fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ကော်ဖီ

79
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/06/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ေကာ္ဖီ

ေကာ္ဖီ ကိုလူေတာ္ေတာ္မ်ားမ်ားႀကိဳက္ၾကတယ္ မႀကိဳက္တဲ့သူေတာ္ေတာ္ရွားပါလိမ့္မယ္ ေကာ္ဖီမ်ိဳးစုံရွိပါတယ္။ black coffee, cappucino, expresso, creamy coffee စတာေတြအျပင္ အမ်ားႀကီးရွိပါေသးတယ္။ေကာ္ဖီက ေကာ္ဖီေစ့ကေန အမႈန႔္ျပန္ထုတ္ထားတာပါ အမႈန႔္ကိုမွ ဘာမွမေရာဘဲ ဒီအတိုင္းေသာက္တာရွိသလို အမႈန႔္ကိုအဆင့္ဆင့္ေျပာင္းလဲၿပီး အမ်ိဳးမ်ိဳးလုပ္ေသာက္လို႔လည္း ရပါတယ္။

မနက္စာ breakfast က ေကာ္ဖီမပါရင္မျပည့္စုံဘူးလို႔ ထင္တဲ့သူေတြ အမ်ားႀကီးပါ။ ထမင္းေၾကာ္ မုန႔္ဟင္းခါးနဲ႔ ျဖစ္ျဖစ္ ေပါင္မုန႔္ကိတ္မုန႔္နဲ႔ ျဖစ္ျဖစ္ ေကာ္ဖီကလိုက္ဖက္ပါတယ္။ တစ္ခ်ိဳ႕လူေတြဆို ေကာ္ဖီကို မနက္တစ္ခြက္ ေန႔လည္တစ္ခြက္ ညအိပ္ခါနီးတစ္ခြက္ေတာင္ ေသာက္တတ္ၾကပါတယ္။
ေကာ္ဖီ ေသာက္ေနေတာ့ေကာ္ဖီအေၾကာင္းေလးေတြလည္းသိထားဖို႔ လိုတာေပါ့။ ေကာ္ဖီမွာ ကဖင္းဓာတ္ caffine ဓာတ္ပါပါတယ္။ ဒီ ကဖင္းဓာတ္က လူတစ္ေယာက္ရဲ႕ ဦးေႏွာက္ကိုေရာ တစ္ျခားေသာ ကိုယ္ခႏၶာအစိတ္အပိုင္းေတြအေပၚေရာ သက္ေရာက္မႈရွိပါတယ္။

ကဖင္းဓာတ္က ဦးေႏွာက္မွာ central nervous system လို႔ေခၚတဲ့ ပင္မ ဦးေႏွာက္နဲ႔အာ႐ုံေၾကာအဖြဲ႕အစည္းေပၚကို သက္ေရာက္မႈရွိပါတယ္။ ကဖင္းဓာတ္က ဦးေႏွာက္မွာ တက္ႂကြျခင္း သတိရွိျခင္း alertness ကို ျဖစ္ေစပါတယ္။ ဒါေၾကာင့္လည္း တစ္ခ်ိဳ႕ေတြ ေလးလံထိုင္းမႈိင္းေနတယ္ဆို ေကာ္ဖီ ေသာက္ၾကတာပါ၊ ကဖင္းဓာတ္က ကိုယ္ခႏၶာမွာ သိသိသာသာ ေျပာင္းလဲေစတာေတြ ရွိပါတယ္။ ကဖင္းဓာတ္မ်ားလြန္းလာရင္ျဖစ္တာပါ ေဘးထြက္ဆိုးက်ိဳးလို႔ေျပာလို႔ရပါတယ္ တစ္ခ်ိဳ႕ေတြမွာေတာ့ တစ္ခါမွ ေကာ္ဖီမေသာက္ဘဲ တစ္ခါတစ္ေလေသာက္မိမွ ျဖစ္တာလည္းရွိတတ္တယ္။

