ခုမွ သိေတာ့
ရပ္ကြက္မွာဆို ဦးလွကို လူတိုင္းနီးပါး သိၾကတယ္။ ျပည့္ျပည့္စုံစုုံ ေနႏိုင္စားႏိုင္သလို ဦးလွ အမ်ိဳးသမီး ေဒၚႏုကလည္း သေဘာေကာင္းတယ္။ အၿငိမ္းစားယူထားတဲ့ ဆရာမႀကီး။ ဦးလွကလည္း အလုပ္ကေန နားလိုက္ေပမယ့္ ေဆာက္လုပ္ေရး အလုပ္တစ္ခုမွာ အႀကံေပးအျဖစ္ လုပ္တုန္း။ ဦးလွက သေဘာေကာင္းေပမယ့္ ေသာက္ေသာက္စားစားေတာ့ ရွိတယ္။ ေသာက္ၿပီးလို႔ ေထြေနရင္လည္း မ်ားေသာအားျဖင့္ အိပ္သြားတာမ်ားတယ္။ မူးၿပီး ေသာင္းက်န္းတာတို႔ ရစ္တာတို႔ မရွိဘူး။
ဦးလွႀကိဳက္တဲ့အစားအစာေတြကလည္း မ်ားေသာအားျဖင့္ အဆီအစိမ့္ေတြ ၊ အေၾကာ္ေတြမ်ားတယ္။ တစ္ခါတစ္ေလ တီဗြီေတြ ဘာေတြၾကည့္ရင္း အဆာေျပစားတဲ့အစာေတြကလည္း အာလူးေၾကာ္တို႔ ေျမပဲေၾကာ္တို႔။ အပူအစပ္လည္း အရမ္းႀကိဳက္တယ္။ ဝက္အူေခ်ာင္းတို႔ အသားျပား အကင္တို႔ဆိုတာ ဦးလွ ညေန ေသာက္တိုင္း ျမည္းေနက် အစားအစာေတြ။ အဆီအစိမ့္ အစားမ်ားလို႔လားမသိဘူး။ ဦးလွမွာ ဆီးခ်ိဳေတာ့ နည္းနည္းရွိတယ္။ ဒါေပမယ့္ ေသခ်ာဂ႐ုမစိုက္မိဘူး။ အမႈမဲ့ အမွတ္မဲ့ပဲ။ ေဒၚႏုကေတာ့ ေဆးပုံမွန္ လာလာတိုက္တာပဲ။ ေဒၚႏုတိုက္ရင္ေတာ့ ေသာက္လိုက္တယ္၊ ေဒၚႏု ဆီးခ်ိဳ စစ္ေပးရင္ အစစ္ခံလိုက္တယ္။ အဲလိုလူ။
အခုေနာက္ၿပီးက် ဦးလွတစ္ေယာက္ သိပ္ေနလို႔ အဆင္မေျပလွဘူး။ ထမင္းစားၿပီး ေနလို႔ပဲမေကာင္းသလိုလို အစာပဲမေၾကသလိုလို တစ္မ်ိဳးႀကီး ျပည့္အင့္အင့္ႀကီးလို ျဖစ္ျဖစ္ေနတယ္။ ဒါေပမယ့္ ေဆးခန္းသြားတာ ဘာညာလည္း မလုပ္ျဖစ္ဘူး။ ဒီရက္ပိုင္း ပုံမွန္ထက္ ပိုေသာက္မိလို႔ပဲေနမယ္လို႔ ေတြးမိတယ္။ ေဒၚႏုသိရင္ ပြစိပြစိေျပာေနဦးမယ္။ ငါ့ဘာသာ နည္းနည္းေတာ့ ေလွ်ာ့ေသာက္ဦးမွလို႔ ေတြးမိေပမယ့္ တကယ္တမ္းက်ေတာ့လည္း မေလွ်ာ့ျဖစ္ဘူး။ ဒီလိုနဲ႔ တျဖည္းျဖည္း အစားနည္းနည္းလာတယ္။ နည္းနည္းေလးစားတာနဲ႔ ဗိုက္ႀကီးက အင့္အင့္ႀကီး ျဖစ္ေနတာကိုး။ အရင္က ျပည့္ျပည့္ၿဖိဳးၿဖိဳး ကိုယ္ခႏၶာက