(Zawgyi)
တစ္ေန႔တြင္ ဇီဝက တစ္ေယာက္ ေဆးခန္းတြင္ လူနာရွင္းေနသျဖင့္
ဂ်ာနယ္တစ္ေစာင္ကို စိတ္ဝင္တစားဖတ္ေနခိုက္ ။ “ဆရာ” ဟူေသာ အသံေၾကာင့္
မ်က္လုံး ဝင့္ၾကည့္လိုက္ရာ ။ေစ့ေစ့ ေပါက္ေပါက္ေမးတတ္ေသာ ဝတ္ဆန္ဆိုသည့္
သူငယ္မပင္။
ဝတ္ဆန္။ ။ ဆရာ ၊ဘာေတြ စိတ္ဝင္တစားဖတ္ေနတာလဲ။
ဇီဝက ။ ။ ေဘာလုံး ဂ်ာနယ္ပါ ဟာ ။ဒါနဲ႔ ဆိုစမ္းပါဦး။
ညည္း ဘာစပ္စုခ်င္ျပန္သတုံး။
ဝတ္ဆန္လည္း လွ်ာေလးတစ္လစ္နဲ႔ ဇက္ကေလးပုသြားကာ
ဝတ္ဆန္။ ။ ဟီး ၊ဆရာကလည္း ။လုပ္ေတာ့မယ္။
ဝတ္ဆန္ က သိခ်င္႐ုံပါ ။
ဇီဝက ။ ။ ေအးပါ ၊ဆရာက ညည္းကို စတာပါ။
ကဲ ေျပာ ။ဒီတစ္ေခါက္ ဘာသိခ်င္လို႔လဲ။
ဝတ္ဆန္။ ။ ဝတ္ဆန္ေလ ငယ္ငယ္ကတည္းက သတိထားမိတာ တစ္ခုရွိတယ္။
ညီမတို႔ အိပ္ခ်င္လို႔ သမ္းရင္ေလ တစ္ခါတစ္ေလ မ်က္ရည္ေတြက်တာ
ဘာလို႔လဲ ဟင္။
ဇီဝက ။ ။ ေအး ၊ညည္းေမးတာကို မေျဖခင္ လူေတြ ဘာလို႔မ်က္ရည္က်တတ္လဲ
ဆိုတာ အရင္ေျပာျပမယ္ ၊ဟုတ္ၿပီလား ။
ဝတ္ဆန္။ ။ ဟုတ္ကဲ့ ။
ဇီဝက ။ ။ မ်က္ရည္က်တတ္တာ အဓိက ၄ မ်ိဳးေၾကာင့္ က်တတ္တယ္ ။
ပထမ တစ္မ်ိဳးက အေျခခံမ်က္ရည္လို႔ ေခၚႏိုင္တယ္ ။သူက
သဘာဝအေလ်ာက္ မ်က္လုံးကို အၿမဲတေစ စိုစြတ္ေနဖို႔ အတြက္
ထြက္တဲ့ မ်က္ရည္ေပါ့ ။
ေနာက္ ဒုတိယတစ္မ်ိဳးက ၾကက္သြန္လွီးခ်ိန္ ၊ေထာင္းခ်ိန္ေတြလို
အေျခအေနမ်ိဳးမွာ တန္ျပန္တုန႔္ျပန္မႈ Reflex tear တို႔က်တတ္တယ္ ။
တတိယတစ္မ်ိဳးကေတာ့ ဝမ္းသာလြန္းလို႔ျဖစ္ေစ ၊ဝမ္းနည္းလြန္းလို႔
ျဖစ္ေစ စတဲ့ စိတ္လႈပ္ရွားမႈမ်ားေၾကာင့္ က်တတ္တယ္ ။
ေနာက္ စတုတၳ တစ္မ်ိဳးက်ေတာ့ မ်က္စိနာေရာဂါစတဲ့ မ်က္စိေရာဂါတို႔
မွာ က်တတ္တဲ့ မ်က္ရည္ေပါ့။
ေအး ၊ ညည္းေမးတဲ့ အမ်ိဳးအစားကေတာ့ ေနာက္တိုးေပါ့ ။ ၅ ခုေျမာက္
