fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အာဟာရချို့တဲ့မှုကြောင့် ပုညှက်ခြင်းများတဲ့နိုင်ငံ

50
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/01/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

“ပုညႇက္ျခင္း”ဆိုတာလူမ်ိဳးစု အလိုက္ရွိသင့္ရွိထိုက္တဲ့ အရပ္အေမာင္းထက္ပုေနျခင္းကို ဆိုလိုၿပီးကေလးတစ္ေယာက္ သႏၶသား ဘဝမွစလို႔၊ ႏွစ္ႏွစ္ေျမာက္ေမြးေန႔အထိ ရက္ေပါင္းတစ္ေထာင္ကာလအတြင္း အာဟာရလုံ ေလာက္ေအာင္မရရွိျခင္းႏွင့္ မၾကာခ ဏနာမက်န္းျဖစ္ျခင္းေၾကာင့္ ပုညႇက္ရပါတယ္။

ျမန္မာႏိုင္ငံဟာ သဘာဝသယံဇာတႂကြယ္ဝၿပီး ေတာေတာင္စိမ့္စမ္းေရေဝေရလဲ၊ အင္းအိုင္ေခ်ာင္းေျမာင္းမ်ားနဲ႔ စားပင္ေသာက္ ပင္ေတြ အေလ့က်ေပါက္   ေရာက္ႏိုင္တဲ့ ႏိုင္ငံျဖစ္လို႔ “ဘုရားေပးတဲ့ႏိုင္ငံ” လို႔ဂုဏ္ယူရတဲ့အထိျဖစ္ ခဲ့တယ္။ တစ္ခ်ိန္က “ထမင္း ငတ္ၿပီးေသတဲ့မသာ၊ ျမန္မာႏိုင္ငံမွာမရွိ” လို႔ဂုဏ္ယူခဲ့ ၾကတယ္။ အာဏာရွင္စနစ္နဲ႔ ႏွစ္ေပါင္း (၅၀)အုပ္ခ်ဳပ္ခဲ့ၿပီးေနာက္မွာ ေဒသတြင္းႏွင့္အာဆီယံမွာ အခ်မ္းသာဆုံးႏိုင္ငံမွ အဆင္းရဲဆုံးႏိုင္ငံျဖစ္ လာတဲ့အျပင္၊   ျမန္မာႏိုင္ငံတစ္ဝွမ္း ေန႔စဥ္ထမင္းနပ္မ မွန္လို႔ အာဟာရခ်ိဳ႕တဲ့မႈေတြ မယုံၾကည္ေလာက္ေအာင္ မ်ားျပားေနပါတယ္။