တျဖည္းျဖည္း ပိန္က်လာတယ္။ ေဒၚႏုလည္း စိတ္ပူလို႔ ဦးလွကို ေဆး႐ုံေဆးခန္းသြားျပဖို႔ ေဖ်ာင္းဖ်ေတာ့လည္း ဦးလွက ငါဘာမွ မျဖစ္ပါဘူး မိန္းမရယ္ ဆိုတာခ်ည္းပဲ။ ဦးလွကလည္း သူ႔အေၾကာင္းနဲ႔သူ ငါေတာ့ ေသာက္တာမ်ားၿပီး အစာအိမ္ေတာ့ ေရာင္ေနပါၿပီ။ ဆရာဝန္ သြားျပရင္ေတာ့ ငါ့ေတာ အရက္ျဖတ္ခိုင္းေတာ့မွာပဲဆိုၿပီး ေတြးမိေတာ့ မသြားဘူးဆိုတာခ်ည္းပဲ။
ဒီလိုနဲ႔ တျဖည္းျဖည္း အစားနည္းလာတာကေန ပ်ိဳ႕တာ အန္တာေတြ ျဖစ္လာတယ္။ ရင္ေခါင္းကေန ထိုးထိုးေအာင့္လာေတာ့တယ္။ မေနႏိုင္ေအာင္ ဆိုးလာေတာ့မွ ဆရာဝန္ဆီ သြားျပျဖစ္ေတာ့တယ္။ ဆရာဝန္က စမ္းသပ္ၿပီးတာနဲ႔ ဦးအသည္းႀကီးက ပုံမွန္ထက္ ႀကီးေနတယ္။ ဝမ္းဗိုက္ဓာတ္မွန္ ႐ိုက္ၾကည့္သင့္တယ္ဆိုၿပီး ႐ိုက္ခိုင္းတယ္။ ၿပီးေတာ့ အသည္းဓာတ္ေတြပါ စစ္သင့္တယ္ဆိုၿပီး ေသြးစစ္ ဆီးစစ္တာေတြပါ လုပ္တယ္။ ေသြးသြားစစ္လိုက္ ဓာတ္မွန္႐ိုက္လိုက္နဲ႔ ဦးလွတစ္ေယာက္ အရမ္းပဲ ပင္ပမ္းေနသလို မလႈပ္ခ်င္ မကိုင္ခ်င္နဲ႔။ စိတ္ထဲမွာေတာ့ ဆရာဝန္ေလးက အရက္မေသာက္ခိုင္းလို႔ မေသာက္ဘဲနားထားလို႔ပဲေနမယ္ ထင္မိတယ္။ ပိန္က်သြားတာဆိုတာလည္း အရင္က တစ္ဝက္ေလာက္ေတာင္ မရွိခ်င္ေတာ့ဘူး။ အသားအေရေတြက မြဲေျခာက္ေျခာက္နဲ႔။ ဒီၾကားထဲ အသားေတြကလည္း ဟိုကယား ဒီကယားနဲ႔။ ညေနေတြဆို ေငြ႕ေငြ႕ေလး ဖ်ားဖ်ားေနတတ္တယ္။ ခါးေတြကလည္း အရမ္းနာလာသလိုပဲ။ ေဒၚႏုလည္း ဦးလွကို အစိုးရိမ္ႀကီး စိုးရိမ္ေနမိတာေပါ့။
အေျဖေတြရေတာ့ ဆရာဝန္ေလး မ်က္ႏွာက မေကာင္း။ ဦးလွလည္း ဆရာဝန္မ်က္ႏွာေလးကို ျမင္လိုက္ရကတည္းက ငါေတာ့ အေျခအေနမေကာင္းဘူး ထင္ပါရဲ႕။ အသည္းက အေတာ္မ်ား ေျခာက္ေနသလား ဇကာကြက္ျဖစ္ေနသလားေပါ့။ ေနာက္ေတာ့ ဆရာဝန္ေလးကို အမွန္အတိုင္း ေျပာျပေပးပါလို႔ ေတာင္းဆိုမိတယ္။ ဆရာဝန္ေလးကေတာ့ ဦးရဲ႕ အေျဖေတြက အသည္းကင္ဆာ ျဖစ္ေနႏိုင္တယ္ အထူးကု ဆရာဝန္ႀကီးေတြနဲ႔ ထပ္ျပၾကည့္ပါေနာ္။ ျဖစ္ႏိုင္ရင္ ကြန္ပ်ဴတာ ဓာတ္မွန္ CT လည္း ႐ိုက္ၾကည့္ေစခ်င္တယ္လို႔ ေျပာေတာ့ ဦးလွေရာ ေဒၚႏုေရာ တုန္လႈပ္မိသြားတယ္။ ေဒၚႏုဆို မ်က္ရည္ေတြပါဝဲလို႔။ သူတို႔စိတ္ထဲမယ္ အသည္းေျခာက္တယ္ေလာက္ပဲ ထင္ထားေတာ့။
