(Zawgyi)
`အမ်ဳိးသားမ်ားရဲ႕ တိုးတိုးတိတ္တိတ္ ႀကိတ္ႀကိတ္ဖြင့္ေျပာရတဲ့ အျခားေသာ ျပႆနာတစ္ရပ္ကေတာ့ လိင္ဆက္ဆံရန္ စိတ္မပါျခင္းပင္´ျဖစ္ပါတယ္။ဆရာေက်ာ္ရယ္ ဒီကိစၥကို အိမ္ေထာင္ဖက္အမ်ဳိးသမီးသိမွာလည္း ေၾကာက္ပါတယ္ဟု ondrမွာ အေမးမ်ားပါတယ္။အဆိုပါ လိင္ဆက္ဆံရန္စိတ္မပါျခင္းသည္ မိမိအိမ္ေထာင္ေရးကိုထိခိုက္မွာ၊အမ်ဳိးသမီးအထင္လြဲမွာလည္း စိုးရိမ္မူလြန္ကဲေနရပါတယ္။
လိင္ဆက္ဆံရန္ ဆနၵမပါေတာ့ျခင္းသည္ အမ်ဳိးသမီးမ်ားအတြက္ ျဖစ္နိုင္ေခ်ရွိေသာ္လည္း အမ်ဳိသားမ်ားအတြက္ပံုမွန္ျဖစ္နိုင္ေခ်မရွိတတ္ပါ။အမ်ဳိးသားမ်ား တစ္ရာမွာ ဆယ့္ငါးေယာက္ မွဆယ့္ေျခာက္ေယာက္ခန္႔တြင္ အဆိုပါျပႆနာခံစားရရွိတတ္ပါတယ္။အမ်ဳိးသမီးမ်ားတြင္ ပိုမိုျဖစ္ပြားနိုင္ပါတယ္။အမ်ဴိးသားမ်ားတြင္ စိတ္ဆနၵမပါျခင္းသည္ အမ်ဳိးသမီးမ်ားထက္ ပိုိမိုစိုးရိမ္ေၾကာက္လန္႔ေစပါတယ္။မိမိတြင္ လူျဖစ္ရူံးၿပီး အိမ္ေထာင္ေရးသုခ အျပည့္အဝမရရွွိမွာ ေၾကာက္႐ြ႔ံထိတ္လန္႔ေနပါတယ္။
လိင္ဆနၵမရွိေသာအမ်ဳိးသားမ်ားသည္ မိမိဘဝတစ္ေလ်ာက္လံုး စိတ္ပင္ပန္းမူမ်ဳိးစံု ႀကံဳေတြ႕ေနရတတ္ပါတယ္။ေပ်ာ္႐ႊင္မူေပ်ာက္ဆံုးေနသလိုခံစားရတတ္ပါတယ္။လိင္ဆနၵမရွိေသာျပႆနာသည္အမ်ဳိးသားမ်ားတြင္ နွာေစးေခ်ာင္းဆိုးကဲ့သို႔ ရုတ္တရက္ ခံစားရျခင္းမ်ဳိးမဟုတ္ဘဲ တေျဖးေျဖးခံစားလာရျခင္းျဖစ္ပါတယ္။အခ်ိန္အတိုင္းအတာ သတ္မွတ္ထားျခင္းလည္းမရွိပါ။မိမိကိုယ္ကို သတိထားလာျခင္းျဖစ္ပါတယ္။
လိင္ဆက္ဆံမူအႀကိမ္ေရမ်ားတိုင္း လိင္ဆနၵျပည့္ဝေနျခင္းဟုဆိုလိုရ်္မရနိုင္ပါ။လိင္ဆက္ဆံမူအႀကိမ္ေရမ်ားတိုင္း စိတ္ေက်နပ္မူအျပည့္အဝရရွိေနသည္ဟု ယူဆရ်္မရနိုင္ပါ။လိင္ဆက္ဆံမူအႀကိမ္ေရနည္းေသာ္လည္း စိတ္ဆနၵျပည့္ဝေပ်ာ္႐ႊင္မူ ရရွိနိုင္ပါတယ္။လိင္ဆနၵေပ်ာက္ဆံုးေနလ်ွင္ေအာက္ပါေမးခြန္းမ်ားကို ေျဖဆိုၾကည့္ပါ။
-အိပ္ခန္းေနရာမွ ဆက္ဆံမူသတ္မွတ္ထားျခင္းရွိပါသလား