ျမန္မာႏိုင္ငံမွာ အာဟာရခ်ိဳ႕တဲ့မႈမ်ားကို ေလ့လာၾကည့္တဲ့အခါ ကေလးငါးဦးမွာတစ္ဦးခ်ိဳ႕တဲ့ေနၿပီး ႏြမ္းပါးတဲ့မိသားစုဝင္မ်ား ျဖစ္ ၾကပါတယ္။ (၂၀၁၃) ခုႏွစ္အသက္ေမြးဝမ္းေက်ာင္းနဲ႔ စားနပ္ရိကၡာဖူလုံေရး ရန္ပုံေငြအဖြဲ႕ (LIFT) ရဲ႕စစ္တမ္းအရ ကေလး(၂)ဦးမွာ (၁)ဦး အာဟာရခ်ိဳ႕တဲ့ေနတယ္လို႔ ဆိုတယ္။ အာဟာရခ်ိဳ႕တဲ့မႈေၾကာင့္ ျဖစ္တဲ့ပုညႇက္ျခင္းဆိုတာ ကေလးနဲ႔လူႀကီးေတြမွာ ေရရွည္ သက္ေရာက္ေစၿပီး ကာယ၊ ဉာဏ စြမ္းေဆာင္ရည္ေတြနိမ့္ပါးျခင္းအပါအ  ဝင္ အလုပ္လုပ္ႏိုင္စြမ္းေလ်ာ့က်ျခင္းနဲ႔ က်န္းမာေရးမ ေကာင္းျခင္းေရာဂါေတြ အလြယ္တကူဝင္ေရာက္ႏိုင္ျခင္း တို႔ျဖစ္ပါတယ္။ ဘဝအစေမြးဖြားသည္မွ      ရက္ေပါင္း (၁၀၀၀)အတြင္းအာ ဟာရေကာင္းေကာင္းရတဲ့ကေလးေတြမွာ ေက်ာ္လႊားႏိုင္ပါတယ္။ အာဟာရျပည့္ဝရင္ ကေလးဘဝအျဖစ္မ်ားတဲ့ အသက္အႏၲ ရာယ္ျဖစ္ေစတဲ့ေရာဂါမ်ားကို (၁၀)ဆေက်ာ္လႊားႏိုင္တယ္။ ေက်ာင္းပညာေရးမွာပုံမွန္ထက္ ငါးဆပိုမိုလုပ္ေဆာင္ႏိုင္တယ္။ အ ႐ြယ္ေရာက္တဲ့အခါမွာ လည္း ပုံမွန္ထက္လုပ္ခလစာ (၂၀%)ပိုမိုျမင့္မားစြာရရွိႏိုင္ပါတယ္။ ေပ်ာ္႐ႊင္တဲ့မိသားစုဘဝတည္ေဆာက္ ႏိုင္ပါတယ္။ လူ႔သက္တမ္းရွည္ရွည္ ေနႏိုင္ပါတယ္။
(၂၀၁၅-၁၆) ျမန္မာႏိုင္ငံရဲ႕ အာဟာရအေျခအေနမ်ား လက္မခံႏိုင္ေလာက္ေအာင္ဆိုး႐ြားေနၿပီး၊ အာဟာရျမႇင့္တင္ေရးလုပ္ငန္း မ်ားကို စနစ္တက်ေဆာင္  ႐ြက္ႏိုင္ဖို႔အတြက္ အာဟာရအေျခအေနနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္အဆင့္ သုေတသနစစ္တမ္းေတြျပဳ လုပ္ဖို႔လိုအပ္ေၾကာင္း အာဟာရဆိုင္ရာ         ပညာရွင္ေတြရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။ ျမန္မာႏိုင္ငံအတြင္း လက္ရွိရွိေနတဲ့အ ခ်က္အလက္ေတြေပၚမွာ လူမႈအဖြဲ႕အစည္းအသီးသီးမွ ယင္းတို႔စီမံကိန္းရွိရာေဒသမ်ားမွာျပဳလုပ္ထားတဲ့ ေဒသအလိုက္အခ်က္အ လက္မ်ာျဖစ္ၿပီး တစ္ႏိုင္ငံလုံးကို ကိုယ္စားျပဳေကာက္ယူထားတဲ့ အခ်က္အလက္ေတြက လြန္ခဲ့တဲ့ (၁၀)ႏွစ္ေက်ာ္က ေကာက္ယူ လာခဲ့တဲ့ အခ်က္အလက္မ်ားျဖစ္ေနေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံရဲ႕အာဟာရခ်ိဳ႕တဲ့မႈက လက္မခံႏိုင္ေလာက္ေအာင္ျမင့္မားေနတယ္။ အာဟာရခ်ိဳ႕တဲ့မႈတိုင္းတာဖို႔ လိုအပ္တယ္။ ေဒသအလိုက္၊ ဇုံအလိုက္ အာဟာရခ်ိဳ႕တဲ့မႈအေျခအေန ကြဲျပားမႈရွိတယ္။ ႏိုင္ငံေတာ္အဆင့္ အာဟာရခ်ိဳ႕တဲ့မႈေတြ မသိေသးတဲ့ အတြက္ အခုထက္ပိုၿပီး ေလ့လာသြားဖို႔လိုပါတယ္။ အာဟာရခ်ိဳ႕တဲ့ျခင္း မိခင္အာဟာရအေျခအေန၊ ကေလးအာဟာရအေျခအ ေန၊ အစားအစာသုံးစြဲမႈပုံစံ၊ တစ္ကိုယ္ေရသန႔္ရွင္းမႈနဲ႔ ပတ္သက္တဲ့အေျခအေနကိုလည္း သုေတသနလုပ္ဖို႔လိုအပ္ေနတုန္းပါ။ ဆင္းရဲမြဲေတမႈက အာဟာရခ်ိဳ႕တဲ့မႈအတြက္ အဓိကက်တယ္လို႔ ကမာၻ႔ဘဏ္(World Bank) ရဲ႕စစ္တမ္းကဆိုသလို၊ ျမန္မာႏိုင္ငံ ရဲ႕ဆင္းရဲမြဲေတမႈဟာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြထက္ ပိုမိုျမင့္မားေနတာေတြ႕ရတယ္လို႔ လန္း (Learn) အဖြဲ႕အာဟာရနဲ႔ ျပည္သူ႔ က်န္းမာေရး အတိုင္ပင္ခံမစၥစ္ ဂ်ီနီဗာကာရွင္ (Mss.Jenifer Cashin) က (၂၀၁၆) ခုႏွစ္ေမ(၁)ရက္ေန႔က ဆိုပါတယ္။ လက္ရွိျမန္ မာႏိုင္ငံမွာ အာဟာရနဲ႔ပတ္   သက္ၿပီး အဓိကေဆာင္႐ြက္ရမယ့္ အေရးႀကီးေရာဂါမွာ သံဓာတ္ခ်ိဳ႕တဲ့ျခင္းနဲ႔ ေသြးအားနည္းေရာဂါတို႔ ျဖစ္ေၾကာင္းဆိုပါတယ္။

အာဟာရျပည့္ဝရင္ ႀကီးျပင္းလာတဲ့အခါ ပိုမိုေပ်ာ္႐ႊင္က်န္းမာတဲ့ မိသားစုဘဝတည္ေဆာက္ႏိုင္တယ္။ အာဟာရျပည့္ဝျခင္းဟာ လူသားအရင္းအျမစ္အတြက္ အေျခခံအုတ္ျမစ္တစ္ခုျဖစ္ၿပီး စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ သိသိသာသာ အေထာက္အကူျပဳ ႏိုင္တဲ့အခ်က္ပဲျဖစ္တယ္။ စားနပ္ရိကၡာဖူလုံေရး ရန္ပုံေငြအဖြဲ႕ (LIFT) ရဲ႕စစ္တမ္းအရ ျမန္မာႏိုင္ငံမွာ ဆယ္စုႏွစ္တစ္စုအၾကာ အာ ဟာရခ်ိဳ႕တဲ့ကေလးမ်ားေလ့လာရာမွ ႏြမ္းပါးတဲ့မိသားစုမွျဖစ္ၿပီး ျမန္မာႏိုင္ငံရဲ႕ဦးေရထက္ဝက္မွာ ႏြမ္းပါးတဲ့လူဦးေရျဖစ္ေနတာ ေတြ႕ရတယ္။ ကေလးငယ္(၂)ဦးမွာ (၁)ဦးအာဟာရခ်ိဳ႕တဲ့ေနေၾကာင္း (၂၀၁၃)ခုႏွစ္ အသက္ေမြးဝမ္း     ေၾကာင္းနဲ႔ စားနပ္ရိကၡာဖူလုံ ေရးရန္ပုံေငြ စစ္တမ္းကဆိုတယ္။ အာဟာရခ်ိဳ႕တဲ့မႈေၾကာင့္ျဖစ္တဲ့ အရပ္ပုညႇက္ႏႈန္းမွာ အလြန္ျမင့္မားေနၿပီး ေတာင္တန္း   ေဒသ မွာ (၄၅%မွ ၅၀%) အထိရွိကာ ျမစ္ဝကြၽန္းေပၚကမ္း႐ိုးတန္းေဒသနဲ႔ အပူပိုင္းဇုံမွာ (၃၄%မွ ၃၆%) အထိရွိေၾကာင္းသိရပါတယ္။