ဒီလိုနဲ႔ ကြန္ပ်ဴတာ ဓာတ္မွန္႐ိုက္တာေရာ အထူးကု နဲ႔ ျပတာေရာကို ဆက္လုပ္ျဖစ္ေတာ့တယ္။ တျဖည္းျဖည္းနဲ႔ ဦးလွလည္း ဆီးေတြေရာ၊ မ်က္လုံးေတြေရာ ၊ အသားေတြပါ ဝါလာေတာ့တယ္။ ကြန္ပ်ဴတာ ဓာတ္မွန္မွာလည္း အေျဖက မေကာင္းဘူး။ ကင္ဆာဆဲလ္ေတြက ေတာ္ေတာ္မ်ားမ်ား ျပန႔္ေနၿပီ။ ခြဲစိတ္ဖို႔ ဆိုေတာ့လည္း က်န္တဲ့ အသည္းေတြက ေျခာက္ေနေတာ့ ခြဲစိတ္ဖို႔လည္း အရမ္းမျဖစ္ႏိုင္ဘူး။ ၿပီးေတာ့ ဆဲလ္ေတြက ေသြးေၾကာေတြထိေတာင္ ေရာက္ေနၿပီ။ အေသးစိတ္ စစ္ၾကည့္ေတာ့ ဦးလွမွာ အသည္းေရာင္ အသားဝါ ဘီပိုးကလည္း ရွိလို႔ေနတယ္။ ဆရာဝန္ႀကီးကေတာ့ အရက္ေသာက္တာေရာ ဆီးခ်ိဳရွိတာေရာ အသည္းေရာင္ အသားဝါပိုးေရာ ရွိေနလို႔ အသည္းကင္ဆာ ပိုၿပီးျဖစ္ဖို႔ တြန္းအားေပးသလို ျဖစ္သြားတာလို႔ ရွင္းျပတယ္။
ဒီလိုမွန္းသိရင္ အရက္ေတြ မေသာက္ခဲ့ပါဘူး။ အကင္ေတြလည္း ေရွာင္ခဲ့မွာေပါ့။ မႈိပါႏိုင္တဲ့ င႐ုတ္သီးေတြ ေျမပဲေတြလည္း ေသခ်ာေ႐ြးၿပီးမွ စားခဲ့မွာေပါ့။ အသည္းေရာင္ အသားဝါ ဘီပိုးကိုလည္း ကာကြယ္ေဆးထိုးၿပီး ကာကြယ္ခဲ့မွာေပါ့။ ဆီးခ်ိဳကိုလည္း ေသခ်ာ စမ္းသပ္ကုသခဲ့မွာေပါ့။ အခုမွေတာ့။ အဆိုးထဲက ကံေကာင္းတာတစ္ခုကေတာ့ ေဒၚႏုကို စစ္ၾကည့္တာေတာ့ ဘီပိုး ရွိမေနဘူး။ ေဒၚႏုကို ကာကြယ္ေဆးထိုးျမန္ျမန္ထိုးလိုက္တယ္။ ဦးလွကေတာ့ အရာရာကို ရင္ဆိုင္ရဲေပမယ့္ ခ်စ္ရတဲ့ ေဒၚႏုအတြက္ ကုသလို႔ ရသေလာက္ ကုသမယ္ ၊ ကင္ဆာဆိုတဲ့ အရာႀကီးကို အစြမ္းကုန္ တြန္းလွန္မယ္လို႔ အားတင္းရင္း မနက္ျဖန္ ကင္ဆာ ဆရာဝန္ႀကီးနဲ႔ သြားေရာက္ျပသတဲ့အခါမွာ အစစ အရာရာ အဆင္ေျပပါေစလို႔ ဆုေတာင္းေနမိပါေတာ့တယ္။
Author : Dr. ေမ
ခုမှ သိတော့