ကဖင္းဓာတ္မ်ားလြန္းတယ္ဆို လူရဲ႕စိတ္မွာ alert ျဖစ္ေန႐ုံမကဘဲ တက္ႂကြလာတတ္တယ္ လႈံ႕ေဆာ္မႈေတြကို တုံ႔ျပန္ဖို႔အသင့္အေနအထားလိုျဖစ္ေနတတ္တယ္။ အၿမဲ တက္ႂကြ လန္းဆန္းေနတာကေန ကဖင္းေၾကာင့္ျဖစ္တဲ့ တက္ႂကြလြန္းတဲ့ ေရာဂါလိုမ်ိဳးေတာင္ ျဖစ္သြားတတ္ပါတယ္ caffine related anxiety disorder ပါ။ တက္ႂကြလန္းဆန္းလြန္းတာကေန ေနာက္ပိုင္းမွာအိပ္မေပ်ာ္တာေတြလည္း ခံစားရတတ္တယ္။ ညဘက္ေတြ အိပ္ေပ်ာ္ဖို႔ အခ်ိန္ေတာ္ေတာ္ယူေနရတာလည္းျဖစ္တတ္တယ္။ အိပ္ခ်ိန္ေတြတစ္ျဖည္းျဖည္းနည္းလာၿပီး က်န္းမာေရးလည္းထိခိုက္လာႏိုင္ပါတယ္

မနက္ေစာေစာေကာ္ဖီတစ္ခြက္ေသာက္ျခင္းက အူေတြရဲ႕ လႈပ္ရွားမႈကို ပိုမ်ားေစပါတယ္။ ဒါေၾကာင့္တစ္ခ်ိဳ႕ေတြ မနက္ေကာ္ဖီေသာက္ၿပီးတဲ့အခါမွာ အိမ္သာသြားခ်င္စိတ္ကို ျဖစ္ေစတတ္ပါတယ္။ ေနာက္တစ္ခုကေတာ့ ကဖင္းဓာတ္က GERD လို႔ေခၚတဲ့ gastro-oesophageal reflex disease ကို ပိုဆိုးေစပါတယ္။ အစာေရၿမိဳတစ္ေလွ်ာက္ကႂကြက္သားေတြကို ေပ်ာ့ေစတာေၾကာင့္ အစားေတြအေပၚကို ျပန္ျပန္တက္လာတတ္ပါတယ္။ ကဖင္းဓာတ္က လူကိုတက္ႂကြလန္းဆန္းေစတယ္ဆိုေပမယ့္ ကိုယ္ခႏၶာထဲမွာ ကဖင္းဓာတ္ကုန္သြားတဲ့အခါေတြဆို လူကိုႏုန္းခ်ိေစတတ္ပါတယ္။ ဘာမွလုပ္ခ်င္စိတ္မရွိတာမ်ိဳး ႂကြက္သားေတြေညာင္းေနတာမ်ိဳးျဖစ္ႏိုင္ပါတယ္။

ေသာက္ေလေသာက္ေလငတ္မေျပေလ ဆိုတာမ်ိဳးထဲမွာ ကဖင္းဓာတ္လည္း တစ္ခုပါပါတယ္။ ကဖင္းဓာတ္က မူးယစ္ေဆးစြဲတဲ့သူေတြလိုပဲ လူကိုစြဲေစပါတယ္ ဒီအခ်ိန္ ေကာ္ဖီေလးေသာက္လိုက္ရမွာ ေနသာထိုင္သာရွိသြားတယ္။ မေသာက္ရမခ်င္းတစ္ခုခုလိုေနသလို ျဖစ္တတ္ပါတယ္။ ကဖင္းဓာတ္က ဆီးသြားလည္းမ်ားေစပါတယ္။ ဆီးကိုမ်ားမ်ားနဲ႔ ျမန္ျမန္ျဖစ္ေစတတ္ပါတယ္။ ဒါေၾကာင့္လည္း အာထရာေဆာင္းေတြ႐ိုက္မယ္ ဆီးတင္းဖို႔လိုေနတဲ့ လူနာေတြကို ေကာ္ဖီတစ္ခြက္ေသာက္ဖို႔ ေျပာေလ့ရွိၾကပါတယ္။ ဆီးသြားခ်င္ၿပီဆိုလည္း ခ်က္ခ်င္းသြားလိုက္ရမွဆိုတဲ့ ခံစားခ်က္ကို ျဖစ္ေစတတ္ပါတယ္။
ကဖင္းဓာတ္မ်ားတာက သာမန္ေဘးထြက္ဆိုးက်ိဳးေတြတင္မကဘဲ က်န္းမာေရးအတြက္ အေရးႀကီးတဲ့ ေဘးထြက္ဆိုးက်ိဳးေတြလည္း ျဖစ္ေစတတ္ပါတယ္။
ကဖင္းဓာတ္က တိုက္႐ိုက္ေတာ့ ေလျဖတ္တာမ်ိဳး မျဖစ္ေစတတ္ေပမယ့္ ေသြးေပါင္ကို တက္ေစပါတယ္။ ႏွလုံးခုန္ျမန္တာေတြ atrial fibrillation လို႔ေခၚတဲ့ ႏွလုံးခုန္မမွန္တာမ်ိဳးေတြ ျဖစ္ေစတတ္ပါတယ္။ ဒီလို ေရာဂါေတြကေန ႏွလုံးနဲ႔ ဦးေႏွာက္ကို ေသြးစီးဆင္းမႈေတြ မူမမွန္ဘဲ ေနာက္ဆက္တြဲ ေလျဖတ္တာေတြ ျဖစ္လာေစတတ္ပါတယ္။

