အပူဒဏ်ကြောင့် ချွေးတစ်ပြိုက်ပြိုက်ဖြစ်နေလိုက်ကြတာ အမောပြေရေငတ်ပြေဖို့ ရေသောက်ရုံနဲ့ အာသာမပြေတတ်ကြတော့ဘူး။ အချိုရည်လေးသောက်လိုက်ရမှ စိတ်ထဲ လန်းဆန်းသွားတယ်။ မောပန်းသမျှ ပြေပျောက်သွားတယ်။
အချိုရည် တယ်ကောင်းပါလား နော်
အချိုရည် ကောင်းပါတယ်။ ဒါပေမယ့် ကောင်းတိုင်းသောက်လို့ မရပါဘူး ပမာဏကို ထိန်းဖို့လိုပါတယ်။
အချိုရည်လို့ဆိုရာမှာ ရယ်ဒီမိတ်တွေလည်းရှိတယ် အသီးကိုဖျော်သောက်ရတာတွေလည်းရှိပါတယ်။
အချိုရည်တိုင်းမှာ သကြားတွေအများကြီးပါပါတယ်။ ရယ်ဒီမိတ်လုပ်ထားတဲ့အချိုရည်မှာလည်းပါတယ်။ အသီးတွေကို ထပ်ဖျော်တယ်ဆိုလည်း သကြားထပ်ထည့်ရပါတယ်။
အချိုရည်သောက်တာက ပမာဏသာမထိန်းနိုင်ဘူးဆို လည်ချောင်းနာတာ ချောင်းဆိုးချွဲကျပ်တာတွေ ဖြစ်လာပါလိမ့်မယ်။ ဘာအချိုရည်ပဲဖြစ်ဖြစ် ဖြစ်မှာပါ အေးတာရော မအေးတာရော ရေခဲထည့်တာရောမထည့်တာရော ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ အချိုရည်ဆိုတာလည်းသောက်သောက်လေငတ်မပြေတဲ့အထဲပါတာကြောင့် သောက်လေပိုသောက်ချင်လေ ဖြစ်တတ်တယ်။ တစ်ခါတစ်လေဆို တစ်ဗူးကိုတစ်ကျိုက်တည်းနဲ့ ကုန်ကြတယ်။ တစ်နေ့ကိုဆို နှစ်ဗူးကနေသုံးဗူးလောက်အထိကုန်တတ်တယ်။
အချိုရည်အသောက်များတာက လူကြီးလူငယ် မရွေးကို ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ အချိုရည်ပဲသောက်တော့ အစားစားချင်စိတ်လည်းပျောက်တတ်တယ်။ ပူတာကတစ်ကြောင်း အချိုရည်တွေသောက်ထားတာကတစ်ကြောင်းကြောင့် ဗိုက်ပြည့်နေတတ်တယ်။ အချိုရည်က အသောက်များတဲ့အခါ ကိုယ်အလေးချိန်လည်းတက်လာတတ်တယ်။ အစားစားတာနဲ့မဆိုင်ဘဲလည်း ဝိတ်တက်လာတတ်တယ်။ ပိန်ချင်လို့အစားမစားဘဲ အချိုရည်ပဲသောက်မယ်ဆိုလည်း ဝိတ်မကျတတ်ပါဘူး။
သကြားတွေအများကြီးပါတာကြောင့် အသက်ငယ်ငယ်နဲ့လည်း ဆီးချိုတွေ ဖြစ်လာနိုင်တယ်။ ဆီးချိုဖြစ်ပြီးသားလူတွေမှာလည်း အချိုရည်တွေအများကြီးသောက်လာတဲ့အခါ ဆီးချို ထိန်းရခက်လာလိမ့်မယ်။ ဆီးချို ကနေ ထပ်ဖြစ်တတ်တဲ့နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ချေပိုများလာတတ်တယ်။ ဆီးချိုသမားတွေအနေနဲ့ ဒါလေးကတော့မချိုဘူး ဒါလေးကအအီပြေရုံပဲ နည်းနည်းပဲသောက်တာပါ။ အစားကိုပိုလျှော့လိုက်မယ်။ အချိုရည်လေးကအမောပြေတယ် စသဖြင့်တော့ တွေးတတ်ကြတယ်။
ဘာပဲဖြစ်ဖြစ်တူတူပါပဲ အချိုရည်မသောက်ရဘူးလားလို့တော့မဟုတ်ပါဘူး။ သောက်ပါ ထိန်းသောက်ပါ သောက်ကောင်းတယ်။ အမောပြေတယ်ဆိုတိုင်း သောက်နေလို့တော့မရပါဘူး တစ်ခါသောက်နည်းနည်းပဲ အာသာပြေတယ်ဆို ရေနဲ့တွဲသောက်ပါ ဒါဆို အချိုရည်သောက်လည်း ရောဂါဖြစ်မှာမပူရပါဘူး
မဟုတ်ရင် ချောင်းဆိုးရင်ကျပ်ရောဂါတွေ ဆီးချိုဖြစ်နိုင်ချေတွေ ဆီးချိုမထိန်းနိုင်တာတွေ ပိုပိုများလာမှာစိုးရပါတယ်။