“ဥ” ခဏခဏအောင့်ရင် ပန်းသေတတ်သလား
`ဥအောင့်တယ် ဆရာကျော်´လို့ တိုးတိုးတိတ်တိတ်ကြိတ်ကြိတ် မေးခွန်းလေးတွေရှိပါတယ်။ ဥပိုင်ဆိုင်သော ယောကျာၤးသားများအတွက် အခံရခက်သော ဝေဒနာတစ်ရပ်ပင် ဖြစ်ပါတယ်။ အမျိုးသမီးများအတွက် မေးရန်ရှက်သော မေးခွန်းများရှိသကဲ့သို့ အမျိုးသားများအတွက်လည်း မေးရန်ရှက်သော မေးခွန်းပင် ဖြစ်ပါတယ်။
မိမိခံစားနေတာကို ပစ်ထား၍ မရအောင်ပင် စိုးရိမိမူလွန်ကဲသည်အထိ ဖြစ်တတ်ကြပါတယ်။ ဥအောင့်ရင် ဘာဖြစ်မလဲ? မကုသရင် ဘဝဆုံးမလား? ယောကျာၤးမပီသတော့ဘူးလား ဆိုသော? သံသယအတွေးများ ဆက်တိုက်နဲ့ စိတ်ဖိဆီး နေတတ်ကြပါတယ်။
အူကျခြင်းမဟုတ်ဘဲ ထိခိုက်ဒဏ်ရာရရှိခြင်းမဟုတ်ဘဲ မိမိကယ်ပယ်အိတ် အောင့်နေခြင်းကို သွေးကြောထုံးသည်ဟု ခေါ်ပါတယ်။ အခြားသောအကြောင်းရင်းများလည်း ရှိပါတယ်။ သွေးကြောသည် ရှာရှာဖွေဖွေ ဥထဲမှ လာထုံးနေတတ်ပါတယ်။ ကိုင်ကြည့်လိုက်လျှင် အထဲတွင် သန်ကောင်များရှိသကဲ့သို့ ခံစားရပါတယ်။ ကပ်ပယ်အိတ်အထဲရှိ ဥအပေါ်တွင် စမ်းမိတတ်ပါတယ်။
မတ်တပ်ရပ်လျှင် မြင်နိုင်ပေမယ့် လှဲချလိုက်လျင် မမြင်နိုင်ပါ။ သွေးကြောထုံးခြင်းသည် အန္တရာယ်မရှိနိုင်ပါဟု ယူဆ၍ ရသော်လည်း နေရထိုင်ရတာ သက်တောင့်သက်သာမရှိခြင်းနှင့် နာကျင်ခြင်းဝေဒနာ ခံစားရတတ်ပါတယ်။
သင့်ရဲ့ဥကို ရှုံ့တွစေကာ မျိုးပွားမႈဆိုင်ရာပြဿနာများ ရင်ဆိုင်ရတတ်ပါတယ်။ အဆိုပါ ကယ်ပယ်အိတ်အတွင်း သွေးကြောထုံးမႈသည် လူငယ်များတွင်အဖြစ်များပြီး လူတစ်ရာတွင် ဆယ်ယောက်မှ ဆယ်ငါးယောက်ထိ ဖြစ်နိုင်ချေရှိပါတယ်။
ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးစေနိုင်သော ဖြစ်နိုင်ချေရှိသော အကြောင်းရင်းမှာ သွေးကြောအတွင်းရှိ အဆို့ရှင်များ ကောင်းစွာအလုပ်မလုပ်၍ သွေးကြောဖောင်းလာခြင်းကြောင့် ဖြစ်ပါတယ်။
သွေးကြောထုံးခြင်းကြောင့် တခါတရံ အထွေအထူးလက္ခဏာမခံစားရနိုင်ပါ။ လက်နဲ့ စမ်းမိမှသာ သတိထားမိတတ်ကြပါတယ်။ ခံစားရနိုင်သောလက္ခဏာများမှာ …..