ေနာက္တစ္ခုအေရးႀကီးတဲ့ ေဘးထြက္ဆိုးက်ိဳးကေတာ့ ႂကြက္သားေတြ ၿပိဳကြဲတဲ့ေရာဂါပါ ကဖင္းဓာတ္အရမ္းမ်ားတယ္ဆိုျဖစ္တတ္ပါတယ္။ ေကာ္ဖီအမ်ားႀကီးေသာက္ၿပီး ပိ်ိဳ႕အန္တယ္ ဆီးအမည္းေတြသြားတယ္ဆို ဒီေရာဂါကိုသံသယရွိရပါတယ္။ Rhabdomyolysis လို႔ ေခၚပါတယ္။ ကဖင္းဓာတ္ေတြမ်ားတာေၾကာင့္ႂကြက္သားေတြ ပ်က္စီးၿပီး ႂကြက္သားအမွ်င္ေတြ ေသြးထဲပါလာတာပါ အဲဒီကေန ေက်ာက္ကပ္ပ်က္စီးတာေတြ တစ္ျခားအစိတ္အပိုင္းေတြ ထိခိုက္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အသက္အႏၲရာယ္ ရွိပါတယ္။ ျဖစ္ေလ့ျဖစ္ထမရွိတတ္ေပမယ့္ ျဖစ္ႏိုင္တဲ့ေရာဂါတစ္ခုပါပဲ။ ကိုယ္ဝန္ေဆာင္မွာ ေကာ္ဖီလုံးဝမေသာက္ရဘူးလို႔ မေျပာပါဘူး ကိုယ္ဝန္မွာေသာက္ရင္ေတာ့ ေဘးထြက္ဆိုးက်ိဳးေတြကို မိခင္တစ္ေယာက္တည္းခံစားရမဟုတ္ပါဘူး ရင္ေသြးငယ္ေလးပါ ခံစားရမွာဆိုတာကိုေတာ့ ထည့္သြင္းစဥ္းစားထားဖို႔ လိုပါတယ္။ဘာပဲျဖစ္ျဖစ္ေတာ့ ေကာ္ဖီဆိုတာ အရင္ကလည္းေသာက္တယ္ အခုလည္းေသာက္တယ္ ေနာင္လည္းေသာက္ေနဦးမွာပါ အစားမေတာ္တစ္လုပ္ မျဖစ္ေစလိုပါ။

Dr. CST

(Unicode)

ကော်ဖီ

ကော်ဖီ ကိုလူတော်တော်များများကြိုက်ကြတယ် မကြိုက်တဲ့သူတော်တော်ရှားပါလိမ့်မယ် ကော်ဖီမျိုးစုံရှိပါတယ်။ black coffee, cappucino, expresso, creamy coffee စတာတွေအပြင် အများကြီးရှိပါသေးတယ်။ကော်ဖီက ကော်ဖီစေ့ကနေ အမှုန့်ပြန်ထုတ်ထားတာပါ အမှုန့်ကိုမှ ဘာမှမရောဘဲ ဒီအတိုင်းသောက်တာရှိသလို အမှုန့်ကိုအဆင့်ဆင့်ပြောင်းလဲပြီး အမျိုးမျိုးလုပ်သောက်လို့လည်း ရပါတယ်။

မနက်စာ breakfast က ကော်ဖီမပါရင်မပြည့်စုံဘူးလို့ ထင်တဲ့သူတွေ အများကြီးပါ။ ထမင်းကြော် မုန့်ဟင်းခါးနဲ့ ဖြစ်ဖြစ် ပေါင်မုန့်ကိတ်မုန့်နဲ့ ဖြစ်ဖြစ် ကော်ဖီကလိုက်ဖက်ပါတယ်။ တစ်ချို့လူတွေဆို ကော်ဖီကို မနက်တစ်ခွက် နေ့လည်တစ်ခွက် ညအိပ်ခါနီးတစ်ခွက်တောင် သောက်တတ်ကြပါတယ်။
ကော်ဖီ သောက်နေတော့ကော်ဖီအကြောင်းလေးတွေလည်းသိထားဖို့ လိုတာပေါ့။ ကော်ဖီမှာ ကဖင်းဓာတ် caffine ဓာတ်ပါပါတယ်။ ဒီ ကဖင်းဓာတ်က လူတစ်ယောက်ရဲ့ ဦးနှောက်ကိုရော တစ်ခြားသော ကိုယ်ခန္ဓာအစိတ်အပိုင်းတွေအပေါ်ရော သက်ရောက်မှုရှိပါတယ်။