ရပ်ကွက်မှာဆို ဦးလှကို လူတိုင်းနီးပါး သိကြတယ်။ ပြည့်ပြည့်စုံစုုံ နေနိုင်စားနိုင်သလို ဦးလှ အမျိုးသမီး ဒေါ်နုကလည်း သဘောကောင်းတယ်။ အငြိမ်းစားယူထားတဲ့ ဆရာမကြီး။ ဦးလှကလည်း အလုပ်ကနေ နားလိုက်ပေမယ့် ဆောက်လုပ်ရေး အလုပ်တစ်ခုမှာ အကြံပေးအဖြစ် လုပ်တုန်း။ ဦးလှက သဘောကောင်းပေမယ့် သောက်သောက်စားစားတော့ ရှိတယ်။ သောက်ပြီးလို့ ထွေနေရင်လည်း များသောအားဖြင့် အိပ်သွားတာများတယ်။ မူးပြီး သောင်းကျန်းတာတို့ ရစ်တာတို့ မရှိဘူး။
ဦးလှကြိုက်တဲ့အစားအစာတွေကလည်း များသောအားဖြင့် အဆီအစိမ့်တွေ ၊ အကြော်တွေများတယ်။ တစ်ခါတစ်လေ တီဗွီတွေ ဘာတွေကြည့်ရင်း အဆာပြေစားတဲ့အစာတွေကလည်း အာလူးကြော်တို့ မြေပဲကြော်တို့။ အပူအစပ်လည်း အရမ်းကြိုက်တယ်။ ဝက်အူချောင်းတို့ အသားပြား အကင်တို့ဆိုတာ ဦးလှ ညနေ သောက်တိုင်း မြည်းနေကျ အစားအစာတွေ။ အဆီအစိမ့် အစားများလို့လားမသိဘူး။ ဦးလှမှာ ဆီးချိုတော့ နည်းနည်းရှိတယ်။ ဒါပေမယ့် သေချာဂရုမစိုက်မိဘူး။ အမှုမဲ့ အမှတ်မဲ့ပဲ။ ဒေါ်နုကတော့ ဆေးပုံမှန် လာလာတိုက်တာပဲ။ ဒေါ်နုတိုက်ရင်တော့ သောက်လိုက်တယ်၊ ဒေါ်နု ဆီးချို စစ်ပေးရင် အစစ်ခံလိုက်တယ်။ အဲလိုလူ။
အခုနောက်ပြီးကျ ဦးလှတစ်ယောက် သိပ်နေလို့ အဆင်မပြေလှဘူး။ ထမင်းစားပြီး နေလို့ပဲမကောင်းသလိုလို အစာပဲမကြေသလိုလို တစ်မျိုးကြီး ပြည့်အင့်အင့်ကြီးလို ဖြစ်ဖြစ်နေတယ်။ ဒါပေမယ့် ဆေးခန်းသွားတာ ဘာညာလည်း မလုပ်ဖြစ်ဘူး။ ဒီရက်ပိုင်း ပုံမှန်ထက် ပိုသောက်မိလို့ပဲနေမယ်လို့ တွေးမိတယ်။ ဒေါ်နုသိရင် ပွစိပွစိပြောနေဦးမယ်။ ငါ့ဘာသာ နည်းနည်းတော့ လျှော့သောက်ဦးမှလို့ တွေးမိပေမယ့် တကယ်တမ်းကျတော့လည်း မလျှော့ဖြစ်ဘူး။ ဒီလိုနဲ့ တဖြည်းဖြည်း အစားနည်းနည်းလာတယ်။ နည်းနည်းလေးစားတာနဲ့ ဗိုက်ကြီးက အင့်အင့်ကြီး ဖြစ်နေတာကိုး။ အရင်က ပြည့်ပြည့်ဖြိုးဖြိုး ကိုယ်ခန္ဓာက တဖြည်းဖြည်း