Zawgyi
တိုးတက္လာတဲ့ေခတ္ေရစီးေၾကာင္းအရ သြားတစ္ေခ်ာင္းကို အလဟသမဆုံးရႈံးခ်င္တဲ့သူေတြက သြားကိုက္သြားနာျဖစ္လာတဲ့အခါမွာ သြားကိုႏႈတ္ပစ္လိုက္ျခင္းထက္ သြားအေၾကာထုတ္ကုသမႈ (RCT) ကို ခံယူလာၾကပါတယ္။
Root Canal Treatment ဆိုတဲ့ RCTကုသမႈခံယူလိုက္ရင္ ကိုက္ခဲေနတဲ့ေဝဒနာ သက္သာကင္းေဝးသြားမွာပါ ။ RCT ဆိုတာက သြားရဲ႕အတြင္းပိုင္းက မေကာင္းေတာ့တဲ့ အာ႐ုံေၾကာနဲ႔ေသြးေၾကာအပုပ္ေလးေတြကို ဖယ္ရွားကာေဆးကုေပးတဲ့နည္းလမ္းပါပဲ ။
မေကာင္းေတာ့တဲ့ အာ႐ုံေၾကာအပုပ္ေတြက သြားကိုက္ျခင္း ၊ သြားအျမစ္ထိပ္မွာျပည္တည္ျခင္း ေတြကိုျဖစ္ေစပါတယ္။
ရက္ခ်ိန္းေလးေတြျပဳလုပ္ၿပီး ကုသတဲ့နည္းလမ္းျဖစ္ကာ နာေနတဲ့ေဝဒနာကလည္း တျဖည္းျဖည္းခ်င္းသက္သာသြားေလ့ရွိပါတယ္။ လူနာေတြအေနနဲ႔လည္း စိတ္ရွည္ၿပီး ရက္ခ်ိန္းမွန္မွန္လာဖို႔ လိုအပ္ပါတယ္။
RCT ကုသမႈခံယူၿပီးလို႔သြားကိုျပန္ဖာၿပီးရင္ သြားကို အစြပ္စြပ္ေပးရပါတယ္။ အေၾကာထုတ္ထားတဲ့သြားက သစ္ကိုင္းေျခာက္လို ကြၽတ္ဆတ္ၿပီးလြယ္လြယ္နဲ႔ က်ိဳးပဲ့လြယ္တာေၾကာင့္ မက်ိဳးပဲ့ေအာင္အေပၚကေနအစြပ္စြပ္ေပး ရတာပါ ။
RCT လုပ္လိုက္ျခင္းက သြားႏႈတ္ျခင္းထက္ပိုေကာင္းတဲ့အခ်က္ေတြမ်ားစြာရွိပါတယ္ ။ သြားတစ္ေခ်ာင္းအလဟသ မဆုံးရႈံးေတာ့ျခင္း ၊ သြားႏႈတ္ၿပီးသြားျပန္မစိုက္ရင္ ႀကဳံေတြ႕ရမယ့္ျပသနာေတြကိုေရွာင္လႊဲႏိုင္ျခင္း ၊ သြားႏႈတ္ၿပီးမွသြားျပန္စိုက္တာထက္စာရင္ ကုန္က်စရိတ္ပိုမိုသက္သာေစႏိုင္ျခင္း ၊ ေဘးသြားေတြကိုထိခိုက္မႈမရွိေစျခင္း ၊ ေရရွည္မွာသြားဖုံး႐ိုးနိမ့္က်လာတာကို ကာကြယ္ႏိုင္ျခင္းေတြပါ ။
အားလုံး႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ ခင္ဗ်ာ
Unicode
သွားမနှုတ်ချင်တဲ့သူတွေ သိထားသင့်တဲ့ သွားအကြောထုတ်ကုသမှု (RCT)
တိုးတက်လာတဲ့ခေတ်ရေစီးကြောင်းအရ သွားတစ်ချောင်းကို အလဟသမဆုံးရှုံးချင်တဲ့သူတွေက သွားကိုက်သွားနာဖြစ်လာတဲ့အခါမှာ သွားကိုနှုတ်ပစ်လိုက်ခြင်းထက် သွားအကြောထုတ်ကုသမှု (RCT) ကို ခံယူလာကြပါတယ်။
Root Canal Treatment ဆိုတဲ့ RCTကုသမှုခံယူလိုက်ရင် ကိုက်ခဲနေတဲ့ဝေဒနာ သက်သာကင်းဝေးသွားမှာပါ ။ RCT ဆိုတာက သွားရဲ့အတွင်းပိုင်းက မကောင်းတော့တဲ့ အာရုံကြောနဲ့သွေးကြောအပုပ်လေးတွေကို ဖယ်ရှားကာဆေးကုပေးတဲ့နည်းလမ်းပါပဲ ။
မကောင်းတော့တဲ့ အာရုံကြောအပုပ်တွေက သွားကိုက်ခြင်း ၊ သွားအမြစ်ထိပ်မှာပြည်တည်ခြင်း တွေကိုဖြစ်စေပါတယ်။
ရက်ချိန်းလေးတွေပြုလုပ်ပြီး ကုသတဲ့နည်းလမ်းဖြစ်ကာ နာနေတဲ့ဝေဒနာကလည်း တဖြည်းဖြည်းချင်းသက်သာသွားလေ့ရှိပါတယ်။ လူနာတွေအနေနဲ့လည်း စိတ်ရှည်ပြီး ရက်ချိန်းမှန်မှန်လာဖို့ လိုအပ်ပါတယ်။
RCT ကုသမှုခံယူပြီးလို့သွားကိုပြန်ဖာပြီးရင် သွားကို အစွပ်စွပ်ပေးရပါတယ်။ အကြောထုတ်ထားတဲ့သွားက သစ်ကိုင်းခြောက်လို ကျွတ်ဆတ်ပြီးလွယ်လွယ်နဲ့ ကျိုးပဲ့လွယ်တာကြောင့် မကျိုးပဲ့အောင်အပေါ်ကနေအစွပ်စွပ်ပေး ရတာပါ ။
RCT လုပ်လိုက်ခြင်းက သွားနှုတ်ခြင်းထက်ပိုကောင်းတဲ့အချက်တွေများစွာရှိပါတယ် ။ သွားတစ်ချောင်းအလဟသ မဆုံးရှုံးတော့ခြင်း ၊ သွားနှုတ်ပြီးသွားပြန်မစိုက်ရင် ကြုံတွေ့ရမယ့်ပြသနာတွေကိုရှောင်လွှဲနိုင်ခြင်း ၊ သွားနှုတ်ပြီးမှသွားပြန်စိုက်တာထက်စာရင် ကုန်ကျစရိတ်ပိုမိုသက်သာစေနိုင်ခြင်း ၊ ဘေးသွားတွေကိုထိခိုက်မှုမရှိစေခြင်း ၊ ရေရှည်မှာသွားဖုံးရိုးနိမ့်ကျလာတာကို ကာကွယ်နိုင်ခြင်းတွေပါ ။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ခင်ဗျာ