Zawgyi
သြားမ်က္ႏွာျပင္ေပၚမွာ သြားပိုးစားေနၿပီဆိုရင္ မည္းမည္းအစက္ေလး ၊ အကြက္ေလး ၊ အစင္းေၾကာင္းပုံစံေတြနဲ႔ ေတြ႕ရေလ့ရွိတယ္ဗ် ။ ဒါကသြားပိုးစားခါစ အေျခအေနဆိုေတာ့ အမ်ားစုကေတာ့ ဂ႐ုမစိုက္ၾကဘူးေပါ့ ။
စိတ္ဝင္စားစရာေကာင္းၿပီး အေရးလည္းႀကီးတဲ့အခ်က္က သြားပိုးစားတဲ့ပုံစံပါ ။ ပိရမစ္ပုံစံရွိတယ္ဗ် .. က်ေနာ္တို႔ျမင္ေနရတာက ပိရမစ္ရဲ႕ထိပ္ပိုင္းေလးေပါ့ ။ သြားပိုးစားတဲ့သေဘာက ေအာက္ေျခမွာတျဖည္းျဖည္းနဲ႔ ျပန႔္ကားႀကီးထြားလာေလ့ရွိတယ္ဗ် ။
ဒါေၾကာင့္လည္း အခ်ိဳ႕လူေတြဆိုရင္ ပင္အပ္ေလာက္ရွိတဲ့ သြားပိုးေပါက္ေလာက္ေလးနဲ႔ အရမ္းကိုနာေနၾကေလ့ရွိတာပါ ။ သေဘာကအတြင္းထဲမွာ လႈိက္စားသြားတာကိုး ။
စိတ္ေတာ့မပူၾကပါနဲ႔ ။ သြားပိုးစားလို႔သြားကမနာခင္မွာ အရင္ဆုံးက်ဥ္လာေလ့ရွိပါတယ္ (မွတ္ခ်က္.. လူတိုင္းကိုမဆိုလိုပါ) က်ဥ္လာတဲ့အထိလည္းမေစာင့္ၾကပါနဲ႔ ။ တခါတရံသြားျပန္ဖာလို႔မရေတာ့ပဲ အေၾကာထုတ္(RCT) ၊ ႏႈတ္လိုက္ရတာေတြလည္း ရွိပါတယ္ ။
ေျပာခ်င္တာကေတာ့ မေပါ့ဆၾကပါနဲ႔
အသက္ရွည္ဖို႔ သြားေတြေကာင္းေနဖို႔လိုတယ္
လွလွပပေလးျဖစ္ဖို႔လည္း သြားေတြကအေရးႀကီးတယ္ဆိုတာပါပဲ ။
Unicode
သွားပိုးစားတဲ့ပုံစံ
သွားမျက်နှာပြင်ပေါ်မှာ သွားပိုးစားနေပြီဆိုရင် မည်းမည်းအစက်လေး ၊ အကွက်လေး ၊ အစင်းကြောင်းပုံစံတွေနဲ့ တွေ့ရလေ့ရှိတယ်ဗျ ။ ဒါကသွားပိုးစားခါစ အခြေအနေဆိုတော့ အများစုကတော့ ဂရုမစိုက်ကြဘူးပေါ့ ။
စိတ်ဝင်စားစရာကောင်းပြီး အရေးလည်းကြီးတဲ့အချက်က သွားပိုးစားတဲ့ပုံစံပါ ။ ပိရမစ်ပုံစံရှိတယ်ဗျ .. ကျနော်တို့မြင်နေရတာက ပိရမစ်ရဲ့ထိပ်ပိုင်းလေးပေါ့ ။ သွားပိုးစားတဲ့သဘောက အောက်ခြေမှာတဖြည်းဖြည်းနဲ့ ပြန့်ကားကြီးထွားလာလေ့ရှိတယ်ဗျ ။
ဒါကြောင့်လည်း အချို့လူတွေဆိုရင် ပင်အပ်လောက်ရှိတဲ့ သွားပိုးပေါက်လောက်လေးနဲ့ အရမ်းကိုနာနေကြလေ့ရှိတာပါ ။ သဘောကအတွင်းထဲမှာ လှိုက်စားသွားတာကိုး ။
စိတ်တော့မပူကြပါနဲ့ ။ သွားပိုးစားလို့သွားကမနာခင်မှာ အရင်ဆုံးကျဉ်လာလေ့ရှိပါတယ် (မှတ်ချက်.. လူတိုင်းကိုမဆိုလိုပါ) ကျဉ်လာတဲ့အထိလည်းမစောင့်ကြပါနဲ့ ။ တခါတရံသွားပြန်ဖာလို့မရတော့ပဲ အကြောထုတ်(RCT) ၊ နှုတ်လိုက်ရတာတွေလည်း ရှိပါတယ် ။
ပြောချင်တာကတော့ မပေါ့ဆကြပါနဲ့
အသက်ရှည်ဖို့ သွားတွေကောင်းနေဖို့လိုတယ်
လှလှပပလေးဖြစ်ဖို့လည်း သွားတွေကအရေးကြီးတယ်ဆိုတာပါပဲ ။