Zawgyi
Interesting Facts About Dental
Unicode
- လူတစ်ယောက်ရဲ့သက်တမ်းတလျှောက်အတွင်း ထွက်ရှိတဲ့တံတွေးပမာဏက ရေကူးကန် ၂ ကန်စာလောက်ရှိပါတယ် ။
- လူတစ်ယောက်ရဲ့သက်တမ်းတလျှောက်အတွင်း သွားတိုက်စဉ်ကြာချိန်က ၃၈.၅ ရက်ရှိပါတယ် ။
- နှလုံးရောဂါ ၊ အရိုးပွရောဂါ ၊ ဆီးချိုရောဂါတွေနဲ့ ခံတွင်းပြသနာတွေက ဆက်စပ်မှုရှိပါတယ် ။
- သွားတိုက်ခြင်းက သွားမျက်နှာပြင်တွေရဲ့ ၃ပုံ၂ပုံကိုသာ သန့်စင်စေပါတယ် ။ သွားကြားပွတ်ကြိုး Dental floss ကိုတွဲသုံးမှ အဆင်ပြေမှာပါ ။
- ကယ်ဆီယမ် (calcium) နဲ့ မီးစုန်းဓာတ် (phosphorus) တွေက သွားတွေကိုကျန်းမာစေပါတယ် ။
- ၈၃ ရာခိုင်နှုန်းသောလူတွေက သူတို့ရဲ့မျက်လုံး ၊ဆံပင်တွေထက် သွားတွေရဲ့လှပမှုက ပိုမိုအရေးပါတယ်ဆိုတာကို သိထားကြပါတယ် ။
- ပုံမှန်အရဆိုရင်တော့ သွားတိုက်တံကိုအိမ်သာနဲ့ ၆ပေ အကွာမှာထားသင့်ပါတယ် ။
- သင်ဖျားနာပြီးတိုင်း သွားတိုက်တံကို အသစ်လဲပေးရပါမယ် ။
- သွားတွေပျက်စီးဆုံးရှုံးရတဲ့ အဓိကအကြောင်းအရင်းက သွားပိုးစားလို့မဟုတ်ပါဘူး ။ သွားဖုံးရောဂါ (Periodontal Disease) ကြောင့်ပါ ။
- သွားချေးလွှာတွေထဲမှာ ဘက်တီးရီးယားအမျိုးပေါင်း ၃၀၀ ကျော်နေထိုင်ကြပါတယ် ။
- လူကြီးတွေမှာ ကြီးသွား ၃၂ ချောင်းရှိပြီး ကလေးတွေမှာ ငယ်သွားအချောင်း ၂၀ ရှိပါတယ် ။
- လေ့လာမှုတွေအရ Green Tea ကသွားပိုးစားခြင်းနဲ့ သွားဖုံးရောဂါတွေဖြစ်ပွားခြင်းကို ကာကွယ်ပေးပါတယ် ။