ျမန္မာႏိုင္ငံက်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနကလည္း (၂၀၁၆)ခုႏွစ္အတြင္း အစားအစာသုံးစြဲမႈပုံစံနဲ႔ ပတ္သက္ၿပီး၊ စစ္တမ္း ေကာက္ယူဖို႔ရွိရာ ျပည္  နယ္နဲ႔တိုင္းေဒသႀကီးမ်ားအလိုက္ အစားအစာသုံးစြဲမႈပုံစံနဲ႔ပတ္သက္ၿပီး၊ အသက္အ႐ြယ္အလိုက္ အာဟာ ရ ရရွိမႈအေျခအေန၊ ဗီတာမင္ေအ၊ ဗီတာမင္ဘီ  ဝမ္း၊ ပ႐ိုတိန္းဓာတ္၊ အိုင္အိုဒင္းနဲ႔သံဓာတ္ ရရွိမႈအေျခအေနေတြ ထည့္သြင္း ေကာက္ယူသြားမယ္ဆိုတယ္။

(၂၀၁၅)ခုႏွစ္ကလည္း ျမန္မာႏိုင္ငံအစာအာဟာရဆိုင္ရာ တစ္ဦးတည္ကိုယ္စားလွယ္ ေဒါက္တာေဒၚဝင္းဝင္းျမင့္ (ဝိတိုရိယေဆး ႐ုံ) က၊ အာဟာရမျပည့္ဝမႈေၾကာင့္ ကိုယ္ဝန္ေဆာင္မိခင္ တစ္သိန္းေက်ာ္ႏွစ္စဥ္ေသဆုံးေနေၾကာင္း၊ မစားမေသာက္ရလို႔ ႏွစ္စဥ္ ကေလး (၂.၆)သန္းေသဆုံးရေၾကာင္း ဆိုပါတယ္။

“ျပည္သူ႔က်န္းမာေရးဦးစီးဌာန” ကလည္းေက်းလက္အထိ သြားေရာက္ကာက်န္းမာေရးအသိပညာေပးျခင္း၊ မိခင္ႏွင့္ကေလး က်န္းမာေရး၊ သားသည္မိခင္  ေတြအတြက္ အာဟာရျပည့္ဝေအာင္စားေသာက္ေနထိုင္ေရးအတြက္ ေဟာေျပာပြဲမ်ား၊ လက္ေတြ႕ ခ်က္ျပဳတ္ေကြၽးေမြးျခင္းမ်ား လိုအပ္ေနတယ္ဆိုပါတယ္။

(၂၀၁၄)ခုႏွစ္သန္းေခါင္စာရင္းအရ ျမန္မာႏိုင္ငံသားတစ္ဦးဟာ အသက္(၆၆ မွ ၈၈) ႏွစ္သာေနႏိုင္ၿပီး၊ အာဆီယံေဒသအတြင္း သက္တမ္းတိုတဲ့ အုပ္စုထဲပါဝင္ေနခ်ိန္၊ ဂ်ပန္အမ်ိဳးသမီးတစ္ဦးရဲ႕ ပ်မ္းမွ်သက္တမ္း (၈၆)ႏွစ္၊ ေဟာင္ေကာင္ (၈၃)ႏွစ္ တို႔နဲ႔ႏႈိင္း ယွဥ္ၾကည့္ႏိုင္ပါတယ္။ (၂၀၁၄)ခုႏွစ္သန္းေခါင္စာရင္းအရ ျမန္မာႏိုင္ငံရဲ႕ တစ္ႏွစ္ေအာက္ကေလးေသဆုံးႏႈန္းဟာ အရွင္ေမြးက ေလး (၁၀၀၀)မွာ (၆၂)ဦး (သို႔) (၆.၂%) ရွိတယ္။ ငါးႏွစ္ေအာက္ကေလးေသဆုံးႏႈန္းဟာ အရွင္ေမြး (၁၀၀၀)မွာ (၇၂)ဦး (သို႔) (၇.၂%) ရွိတယ္။ ထိုင္းႏိုင္ငံရဲ႕ ငါးႏွစ္ေအာက္ကေလး ေသဆုံးႏႈန္း (၃၆)ဦး (သို႔) (၃.၆%) နဲ႔ႏႈိင္းယွဥ္ၾကည့္ႏိုင္ပါတယ္။

ျမန္မာႏိုင္ ငံရဲ႕သက္တမ္းအလိုက္ ေသဆုံးမႈႏႈန္းျမင့္မားေနျခင္းဟာ ဆင္းရဲႏြမ္းပါးမႈေၾကာင့္ျဖစ္တယ္။ (၂၀၁၄)ခုႏွစ္သန္းေခါင္စာရင္းအရ ေက်းလက္ေနဦး  ေရ (၇၀%) အထိရွိၾကရာ ေက်းလက္စီးပြားအေျခခံေကာင္းေတြဆုံးရႈံးမႈ၊ ေျမယာသစ္ေတာမ်ားအသိမ္းခံရမႈတို႔ ေၾကာင့္ ႏိုင္ငံျခားထြက္ကာ “ေ႐ြ႕ေျပာင္းလုပ္သား”ဘဝခံယူၾကကာ၊ စုေဆာင္းရရွိေငြအခ်ိဳ႕နဲ႔ ႏိုင္ငံတြင္းက မိသားစုဝင္ေတြေျပ လည္ေနၾကလို႔သာ ဒီထက္မဆိုးျခင္းျဖစ္ေနတယ္။     (၂၀၁၄)ခုႏွစ္      သန္းေခါင္စာရင္းအရ ျပည္ပေ႐ြ႕ေျပာင္းလုပ္သား (၂.၁)သန္းရွိ ေနၿပီး ထိုင္း (၇၀%)နဲ႔ မေလးရွား (၁၅%) အမ်ားဆုံးျဖစ္ေၾကာင္းသိရပါတယ္။ ေန႔စဥ္နဲ႔အမွ် “ႏိုင္ငံကူးလက္မွတ္ထုတ္ေပးေရး႐ုံး” မွာအ႐ြယ္ေကာင္းေတြရွိေနတုန္းပဲ။

