ရာစုနှစ်တွေ ပြောင်းလဲ လာတာနှင့်အမျှ တဖက်က ကျန်းမာရေး အမြင်တွေတိုးတက်လာသလို တဖက်မှာ လည်း ကျန်းမာရေးဂကို ထိခိုက်စေနိုင်တဲ့ အပြုအမူ အနေအထိုင် အစားအသောက် တွေ များလာပါတယ်။ ဥပမာ Gym လိုမျိုး အားကစား ခန်းမ တွေ များလာသလို အသင်စား fast food ဆိုင်တွေ မှာ လည်းလူတွေများလာပါတယ်။ တချို့က နေထိုင်မှု့ ပုံစံ ပြောင်းလဲ လာနိုင်သလို တချို့ ကြပြန်တော့လည်း မပြောင်းလဲ နိုင်သေးဘဲ ရှိနေပါသေးတယ်။
ဒါကြောင့် အခု နောက်ပိုင်း အဖြစ်များလာတဲ့ ရောဂါ တွေ ထဲ က တစ်ခု ဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ကို အစားအသောက် ဘက် ကနေ ဘယ်လို ကာကွယ်လို့ရလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။
ဘာတွေစားရမလဲ????
1. ငါးများများ စားပေးပါ။ အိုမီဂါ သရီး ကြွယ်ဝ တဲ့ ပင်လယ်ကါးလိုမျိုးတွေ စားပေးတာအကောင်းဆုံးပါ။ ဥပမာ – တူနာငါး၊ ငါးသေတ္တာ၊ ငါးတန်၊ ဆော်လမွန် စတာတွေ စားပေးပါ။ သွေးတွင်း ကိုလက်စထရော ကို ကျစေတဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ကို ကာကွယ်ပေးနိုင်ပါသည်။
2. အစေ့အဆန် စားပေးပါ။ ဥပမာ – မြေပဲ၊ နေကြာစေ့၊ ဗာဒံစေ့၊ သီဟိုစေ့ တွေ စားပေးပါ။ ဒါပေမယ့် အများကြီးတော့ မစားသက့်ပါဘူး။ အစေ့အဆန် တွေ က သွေးတွင်း ကိုလက်စထရော ကျစေပေမယ့် ကယ်လိုရီ များတဲ့ အတွက် အများကြီးစားရင် လူကို ဝစေပါတယ်။ စားသင့်တဲ့ ပမာဏတွေ ကတော့ – မြေပဲစေ့ အစေ့ ၃၀၊ သီဟိုစေ့ ၁၅ စေ့၊ ဗာဒံစေ့ ၁၅ စေ့၊ မေကြာစေ့ အစေ့ ၅၀ စတာတွေ ကို တစ်နေ့ တစ်မျိုး စားပေးလို့ရပါတယ်။
3. ဘယ်ရီသီး တွေစားပေးပါ။ ဥပမာ – ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ခရမ်ဘယ်ရီ စတာတွေ စားပေးပါ။ Phytonutrients၊ အမျှင်ဓါတ် နှင့် အိုမီဂါ သရီး ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားမှု့ ကို လျှော့ချပေးနိုင်ပါတယ်။
4. 4 အောင်စ (120 ml) ရှိတဲ့ ဝိုင်သောက်ပေးခြင်း ဖြင့်လည်း သွေးလည်ပတ်မှု့ အားကောင်းစေပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ ပမာဏ ထက်များရင်တော့ ဆိုးကျိုးတွေ များပါတယ်။
5. ဗီတာမင်စီ ကြွယ်ဝ တဲ့ အသီးအနှံတွေ စားပေးဖို့လိုပါတယ်။ အားလုံးသိတဲ့ အတိုင်း ဓါတ်တိုးဆန့်ကျင်ရှိတဲ့ ဗီတာမင်စီက oxidation လို့ခေါ်တဲ့ ဓါတ်တိုးခြင်း ကို ကာကွယ် ပေးလို့ သွေးကြောအတွင်း အဆီခဲစု တာ တွေ ကို တားဆီးပေးပါတယ်။
6. ဗီတာမင် အေ၊ဖောလိတ် နှင့် အမျှင်ဓါတ် များစွာပါဝင်တဲ့ ကညွတ် ကလည်း သင့်ကျန်းမာရေး အတွက် များစွာအထောက်အကူပေးတဲ့ ဟင်းရွက်တစ်မျိုးပါ။
7. တိုဟူးစားပေးပါ။ တိုဟူး ဆိုတဲ့ နေရာ မှာ ဂျပန် ပဲပြား ခေါ် ဂျပန်တိုဟူး ကို ဆိုလိုပါသည်။ သူ့ထဲမှာ Phytoestrogens တွေ များစွာပါဝင်တဲ့ အတွက် နှလုံး သွေးကြေညကျဉ်းရောဂါ ကို အထိုက် အလျောက်ကာကွယ်ပေးပါသည်။
8. Cocoa 70 % ပါဝင်တဲ့ dark chocolate စားပေးပါ။
9. အမျှင်ဓါတ်များတဲ့ ကွေကာအုပ် လိုမျိုးကို မနက်စာ အနေနဲ့ စားပေးပါ။
10. အခုနောက်ပိုင်း စူပါမတ်ကတ်တွေမှာ ရောင်းလာတဲ့ Flaxseeds တွေ မှာ အိုမီဂါ သရီး၊ ဖိုက်တိုအီစတိုဂျင် (Phytoestrogens)နှင့် အမျှင်ဓါတ်တွေ ပါဝင်တဲ့ အတွက် စားပေးသင့်တဲ့ အစားအစာ တစ်မျိုးပါ။ ဒါပေမယ့် သူသည်လည်း ကယ်လိုရီများပါသည်။ ၁၀၀ ဂရမ် ကို ကယ်လိုရီ ၅၀၀ ကျော်တဲ့ အတွက် အများကြီးမစားသင့်ပါ။ Flaxseeds ဒီတိုင်း ဝယ်လို့မရပါက flaxseeds oil ဝယ်သုံးလို့ရပါသည်။ အိမ်သုံး အခြားဆီ တွေ အသား flaxseeds oil အစားထိုး သုံးလို့ရပါသည်။
11. ဟင်းနုနွယ် များများ စားပေးပါ။
12. အသီးအနှံ ပာင်းသီးပာင်းရွက် တွေ ကို အရောင် စုံအောင်စားပေးပါ။ ဥပမာ – အနီရောင် (ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ) ၊ ခရမ်းရောင် (ခရမ်းသီး၊ စပျစ်သီး)၊ အဖြူရောင် (ပန်းဂေါ်ဖီ၊ မုန့်ညှင်းထုပ်) ၊ လိမ္မော် သို့မဟုတ် အဝါရောင် (မုန်လာဥနီ၊ လိမ္မော်သီး၊ ရွှေဖရုံသီး) ၊ အစိမ်းရောင် အသီးအရွက်များ စတညတွေ ထဲ မှ တစ်နေ့ ကို နှစ်ရောင် ကနေ သုံးရောင် အနည်းဆုံး ပါဝင်အောင် စားပေးသင့်ပါတယ်။
Dr 528