တစ်ခေတ်တစ်ခါတုန်းက အဆိုတော်ဒေါ်မာမာအေး၏ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက် သီချင်းတစ် ပုဒ်၏စာသားများထဲတွင် တစ်ပင်ကိုတစ်ပင်ယှက်လို့ဟူသော စာသားတစ်ခုပါဝင်ပါသည်။ ထိုစာသားကိုအနက် ဖွင့်ဆိုရာတွင်လည်း စိမ်းလန်းစိုပြေလျက်ရှိသောတောတောင်များရှိ သစ်ပင်ကြီးများသည်လည်း တစ်ပင်၏အရိပ် ကိုတစ်ပင်ကခိုလှုံကာ ရှင်သန်နေကြရပုံနှင့် အသက်အန္တရာယ်များရှိလာပါက တစ်ပင်ကိုတစ်ပင်က ကာကွယ် ပေးကြပုံတို့ ရည်ညွှန်းလျက်ရှိပါသည်။ ထိုနည်းတူစွာပင် လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားတွင် ကျင်လည်ရှင် သန်နေကြသော လူသားများသည်လည်း မိသားစုအတွင်း၌၎င်း၊ မိတ်ဆွေများအတွင်း၌၎င်း၊ လူ့ပတ်ဝန်းကျင်အ တွင်း၌၎င်း၊ အသက်ရှင်သန်ရပ်တည်မှုများ၌ တစ်ဦးကိုတစ်ဦးအမှီသဟဲပြုကာ ရပ်တည်ရှင်သန်မှသာလျှင် ကောင်းမွန်သောလူ့ဘဝ၏ ပုံရိပ်များကို ဖော်ဆောင်နိုင်မည်သာဖြစ်ပါသည်။ တစ်ဦးတည်းခွဲထွက်ပြီး ရှင်သန်ရပ် တည်ရန် မလွယ်ကူကြောင်းနှင့်စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှစ်မျိုးစလုံး ဖွံ့ဖြိုးမှသာလျှင်လူ့ဘဝကြီးထဲတွင် ရေရှည်ရပ်တည်နိုင်မည်သာဖြစ်ပါသည်။ ထိုနည်းတူစွာပင် HIV ပိုးကူးစက်ခံနေရသူများသည်လည်း မိသားစုအ တွင်း၌လည်းကောင်း ပတ်ဝန်းကျင်၌လည်းကောင်းခွဲခြားဆက်ဆံခံနေရခြင်းနှင့် မိမိကိုယ်တိုင်မှဖယ်ကြဉ်နေထိုင် ပါကလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေမည်သာဖြစ်ပြီး မည်မျှပင် ဆေးဝါးကောင်းများမှီဝဲလင့်ကစား လူ့သက် တမ်းတိုနေမည်သာဖြစ်ပါတော့သည်။
HIV ကိုကုသသော ဆေးဝါးကောင်းများနှင့် အစာအာဟာရမည်မျှပင်သုံးစွဲနေကာမူ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေ ခြင်း၊ ပတ်ဝန်းကျင်မှခွဲခြားမှုပြုနေကြခြင်း၊ မိမိကိုယ်တိုင်က ဖယ်ကြဉ်နေခြင်း၊ လူ့ပတ်ဝန်းကျင်နှင့် ခွဲခွာဆန့်ကျင် နေထိုင်ခြင်းများသည် စိတ်ထောင်းကိုယ်ကြေဖြစ်ကာ ကျန်းမာရေးပြန်လည်တိုးတက်ကောင်းမွန်လာစေခြင်းကို ထိခိုက်ပျက်စီးစေနိုင်ပါသည်။ ဤကဲ့သို့ပြုမူနေထိုင်ခြင်းကြောင့် မိမ၏စိတ်ခံစားချက်များကို တိုင်ပင်ဖော်တိုင်ပင် ဖက်မရှိဖြစ်နေတတ်ပြီး