အရက်စွဲနေပြီဆိုရင်
အရက်စွဲနေပြီဆိုရင် ဘာတွေဖြစ်မလဲ ဆိုတာ ယေဘုယျ တော့သိကြ ကြားဖူးကြမှာပါ။ အဖြစ်များတွေ့ရတဲ့ လက္ခဏာတွေက
ကယောင်ကတန်းဖြစ်ခြင်း ၊ ကြောက်လန့်ခြင်း ၊ အချိန် ၊ နာရီ ၊ နေရာ ၊ လူ ခန့်မှန်းနိုင်စွမ်းမရှိခြင်း ၊ ကြောက်လန့်စရာများ မြင်ရခြင်း ၊ အသံဗလံများ ကြားရခြင်း ၊ ပိုးမွှားများ ခန္ဓာကိုယ်ပေါ် ရွစိရွစိသွားသလို ခံစားရခြင်း ၊ လက်တုန်ခြင်း။ အရက်အလွန်အကျွံသောက်သည့်အခါတွင် လူမရှိဘဲ နားထဲတွင် ခေါ်သံများ ၊ ခြိမ်းခြောက်သံများ ၊ စော်ကားမော်ကားအသံများ ကြားနေရတက်ခြင်း။ အတက်ရောဂါ ဖြစ်တက်ခြင်း(ဝက်ရူးပြန်ရောဂါကဲ့သို့ တက်ခြင်း)။
အရက်ကို ရုတ်တရက်ဖြတ်လိုက်ပါက အရက်ဖြတ် လက္ခဏာများဖြစ်ပေါ်လာခြင်း။ စိတ်ဓါတ်ကျရောဂါ ဖြစ်တက်ခြင်း။ အရက်ငန်းဖမ်းခြင်း ၊ အိပ်မပျော်ခြင်း။ စိတ်ဖောက်ပြန်ခြင်း။ ပန်းသေ / ပန်းညှိုးရောဂါဖြစ်ခြင်း။ ဦးနှောက်ချို့ယွင်းခြင်း။ သားသမီးမရခြင်း။
အရက်နှင့် မတည့်သောသူများသည် အရက်အနည်းငယ်သောက်ရုံဖြင့် ရုတ်တရက် စိတ်ဖောက်ပြန်တက်ခြင်း။ မိမိ၏ဇနီးကို အထင်မြင်လွဲမှားခြင်းများ ဖြစ်တက်ခြင်း။ အရက်ကြောင့် ရာဇဝတ်မှု ကျူးလွန်သည်အထိ ဖြစ်နိုင်ခြင်း။ အရက်ကို လွန်ကျွံစွာနှင့် စွဲလန်းစွာသောက်သုံးခြင်းကြောင့် ဖြစ်ပွားတက်သောရောဂါများမှာ အသည်းရောင်ခြင်း ၊ အသည်းခြောက်ခြင်း ၊ သွေးအန်ခြင်း ၊ အစာအိမ်ရောဂါဖြစ်ခြင်း ၊ နှလုံးရောဂါဖြစ်ခြင်း ၊ ဦးနှောက်နှင့် အာရုံကြောထိခိုက်ခြင်း ၊ စိတ်ရောဂါများဖြစ်ခြင်း ၊ စသည်တို့ဖြစ်ပါသည်။
အထက်ပါဆိုးကျိုးများကို မခံစားရစေရန် အရက်သောက်သုံးခြင်း ၊ အထူးသဖြင့် အလွန်အကျွံသောက်သုံးခြင်း ၊ အရက်ကိုစွဲလန်းစွာ သောက်သုံးခြင်းမှ ရှောင်ကြဉ်ရန်လိုအပ်ပါသည်။ နီးစပ်ရာ ဆေးရုံ ၊ ဆေးခန်းတွင် စနစ်တကျ စစ်ဆေးကုသမှုခံယူရန် တိုက်တွန်းပါ ၊ ကူညီပါ။ အရက်သောက်ထားစဉ် အန္တရာယ်ရှိသော စက်ယန္တရားနှင့် ယာဉ်များ မမောင်းရန် အကြံပေးပါ။ မသောက်ရမနေနိုင်စွဲလမ်းနေသူများ ၊ အရက်ကို နှစ်ရှည်လများ ဆက်တိုက်သောက်နေသူများသည် မိမိဘာသာ မည်သည့်ဆေးမျှမပါဘဲဖြတ်ပါက အန္တရာယ်ဖြစ်နိုင်သဖြင့် နားလည်တက်ကျွမ်းသော ဆေးရုံ ၊ ဆေးခန်းတို့တွင် ဖြတ်သင့်ပါသည်။ အရက်ဖြတ်ဆေးအား ဆရာဝန်ညွှန်ကြားမှသာ တိုက်ပါ။
Dr. Lynn