-ဆက္ဆံရာတြင္ တဦးနွင့္တဦးခံစားခ်က္တူညီမူမေပးနိုင္ဘူးဟုယူဆရပါသလား
-သင္ကသာလ်ွင္ စတင္ဦးေဆာင္သူျဖစ္ပါသလား
-တလလ်ွင္တႀကိမ္သို႔မဟုတ္ ၂ႀကိမ္သာ အမ်ားဆံုးဆက္ဆံမိပါသလား
အထက္ပါေမးခြန္းအခ်ဳိ႕ကို အမွန္ဟုေျဖသူမ်ားသည္ လိင္ဆနၵနည္းပါး ေပ်ာက္ဆံုးေနသူမ်ားဟု ယူဆရ်္ရနိုင္ေခ်ရွိပါတယ္။
လိင္ဆနၵမရွိရျခင္းအေၾကာင္းရင္းမ်ားမွာ
1-ပန္းေသ/ပန္းညဴိးျခင္းေၾကာင့္ လိင္ဆနၵမရွိျခင္းျဖစ္ေစနိုင္ပါတယ္။ပန္းေသ/ပန္းညိူးျခင္းနွင့္ဆနၵမရွိျခင္းသည္ ခံစားခ်က္မတူညီပါ။ပန္းေသ/ပန္းညိူးျခင္းသည္ အေၾကာင္းရင္းေသခ်ာရွာေဖြကုသပါက လိင္တံဆီသို႔ ေသြးစီးဆင္းမူမ်ားေစေသာေဆးဝါးအကူအညီျဖင့္ျပန္လည္ကုစားနိုင္ပါတယ္။
2-စိတ္တိုျခင္းနွင့္လိင္ဆနၵမရွိျခင္း
အမ်ဳိးသားမ်ားတြင္ လိင္စြမ္းေဆာင္မူတြင္ စိတ္တိုေဒါသထြက္ျခင္းနွင့္သုတ္လႊတ္ေစာျခင္း ျပႆနာမ်ားရင္ဆိုင္ရေလ့ရွိပါတယ္။အဆိုပါျပႆနာမ်ားရင္ဆိုင္ရေသာအမ်ဳိးသားမ်ားတြင္ လိင္ဆက္ဆံရာတြင္စိတဖိဆီးမူျဖစ္ကာ လိင္ဆက္ဆံမူဆနၵမရွိေတာ့သည္အထိဆိုး႐ြားနိုင္ပါတယ္။
3-စိတ္ဖိစီးမူ
မိမိအလုပ္တြင္စိတ္ဖိဆီးမူဒဏ္ခံရရ်္ လိင္ဆက္ဆံရာတြင္ ယံုၾကည္မူေပ်ာက္ဆံုးကာ ဆနၵမပါေတာ့သည္အထိ ခံစားရနိုင္ပါတယ္။
4-ေရာဂါအခံရွိျခင္း
အမ်ဳိးသားမ်ားတြင္ ျပင္းထန္ေရာဂါမ်ား၊နာတာရွည္ေရာဂါမ်ားခံစားရပါက လိင္ဆနၵေပ်ာက္ဆံုးတတ္ပါတယ္။ဥပမာ ကင္ဆာ၊စိတ္ေရာဂါ၊နွလံုးေရာဂါ၊ေသြးတိုး၊ဆီးခ်ဳိ၊နွင့္သိုင္း႐ြိဳက္ေရာဂါမ်ားအရက္အလြန္အက်ြံေသာက္သူမ်ားတြင္လည္းအဆိုပါျပႆနာမ်ားရင္ဆိုင္ရနိုင္ပါတယိ။
5-ေဆးဝါးမ်ားေသာက္သံုးေနရျခင္း
အခ်ဳိ႕ေသာေဆးဝါးမ်ားေၾကာင့္ လိင္ဆနၵေပ်ာက္ဆံုးေနျခင္းျဖစ္ေစပါတယ္။ဥပမာ စိတ္ေရာဂါေဆးမ်ား
6-မိမိအိမ္ေထာင္ဖက္အေပၚခ်စ္ခင္မူမရွိျခင္း
7-အိမ္ေထာင္ဖက္အခ်င္ခ်င္းေလးစားမူမရွိျခင္းစသည့္တို႔ေၾကာင့္ျဖစ္ႏုိင္ပါတယ္။