ျမန္မာႏိုင္ငံမွာ ႏိုင္ငံဝန္ထမ္းအနိမ့္ဆုံးလစာ က်ပ္(၁၂၀,၀၀၀) ကို (၂၀၁၅)ခုႏွစ္ ဧၿပီလကုန္ကစၿပီး ခံစားေနခ်ိန္၊ ျပင္ပအနိမ့္ဆုံး လုပ္အားခတစ္ရက္ က်ပ္ (၃၆၀၀) သတ္မွတ္ေပးခဲ့ရာ မေပးႏိုင္လို႔လုပ္ငန္းရွင္အခ်ိဳ႕ ပိတ္သိမ္းၿပီး ႏိုင္ငံျခားျပန္သြားတာ၊ အၿမဲ တမ္းအလုပ္သမားခန႔္ထားမႈေလ်ာ့ခ်တာ၊ ကေလးလုပ္သားခန႔္ထားတာေတြ ေတြ႕ေနရတယ္။ လုပ္ငန္းရွင္ေတြေထာက္ျပတာက လွ်ပ္စစ္မီး (၂၄)နာရီမရျခင္း၊ ကြၽမ္းက်င္လုပ္သားနည္းပါးျခင္း၊ ေျမငွားခ၊ ႐ုံးခန္းခ အခြန္ႀကီးျမင့္ျခင္း၊ အလုပ္သမားဥပေဒ၊ အလုပ္ ရွင္ဥပေဒ၊ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒ၊ ႏိုင္ငံျခားအလုပ္သမားဥပေဒနဲ႔ နည္းဥပေဒမ်ား အသက္ဝင္မႈ      နည္းျခင္းတို႔ကိုေထာက္ျပ တယ္။

လုပ္ခလစာသာမတိုးျမႇင့္ေပမယ့္ (၂၀၁၆)ခုႏွစ္ စက္တင္ဘာလကုန္က အေမရိကန္တစ္ေဒၚလာ က်ပ္(၁၃၀၀)နီးနီး၊ ေ႐ႊ (အေခါက္)တစ္က်ပ္သားကို က်ပ္ကိုးသိန္းအထိတက္ခဲ့ၿပီး၊ လူသုံးကုန္ပစၥည္းနဲ႔အေျခခံစားေသာက္ကုန္ ပစၥည္းေဈးႏႈန္းမ်ားတက္ လာေပမယ့္ ျပည္သူေတြလက္ထဲမွာ အင္မတန္ေငြရွားပါးတဲ့ကာလ ေရာက္ေနပါတယ္။ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ (၂၀၁၆)ခုႏွစ္ စက္တင္ဘာ(၁၀)ရက္မွ (၂၅)ရက္အတြင္းျပည္ပခရီးစဥ္မွာ အေမရိကန္သမၼတဘားရက္အိုဘားမားနဲ႔ ေတြ႕ဆုံၿပီး၊ ျမန္မာႏိုင္ငံအေပၚစီးပြားေရးပိတ္ဆို႔မႈ (Sanction) ႐ုပ္သိမ္းဖို႔စြမ္းေဆာင္ေပးႏိုင္ခဲ့သလို စီးပြားေရးအေရးယူပိတ္ဆို႔မႈမ်ား ႐ုတ္ သိမ္းတဲ့အမိန႔္ေၾကာ္ျငာစာကို ေအာက္တိုဘာ(၇)ရက္မွာ ထုတ္ျပန္ခဲ့ၿပီး၊ တားျမစ္ပိတ္ပင္ျခင္းခံရတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး (ၿငိမ္း) ဦး သန္းေ႐ႊအပါအဝင္ စစ္ဗိုလ္ခ်ဳပ္ေဟာင္းမ်ား၊ ခ႐ိုနီစီးပြားေရးလုပ္ငန္းရွင္မ်ား ပိတ္ဆို႔ခံထားရတဲ့ စာရင္းမွပယ္ဖ်က္လိုက္ေၾကာင္းသိ ရတယ္။ “ခ႐ိုနီ”တို႔ရဲ႕ေငြေၾကးမ်ား၊ ေ႐ႊေဈး  ကြက္နဲ႔ ေငြေၾကးေဈးကြက္ထဲစီးေမ်ာျခင္း၊ ဗဟိုဘဏ္ရဲ႕ထိန္းခ်ဳပ္မႈမရွိျခင္းတို႔ေၾကာင့္ အတက္ၾကမ္းခဲ့ၿပီး ျပည္သူအမ်ားစုမွာ ေငြအင္မတန္ရွားပါးတဲ့ကာလ   ေရာက္ေနတယ္။