ကဖင်းဓာတ်က ဦးနှောက်မှာ central nervous system လို့ခေါ်တဲ့ ပင်မ ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းပေါ်ကို သက်ရောက်မှုရှိပါတယ်။ ကဖင်းဓာတ်က ဦးနှောက်မှာ တက်ကြွခြင်း သတိရှိခြင်း alertness ကို ဖြစ်စေပါတယ်။ ဒါကြောင့်လည်း တစ်ချို့တွေ လေးလံထိုင်းမှိုင်းနေတယ်ဆို ကော်ဖီ သောက်ကြတာပါ၊ ကဖင်းဓာတ်က ကိုယ်ခန္ဓာမှာ သိသိသာသာ ပြောင်းလဲစေတာတွေ ရှိပါတယ်။ ကဖင်းဓာတ်များလွန်းလာရင်ဖြစ်တာပါ ဘေးထွက်ဆိုးကျိုးလို့ပြောလို့ရပါတယ် တစ်ချို့တွေမှာတော့ တစ်ခါမှ ကော်ဖီမသောက်ဘဲ တစ်ခါတစ်လေသောက်မိမှ ဖြစ်တာလည်းရှိတတ်တယ်။

ကဖင်းဓာတ်များလွန်းတယ်ဆို လူရဲ့စိတ်မှာ alert ဖြစ်နေရုံမကဘဲ တက်ကြွလာတတ်တယ် လှုံ့ဆော်မှုတွေကို တုံ့ပြန်ဖို့အသင့်အနေအထားလိုဖြစ်နေတတ်တယ်။ အမြဲ တက်ကြွ လန်းဆန်းနေတာကနေ ကဖင်းကြောင့်ဖြစ်တဲ့ တက်ကြွလွန်းတဲ့ ရောဂါလိုမျိုးတောင် ဖြစ်သွားတတ်ပါတယ် caffine related anxiety disorder ပါ။ တက်ကြွလန်းဆန်းလွန်းတာကနေ နောက်ပိုင်းမှာအိပ်မပျော်တာတွေလည်း ခံစားရတတ်တယ်။ ညဘက်တွေ အိပ်ပျော်ဖို့ အချိန်တော်တော်ယူနေရတာလည်းဖြစ်တတ်တယ်။ အိပ်ချိန်တွေတစ်ဖြည်းဖြည်းနည်းလာပြီး ကျန်းမာရေးလည်းထိခိုက်လာနိုင်ပါတယ်

မနက်စောစောကော်ဖီတစ်ခွက်သောက်ခြင်းက အူတွေရဲ့ လှုပ်ရှားမှုကို ပိုများစေပါတယ်။ ဒါကြောင့်တစ်ချို့တွေ မနက်ကော်ဖီသောက်ပြီးတဲ့အခါမှာ အိမ်သာသွားချင်စိတ်ကို ဖြစ်စေတတ်ပါတယ်။ နောက်တစ်ခုကတော့ ကဖင်းဓာတ်က GERD လို့ခေါ်တဲ့ gastro-oesophageal reflex disease ကို ပိုဆိုးစေပါတယ်။ အစာရေမြိုတစ်လျှောက်ကကြွက်သားတွေကို ပျော့စေတာကြောင့် အစားတွေအပေါ်ကို ပြန်ပြန်တက်လာတတ်ပါတယ်။ ကဖင်းဓာတ်က လူကိုတက်ကြွလန်းဆန်းစေတယ်ဆိုပေမယ့် ကိုယ်ခန္ဓာထဲမှာ ကဖင်းဓာတ်ကုန်သွားတဲ့အခါတွေဆို လူကိုနုန်းချိစေတတ်ပါတယ်။ ဘာမှလုပ်ချင်စိတ်မရှိတာမျိုး ကြွက်သားတွေညောင်းနေတာမျိုးဖြစ်နိုင်ပါတယ်။