– စူးအောင့်ခြင်း
– မတ်တပ်ရပ်လျှင် လက်နဲ့ကိုင်လျှင် နာကျင်မႈပိုဆိုးခြင်း
– တဖြေးဖြေးပိုဆိုးလာခြင်း
– လှဲအိပ်လျှင် ပျောက်သွားခြင်း စသည်တို့ပင် ဖြစ်ပါတယ်။
သင့်အနေဖြင့် သွေးကြောထုံးခြင်းကို ကိုယ်တိုင်အလွယ်တကူ စမ်းမိတတ်ပါတယ်။ လိုအပ်လျှင်ကပ်ပယ်အိတ်ကို အတ်ထရာဆောင်း ရိုက်နိုင်ပါတယ်။
ကပ်ပယ်အိတ်အတွင်း သွေးကြောထုံးခြင်းကို ကုသရန် လိုအပ်လာသော အခြေအနေများမှာ ဥပမာနာကျင်မႈပိုဆိုးလျှင်၊ ကလေးရရန်ခက်ခဲခြင်းနှင့် ဥအရွယ်အစားမညီမျှခြင်းစသော ပြဿနာများပင်ဖြစ်ပါတယ်။ ရောဂါမဖြစ်ပွားရန် ကာကွယ်သော နည်းလမ်းများမရှိပါ။ နာကျင်မႈသက်သာစေရန် အကိုက်အခဲပျောက်ဆေး သောက်နိုင်ပါတယ်။ အကယ်၍ ကုသမႈ လိုအပ်လာပါက သွေးကြောအထုံးဖြေခြင်း သို့မဟုတ် ဖယ်ခြင်းစသော နည်းများဖြင့် ကုသမႈခံယူနိုင်ပါတယ်။
(1) Open surgery လို့ခေါ်တဲ့ ကယ်ပယ်အိတ်ကို ခွဲစိတ်ခြင်းဖြင့် ကုသနည်း
(2) မှန်ပြောင်းဖြင့် ကုသခြင်း
(3) အရေပြားအောက်မှတဆင့် သွေးကြောချည် ကုသခြင်း
သွေးကြောထုံးရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများမှာ
– အလွန် နာကျင်ကိုက်ခဲခြင်း
မနက်ပိုင်းတွင် မသိသာသော်လည်း တနေ့တာအတွင် ပိုဆိုးလာစေပါတယ်။ ဥအောင့်နေသောကြောင့် စိတ်ညစ်ခြင်း၊ စိတ်ဖိဆီးမူများပြီး မိမိလုပ်ငန်များအဆင်ပြေမႈမရှိခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။
– တက်စတိုစတီးရုန်း ပမာဏပြောင်းလဲခြင်း
ရေရှည် သွေးကြောထုံး ဝေဒနာခံစားရပါက တက်စတိုစတီးရုန်းပမာဏ ပြောင်းလဲမႈ ခံစားရပါလိမ့်မယ်။ လိင်ဆန္ဒလျော့ကျခြင်းနှင့် အခြားသောလိင်ပိုင်းဆိုင်ရာ ပြဿနာများ ရင်ဆိုရနိုင်ပါတယ်။
– သွေးကြောထုံးခြင်းကြောင့် သုတ်လွှတ်ပေးသော ပြွန်များပျက်ဆီးမႈကြောင့် ဥအရွယ်အစားသေးငယ်လာတတ်ပါတယ်။
– သုတ်ပိုးထုတ်လွှတ်မႈပြဿနာများ ရင်ဆိုင်ရတတ်ပါတယ်။ သွေးကြောထုံးခြင်းကြောင့် အမျိုးသားများ ကလေးမရနိုင်သော ရာခိုင်းနူန်းမှာ ၃၈ ရာခိုင်နူန်းထိ ရှိပါတယ်။
– ဆီးကျိတ်ကြီးခြင်း
သွေးကြောထုံးခြင်းနှင့် ဆီးကျိတ်ကြီးခြင်း ဆက်စပ်မႈရှိကြောင်း လေ့လာတွေ့ရှိပါတယ်။ သေချာကုသမႈ မပြုလုပ်လျှင် ဆီးကြိတ်ကြီး တတ်ပါတယ်။
Dr. Kyaw