လိင္ဆနၵျပန္လည္ရရွိေစေသာအခ်က္မ်ားမွာ-
(1)ကိုယ္လက္ေလ့က်င့္ခန္းျပဳလုပ္ျခင္း
ကိုယ္ခနၵာတြင္ေသြးလည္ပတ္မူအားေကာင္းေရန္ ကိုယ္လက္ေလ့က်င့္ခန္းျပဳလုပ္ျခင္းျဖင့္ လိင္ဆက္ဆံရာတြင္ ယံုၾကည္မူရွိေစပါတယ္။
(2)စိတ္ေပ်ာ္႐ႊင္မူကိုဖန္တီးျခင္း
မိမိအိမ္ေထာင္ဖက္နွင့္ ရယ္ေမာေပ်ာ္႐ႊင္ေသာအေျခအေနမ်ားဖန္တီးျခင္းအားျဖင့္ လိင္ဆက္ဆံရာတြင္အေထာက္အကူျပဳေစပါတယ္။
(3)မိမိခံစားရေသာစိတ္ဆႏၵမ်ားကို အိမ္ေထာင္ဖက္အမ်ဳိးသမီးကိုရင္းနွီးပြင့္လင္းစြာ ေျပာျပျခင္း
(4)သူငယ္ခ်င္းမ်ားနွင့္ညစာစားပြဲမ်ားက်င္းပကာ အတြ႕အႄကံဳမ်ွေဝအႀကံယူျခင္း
(5)မိမိတြင္ လိင္ဆနၵမရွိျခင္းေၾကာင့္ အလြန္အက်ြံစိတ္ပင္ပန္းမူခံစားေနပါက နားလည္တတ္က်ြမ္းေသာဆရာဝန္နွင့္ျပသကုသမူခံယူျခင္းစသည္တို႔ကို လိုက္နာေဆာင္႐ြက္ပါ။
Dr. kyaw
(Unicode)
`အမျိုးသားများရဲ့ တိုးတိုးတိတ်တိတ် ကြိတ်ကြိတ်ဖွင့်ပြောရတဲ့ အခြားသော ပြဿနာတစ်ရပ်ကတော့ လိင်ဆက်ဆံရန် စိတ်မပါခြင်းပင်´ဖြစ်ပါတယ်။ဆရာကျော်ရယ် ဒီကိစ္စကို အိမ်ထောင်ဖက်အမျိုးသမီးသိမှာလည်း ကြောက်ပါတယ်ဟု ondrမှာ အမေးများပါတယ်။အဆိုပါ လိင်ဆက်ဆံရန်စိတ်မပါခြင်းသည် မိမိအိမ်ထောင်ရေးကိုထိခိုက်မှာ၊အမျိုးသမီးအထင်လွဲမှာလည်း စိုးရိမ်မူလွန်ကဲနေရပါတယ်။
လိင်ဆက်ဆံရန် ဆန္ဒမပါတော့ခြင်းသည် အမျိုးသမီးများအတွက် ဖြစ်နိုင်ချေရှိသော်လည်း အမျိုသားများအတွက်ပုံမှန်ဖြစ်နိုင်ချေမရှိတတ်ပါ။အမျိုးသားများ တစ်ရာမှာ ဆယ့်ငါးယောက် မှဆယ့်ခြောက်ယောက်ခန့်တွင် အဆိုပါပြဿနာခံစားရရှိတတ်ပါတယ်။အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားနိုင်ပါတယ်။အမျိူးသားများတွင် စိတ်ဆန္ဒမပါခြင်းသည် အမျိုးသမီးများထက် ပိုမိုစိုးရိမ်ကြောက်လန့်စေပါတယ်။မိမိတွင် လူဖြစ်ရူံးပြီး အိမ်ထောင်ရေးသုခ အပြည့်အဝမရရှှိမှာ ကြောက်ရွံ့ထိတ်လန့်နေပါတယ်။