လို႔သာ မွတ္လိုက္ေပါ့ ။ဆရာတို႔ ၊ညည္းတို႔ သမ္းေဝတဲ့အခ်ိန္မွာ
မ်က္ႏွာရဲ႕ႂကြက္သားေတြကို ညႇစ္လိုက္သလိုျဖစ္တယ္ ။အဲ့ဒီႂကြက္သား
ေတြဟာ မ်က္လုံးမွာ ရွိတဲ့ မ်က္ရည္ႁပြန္မ်ားနဲ႔ မ်က္ရည္ဂလင္းမ်ားကို
ညႇစ္လိုက္သလိုျဖစ္ေရာ ။ဒါနဲ႔ပင္ တို႔ေတြ သမ္းေဝရင္ မ်က္ရည္က်ၾက
သလို ျဖစ္ေရာေပါ့။
ဝတ္ဆန္။ ။ ေၾသာ္ ဒီလိုကိုး ။ဆရာေျပာျပမွပဲ ညီမလည္း သိေတာ့တယ္။
ဇီဝက ။ ။ ရပါတယ္ ၊မသိရင္ ေမးရမွာေပါ့ ။ေမးမွပဲ သိေတာ့မွာေပါ့။
ဝတ္ဆန္။ ခုလို အခ်ိန္ေပးၿပီး ရွင္းျပတဲ့ အတြက္ ေက်းဇူးတင္လိုက္တာ ၊ဆရာ။
ဝတ္ရည္ေမးတာလည္း အခ်ိန္အေတာ္ ၾကာသြားၿပီမို႔ ဝတ္ရည္ကို
ျပန္ခြင့္ျပဳပါဦးေနာ္။
ဇီဝက ။ ။ ေအး ၊ေအး ။ေနာက္လည္း က်န္းမာေရးနဲ႔ ပတ္သက္ၿပီး မသိတာရွိ
ေမးေပါ့ ဟာ။
Author – ေခတ္သစ္ဇီဝက
(Unicode)
တစ်နေ့တွင် ဇီဝက တစ်ယောက် ဆေးခန်းတွင် လူနာရှင်းနေသဖြင့်
ဂျာနယ်တစ်စောင်ကို စိတ်ဝင်တစားဖတ်နေခိုက် ။ “ဆရာ” ဟူသော အသံကြောင့်
မျက်လုံး ဝင့်ကြည့်လိုက်ရာ ။စေ့စေ့ ပေါက်ပေါက်မေးတတ်သော ဝတ်ဆန်ဆိုသည့်
သူငယ်မပင်။
ဝတ်ဆန်။ ။ ဆရာ ၊ဘာတွေ စိတ်ဝင်တစားဖတ်နေတာလဲ။
ဇီဝက ။ ။ ဘောလုံး ဂျာနယ်ပါ ဟာ ။ဒါနဲ့ ဆိုစမ်းပါဦး။
ညည်း ဘာစပ်စုချင်ပြန်သတုံး။
ဝတ်ဆန်လည်း လျှာလေးတစ်လစ်နဲ့ ဇက်ကလေးပုသွားကာ
ဝတ်ဆန်။ ။ ဟီး ၊ဆရာကလည်း ။လုပ်တော့မယ်။
ဝတ်ဆန် က သိချင်ရုံပါ ။
ဇီဝက ။ ။ အေးပါ ၊ဆရာက ညည်းကို စတာပါ။
ကဲ ပြော ။ဒီတစ်ခေါက် ဘာသိချင်လို့လဲ။
ဝတ်ဆန်။ ။ ဝတ်ဆန်လေ ငယ်ငယ်ကတည်းက သတိထားမိတာ တစ်ခုရှိတယ်။
ညီမတို့ အိပ်ချင်လို့ သမ်းရင်လေ တစ်ခါတစ်လေ မျက်ရည်တွေကျတာ
ဘာလို့လဲ ဟင်။
ဇီဝက ။ ။ အေး ၊ညည်းမေးတာကို မဖြေခင် လူတွေ ဘာလို့မျက်ရည်ကျတတ်လဲ
