ဖရဲသီး
ဖရဲသီးကိုအဂၤလိပ္လို “watermelon” လို႔ေခၚပါတယ္။ စားလိုက္လွ်င္ အင္မတန္ အရည္႐ႊမ္းကာ ေရဆာေျပေစေသာ အသီးျဖစ္ေသာေၾကာင့္ အဂၤလိပ္လို “watermelon” လိုေခၚျခင္း ျဖစ္မယ္လို႔ ထင္ပါတယ္။
ဖရဲသီးကို အသက္ႀကီးငယ္မေ႐ြး စားသုံးၾကသည္။ အထူးသျဖင့္ အပူႀကီးသူ၊ ေက်ာက္တည္တတ္သူ၊အလွအပႀကိဳက္သူမ်ား ပိုစားသုံးသင့္သည္။ ဖရဲသီးတြင္ ေရဓာတ္ ၉၀ရာခိုင္ႏႈန္းေက်ာ္ ပါဝင္တဲ့အတြက္ စားလိုက္လွ်င္ အရည္႐ႊမ္းကာ ခ်ိဳေအးေသာအရသာကို ေပးစြမ္းသည္။ ဖရဲသီးရဲ႕ လွပစိမ္းစိုေသာ အေရာင္အဆင္းကလည္း စားလိုက္ရရင္ လန္းဆန္းသြားႏိုင္မယ့္ စိတ္ခံစားမႈကို ေပးစြမ္းႏိုင္သည္။ တခ်ိဳ႕ဆိုင္ေတြဆိုလွ်င္ ဖရဲသီးအတြင္းသားမ်ား နီရဲေနေၾကာင္းကိုပါ ခြဲၿပီးျပထားၾကသည္။ ပူအိုက္ေသာ ရာသီတြင္ ရင္ေအးသြားေအာင္ စားခ်င္စဖြယ္ ေကာင္းလွသည္။
ဖရဲသီးထဲတြင္ ကာဘိုဟိုက္ဒရိတ္ဓာတ္၊ ဗီတာမင္ေအ၊ ဘီဝမ္း၊ ဘီတူး၊ ဘီတြဲ၊ စီ၊ မဂၢနီဆီယမ္၊ ခယ္လီယမ္ နဲ႔ဇင့္ဓာတ္တို႔ ျပည့္ဝစြာ ပါဝင္ပါတယ္။
ဖရဲသီးကိုစားျခင္းျဖင့္ ကိုယ္ထဲမွ အပူေတြကို က်ေစႏိုင္သည္။ ေရငတ္ေျပေစသည္။ ဇင့္ဓာတ္နဲ႔ဗီတာမင္စီပါေသာေၾကာင့္ ခုခံအားကို ေကာင္းေစသည္။ အေရျပားကို အစိုဓာတ္ ေပးစြမ္းႏိုင္သည္။ေန႔စဥ္ ပုံမွန္စားသုံးသင့္ေသာ အသီးထဲတြင္ ပါဝင္သည္။ အားကစား လုပ္ၿပီးခ်ိန္တြင္ ခံစားရသည့္ ႂကြက္သားေတာင့္တင္း နာက်င္မႈမ်ားကို သက္သာေစရန္ ဖရဲသီးေဖ်ာ္ရည္ တစ္ခြက္ေသာက္ျခင္းျဖင့္ သက္သာေစႏိုင္ပါတယ္။ ခႏၶာကိုယ္ အလွအပကို ထိန္းသိမ္းခ်င္သူမ်ားအေနနဲ႔လည္း ဖရဲသီးကို ပုံမွန္စားသုံးပါက ကိုယ္အေလးခ်ိန္ ျမင့္တက္မႈကို ထိန္းခ်ဴပ္ႏိုင္ၿပီး ေသြးေၾကာအတြင္း ရွိ အဆီ စုပုံမႈမ်ားကိုလဲ ေလ်ာ့နည္းေစႏိုင္တဲ့အတြက္ ပုံမွန္စားသင့္ပါတယ္။
ဒါ့အျပင္ ဖရဲသီးက က်ားခြန္အားတိုးေအာင္ တစ္ဖက္တစ္လမ္းကေနလည္း အေထာက္အကူျပဳတဲ့အတြက္ အာနည္းတဲ့ အမ်ိဴးသားမ်ားလည္း ဖရဲသီးကို ပုံမွန္ စားသုံးသင့္ပါတယ္။ ဖရဲသီးကို ဒီအတိုင္းခြဲစားသလို ေဖ်ာ္ရည္လုပ္ၿပီးလည္း ေသာက္ၾကပါတယ္။
သို႔ေသာ္ ဆီးခ်ိဳေရာဂါရွိသူမ်ားအေနနဲ႔ေတာ့ ဖရဲသီးကို မစားသင့္ပါဘူး။ ဖရဲသီးကို အသီးတစ္ခုအျဖစ္စားသုံး႐ုံသာမက ခုေနာက္ပိုင္းတြင္ စားပြဲအလွဆင္ရန္ ပုံေဖာ္ရာေတြမွာလဲ ကမာၻတစ္ဝန္း အသုံးျပဳလာၾကပါတယ္။
Author : Dr. 528
Unicode version
ဖရဲသီး
