အချို့သော အစားအစာများသည် ကျန်းမာရေးအတွက် အထောက်အကူပြုသော်လည်း စားသုံးသူများ၏ အထင်သေးခြင်း (သို့မဟုတ်) အဆိုးမြင်ခြင်းများ ဖြစ်ပေါ်နေပါသည်။ ဆိုးကျိုးအနေဖြင့် ၎င်းတို့ကို မစားခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေသည်။ ထိုအစားအစာများမှာ ထောပတ်သီး၊ စတော်ဘယ်ရီသီး၊ ကီဝီသီး၊ ဆော်လ်မွန်ငါးနှင့် ကြက်ဥတို့ပင်ဖြစ်သည်။
ထောပတ်သီး
ထောပတ်သီးတွင် ကင်ဆာကို တွန်းလှန်နိုင်သော Antioxdidants များစွာ ပါရှိပါသည်။ ထောပတ်သီးတွင် ပါဝင်သော အဆီများသည် ခန္ဓာကိုယ်အတွက်များစွာ အထောက်အကူပြုပါသည်။ သို့ရာတွင် စားသုံးသများအနေဖြင့် ထောပတ်သီး၏ အရသာသည် ချိုဆိမ့်နေသောကြောင့် အဆီတက်မည်ဟု ယူဆနေကြပါသည်။ ထိုအယူအဆကိုပယ်ပြီး အထောပတ်သီးကို ဖျော်ရည်ပြုလုပ်၍ သောက်ခြင်းနှင့် ပါးပါလှီး၍ ပေါင်မုန့်နှင့် ညှပ်စားခြင်းများ ပြုလုပ်နိုင်ပါသည်။
စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီးတွင် အမျှင်ဓာတ်များစွာပါဝင်ပြီး ခန္ဓာကိုယ်၏ သွေးတွင်း သကြားဓာတ်အဆင့်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါသည်။ သို့ရာတွင် စားသုံးသူများအနေဖြင့် စတော်ဘယ်ရီသီးသည် လိမ္မော်သီးများကဲ့သို့ ဗီတာမင်စီများ မပါဝင်နိုင်ဟု ထင်မှတ်နေကြပါသည်။ ထိုထင်မှတ်ချက်ကို ဖယ်ရှားပြီး စတော်ဘယ်ရီသီးကို အလုံးလိုက်စားဖြင်း (သို့မဟုတ်) ဖျော်ရည်လုပ်သောက်ခြင်းဖြင့် ဗီတာမင်များ ရရှိနိုင်ပါသည်။
ကီဝီသီး
ကီဝီသီးတွင် အမျှင်များစွာပါဝင်ခြင်းကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် ဆီးချိုရောဂါများကို ကာကွယ်နိုင်ပါသည်။ ကီဝီသီးတွင် သွေးခဲမှုကို သက်သာစေပြီး နှလုံးတိုက်ခိုက်ခံရမှုကိုလည်း တားဆီးပေးပါသည်။ သို့ရာတွင် စားသုံးသူများအနေဖြင့် ကီဝီသီးသည် သွေးကျဲဆေး (အက်စပရင်) ကဲ့သို့ အသုံးဝင်ကြောင်း မသိ၍ မစားသုံးကြပါ။ ကီဝီသီးကို ဖျော်ရည်ပြုလုပ်၍သောက်ခြင်း အလုံးလိုက် ခွဲစိတ်စားဖြင်းများ ပြုလုပ်ခြင်းဖြင့် နှလုံးရောဂါအတွက် များစွာ အထောက်အကူပြုပါသည်။
ဆော်လ်မွန်ငါး
ဆော်လ်မွန်ငါးတွင် Omega- 3 Fatty Acid များစွာ ပါဝင်သောကြောင့် ဦးနှောက်ရောဂါ လုပ်ဆောင်ချက်ကောင်းစေခြင်း၊ သွေးဖိအားကို လျှော့ချနိုင်ခြင်းနှင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ ဖြစ်ပွားမှုနည်းခြင်းများစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ သို့ရာတွင် စားသုံးသူများအနေဖြင့် ဆော်လ်မွန်ငါးတွင် အဆီများစွာ ပါဝင်သောကြောင့် မြစ်ထဲမှ ဆော်လ်မွန်ငါးကို ရွေးချယ်စားသုံုးခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။
ကြက်ဥ
ကြက်ဥတွင် ကိုလင်းဓာတ်များစွာပါဝင်သောကြောင့် ဦးနှောက်ကျန်းမာရေးကို ကောင်းစေပါသည်။ မကောင်းသော ကိုလက်စထရောကို လျှော့ချပေးနိုင်ပါသည်။ သို့ရာတွင် စားသုံးသူများအနေဖြင့် ကြက်ဥကိုစားပါက ခန္ဓာကိုယ်တွင်း ကိုယ်လက်စထရောဓာတ်များမည်ဟု စိုးရိမ်နေကြပါသည်။ ထိုစိုးရိမ်စိတ်ကို ဖယ်ရှားပြီး ကြက်ဥကို နေ့စဉ်တစ်လုံးမှ နှစ်လုံးစားနိုင်ပါသည်။
အကြုံပြုချက်
ကျွန်တော်တို့သည် အသက်ရှည်ရပ်တည်နိုင်ရေးအတွက် အစားအစာကို နေ့စဉ်စားသောက်နေရပါသည်။ ကျန်းမာရေးအတွက် အထောက်အကူပြုသော အစားအစာများကို ရွေးချယ်စားသောက်ရန် လိုအပ်ပါသည်။ အစာလည်းဆေး ဆေးလည်းအစာဆိုအသည့် အတိုင်း အထက်ပါ အစားအစာ ငါးမျိုးကို စားသုံးရပါသည်။
Author – ဒေါက်တာမြင့်သန်းထွေး( ပြည်သူ့ကျန်းမာရေး) Healthcare Journal / VOL: 7/ NO: 46/ PG: 5