ဆိုတာ အရင်ပြောပြမယ် ၊ဟုတ်ပြီလား ။
ဝတ်ဆန်။ ။ ဟုတ်ကဲ့ ။
ဇီဝက ။ ။ မျက်ရည်ကျတတ်တာ အဓိက ၄ မျိုးကြောင့် ကျတတ်တယ် ။
ပထမ တစ်မျိုးက အခြေခံမျက်ရည်လို့ ခေါ်နိုင်တယ် ။သူက
သဘာဝအလျောက် မျက်လုံးကို အမြဲတစေ စိုစွတ်နေဖို့ အတွက်
ထွက်တဲ့ မျက်ရည်ပေါ့ ။
နောက် ဒုတိယတစ်မျိုးက ကြက်သွန်လှီးချိန် ၊ထောင်းချိန်တွေလို
အခြေအနေမျိုးမှာ တန်ပြန်တုန့်ပြန်မှု Reflex tear တို့ကျတတ်တယ် ။
တတိယတစ်မျိုးကတော့ ဝမ်းသာလွန်းလို့ဖြစ်စေ ၊ဝမ်းနည်းလွန်းလို့
ဖြစ်စေ စတဲ့ စိတ်လှုပ်ရှားမှုများကြောင့် ကျတတ်တယ် ။
နောက် စတုတ္ထ တစ်မျိုးကျတော့ မျက်စိနာရောဂါစတဲ့ မျက်စိရောဂါတို့
မှာ ကျတတ်တဲ့ မျက်ရည်ပေါ့။
အေး ၊ ညည်းမေးတဲ့ အမျိုးအစားကတော့ နောက်တိုးပေါ့ ။ ၅ ခုမြောက်
လို့သာ မှတ်လိုက်ပေါ့ ။ဆရာတို့ ၊ညည်းတို့ သမ်းဝေတဲ့အချိန်မှာ
မျက်နှာရဲ့ကြွက်သားတွေကို ညှစ်လိုက်သလိုဖြစ်တယ် ။အဲ့ဒီကြွက်သား
တွေဟာ မျက်လုံးမှာ ရှိတဲ့ မျက်ရည်ပြွန်များနဲ့ မျက်ရည်ဂလင်းများကို
ညှစ်လိုက်သလိုဖြစ်ရော ။ဒါနဲ့ပင် တို့တွေ သမ်းဝေရင် မျက်ရည်ကျကြ
သလို ဖြစ်ရောပေါ့။
ဝတ်ဆန်။ ။ သြော် ဒီလိုကိုး ။ဆရာပြောပြမှပဲ ညီမလည်း သိတော့တယ်။
ဇီဝက ။ ။ ရပါတယ် ၊မသိရင် မေးရမှာပေါ့ ။မေးမှပဲ သိတော့မှာပေါ့။
ဝတ်ဆန်။ ခုလို အချိန်ပေးပြီး ရှင်းပြတဲ့ အတွက် ကျေးဇူးတင်လိုက်တာ ၊ဆရာ။
ဝတ်ရည်မေးတာလည်း အချိန်အတော် ကြာသွားပြီမို့ ဝတ်ရည်ကို
ပြန်ခွင့်ပြုပါဦးနော်။
ဇီဝက ။ ။ အေး ၊အေး ။နောက်လည်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး မသိတာရှိ
မေးပေါ့ ဟာ။
Author – ခေတ်သစ်ဇီဝက