ပိန်ကျလာတယ်။ ဒေါ်နုလည်း စိတ်ပူလို့ ဦးလှကို ဆေးရုံဆေးခန်းသွားပြဖို့ ဖျောင်းဖျတော့လည်း ဦးလှက ငါဘာမှ မဖြစ်ပါဘူး မိန်းမရယ် ဆိုတာချည်းပဲ။ ဦးလှကလည်း သူ့အကြောင်းနဲ့သူ ငါတော့ သောက်တာများပြီး အစာအိမ်တော့ ရောင်နေပါပြီ။ ဆရာဝန် သွားပြရင်တော့ ငါ့တော အရက်ဖြတ်ခိုင်းတော့မှာပဲဆိုပြီး တွေးမိတော့ မသွားဘူးဆိုတာချည်းပဲ။
ဒီလိုနဲ့ တဖြည်းဖြည်း အစားနည်းလာတာကနေ ပျို့တာ အန်တာတွေ ဖြစ်လာတယ်။ ရင်ခေါင်းကနေ ထိုးထိုးအောင့်လာတော့တယ်။ မနေနိုင်အောင် ဆိုးလာတော့မှ ဆရာဝန်ဆီ သွားပြဖြစ်တော့တယ်။ ဆရာဝန်က စမ်းသပ်ပြီးတာနဲ့ ဦးအသည်းကြီးက ပုံမှန်ထက် ကြီးနေတယ်။ ဝမ်းဗိုက်ဓာတ်မှန် ရိုက်ကြည့်သင့်တယ်ဆိုပြီး ရိုက်ခိုင်းတယ်။ ပြီးတော့ အသည်းဓာတ်တွေပါ စစ်သင့်တယ်ဆိုပြီး သွေးစစ် ဆီးစစ်တာတွေပါ လုပ်တယ်။ သွေးသွားစစ်လိုက် ဓာတ်မှန်ရိုက်လိုက်နဲ့ ဦးလှတစ်ယောက် အရမ်းပဲ ပင်ပမ်းနေသလို မလှုပ်ချင် မကိုင်ချင်နဲ့။ စိတ်ထဲမှာတော့ ဆရာဝန်လေးက အရက်မသောက်ခိုင်းလို့ မသောက်ဘဲနားထားလို့ပဲနေမယ် ထင်မိတယ်။ ပိန်ကျသွားတာဆိုတာလည်း အရင်က တစ်ဝက်လောက်တောင် မရှိချင်တော့ဘူး။ အသားအရေတွေက မွဲခြောက်ခြောက်နဲ့။ ဒီကြားထဲ အသားတွေကလည်း ဟိုကယား ဒီကယားနဲ့။ ညနေတွေဆို ငွေ့ငွေ့လေး ဖျားဖျားနေတတ်တယ်။ ခါးတွေကလည်း အရမ်းနာလာသလိုပဲ။ ဒေါ်နုလည်း ဦးလှကို အစိုးရိမ်ကြီး စိုးရိမ်နေမိတာပေါ့။
အဖြေတွေရတော့ ဆရာဝန်လေး မျက်နှာက မကောင်း။ ဦးလှလည်း ဆရာဝန်မျက်နှာလေးကို မြင်လိုက်ရကတည်းက ငါတော့ အခြေအနေမကောင်းဘူး ထင်ပါရဲ့။ အသည်းက အတော်များ ခြောက်နေသလား ဇကာကွက်ဖြစ်နေသလားပေါ့။ နောက်တော့ ဆရာဝန်လေးကို အမှန်အတိုင်း ပြောပြပေးပါလို့ တောင်းဆိုမိတယ်။ ဆရာဝန်လေးကတော့ ဦးရဲ့ အဖြေတွေက အသည်းကင်ဆာ ဖြစ်နေနိုင်တယ် အထူးကု ဆရာဝန်ကြီးတွေနဲ့ ထပ်ပြကြည့်ပါနော်။ ဖြစ်နိုင်ရင် ကွန်ပျူတာ ဓာတ်မှန် CT လည်း ရိုက်ကြည့်စေချင်တယ်လို့ ပြောတော့ ဦးလှရော ဒေါ်နုရော တုန်လှုပ်မိသွားတယ်။ ဒေါ်နုဆို မျက်ရည်တွေပါဝဲလို့။ သူတို့စိတ်ထဲမယ် အသည်းခြောက်တယ်လောက်ပဲ ထင်ထားတော့။