လိင်ဆန္ဒမရှိသောအမျိုးသားများသည် မိမိဘဝတစ်လျောက်လုံး စိတ်ပင်ပန်းမူမျိုးစုံ ကြုံတွေ့နေရတတ်ပါတယ်။ပျော်ရွှင်မူပျောက်ဆုံးနေသလိုခံစားရတတ်ပါတယ်။လိင်ဆန္ဒမရှိသောပြဿနာသည်အမျိုးသားများတွင် နှာစေးချောင်းဆိုးကဲ့သို့ ရုတ်တရက် ခံစားရခြင်းမျိုးမဟုတ်ဘဲ တဖြေးဖြေးခံစားလာရခြင်းဖြစ်ပါတယ်။အချိန်အတိုင်းအတာ သတ်မှတ်ထားခြင်းလည်းမရှိပါ။မိမိကိုယ်ကို သတိထားလာခြင်းဖြစ်ပါတယ်။
လိင်ဆက်ဆံမူအကြိမ်ရေများတိုင်း လိင်ဆန္ဒပြည့်ဝနေခြင်းဟုဆိုလိုရျ်မရနိုင်ပါ။လိင်ဆက်ဆံမူအကြိမ်ရေများတိုင်း စိတ်ကျေနပ်မူအပြည့်အဝရရှိနေသည်ဟု ယူဆရျ်မရနိုင်ပါ။လိင်ဆက်ဆံမူအကြိမ်ရေနည်းသော်လည်း စိတ်ဆန္ဒပြည့်ဝပျော်ရွှင်မူ ရရှိနိုင်ပါတယ်။လိင်ဆန္ဒပျောက်ဆုံးနေလျှင်အောက်ပါမေးခွန်းများကို ဖြေဆိုကြည့်ပါ။
-အိပ်ခန်းနေရာမှ ဆက်ဆံမူသတ်မှတ်ထားခြင်းရှိပါသလား
-ဆက်ဆံရာတွင် တဦးနှင့်တဦးခံစားချက်တူညီမူမပေးနိုင်ဘူးဟုယူဆရပါသလား
-သင်ကသာလျှင် စတင်ဦးဆောင်သူဖြစ်ပါသလား
-တလလျှင်တကြိမ်သို့မဟုတ် ၂ကြိမ်သာ အများဆုံးဆက်ဆံမိပါသလား
အထက်ပါမေးခွန်းအချို့ကို အမှန်ဟုဖြေသူများသည် လိင်ဆန္ဒနည်းပါး ပျောက်ဆုံးနေသူများဟု ယူဆရျ်ရနိုင်ချေရှိပါတယ်။
လိင်ဆန္ဒမရှိရခြင်းအကြောင်းရင်းများမှာ
1-ပန်းသေ/ပန်းညိူးခြင်းကြောင့် လိင်ဆန္ဒမရှိခြင်းဖြစ်စေနိုင်ပါတယ်။ပန်းသေ/ပန်းညိူးခြင်းနှင့်ဆန္ဒမရှိခြင်းသည် ခံစားချက်မတူညီပါ။ပန်းသေ/ပန်းညိူးခြင်းသည် အကြောင်းရင်းသေချာရှာဖွေကုသပါက လိင်တံဆီသို့ သွေးစီးဆင်းမူများစေသောဆေးဝါးအကူအညီဖြင့်ပြန်လည်ကုစားနိုင်ပါတယ်။
2-စိတ်တိုခြင်းနှင့်လိင်ဆန္ဒမရှိခြင်း