ျမန္မာႏိုင္ငံအပါအဝင္ ကမာၻ႔ႏိုင္ငံမ်ားအသီးသီးမွ ႏွစ္စဥ္မိမိႏိုင္ငံရဲ႕ လုပ္ငန္းမ်ားျပန္လည္ဆန္းစစ္ေနၿပီး လိုအပ္ခ်က္မ်ားထုတ္ ေဖာ္ခဲ့ၾကရာမွာ ေတြ႕ရတဲ့ က်န္းမာေရးစိန္ေခၚမႈေတြက (၁)ဆင္းရဲျခင္း (၂)ဆင္းရဲစြာေနထိုင္ရတဲ့အေျခအေန (၃)ပညာေရးခ်ိဳ႕တဲ့ ျခင္း (၄)စာမတတ္ျခင္း (၅)က်န္းမာေရးႏွင့္ဆိုင္ရာ  အခ်က္အလက္မ်ားမရရွိျခင္း (၆)က်န္းမာေရးႏွင့္ ပတ္သက္ၿပီးဆုံးျဖတ္ခ်က္မ ခ်ႏိုင္ျခင္းတို႔ပါဝင္ေနပါတယ္။ ယခုအခါ က်န္းမာေရးျမႇင့္တင္ဖို႔နဲ႔ က်န္းမာေရးစနစ္မ်ားေခတ္နဲ႔အညီ ရည္မွန္းခ်က္က႑အသီးသီး တာဝန္ယူကာ၊ အျပန္အလွန္နားလည္မႈရယူၿပီး အစိုးရအဖြဲ႕စည္းနဲ႔ (NGO)တို႔ပူးေပါင္းလုပ္ေဆာင္လာလို႔ အာဟာရခ်ိဳ႕တဲ့မႈမ်ား ေလ်ာ့ပါးကာ၊ အခြင့္အလမ္းအသစ္မ်ား ဖန္တီးလာႏိုင္ေတာ့မွာျဖစ္ပါတယ္။

Author – ေဒါက္တာလြင္သန႔္

(Unicode)

“ပုညှက်ခြင်း”ဆိုတာလူမျိုးစု အလိုက်ရှိသင့်ရှိထိုက်တဲ့ အရပ်အမောင်းထက်ပုနေခြင်းကို ဆိုလိုပြီးကလေးတစ်ယောက် သန္ဓသား ဘဝမှစလို့၊ နှစ်နှစ်မြောက်မွေးနေ့အထိ ရက်ပေါင်းတစ်ထောင်ကာလအတွင်း အာဟာရလုံ လောက်အောင်မရရှိခြင်းနှင့် မကြာခ ဏနာမကျန်းဖြစ်ခြင်းကြောင့် ပုညှက်ရပါတယ်။

မြန်မာနိုင်ငံဟာ သဘာဝသယံဇာတကြွယ်ဝပြီး တောတောင်စိမ့်စမ်းရေဝေရေလဲ၊ အင်းအိုင်ချောင်းမြောင်းများနဲ့ စားပင်သောက် ပင်တွေ အလေ့ကျပေါက်   ရောက်နိုင်တဲ့ နိုင်ငံဖြစ်လို့ “ဘုရားပေးတဲ့နိုင်ငံ” လို့ဂုဏ်ယူရတဲ့အထိဖြစ် ခဲ့တယ်။ တစ်ချိန်က “ထမင်း ငတ်ပြီးသေတဲ့မသာ၊ မြန်မာနိုင်ငံမှာမရှိ” လို့ဂုဏ်ယူခဲ့ ကြတယ်။ အာဏာရှင်စနစ်နဲ့ နှစ်ပေါင်း (၅၀)အုပ်ချုပ်ခဲ့ပြီးနောက်မှာ ဒေသတွင်းနှင့်အာဆီယံမှာ အချမ်းသာဆုံးနိုင်ငံမှ အဆင်းရဲဆုံးနိုင်ငံဖြစ် လာတဲ့အပြင်၊   မြန်မာနိုင်ငံတစ်ဝှမ်း နေ့စဉ်ထမင်းနပ်မ မှန်လို့ အာဟာရချို့တဲ့မှုတွေ မယုံကြည်လောက်အောင် များပြားနေပါတယ်။

မြန်မာနိုင်ငံမှာ အာဟာရချို့တဲ့မှုများကို လေ့လာကြည့်တဲ့အခါ ကလေးငါးဦးမှာတစ်ဦးချို့တဲ့နေပြီး နွမ်းပါးတဲ့မိသားစုဝင်များ ဖြစ် ကြပါတယ်။ (၂၀၁၃) ခုနှစ်အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) ရဲ့စစ်တမ်းအရ ကလေး(၂)ဦးမှာ (၁)ဦး အာဟာရချို့တဲ့နေတယ်လို့ ဆိုတယ်။ အာဟာရချို့တဲ့မှုကြောင့် ဖြစ်တဲ့ပုညှက်ခြင်းဆိုတာ ကလေးနဲ့လူကြီးတွေမှာ ရေရှည် သက်ရောက်စေပြီး ကာယ၊ ဉာဏ စွမ်းဆောင်ရည်တွေနိမ့်ပါးခြင်းအပါအ  ဝင် အလုပ်လုပ်နိုင်စွမ်းလျော့ကျခြင်းနဲ့ ကျန်းမာရေးမ ကောင်းခြင်းရောဂါတွေ အလွယ်တကူဝင်ရောက်နိုင်ခြင်း တို့ဖြစ်ပါတယ်။ ဘဝအစမွေးဖွားသည်မှ      ရက်ပေါင်း (၁၀၀၀)အတွင်းအာ ဟာရကောင်းကောင်းရတဲ့ကလေးတွေမှာ ကျော်လွှားနိုင်ပါတယ်။ အာဟာရပြည့်ဝရင် ကလေးဘဝအဖြစ်များတဲ့ အသက်အန္တ ရာယ်ဖြစ်စေတဲ့ရောဂါများကို (၁၀)ဆကျော်လွှားနိုင်တယ်။ ကျောင်းပညာရေးမှာပုံမှန်ထက် ငါးဆပိုမိုလုပ်ဆောင်နိုင်တယ်။ အ ရွယ်ရောက်တဲ့အခါမှာ လည်း ပုံမှန်ထက်လုပ်ခလစာ (၂၀%)ပိုမိုမြင့်မားစွာရရှိနိုင်ပါတယ်။ ပျော်ရွှင်တဲ့မိသားစုဘဝတည်ဆောက် နိုင်ပါတယ်။ လူ့သက်တမ်းရှည်ရှည် နေနိုင်ပါတယ်။
(၂၀၁၅-၁၆) မြန်မာနိုင်ငံရဲ့ အာဟာရအခြေအနေများ လက်မခံနိုင်လောက်အောင်ဆိုးရွားနေပြီး၊ အာဟာရမြှင့်တင်ရေးလုပ်ငန်း များကို စနစ်တကျဆောင်  ရွက်နိုင်ဖို့အတွက် အာဟာရအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့် သုတေသနစစ်တမ်းတွေပြု လုပ်ဖို့လိုအပ်ကြောင်း အာဟာရဆိုင်ရာ         ပညာရှင်တွေရဲ့ပြောကြားချက်အရ သိရပါတယ်။ မြန်မာနိုင်ငံအတွင်း လက်ရှိရှိနေတဲ့အ ချက်အလက်တွေပေါ်မှာ လူမှုအဖွဲ့အစည်းအသီးသီးမှ ယင်းတို့စီမံကိန်းရှိရာဒေသများမှာပြုလုပ်ထားတဲ့ ဒေသအလိုက်အချက်အ လက်မျာဖြစ်ပြီး တစ်နိုင်ငံလုံးကို ကိုယ်စားပြုကောက်ယူထားတဲ့ အချက်အလက်တွေက လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က ကောက်ယူ လာခဲ့တဲ့ အချက်အလက်များဖြစ်နေကြောင်း သိရပါတယ်။

မြန်မာနိုင်ငံရဲ့အာဟာရချို့တဲ့မှုက လက်မခံနိုင်လောက်အောင်မြင့်မားနေတယ်။ အာဟာရချို့တဲ့မှုတိုင်းတာဖို့ လိုအပ်တယ်။ ဒေသအလိုက်၊ ဇုံအလိုက် အာဟာရချို့တဲ့မှုအခြေအနေ ကွဲပြားမှုရှိတယ်။ နိုင်ငံတော်အဆင့် အာဟာရချို့တဲ့မှုတွေ မသိသေးတဲ့ အတွက် အခုထက်ပိုပြီး လေ့လာသွားဖို့လိုပါတယ်။ အာဟာရချို့တဲ့ခြင်း မိခင်အာဟာရအခြေအနေ၊ ကလေးအာဟာရအခြေအ နေ၊ အစားအစာသုံးစွဲမှုပုံစံ၊ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ပတ်သက်တဲ့အခြေအနေကိုလည်း သုတေသနလုပ်ဖို့လိုအပ်နေတုန်းပါ။ ဆင်းရဲမွဲတေမှုက အာဟာရချို့တဲ့မှုအတွက် အဓိကကျတယ်လို့ ကမ္ဘာ့ဘဏ်(World Bank) ရဲ့စစ်တမ်းကဆိုသလို၊ မြန်မာနိုင်ငံ ရဲ့ဆင်းရဲမွဲတေမှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထက် ပိုမိုမြင့်မားနေတာတွေ့ရတယ်လို့ လန်း (Learn) အဖွဲ့အာဟာရနဲ့ ပြည်သူ့ ကျန်းမာရေး အတိုင်ပင်ခံမစ္စစ် ဂျီနီဗာကာရှင် (Mss.Jenifer Cashin) က (၂၀၁၆) ခုနှစ်မေ(၁)ရက်နေ့က ဆိုပါတယ်။ လက်ရှိမြန် မာနိုင်ငံမှာ အာဟာရနဲ့ပတ်   သက်ပြီး အဓိကဆောင်ရွက်ရမယ့် အရေးကြီးရောဂါမှာ သံဓာတ်ချို့တဲ့ခြင်းနဲ့ သွေးအားနည်းရောဂါတို့ ဖြစ်ကြောင်းဆိုပါတယ်။

အာဟာရပြည့်ဝရင် ကြီးပြင်းလာတဲ့အခါ ပိုမိုပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝတည်ဆောက်နိုင်တယ်။ အာဟာရပြည့်ဝခြင်းဟာ လူသားအရင်းအမြစ်အတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သိသိသာသာ အထောက်အကူပြု နိုင်တဲ့အချက်ပဲဖြစ်တယ်။ စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့ (LIFT) ရဲ့စစ်တမ်းအရ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တစ်စုအကြာ အာ ဟာရချို့တဲ့ကလေးများလေ့လာရာမှ နွမ်းပါးတဲ့မိသားစုမှဖြစ်ပြီး မြန်မာနိုင်ငံရဲ့ဦးရေထက်ဝက်မှာ နွမ်းပါးတဲ့လူဦးရေဖြစ်နေတာ တွေ့ရတယ်။ ကလေးငယ်(၂)ဦးမှာ (၁)ဦးအာဟာရချို့တဲ့နေကြောင်း (၂၀၁၃)ခုနှစ် အသက်မွေးဝမ်း     ကြောင်းနဲ့ စားနပ်ရိက္ခာဖူလုံ ရေးရန်ပုံငွေ စစ်တမ်းကဆိုတယ်။ အာဟာရချို့တဲ့မှုကြောင့်ဖြစ်တဲ့ အရပ်ပုညှက်နှုန်းမှာ အလွန်မြင့်မားနေပြီး တောင်တန်း   ဒေသ မှာ (၄၅%မှ ၅၀%) အထိရှိကာ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသနဲ့ အပူပိုင်းဇုံမှာ (၃၄%မှ ၃၆%) အထိရှိကြောင်းသိရပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း (၂၀၁၆)ခုနှစ်အတွင်း အစားအစာသုံးစွဲမှုပုံစံနဲ့ ပတ်သက်ပြီး၊ စစ်တမ်း ကောက်ယူဖို့ရှိရာ ပြည်  နယ်နဲ့တိုင်းဒေသကြီးများအလိုက် အစားအစာသုံးစွဲမှုပုံစံနဲ့ပတ်သက်ပြီး၊ အသက်အရွယ်အလိုက် အာဟာ ရ ရရှိမှုအခြေအနေ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ  ဝမ်း၊ ပရိုတိန်းဓာတ်၊ အိုင်အိုဒင်းနဲ့သံဓာတ် ရရှိမှုအခြေအနေတွေ ထည့်သွင်း ကောက်ယူသွားမယ်ဆိုတယ်။

