိုက်ဖို့အေ၇းကြီးသည်။သို့မှသာ နောင်တွင် ကျန်းမာေ၇းကောင်း ဥာဏ်ကောင်းပီး နိုင်ငံအကျိုးကို သယ်ပိုးနိုင်သော လူငယ်များပေါ်ထွက်လာပါမည်။
Author: Dr528
မိခင်နို့သည် မွေးကင်းစကလေးများအတွက် အကောင်းဆုံးအာဟာရဖြစ်သည်။ကလေးအသက်၆လထိ မိခင်နို့တမျိုးပဲတိုက်၇မည်။ရေတိုက်ဖို့မလိုပါ။
အဘယ်ကြောင့်ဆိုသော် မိခင်နို့တွင် Energy (စွမ်းအင်) 75kcal/ml
Lactose(နွားနို့တွင်ပါသောသကြားဓါတ်) 6.8g/100ml Protein(အသားဓါတ်) 1.1g/100ml
Fat(အဆီဓါတ်) 4.5 g/100ml Sodium(ဆားဓါတ်) 7mmol/l Water(ရေဓါတ်) 87.1ml.100ml ပါဝင်လို့ပါ။
၆လကျော်ရင်တော့ မိခင်နို့အပြင်ဖြည့်စွက်စာပါကျွေးရပါမယ်။
ဘာလို့လဲဆိုတော့ မိခင်နို့မှာပါဝင်တဲ့သံဓါတ်(Iron) ကအ၇မ်းနည်းပါတယ်။ကလေး၆လကျော်သွားရင် ကလေးအတွက်မိခင်နို့မှာပါတဲ့သံဓါတ်က မလုံလောက်တော့ပါဘူး။
ဒါကြောင့်ဖြည့်စွက်စာကျွေးရတာပါ ယနေ့လူငယ် နောင်ဝယ်လူကြီး စကားအတိုင်း လူငယ်များရဲ့အစ ကလေးဘဝတွင် အာဟာ၇ပြည့်ဝပီး ရောဂါမဝင်ဖို့ ကလေးဉာဏ်ကောင်းဖို့အတွက် မိခင်နို့တိုက်ဖို့အရေးကြီးသည်။
သို့မှသာ နောင်တွင် ကျန်းမာရေးကောင်း ဉာဏ်ကောင်းပီး နိုင်ငံအကျိုးကို သယ်ပိုးနိုင်သော လူငယ်များပေါ်ထွက်လာပါမည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း မိခင်နို့တိုက်ကျွေးရေး အောင်မြင်စေရန် အတွက် နှစ်စဉ် သြဂုတ်လ ၁ ရက်ကနေ ၇ ရက်ထိကို မိခင်နို့တိုက်ကျွေးရေး၇က်သတ္တပတ်အဖြစ်သတ်မှတ်ပီး လှုံ့ဆော်ထားပါတယ်။
မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနကလည်း မိခင်နို့တိုက်ကျွေးရေးအောင်မြင်ရန်အတွက်
မူဝါဒများချမှတ်ကာ ကျန်းမာရေးဝန်ထမ်းများကို အသိပေးထားခြင်း။
မိခင်နို့ တိုက်ကျွေးပုံကို ကျန်းမာရေးဝန်ထမ်းများအား သေချာလေ့ကျင့်ပေးထားခြင်း
ကိုယ်ဝန်ဆောင်မိခင်များအား နို့တိုက်ပုံစနစ်ကျစေ၇န်ကျန်းမာရေးဝန်ထမ်းမျာကပြန်လည်သင်ကြားပေးခြင်း မွေးပီးပီးချင်းအစောဆုံးမိခင်နို့တိုက်ကျွေးရန် ဆာတိုင်းနို့တိုက်ပေးရန် ၆လထိတခြားဘာမှမကျွေးရန် နှင့် မိခင်နို့ဧ။် ကောင်းကျိုးများအား ကိုယ်ဝန်ဆောင်မိခင်များသို့သေချာ ပြောကြားခြင်းစတဲ့ နည်းလမ်းများကို ဆောင်ရွက်နေပါသည်။
မိခင်နို့ရဲ့ကောင်းကျိုးများကတော့ မိခင်အနေနဲ့ကြည့်၇င် မွေးပီးနောက်ပိုင်းသွေးဆင်းတာ သွေးအားနည်းတာတို့ကို လျော့နည်းစေတယ် သားအိမ်ကျုံ့တဲ့နေရာမှာ အားပေးတယ်။
ကုန်ကျစရိတ် နဲ့ အချိန်ကုန် လူပန်း သက်သာတယ် သားဆက်ခြားစေတယ်(98%)
ရင်သားကင်ဆာ သားဥအိမ်ကင်ဆာတွေကိုကာကွယ်ပေးတယ် မိခင်နဲ့ကလေးကြား သံယောဇဉ်ကိုတိုးစေတယ်။
မိခင်သောကကိုလျှော့ပါးစေတယ် ကလေးအနေနဲ့ကြည့်ရင် မိခင်နို့ကအကောင်းဆုံးအာဟာရပါပဲ
ကလေးမှာဖြစ်တတ်တဲ့ ဓါတ်မတည့်လို့ဖြစ်တဲ့ရောဂါ(Eczema, Asthma) ကင်ဆာရောဂါ (lymphoma) ဖြစ်နိုင်ချေတွေကို လျော့နည်းစေတယ် ။
ကလေးရဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေကို အကောင်းဆုံး ထောက်ပံ့ပေးတယ်
ကလေးအတွက်လိုသလောက်တိုက်လို့၇တယ် လတ်ဆတ်တယ် မိသားစုအနေနဲ့ကြည့်၇င် မိခင်နို့ကဝယ်စရာမလိုတဲ့အတွက်ငွေမကုန်ဘူး။ နို့ဘူးလိုဖျော်စရာမလိုတဲ့အတွက်အချိန်မကုန်ဘူး။
နိုင်ငံအနေနဲ့ကြည့်ရင် မိခင်နို့တိုက်တဲ့အတွက် ကလေးသေနှုန်းလျှော့ကျစေတယ်။
ကျန်းမာတဲ့ မျိုးဆက်တွေကြောင့်နိုင်ငံမှာ အင်အားပြည့်ဝတယ်။
ဒီလိုဆိုတော့ အိတ်အိုင်ဗွီပိုး ရှိတဲ့မိခင်တွေရော ကလေးကိုနို့တိုက်ရမှာလားလို့မေးစရာရှိတယ်။
ဘယ်အခြေအနေတွေမှာ မိခင်နို့မတိုက်ရဘူးလဲဆိုရင် မိခင်က ကင်ဆာဆေးတွေသောက်နေရင်
ဓါတ်ရောင်ခြည်ကုသမှုခံယူနေရင် အိတ်အိုင်ဗွီပိုးရှိရင် မတိုက်သင့်ပါ ။
နိူင်ငံတော်အတွက်ကျန်းမာသောမျိုးဆက်သစ်များထွက်ပေါ်လာစေချင်သောစေတနာဖြင့်
Author: Dr528