ဒီလိုနဲ့ ကွန်ပျူတာ ဓာတ်မှန်ရိုက်တာရော အထူးကု နဲ့ ပြတာရောကို ဆက်လုပ်ဖြစ်တော့တယ်။ တဖြည်းဖြည်းနဲ့ ဦးလှလည်း ဆီးတွေရော၊ မျက်လုံးတွေရော ၊ အသားတွေပါ ဝါလာတော့တယ်။ ကွန်ပျူတာ ဓာတ်မှန်မှာလည်း အဖြေက မကောင်းဘူး။ ကင်ဆာဆဲလ်တွေက တော်တော်များများ ပြန့်နေပြီ။ ခွဲစိတ်ဖို့ ဆိုတော့လည်း ကျန်တဲ့ အသည်းတွေက ခြောက်နေတော့ ခွဲစိတ်ဖို့လည်း အရမ်းမဖြစ်နိုင်ဘူး။ ပြီးတော့ ဆဲလ်တွေက သွေးကြောတွေထိတောင် ရောက်နေပြီ။ အသေးစိတ် စစ်ကြည့်တော့ ဦးလှမှာ အသည်းရောင် အသားဝါ ဘီပိုးကလည်း ရှိလို့နေတယ်။ ဆရာဝန်ကြီးကတော့ အရက်သောက်တာရော ဆီးချိုရှိတာရော အသည်းရောင် အသားဝါပိုးရော ရှိနေလို့ အသည်းကင်ဆာ ပိုပြီးဖြစ်ဖို့ တွန်းအားပေးသလို ဖြစ်သွားတာလို့ ရှင်းပြတယ်။
ဒီလိုမှန်းသိရင် အရက်တွေ မသောက်ခဲ့ပါဘူး။ အကင်တွေလည်း ရှောင်ခဲ့မှာပေါ့။ မှိုပါနိုင်တဲ့ ငရုတ်သီးတွေ မြေပဲတွေလည်း သေချာရွေးပြီးမှ စားခဲ့မှာပေါ့။ အသည်းရောင် အသားဝါ ဘီပိုးကိုလည်း ကာကွယ်ဆေးထိုးပြီး ကာကွယ်ခဲ့မှာပေါ့။ ဆီးချိုကိုလည်း သေချာ စမ်းသပ်ကုသခဲ့မှာပေါ့။ အခုမှတော့။ အဆိုးထဲက ကံကောင်းတာတစ်ခုကတော့ ဒေါ်နုကို စစ်ကြည့်တာတော့ ဘီပိုး ရှိမနေဘူး။ ဒေါ်နုကို ကာကွယ်ဆေးထိုးမြန်မြန်ထိုးလိုက်တယ်။ ဦးလှကတော့ အရာရာကို ရင်ဆိုင်ရဲပေမယ့် ချစ်ရတဲ့ ဒေါ်နုအတွက် ကုသလို့ ရသလောက် ကုသမယ် ၊ ကင်ဆာဆိုတဲ့ အရာကြီးကို အစွမ်းကုန် တွန်းလှန်မယ်လို့ အားတင်းရင်း မနက်ဖြန် ကင်ဆာ ဆရာဝန်ကြီးနဲ့ သွားရောက်ပြသတဲ့အခါမှာ အစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းနေမိပါတော့တယ်။
Author : Dr. မေ