fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

သွားကျန်းမာဖို့ ဘယ်လိုစားသောက်မလဲ

သွားကျန်းမာဖို့ ဘယ်လိုစားသောက်မလဲ

လူအများစုတွေးထင်ကြသည်မှာ သကြားဓာတ်များစွာပါ သောအစားအစာများသည်
သွားများယိုယွင်းပျက်စီးစေတတ်သော အကြောင်းအချက်တစ်ခုဟုထင်နေကြသည်။
တကယ်တော့မဟုတ် ပါ။
သွားကိုတကယ်ထိခိုက်ပျက်စီးစေသောအကြောင်းမှာ အချို များသောအစားအစာများကို
အကြိမ်အရေအတွက် ဘယ်လောက် များများစားသလဲဆိုသည့်အကြောင်းချက်ပေါ်တွင်
မူတည်နေခြင်း များဖြစ်ပါသည်။
အချိုရည်များနှင့် အချိုများသောအစားအစာများကြောင့် ပါးစပ်အတွင်းဖြစ်ပေါ်လာသော
အက်စစ်ဓာတ်များကို ပျောက်သွားအောင် ချေဖျက်ရန်မှာအနည်းဆုံးတစ်နာရီမျှကြာသည်။
ထိုအချိန်အတွင်းတွင် ကျွန်တော်တို့၏ သွားများသည် အက်စစ်ဓာတ်များ၏
ဖျက်ဆီးခြင်းကိုခံရသည်။


ထိုသို့အက်စစ်ဓာတ်များ၏သွားဖျက်ဆီးနှုန်းလျော့နည်းစေရန်အချိုရည်များနှင့်
အချိုများသောအစားအစာများကို ထမင်းစားချိန်များတွင်သာ စား သောက်သင့်ပါသည်။
အသားစားပြီးချိန်နှင့်သရေစာမုန့်များစားပြီးချိန်တွင်အချိုမပါသောပီကေဝါးခြင်းနှင့်
ရေသောက်ခြင်းသည် သကြားဓာတ်ကြောင့် ပါးစပ်အတွင်းဖြစ်ပေါ်လာသော အက်စစ်
ဓာတ်များကို လျင်မြန်စွာချေဖျက်ပေးပါသည်။
ထို့ပြင် သွားများယိုယွင်းပျက်စီးမှုကိုဖြစ်စေသော ဂက်စ်ပါ သောအချိုရည်များ၊
အသီးဖျော်ရည်များ၊ အားဖြည့်အချိုရည်များ
နှင့်ဝိုင်များသည်သွားများကိုပျက်စီးသောအက်စစ်ဓာတ်များကို
ဖြစ်စေပြီးသွားကြွေလွှာပျက်စီခြင်းကိုဖြစ်စေပါသည်။
သွားကြွေလွှာပျက်စီးသွားပါက သွားများသည်အနည်းငယ်မျှထိခိုက်ဒဏ်ကိုပင် မခံ နိုင်တော့ဘဲ
သွားကျဉ်လွယ်ခြင်း၊ သွားအခေါင်းပေါက်များဖြစ်လာ ပြီး သွားကိုက်၊ သွားနာဖြစ်ခြင်း၊
သွားပြည်တည်ခြင်းစသည့် သွား နှင့်ပတ်သက်သောရောဂါဝေဒနာများကို ဖြစ်စေနိုင်ပါသည်။

သွားကျန်းမာရေးကောင်းမွန် စေရန် သွားတိုက်ခြင်း၊ သွားကြားရှင်းကြိုးဖြင့်
သန့်ရှင်းခြင်းနှင့်သွားကိုပုံမှန်စစ်ဆေးခြင်းများကပုံမှန်လုပ်ဆောင်ခြင်းသည်
အလွန်အရေးကြီးကြောင်းဖော်ပြထားသည်။
သို့သော်လည်း သွားနှင့်သွား ဖုံးကိုပိုမိုကျန်းမာစေရန် ထိန်းသိမ်းရမည့်နည်းလမ်းကောင်းများ
ရှိပါသေးသည်။
အမေရိကန်သွားကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းက သွား
နှင့်သွားဖုံးပျက်စီးယိုယွင်းခြင်းမှကာကွယ်ရန် အကြံပြုချက်များကို
အောက်ပါအတိုင်းဖော်ပြထားသည်။
– ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကိုသာ စား သုံးသင့်ပြီး
မုန့်ပဲသရေစာများကိုလျှော့စားရမည်။
– အချိုပေါ့သောအစားအစာများနှင့်အာဟာရများပါဝင်သောအစားအစာများကိုသာ
ရွေးချယ်စားသုံးရမည်။
– ရေများများသောက်ရမည်။
– တစ်နေ့ လျှင်နှစ်ကြိမ် ဖလိုရိုက်ပါဝင်သောသွားတိုက်ဆေးဖြင့် သွားကိုစနစ် တကျတိုက်ရမည်။
– သွားချေးများကိုဖယ်ရှားရန် နေ့စဉ်သွားကြားရှင်းကြိုးဖြင့်သန့်ရှင်းခြင်းကို ပုံမှန်ပြုလုပ်ရမည်။
– မိမိရက်သတ္တပတ်လုံးစားသုံးခဲ့သော အစားအစာများကို မှတ်သား၍
မိမိစားသုံးခဲ့သောအစားအစာများတွင် သွားနှင့်သွား
ဖုံးများကိုပျက်စီးယိုယွင်းစေသောအစားအစာများ မည်မျှစားသုံး ခဲ့သည်ကိုသတိပြု၍
လွန်ကဲမှုမရှိစေရန်ချင့်ချိန်ရမည်။


သို့ဖြစ်ပါ၍ သွားကျန်းမာရေးကောင်းမွန်စေရန် မိမိတို့၏ သွားလေးများကို နေ့စဉ်ပုံမှန်
အနည်းဆုံးနှစ်ကြိမ်ခန့်သွားတိုက်ပြီး သန့်ရှင်းအောင်ပြုလုပ်ပေးရမည်။ ထို့ပြင် သွားဆရာဝန်နှင့်
၆လတစ်ကြိမ် တွေ့ဆုံ၍ပုံမှန်စစ်ဆေးခြင်းများပြုလုပ်ပေးခြင်းသည်လည်း သွားနှင့်ပတ်
သက်သောဝေဒနာများမခံစားရစေရန် များစွာအထောက်အကူပေး နိုင်သည်။

သွားများပျက်စီးသွားမှ ဂရုတစိုက်ထိန်းသိမ်းစောင့် ရှောက်ခြင်းထက်
ပကတိအကောင်းအတိုင်းရှိသေးသောသွားများကို ပုံမှန်သန့်ရှင်း၍ဂရုစိုက်ခြင်းသည်သာလျှင်
သင့်ဘဝတစ် လျှောက်လုံး ကျန်းမာသောသွားများကိုပိုင်ဆိုင်နိုင်ပြီး သွားရောဂါ
အမျိုးမျိုးမှကာကွယ်နိုင်သည့် ထိရောက်သောအကောင်းဆုံးနည်း လမ်းပင်ဖြစ်ပေလိမ့်မည်။

ဒေါက်တာထက်ဝေ