သောက်လေသောက်လေငတ်မပြေလေ ဆိုတာမျိုးထဲမှာ ကဖင်းဓာတ်လည်း တစ်ခုပါပါတယ်။ ကဖင်းဓာတ်က မူးယစ်ဆေးစွဲတဲ့သူတွေလိုပဲ လူကိုစွဲစေပါတယ် ဒီအချိန် ကော်ဖီလေးသောက်လိုက်ရမှာ နေသာထိုင်သာရှိသွားတယ်။ မသောက်ရမချင်းတစ်ခုခုလိုနေသလို ဖြစ်တတ်ပါတယ်။ ကဖင်းဓာတ်က ဆီးသွားလည်းများစေပါတယ်။ ဆီးကိုများများနဲ့ မြန်မြန်ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်လည်း အာထရာဆောင်းတွေရိုက်မယ် ဆီးတင်းဖို့လိုနေတဲ့ လူနာတွေကို ကော်ဖီတစ်ခွက်သောက်ဖို့ ပြောလေ့ရှိကြပါတယ်။ ဆီးသွားချင်ပြီဆိုလည်း ချက်ချင်းသွားလိုက်ရမှဆိုတဲ့ ခံစားချက်ကို ဖြစ်စေတတ်ပါတယ်။
ကဖင်းဓာတ်များတာက သာမန်ဘေးထွက်ဆိုးကျိုးတွေတင်မကဘဲ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်စေတတ်ပါတယ်။
ကဖင်းဓာတ်က တိုက်ရိုက်တော့ လေဖြတ်တာမျိုး မဖြစ်စေတတ်ပေမယ့် သွေးပေါင်ကို တက်စေပါတယ်။ နှလုံးခုန်မြန်တာတွေ atrial fibrillation လို့ခေါ်တဲ့ နှလုံးခုန်မမှန်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ဒီလို ရောဂါတွေကနေ နှလုံးနဲ့ ဦးနှောက်ကို သွေးစီးဆင်းမှုတွေ မူမမှန်ဘဲ နောက်ဆက်တွဲ လေဖြတ်တာတွေ ဖြစ်လာစေတတ်ပါတယ်။

နောက်တစ်ခုအရေးကြီးတဲ့ ဘေးထွက်ဆိုးကျိုးကတော့ ကြွက်သားတွေ ပြိုကွဲတဲ့ရောဂါပါ ကဖင်းဓာတ်အရမ်းများတယ်ဆိုဖြစ်တတ်ပါတယ်။ ကော်ဖီအများကြီးသောက်ပြီး ပျို့အန်တယ် ဆီးအမည်းတွေသွားတယ်ဆို ဒီရောဂါကိုသံသယရှိရပါတယ်။ Rhabdomyolysis လို့ ခေါ်ပါတယ်။ ကဖင်းဓာတ်တွေများတာကြောင့်ကြွက်သားတွေ ပျက်စီးပြီး ကြွက်သားအမျှင်တွေ သွေးထဲပါလာတာပါ အဲဒီကနေ ကျောက်ကပ်ပျက်စီးတာတွေ တစ်ခြားအစိတ်အပိုင်းတွေ ထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အသက်အန္တရာယ် ရှိပါတယ်။ ဖြစ်လေ့ဖြစ်ထမရှိတတ်ပေမယ့် ဖြစ်နိုင်တဲ့ရောဂါတစ်ခုပါပဲ။ ကိုယ်ဝန်ဆောင်မှာ ကော်ဖီလုံးဝမသောက်ရဘူးလို့ မပြောပါဘူး ကိုယ်ဝန်မှာသောက်ရင်တော့ ဘေးထွက်ဆိုးကျိုးတွေကို မိခင်တစ်ယောက်တည်းခံစားရမဟုတ်ပါဘူး ရင်သွေးငယ်လေးပါ ခံစားရမှာဆိုတာကိုတော့ ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်။ဘာပဲဖြစ်ဖြစ်တော့ ကော်ဖီဆိုတာ အရင်ကလည်းသောက်တယ် အခုလည်းသောက်တယ် နောင်လည်းသောက်နေဦးမှာပါ အစားမတော်တစ်လုပ် မဖြစ်စေလိုပါ။

Dr. CST

Previous Post

မွေးကင်းစ ကလေးငယ်များနဲ့ပတ်သတ်ပြီးသိထားသင့်သည်များ

Next Post

ရယ်ဒီမိတ် ခေါက်ဆွဲ ပြုတ် တွေ စားရင်ဘာတွေ ဖြစ်လာမလဲ?

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရယ်ဒီမိတ် ခေါက်ဆွဲ ပြုတ် တွေ စားရင်ဘာတွေ ဖြစ်လာမလဲ?

မွေးကင်းစကလေးငယ်နှင့်အသားဝါခြင်း(၁)

"ဥ"ခဏခဏအောင့်ရင် ပန်းသေတတ်သလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.