ညအိပ်နေစဉ် သံဝါသအိပ်မက် ၊တစ်နည်းအားဖြင့် ကာမစပ်ယှက် သည့် အိပ်မက်မက်ခြင်းဆိုသည်မှာ အမျိုးသားများတွင် သုတ်လွှတ်ခြင်းဖြစ်သလို ၊ အမျိုးသမီးများသည် မိန်းမကိုယ်တွင် စိုစိစိနဲ့ အရည်တွေထွက်ခြင်းနှင့် ကာမသုခ
ခံစားရခြင်းတို့ကို ဆိုလိုပါသည် ။Wet dream လို့လည်း ခေါ်နိုင်ပေသည်။
လူတွေ နေ့စဉ်မက်သော အိပ်မက်တို့ရဲ့ ၈ ရာခိုင်နှုန်းသည် ကာမ
ကိစ္စနှင့် ပတ်သက်၍ မက်တတ်ကြသည် ။ထိုအထဲမှ ၄ ရာခိုင်နှုန်း ခန့်သာ ကာမ
သုခခံစားရတတ်သည်။
အများအားဖြင့် ဆယ်ကျော်သက်အရွယ်တွင် အဖြစ်များသည်။ ဒါပေမယ့် အပျိုဖော် ၊လူပျိုဖော်ဝင်ပြီး မည်သည့် အရွယ်တွင်မဆို ဖြစ်တတ်သေး သည် ။အဘယ်ကြောင့်ဆိုသော် ဟိုမုန်းလ် အပြောင်းအလဲများကြောင့် ဖြစ်ပေသည်
။ ဒါ့အပြင် ဟိုမုန်းလ်ပါသောဆေးများ (တက်တိုစတီးရွန်း ပါသောဆေးများ ၊အီစထို
ဂျင်ပါသောဆေးများ )သောက်နေရက ဖြစ်တတ်သေးသည် ။မိမိဘာသာ တစ်ကိုယ်
ရည် အာသာဖြေမှု နည်းသူများ ၊မိမိအဖော်နှင့် ကာမဆက်ဆံမှု နည်းသူများတွင်
ပိုဖြစ်တတ်သည် ။အဘယ်ကြောင့်ဆိုသော် ထိုသူတို့တွင် သုက်ရည်များသည် နဂို
ထက် ပိုများနေရကား လိင်အင်္ဂါများသည် သာမန်ထက် ပို၍ အာရုခံနိုင်မှု ပိုများနေ၏ ။ထိုအခါ အဝတ်အစား ကြပ်ကြပ် ဝတ်လျှင်ဖြစ်စေ ