Zawgyi
ေရွးေခတ္ ဂရိလူမ်ိဳးေတြရဲ႕ သမိုင္းေၾကာင္းကေတာ့ အံ့မခန္းပါပဲ။ သူတို႔ရဲ႕ သက္တမ္းတစ္ေလွ်ာက္မွာ ေတာ့ ရွာေဖြစူးစမ္းမႈေတြ၊ ေအာင္ျမင္မႈေတြနဲ႔ ျပည့္ႏွက္ေနတယ္ဗ် ။ အင္ဂ်င္နီယာပညာရပ္နဲ႔ ေဆးပညာအရာမွာလည္း အလြန္ထြန္းကားခဲ့တယ္လို႔ ေကာက္ခ်က္ခ်လို႔ရတဲ့ အခ်က္ေတြလည္း အမ်ားႀကီးရွိခဲ့ပါတယ္။
ေရွးေဟာင္းဂရိလူမ်ိဳး ေတြရဲ႕ သြားနဲ႔ပတ္သက္တဲ့ ကုသမႈေတြကလည္ BC 500 ေလာက္ကတည္းက ရွိခဲ့တယ္။ ေဆးပညာနဲ႔ ပတ္သက္တဲ့ စာသင္ေက်ာင္းေတြလည္း ေပၚေပါက္ခဲ့ပါတယ္။ ဂရိေဆးပညာအေတာ္မ်ားမ်ားက သူတို႔ကိုးကြယ္တဲ့ နတ္ဘုရားေတြထဲက Asclepius (the Greek god of healing and medicine) ဆိုတဲ့ နတ္ဘုရားဆီက ဆင္းသက္လာပါတယ္ဆိုၿပီး မွတ္တမ္းတင္ထားတာကိုေတြ႕ရပါတယ္။
ဂရိေဆးပညာရွင္ ဟစ္ပိုကေရးတီးစ္ (Hippocrates) မေပၚခင္ အခ်ိန္ထိကေတာ့ ဂရိႏိုင္ငံမွာ ေရာဂါေဝဒနာတစ္ခုခုျဖစ္ၿပီဆိုရင္ နတ္ဘုရားေတြရွိတဲ့ ဘုရားေက်ာင္းကိုသြားၿပီး ဆုေတာင္းကုသမႈ ခံယူဖို႔ပဲရွိခဲ့တယ္။ ေဝဒနာခံစားေနရတဲ့သူက ဘုရားေက်ာင္းကိုသြား၊ ဘုရားေက်ာင္းမွာရွိတဲ့ဘုန္းႀကီးက အရင္ဆုံး ကုသမႈေပးပါတယ္။
ပထမအဆင့္အေနနဲ႔ လူနာကို မိန္းေမာအိပ္ေပ်ာ္သြားေအာင္ အိပ္ေဆးဆန္ဆန္ အရည္တစ္မ်ိဳး တိုက္မယ္၊ ဒီလိုတိုက္ျခင္းက လူနာကို စိတ္ေရာကိုယ္ပါ အနားေပးသလိုျဖစ္ေစတယ္။ လူနာမိန္းေမာေနတဲ့အခ်ိန္မွာ ဘုန္းေတာ္ႀကီးက ကုသမႈကိုစတင္တယ္။ ျဖစ္တဲ့ေရာဂါေပၚမူတည္ၿပီး သူတို႔ နားလည္သေလာက္ ကုသပါတယ္။
အကယ္၍ ကုသေပးလိုက္တာ ေအာင္ျမင္သြားၿပီး၊ ေရာဂါသက္သာသြားခဲ့တယ္ဆိုရင္ေတာ့ လူနာက ဘုရားေက်ာင္း ထဲမွာ ပူေဇာ္ပသမႈတစ္ခုလုပ္ေပးရပါတယ္။ ဘုရားေက်ာင္းထဲမွာေတာ့ လူ႔ခႏၶာကိုယ္ အစိတ္အပိုင္းပုံစံေတြကို ေက်ာက္သားနဲ႔ ထုဆစ္ထားတဲ့ ပုံစံငယ္ေတြရွိပါတယ္။ သြားနဲ႔ပတ္သက္တဲ့ သြားပုံစံအမ်ိဳးမ်ိဳးလည္း ရွိပါတယ္လို႔ မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။ ကုသမႈေတြက ဘာသာေရးအယူအဆနဲ႔ဆက္စပ္လ်က္ရွိေနပါတယ္။
ေဆးပညာရဲ႕ ဖခင္လို႔တင္စားခံရတဲ့ဟစ္ပိုကေရး တီးစ္ (BC 460-370) ေပၚထြန္းလာမွာပဲ တကယ့္သိပၸံနည္းက် ကုသမႈေတြ စတင္လာပါေတာ့တယ္။ ဟစ္ပိုကေရးတီးစ္က ေရာဂါဘယေတြအကုန္လုံးဟာ ခႏၶာကိုယ္ရဲ႕ အတြင္းဓာတ္သေဘာနဲ႔ ျပင္ပအေျခအေနေတြေၾကာင့္ ျဖစ္ေပၚလာရတယ္လို႔ ယူဆခဲ့ပါတယ္။ ဒါေတြ အကုန္လုံး သဟဇာတျဖစ္ေနမယ္ဆိုရင္ ခႏၶာကိုယ္က က်န္းမာေနမွာျဖစ္ၿပီး တစ္ခုခုခ်ိဳ႕ယြင္းသြားၿပီဆိုရင္ေတာ့ မက်န္းမမာျဖစ္ လာမယ္ဆိုၿပီး စဥ္းစားမိခဲ့ပါတယ္။ ဒီအခ်က္ေပၚမွာ အေျခခံက်က်ေတြးေခၚၿပီး ေရာဂါေတြကို ကုသႏိုင္ခဲ့ပါတယ္။
သူ႔ရဲ႕မွတ္တမ္းေတြထဲမွာ သြားေတြနဲ႔ ပတ္သက္ၿပီးလည္း သြားေရာဂါေတြ မွန္သမွ်က ခႏၶာကိုယ္ရဲ႕ ခ်ိဳ႕ယြင္းခ်က္ေတြ ေၾကာင့္ ျဖစ္ေပၚလာတယ္လို႔ မွတ္တမ္းတင္ထားခဲ့ပါတယ္။ ေရွးေခတ္နတ္ဘုရားကိုးကြယ္မႈေတြကေန လုံးဝကို ေသြဖယ္သြားတဲ့ေခတ္သစ္ယူဆခ်က္ေတြပါ ။
ဟစ္ပိုကေရးတီးစ္နဲ႔ အရစၥတိုတယ္လ္ (Aristotle) တို႔ႏွစ္ဦးဟာ သြားနဲ႔ပတ္သက္ၿပီး သြားေတြဘယ္လိုပုံစံမ်ိဳး ေပါက္တယ္ဆိုတာမ်ိဳး၊ သြားပိုးစားေနတာကို ဘယ္လိုပုံစံနဲ႔ ကုမယ္၊ သြားဖုံးေရာဂါကို ဘယ္လိုကုမယ္၊ သြားေတြကို ဘယ္လိုႏုတ္မယ္စတာေတြကို ေရးသားခဲ့တယ္။ ဂရိေခတ္မွာ သြားနဲ႔ပတ္သက္တဲ့ ကုသမႈေတြကလည္း အဆင့္ျမင့္ လာပါတယ္။
ေရွးေဟာင္းဂရိႏိုင္ငံက အသက္ ၂၀ အ႐ြယ္အေလာင္းတစ္ေလာင္းကို ေလ့လာရာမွာ သြားကေန တစ္ဆင့္ ထိပ္ကပ္နာျဖစ္ၿပီး ေသသြားခဲ့တယ္၊ ဒါေပမယ့္ မကုသဘဲ ေသသြားတာမဟုတ္ပါဘူး။ ဂရိဆရာဝန္ေတြက အဝတ္စကို ေဆးစိမ္ၿပီး သြားထဲကို ထည့္ေပးထားခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ အဝတ္စကို ေဆးစိမ္ၿပီး ထည့္ေပးထား တယ္ဆိုတဲ့ အဓိပၸာယ္က အစာေတြ မဝင္ေအာင္နဲ႔ အနာသက္သာေစဖို႔ ႀကိဳးစားကုသေပးခဲ့တယ္လို႔ အဓိပၸာယ္ယူႏိုင္ ပါတယ္။ အဲဒါေၾကာင့္ ဂရိေခတ္မွာေတာ့ သြားနာရင္ ႏုတ္ပစ္မယ့္အစား အျခားသက္သာမည့္ နည္းလမ္းမ်ိဳးစုံကို စဥ္းစားၾကည့္ခဲ့ၾကတယ္လို႔ ယုံၾကည္ရပါတယ္။
Unicode
ရှေးခေတ်ဂရိလူမျိုးတွေက သွားတွေနဲ့ပတ်သတ်ပြီး ဘယ်လိုကုသမှုတွေလုပ်ခဲ့ကြလဲ
ရှေးခေတ် ဂရိလူမျိုးတွေရဲ့ သမိုင်းကြောင်းကတော့ အံ့မခန်းပါပဲ။ သူတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ တော့ ရှာဖွေစူးစမ်းမှုတွေ၊ အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေတယ်ဗျ ။ အင်ဂျင်နီယာပညာရပ်နဲ့ ဆေးပညာအရာမှာလည်း အလွန်ထွန်းကားခဲ့တယ်လို့ ကောက်ချက်ချလို့ရတဲ့ အချက်တွေလည်း အများကြီးရှိခဲ့ပါတယ်။
ရှေးဟောင်းဂရိလူမျိုး တွေရဲ့ သွားနဲ့ပတ်သက်တဲ့ ကုသမှုတွေကလည် BC 500 လောက်ကတည်းက ရှိခဲ့တယ်။ ဆေးပညာနဲ့ ပတ်သက်တဲ့ စာသင်ကျောင်းတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဂရိဆေးပညာအတော်များများက သူတို့ကိုးကွယ်တဲ့ နတ်ဘုရားတွေထဲက Asclepius (the Greek god of healing and medicine) ဆိုတဲ့ နတ်ဘုရားဆီက ဆင်းသက်လာပါတယ်ဆိုပြီး မှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ်။
ဂရိဆေးပညာရှင် ဟစ်ပိုကရေးတီးစ် (Hippocrates) မပေါ်ခင် အချိန်ထိကတော့ ဂရိနိုင်ငံမှာ ရောဂါဝေဒနာတစ်ခုခုဖြစ်ပြီဆိုရင် နတ်ဘုရားတွေရှိတဲ့ ဘုရားကျောင်းကိုသွားပြီး ဆုတောင်းကုသမှု ခံယူဖို့ပဲရှိခဲ့တယ်။ ဝေဒနာခံစားနေရတဲ့သူက ဘုရားကျောင်းကိုသွား၊ ဘုရားကျောင်းမှာရှိတဲ့ဘုန်းကြီးက အရင်ဆုံး ကုသမှုပေးပါတယ်။
ပထမအဆင့်အနေနဲ့ လူနာကို မိန်းမောအိပ်ပျော်သွားအောင် အိပ်ဆေးဆန်ဆန် အရည်တစ်မျိုး တိုက်မယ်၊ ဒီလိုတိုက်ခြင်းက လူနာကို စိတ်ရောကိုယ်ပါ အနားပေးသလိုဖြစ်စေတယ်။ လူနာမိန်းမောနေတဲ့အချိန်မှာ ဘုန်းတော်ကြီးက ကုသမှုကိုစတင်တယ်။ ဖြစ်တဲ့ရောဂါပေါ်မူတည်ပြီး သူတို့ နားလည်သလောက် ကုသပါတယ်။
အကယ်၍ ကုသပေးလိုက်တာ အောင်မြင်သွားပြီး၊ ရောဂါသက်သာသွားခဲ့တယ်ဆိုရင်တော့ လူနာက ဘုရားကျောင်း ထဲမှာ ပူဇော်ပသမှုတစ်ခုလုပ်ပေးရပါတယ်။ ဘုရားကျောင်းထဲမှာတော့ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းပုံစံတွေကို ကျောက်သားနဲ့ ထုဆစ်ထားတဲ့ ပုံစံငယ်တွေရှိပါတယ်။ သွားနဲ့ပတ်သက်တဲ့ သွားပုံစံအမျိုးမျိုးလည်း ရှိပါတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ကုသမှုတွေက ဘာသာရေးအယူအဆနဲ့ဆက်စပ်လျက်ရှိနေပါတယ်။
ဆေးပညာရဲ့ ဖခင်လို့တင်စားခံရတဲ့ဟစ်ပိုကရေး တီးစ် (BC 460-370) ပေါ်ထွန်းလာမှာပဲ တကယ့်သိပ္ပံနည်းကျ ကုသမှုတွေ စတင်လာပါတော့တယ်။ ဟစ်ပိုကရေးတီးစ်က ရောဂါဘယတွေအကုန်လုံးဟာ ခန္ဓာကိုယ်ရဲ့ အတွင်းဓာတ်သဘောနဲ့ ပြင်ပအခြေအနေတွေကြောင့် ဖြစ်ပေါ်လာရတယ်လို့ ယူဆခဲ့ပါတယ်။ ဒါတွေ အကုန်လုံး သဟဇာတဖြစ်နေမယ်ဆိုရင် ခန္ဓာကိုယ်က ကျန်းမာနေမှာဖြစ်ပြီး တစ်ခုခုချို့ယွင်းသွားပြီဆိုရင်တော့ မကျန်းမမာဖြစ် လာမယ်ဆိုပြီး စဉ်းစားမိခဲ့ပါတယ်။ ဒီအချက်ပေါ်မှာ အခြေခံကျကျတွေးခေါ်ပြီး ရောဂါတွေကို ကုသနိုင်ခဲ့ပါတယ်။
သူ့ရဲ့မှတ်တမ်းတွေထဲမှာ သွားတွေနဲ့ ပတ်သက်ပြီးလည်း သွားရောဂါတွေ မှန်သမျှက ခန္ဓာကိုယ်ရဲ့ ချို့ယွင်းချက်တွေ ကြောင့် ဖြစ်ပေါ်လာတယ်လို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။ ရှေးခေတ်နတ်ဘုရားကိုးကွယ်မှုတွေကနေ လုံးဝကို သွေဖယ်သွားတဲ့ခေတ်သစ်ယူဆချက်တွေပါ ။
ဟစ်ပိုကရေးတီးစ်နဲ့ အရစ္စတိုတယ်လ် (Aristotle) တို့နှစ်ဦးဟာ သွားနဲ့ပတ်သက်ပြီး သွားတွေဘယ်လိုပုံစံမျိုး ပေါက်တယ်ဆိုတာမျိုး၊ သွားပိုးစားနေတာကို ဘယ်လိုပုံစံနဲ့ ကုမယ်၊ သွားဖုံးရောဂါကို ဘယ်လိုကုမယ်၊ သွားတွေကို ဘယ်လိုနုတ်မယ်စတာတွေကို ရေးသားခဲ့တယ်။ ဂရိခေတ်မှာ သွားနဲ့ပတ်သက်တဲ့ ကုသမှုတွေကလည်း အဆင့်မြင့် လာပါတယ်။
ရှေးဟောင်းဂရိနိုင်ငံက အသက် ၂၀ အရွယ်အလောင်းတစ်လောင်းကို လေ့လာရာမှာ သွားကနေ တစ်ဆင့် ထိပ်ကပ်နာဖြစ်ပြီး သေသွားခဲ့တယ်၊ ဒါပေမယ့် မကုသဘဲ သေသွားတာမဟုတ်ပါဘူး။ ဂရိဆရာဝန်တွေက အဝတ်စကို ဆေးစိမ်ပြီး သွားထဲကို ထည့်ပေးထားခဲ့တာကို တွေ့ခဲ့ရပါတယ်။ အဝတ်စကို ဆေးစိမ်ပြီး ထည့်ပေးထား တယ်ဆိုတဲ့ အဓိပ္ပာယ်က အစာတွေ မဝင်အောင်နဲ့ အနာသက်သာစေဖို့ ကြိုးစားကုသပေးခဲ့တယ်လို့ အဓိပ္ပာယ်ယူနိုင် ပါတယ်။ အဲဒါကြောင့် ဂရိခေတ်မှာတော့ သွားနာရင် နုတ်ပစ်မယ့်အစား အခြားသက်သာမည့် နည်းလမ်းမျိုးစုံကို စဉ်းစားကြည့်ခဲ့ကြတယ်လို့ ယုံကြည်ရပါတယ်။