(၂၀၁၅)ခုနှစ်ကလည်း မြန်မာနိုင်ငံအစာအာဟာရဆိုင်ရာ တစ်ဦးတည်ကိုယ်စားလှယ် ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (ဝိတိုရိယဆေး ရုံ) က၊ အာဟာရမပြည့်ဝမှုကြောင့် ကိုယ်ဝန်ဆောင်မိခင် တစ်သိန်းကျော်နှစ်စဉ်သေဆုံးနေကြောင်း၊ မစားမသောက်ရလို့ နှစ်စဉ် ကလေး (၂.၆)သန်းသေဆုံးရကြောင်း ဆိုပါတယ်။

“ပြည်သူ့ကျန်းမာရေးဦးစီးဌာန” ကလည်းကျေးလက်အထိ သွားရောက်ကာကျန်းမာရေးအသိပညာပေးခြင်း၊ မိခင်နှင့်ကလေး ကျန်းမာရေး၊ သားသည်မိခင်  တွေအတွက် အာဟာရပြည့်ဝအောင်စားသောက်နေထိုင်ရေးအတွက် ဟောပြောပွဲများ၊ လက်တွေ့ ချက်ပြုတ်ကျွေးမွေးခြင်းများ လိုအပ်နေတယ်ဆိုပါတယ်။

(၂၀၁၄)ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံသားတစ်ဦးဟာ အသက်(၆၆ မှ ၈၈) နှစ်သာနေနိုင်ပြီး၊ အာဆီယံဒေသအတွင်း သက်တမ်းတိုတဲ့ အုပ်စုထဲပါဝင်နေချိန်၊ ဂျပန်အမျိုးသမီးတစ်ဦးရဲ့ ပျမ်းမျှသက်တမ်း (၈၆)နှစ်၊ ဟောင်ကောင် (၈၃)နှစ် တို့နဲ့နှိုင်း ယှဉ်ကြည့်နိုင်ပါတယ်။ (၂၀၁၄)ခုနှစ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရဲ့ တစ်နှစ်အောက်ကလေးသေဆုံးနှုန်းဟာ အရှင်မွေးက လေး (၁၀၀၀)မှာ (၆၂)ဦး (သို့) (၆.၂%) ရှိတယ်။ ငါးနှစ်အောက်ကလေးသေဆုံးနှုန်းဟာ အရှင်မွေး (၁၀၀၀)မှာ (၇၂)ဦး (သို့) (၇.၂%) ရှိတယ်။ ထိုင်းနိုင်ငံရဲ့ ငါးနှစ်အောက်ကလေး သေဆုံးနှုန်း (၃၆)ဦး (သို့) (၃.၆%) နဲ့နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

မြန်မာနိုင် ငံရဲ့သက်တမ်းအလိုက် သေဆုံးမှုနှုန်းမြင့်မားနေခြင်းဟာ ဆင်းရဲနွမ်းပါးမှုကြောင့်ဖြစ်တယ်။ (၂၀၁၄)ခုနှစ်သန်းခေါင်စာရင်းအရ ကျေးလက်နေဦး  ရေ (၇၀%) အထိရှိကြရာ ကျေးလက်စီးပွားအခြေခံကောင်းတွေဆုံးရှုံးမှု၊ မြေယာသစ်တောများအသိမ်းခံရမှုတို့ ကြောင့် နိုင်ငံခြားထွက်ကာ “ရွေ့ပြောင်းလုပ်သား”ဘဝခံယူကြကာ၊ စုဆောင်းရရှိငွေအချို့နဲ့ နိုင်ငံတွင်းက မိသားစုဝင်တွေပြေ လည်နေကြလို့သာ ဒီထက်မဆိုးခြင်းဖြစ်နေတယ်။     (၂၀၁၄)ခုနှစ်      သန်းခေါင်စာရင်းအရ ပြည်ပရွေ့ပြောင်းလုပ်သား (၂.၁)သန်းရှိ နေပြီး ထိုင်း (၇၀%)နဲ့ မလေးရှား (၁၅%) အများဆုံးဖြစ်ကြောင်းသိရပါတယ်။ နေ့စဉ်နဲ့အမျှ “နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး” မှာအရွယ်ကောင်းတွေရှိနေတုန်းပဲ။

