အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၀ ခုနှစ်ကတည်းက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို မိန်းကလေး များအသက် ၁၁မှ ၁၂နှစ်အရွယ်များ၊ အသက် ၂၀အထိအရွယ်တွေမှာ ထိုးနှံခဲ့ပြီးနောက်အိပ်ချ်ပီဗွီ ဗိုင်းရပ်စ်ကူး စက်နှုန်းကျဆင်းလာတယ်။
လေ့လာမှုအရ ကာကွယ်ဆေးထိုးပြီးအမျိုးသမီး ၆၄%မှာ အိပ်ပီဗွီ ဗိုင်းရပ်စ်ကူးစက်နှုန်းကျဆင်းလာတယ်။ ခြောက်နှစ်အကြာ သားအိပ်ခေါင်းကင်ဆာဆေးနှင့် အိပ်ပီဗွီဖြစ်ပွားနှုန်းလေ့လာခဲ့ကြပြီး၊ ဆယ်ကျော်သက်မိန်း ကလေးများမှာ အိပ်ချ်ပီဗွီဖြစ်ပွားနှုန်းကျဆင်းခဲ့တာ တွေ့ရတယ်။
သုတေသီများအဆိုအရ၊ အိပ်ချ်ပီဗွီဗိုင်းရပ်စ်ကူးစက်မှုမှာ အသက်၂၀အတွင်း ကျဆင်းလာကြောင်းသက်ရောက် မှုအရ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆိုင်ကြောင်းသိရတယ်။ အိပ်ချ်ပီဗွီ ကူးစက်ခံရရင် လိင်အင်္ဂါကြွက်နို့နှင့် သားအိပ်ခေါင်းကင်ဆာမျာ ဖြစ်ပေါ်စေတယ်။
အမေရိကန်ပြည်ထောင်စုမှာ စီဒီစီ (CDC) အဆိုအရ ရောဂါကူးစက်သူမိန်းကလေး သန်း၈၀ အသက်၇၀ခန့်နှင့် အမျိုးသမီး ၄သန်းကူးစက်ခံရရာ၊ အများစုမှာ ဆယ်ကျော်သက်များဖြစ်ကြတယ်။ အိပ်ချ်ပီဗွီကူးစက်သူအများစု မှာကူးစက်ခံရမှန်းမသိကြပါ။ အမေရိကန်အစိုးရက အသက် ၁၁နှစ်၊ ၁၂နှစ်မိန်းကလေးများ သားအိမ်ခေါင်းကင် ဆာကာကွယ်ဆေးထိုးနှံခဲ့ပြီးတဲ့နောက်၊ အိပ်ချ်ပီဗွီကူးစက်မှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့ကျတယ်။
အခြားဖြစ်နိုင်ချေက ဆယ်ကျော်သက်မှာသားအိမ်ခေါင်းကင်ဆာထိုးနှံထားတာက ပုံမှန်အိပ်ချ်ပီဗွီကူးစက်နိုင်ချေ လျော့နည်းလာတယ်။ အိပ်ချ်ပီဗွီ သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ဆေးကိုတစ်ကြိမ်ထိုး ၁လမှ ၂လ ကြားမှာ ဒုတိယအကြိမ်၊ ၆လအကြာမှာတတိယအကြိမ် ၆လအတွင်း ၃ကြိမ်ထိုးနှံရပါမယ်။
Author – ဒေါက်တာသက်လွင် (Vol-7 / No-10) Healthcare Journal