အမျိုးသားများတွင် လိင်စွမ်းဆောင်မူတွင် စိတ်တိုဒေါသထွက်ခြင်းနှင့်သုတ်လွှတ်စောခြင်း ပြဿနာများရင်ဆိုင်ရလေ့ရှိပါတယ်။အဆိုပါပြဿနာများရင်ဆိုင်ရသောအမျိုးသားများတွင် လိင်ဆက်ဆံရာတွင်စိတဖိဆီးမူဖြစ်ကာ လိင်ဆက်ဆံမူဆန္ဒမရှိတော့သည်အထိဆိုးရွားနိုင်ပါတယ်။
3-စိတ်ဖိစီးမူ
မိမိအလုပ်တွင်စိတ်ဖိဆီးမူဒဏ်ခံရရျ် လိင်ဆက်ဆံရာတွင် ယုံကြည်မူပျောက်ဆုံးကာ ဆန္ဒမပါတော့သည်အထိ ခံစားရနိုင်ပါတယ်။
4-ရောဂါအခံရှိခြင်း
အမျိုးသားများတွင် ပြင်းထန်ရောဂါများ၊နာတာရှည်ရောဂါများခံစားရပါက လိင်ဆန္ဒပျောက်ဆုံးတတ်ပါတယ်။ဥပမာ ကင်ဆာ၊စိတ်ရောဂါ၊နှလုံးရောဂါ၊သွေးတိုး၊ဆီးချို၊နှင့်သိုင်းရွိုက်ရောဂါများအရက်အလွန်အကျွံသောက်သူများတွင်လည်းအဆိုပါပြဿနာများရင်ဆိုင်ရနိုင်ပါတယိ။
5-ဆေးဝါးများသောက်သုံးနေရခြင်း
အချို့သောဆေးဝါးများကြောင့် လိင်ဆန္ဒပျောက်ဆုံးနေခြင်းဖြစ်စေပါတယ်။ဥပမာ စိတ်ရောဂါဆေးများ
6-မိမိအိမ်ထောင်ဖက်အပေါ်ချစ်ခင်မူမရှိခြင်း
7-အိမ်ထောင်ဖက်အချင်ချင်းလေးစားမူမရှိခြင်းစသည့်တို့ကြောင့်ဖြစ်နိုင်ပါတယ်။
လိင်ဆန္ဒပြန်လည်ရရှိစေသောအချက်များမှာ-
(1)ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း
ကိုယ်ခန္ဒာတွင်သွေးလည်ပတ်မူအားကောင်းရေန် ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် လိင်ဆက်ဆံရာတွင် ယုံကြည်မူရှိစေပါတယ်။
(2)စိတ်ပျော်ရွှင်မူကိုဖန်တီးခြင်း
မိမိအိမ်ထောင်ဖက်နှင့် ရယ်မောပျော်ရွှင်သောအခြေအနေများဖန်တီးခြင်းအားဖြင့် လိင်ဆက်ဆံရာတွင်အထောက်အကူပြုစေပါတယ်။
(3)မိမိခံစားရသောစိတ်ဆန္ဒများကို အိမ်ထောင်ဖက်အမျိုးသမီးကိုရင်းနှီးပွင့်လင်းစွာ ပြောပြခြင်း
(4)သူငယ်ချင်းများနှင့်ညစာစားပွဲများကျင်းပကာ အတွ့အကြုံမျှဝေအကြံယူခြင်း
(5)မိမိတွင် လိင်ဆန္ဒမရှိခြင်းကြောင့် အလွန်အကျွံစိတ်ပင်ပန်းမူခံစားနေပါက နားလည်တတ်ကျွမ်းသောဆရာဝန်နှင့်ပြသကုသမူခံယူခြင်းစသည်တို့ကို လိုက်နာဆောင်ရွက်ပါ။
Dr. kyaw