ရင်ဖွင့်စကားများမွန်းကြပ် သိပ်သည်းလာမှုတို့ကြောင့်လည်း ကျန်းမာရေးကို ထိခိုက်လာ နိုင်ပါသည်။ ထိုစဉ်အခါမျိုးတွင် မိမိတို့၏ ရင်ဖွင့်စကားများကို လက်ခံနားထောင်ပြီးဖြေရှင်းအကြံပေးနိုင်မည့် ဘ ဝတူများထံသွားရောက်ဆက်သွယ်ပြီး မိမိတို့၏ မွန်းကြပ်နေသော ရင်ဖွင့်မှုများကိုပြုလုပ်ပေးသင့်ပါတယ်။ အချို့ သည်လည်းအသက်အရွယ်ရကာမှ မိမိ၏ခင်ပွန်းသည် HIV ကြောင့်ကွယ်လွန်ခဲ့ရသူများရှိပြီး မိမိထံတွင်လည်း HIV ပိုးကူးစက်ခံရသူများလည်း ရှိတတ်ကြပါသည်။ အချို့သည်လည်း သားသမီးတို့ကို မိမိတွင် HIV ပိုးရှိနေ ကြောင်းပြောပြထားသူများရှိကြသလို မပြောထားသူများလည်းရှိနေတတ်ကြပါသည်။ မိမိတို့၏ သားသမီးတို့ကို မိမိတွင် HIV ရှိနေသည်ဟု ပြောပြထားရဲကြသော်လည်း ထိုသားသမီးတို့၏ ဇနီးနှင့်ခင်ပွန်းများကိုမူ ပြောပြကာ မဖြစ်နိုင်သည့် အခြေအနေမျိုးများလည်း ရှိတတ်ကြပါသည်။ ထိုစဉ် အခြေအနေများတွင် တစ်အိမ်တည်းအတူ နေလင့်ကစား မိမိတို့နေစဉ်ဆေးသောက်နေရသည့် ကိစ္စကြီးကို သတိထားကာပုန်းရှိုးကွယ်ရှိုးဆေးသောက်နေရ ခြင်း၏ဒုက္ခကိုလည်း နေ့စဉ်ခံစားလျှက်ရှိနေကြပါသည်။
မိမိတွင် HIV ရှိနေသည်ကို မိသားစုဝင်များအတွင်း၌ပင် ပြောပြထားသင့်သူများရှိနေသလို ပြောမပြသင့်သည့် လူများလည်းရှိနေတတ်ကြပါသည်။ အချို့သည်လည်း ငယ်ရွယ်စဉ်အချိန်မှာပင် HIV ကြောင့်ခင်ပွန်းဆုံး၊ ဇနီး ဆုံးခဲ့ရမှုများလည်း ရှိနေတတ်ကြသည့်အခါတွင် နောက်ထပ်တစ်ပင်လဲပြီး တစ်ပင်ထူရန် ကြောက်ရွံထိတ်လန့် မှုများစိုးရိမ်မှုများဖြင့် အိမ်ထောင်သစ်ထပ်မံထူထောင်ရန် အခက်တွေ့နေကြရပါသည်။ အသစ်ထပ်မံထူထောင် လိုက်သည့်ဇနီးသစ်၊ ခင်ပွန်းသစ်တွင် HIV ပိုးရှိနေမှန်းသိလျှက်နှင့် လက်ထပ်လိုက်သည့်ဇနီးသစ် ခင်ပွန်းသစ် တို့နှင့်မိမိခံစားချက်များ ဆွေးနွေးရင်ဖွင့်ကြရာတွင် များစွာသောအဆင်မပြေမှုများကို ကြုံတွေ့ခံစားရတတ်ပါ သည်။ ထိုသို့သော အခက်အခဲများကိုရင်ဆိုင်ရန် ကြောက်လန့်နေခြင်းများကြောင့် အိမ်ထောင်သစ်ထပ်မံမပြု လိုသူများလည်း ရှိတတ်ရာအချို့သော ရင်ဖွင့်စကားများပြောပြလိုစိတ် ပြင်းထန်လာသည့်အခါတွင် စိတ်ပိုင်း ဆိုင်ရာ ထိခိုက်ကြေကွဲမှုများလည်း ကြုံတွေ့ခံစားလာရပါတော့သည်။ ဆေးဝါးကုသခြင်းဆိုင်ရာ အခက်အခဲများ၊ နေထိုင်စားသောက်မှုအခက်အခဲများ၊ အလုပ်အကိုင်အခက်အခဲများ တစ်ခုမဟုတ်တစ်ခုကြုံလာရပါကလည်း မိမိတို့၏ဘဝအခြေအနေကို မိမိတို့ကိုယ်တိုင်အားငယ်စိတ်ပျက်မှုများလည်း ဖြစ်လာနိုင်ပါသည်။ အရွယ်ငယ်စဉ် အချိန်အတွင်း HIV ကူးစက်ခံခဲ့ရပါက အိမ်ထောင်ဖက်လည်းဆုံး မိမိတွင်လည်း HIV ရှိနေပါက ဘဝရပ်တည် ရှင်သန်နိုင်ရေးအတွက် အလွန်ပင် ဒုက္ခပင်လယ်ဝေတတ်ကြပါသည်။
သားသမီးများရှိနေခဲ့လျှင်သော်မှ တိုင်ပင်စရာရှိသည်များကို အရွယ်ရောက်ပြီးသည့် သားသမီးများကိုတိုင်ပင်နိုင် သော်လည်း အချို့သောကိစ္စရပ်များအတွက်မူ မိမိတို့၏ ဇနီးခင်ပွန်းတို့နှင့် တိုင်ပင်ရမည့်ကိစ္စရပ်များလည်း ပေါ်ပေါက်လာတတ်ပါသည်။ ထိုအခါတွင်အိမ်ထောင်ရေးတစ်ခြမ်းပဲ့ဘ၀ ဖြင့်ရပ်တည်နေကြရသော HIV ပိုးရှိသူ တို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြန်လည်တိုးတက်လာဖို့ တည်ဆောက်ရာတွင် တစ်ပင်ကိုတစ်ပင်ယှက်ပြီး အားယူတည်ဆောက်ခွင့်ရသူများက တစ်ပန်းသာလျှက်ရှိတတ်ပါသည်။ သို့မဟုတ်ပါက အထီးကျန်တစ်ခြမ်းပဲ့ ဘဝမျိုးဖြင့် ရုန်းကန်တည်ဆောက်နေရသည့် HIV ပိုးရနေသူတို့၏ ဘဝသည် ခက်ခဲပင်ပန်းမှုကို အစဉ်ကြုံတွေ့ နေရတတ်ပါသည်။ ထိုသို့တစ်ခြမ်းပဲ့ဘဝဖြင့် ရုန်းကန်နေကြသူအချို့တွင်လည်း မိမိတို့နှင့်ဘဝတူကြင်ဖော်အ သစ်များ ရှာတွေ့လာသည့်အခါတွင် တစ်ဦးကိုတစ်ဦးဖေးမလက်တွဲခေါ်ယူမှုများကြောင့် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ် ပိုင်းဆိုင်ရာကျန်းမာရေးများလျှင်မြန်စွာ ကောင်းမွန်လာခဲ့ရသူများကိုလည်း တွေ့မြင်နေရပါသည်။ တစ်ဦး၏ အခက်အခဲကို တစ်ဦးကဖေးမလက်တွဲမှုများကြောင့် HIV ရှိပြီးတစ်ခြမ်းပဲ့ဘဝတွင် ကျင်လည်ခဲ့ရသည်များထက် ပိုမိုကောင်းမွန်သော လူ့ဘဝရပ်တည်မှုများကို ပိုင်ဆိုင်ခွင့်ရနေကြပါတော့သည်။ ကိုယ့်အတွက်ကြောင့် HIV ရှိ သူများအတွက်ကောင်းမွန်သော လူ့ဘဝရပ်တည်မှုများကို ပုံဖော်တည်ဆောက်ကြရာတွင် အမှီသဟဲပြုနိုင်မည့် ဘဝလက်တွဲဖော်များကို အားယူကာရှင်သန်ကြလျှင်ဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ရေး သားအသိပေးလိုက်ရပါတော့သည်။
Author – လှိုင် (PEER) Vol-7 / No-43 Healthcare Journal