မြန်မာနိုင်ငံမှာ နိုင်ငံဝန်ထမ်းအနိမ့်ဆုံးလစာ ကျပ်(၁၂၀,၀၀၀) ကို (၂၀၁၅)ခုနှစ် ဧပြီလကုန်ကစပြီး ခံစားနေချိန်၊ ပြင်ပအနိမ့်ဆုံး လုပ်အားခတစ်ရက် ကျပ် (၃၆၀၀) သတ်မှတ်ပေးခဲ့ရာ မပေးနိုင်လို့လုပ်ငန်းရှင်အချို့ ပိတ်သိမ်းပြီး နိုင်ငံခြားပြန်သွားတာ၊ အမြဲ တမ်းအလုပ်သမားခန့်ထားမှုလျော့ချတာ၊ ကလေးလုပ်သားခန့်ထားတာတွေ တွေ့နေရတယ်။ လုပ်ငန်းရှင်တွေထောက်ပြတာက လျှပ်စစ်မီး (၂၄)နာရီမရခြင်း၊ ကျွမ်းကျင်လုပ်သားနည်းပါးခြင်း၊ မြေငှားခ၊ ရုံးခန်းခ အခွန်ကြီးမြင့်ခြင်း၊ အလုပ်သမားဥပဒေ၊ အလုပ် ရှင်ဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နိုင်ငံခြားအလုပ်သမားဥပဒေနဲ့ နည်းဥပဒေများ အသက်ဝင်မှု      နည်းခြင်းတို့ကိုထောက်ပြ တယ်။

လုပ်ခလစာသာမတိုးမြှင့်ပေမယ့် (၂၀၁၆)ခုနှစ် စက်တင်ဘာလကုန်က အမေရိကန်တစ်ဒေါ်လာ ကျပ်(၁၃၀၀)နီးနီး၊ ရွှေ (အခေါက်)တစ်ကျပ်သားကို ကျပ်ကိုးသိန်းအထိတက်ခဲ့ပြီး၊ လူသုံးကုန်ပစ္စည်းနဲ့အခြေခံစားသောက်ကုန် ပစ္စည်းဈေးနှုန်းများတက် လာပေမယ့် ပြည်သူတွေလက်ထဲမှာ အင်မတန်ငွေရှားပါးတဲ့ကာလ ရောက်နေပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ (၂၀၁၆)ခုနှစ် စက်တင်ဘာ(၁၀)ရက်မှ (၂၅)ရက်အတွင်းပြည်ပခရီးစဉ်မှာ အမေရိကန်သမ္မတဘားရက်အိုဘားမားနဲ့ တွေ့ဆုံပြီး၊ မြန်မာနိုင်ငံအပေါ်စီးပွားရေးပိတ်ဆို့မှု (Sanction) ရုပ်သိမ်းဖို့စွမ်းဆောင်ပေးနိုင်ခဲ့သလို စီးပွားရေးအရေးယူပိတ်ဆို့မှုများ ရုတ် သိမ်းတဲ့အမိန့်ကြော်ငြာစာကို အောက်တိုဘာ(၇)ရက်မှာ ထုတ်ပြန်ခဲ့ပြီး၊ တားမြစ်ပိတ်ပင်ခြင်းခံရတဲ့ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦး သန်းရွှေအပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများ၊ ခရိုနီစီးပွားရေးလုပ်ငန်းရှင်များ ပိတ်ဆို့ခံထားရတဲ့ စာရင်းမှပယ်ဖျက်လိုက်ကြောင်းသိ ရတယ်။ “ခရိုနီ”တို့ရဲ့ငွေကြေးများ၊ ရွှေဈေး  ကွက်နဲ့ ငွေကြေးဈေးကွက်ထဲစီးမျောခြင်း၊ ဗဟိုဘဏ်ရဲ့ထိန်းချုပ်မှုမရှိခြင်းတို့ကြောင့် အတက်ကြမ်းခဲ့ပြီး ပြည်သူအများစုမှာ ငွေအင်မတန်ရှားပါးတဲ့ကာလ   ရောက်နေတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအသီးသီးမှ နှစ်စဉ်မိမိနိုင်ငံရဲ့ လုပ်ငန်းများပြန်လည်ဆန်းစစ်နေပြီး လိုအပ်ချက်များထုတ် ဖော်ခဲ့ကြရာမှာ တွေ့ရတဲ့ ကျန်းမာရေးစိန်ခေါ်မှုတွေက (၁)ဆင်းရဲခြင်း (၂)ဆင်းရဲစွာနေထိုင်ရတဲ့အခြေအနေ (၃)ပညာရေးချို့တဲ့ ခြင်း (၄)စာမတတ်ခြင်း (၅)ကျန်းမာရေးနှင့်ဆိုင်ရာ  အချက်အလက်များမရရှိခြင်း (၆)ကျန်းမာရေးနှင့် ပတ်သက်ပြီးဆုံးဖြတ်ချက်မ ချနိုင်ခြင်းတို့ပါဝင်နေပါတယ်။ ယခုအခါ ကျန်းမာရေးမြှင့်တင်ဖို့နဲ့ ကျန်းမာရေးစနစ်များခေတ်နဲ့အညီ ရည်မှန်းချက်ကဏ္ဍအသီးသီး တာဝန်ယူကာ၊ အပြန်အလှန်နားလည်မှုရယူပြီး အစိုးရအဖွဲ့စည်းနဲ့ (NGO)တို့ပူးပေါင်းလုပ်ဆောင်လာလို့ အာဟာရချို့တဲ့မှုများ လျော့ပါးကာ၊ အခွင့်အလမ်းအသစ်များ ဖန်တီးလာနိုင်တော့မှာဖြစ်ပါတယ်။

Author – ဒေါက်တာလွင်သန့်

Previous Post

တန်းတူ စာမလိုက်နိုင်တဲ့ကလေးတွေ (အထွေထွေအားနည်းချက်နဲ့ကလေးတွေ)

Next Post

လူကြီးဝက်ခြံနှင့် ကုသမှုများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လူကြီးဝက်ခြံနှင့် ကုသမှုများ

ငှက်ဖျား

မေးခိုင်ရောဂါ ကြောက်စရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.