ဖရဲသီးကိုအင်္ဂလိပ်လို “watermelon” လို့ခေါ်ပါတယ်။ စားလိုက်လျှင် အင်မတန် အရည်ရွှမ်းကာ ရေဆာပြေစေသော အသီးဖြစ်သောကြောင့် အင်္ဂလိပ်လို “watermelon” လိုခေါ်ခြင်း ဖြစ်မယ်လို့ ထင်ပါတယ်။
ဖရဲသီးကို အသက်ကြီးငယ်မရွေး စားသုံးကြသည်။ အထူးသဖြင့် အပူကြီးသူ၊ ကျောက်တည်တတ်သူ၊အလှအပကြိုက်သူများ ပိုစားသုံးသင့်သည်။
ဖရဲသီးတွင် ရေဓာတ် ၉၀ရာခိုင်နှုန်းကျော် ပါဝင်တဲ့အတွက် စားလိုက်လျှင် အရည်ရွှမ်းကာ ချိုအေးသောအရသာကို ပေးစွမ်းသည်။
ဖရဲသီးရဲ့ လှပစိမ်းစိုသော အရောင်အဆင်းကလည်း စားလိုက်ရရင် လန်းဆန်းသွားနိုင်မယ့် စိတ်ခံစားမှုကို ပေးစွမ်းနိုင်သည်။ တချို့ဆိုင်တွေဆိုလျှင် ဖရဲသီးအတွင်းသားများ နီရဲနေကြောင်းကိုပါ ခွဲပြီးပြထားကြသည်။
ပူအိုက်သော ရာသီတွင် ရင်အေးသွားအောင် စားချင်စဖွယ် ကောင်းလှသည်။
ဖရဲသီးထဲတွင် ကာဘိုဟိုက်ဒရိတ်ဓာတ်၊ ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတူး၊ ဘီတွဲ၊ စီ၊ မဂ္ဂနီဆီယမ်၊ ခယ်လီယမ် နဲ့ဇင့်ဓာတ်တို့ ပြည့်ဝစွာ ပါဝင်ပါတယ်။
ဖရဲသီးကိုစားခြင်းဖြင့် ကိုယ်ထဲမှ အပူတွေကို ကျစေနိုင်သည်။ ရေငတ်ပြေစေသည်။ ဇင့်ဓာတ်နဲ့ဗီတာမင်စီပါသောကြောင့် ခုခံအားကို ကောင်းစေသည်။ အရေပြားကို အစိုဓာတ် ပေးစွမ်းနိုင်သည်။နေ့စဉ် ပုံမှန်စားသုံးသင့်သော အသီးထဲတွင် ပါဝင်သည်။ အားကစား လုပ်ပြီးချိန်တွင် ခံစားရသည့် ကြွက်သားတောင့်တင်း နာကျင်မှုများကို သက်သာစေရန် ဖရဲသီးဖျော်ရည် တစ်ခွက်သောက်ခြင်းဖြင့်သက်သာစေနိုင်ပါတယ်။ ခန္ဓာကိုယ် အလှအပကို ထိန်းသိမ်းချင်သူများအနေနဲ့လည်း ဖရဲသီးကို ပုံမှန်စားသုံးပါက ကိုယ်အလေးချိန် မြင့်တက်မှုကို ထိန်းချူပ်နိုင်ပြီး သွေးကြောအတွင်း ရှိ အဆီ စုပုံမှုများကိုလဲ လျော့နည်းစေနိုင်တဲ့အတွက် ပုံမှန်စားသင့်ပါတယ်။
ဒါ့အပြင် ဖရဲသီးက ကျားခွန်အားတိုးအောင် တစ်ဖက်တစ်လမ်းကနေလည်း အထောက်အကူပြုတဲ့အတွက် အာနည်းတဲ့ အမျိူးသားများလည်း ဖရဲသီးကို ပုံမှန် စားသုံးသင့်ပါတယ်။
ဖရဲသီးကို ဒီအတိုင်းခွဲစားသလို ဖျော်ရည်လုပ်ပြီးလည်း သောက်ကြပါတယ်။
သို့သော် ဆီးချိုရောဂါရှိသူများအနေနဲ့တော့ ဖရဲသီးကို မစားသင့်ပါဘူး။ ဖရဲသီးကို အသီးတစ်ခုအဖြစ်စားသုံးရုံသာမက ခုနောက်ပိုင်းတွင် စားပွဲအလှဆင်ရန် ပုံဖော်ရာတွေမှာလဲ ကမ္ဘာတစ်ဝန်း အသုံးပြုလာကြပါတယ်။
Author : Dr. 528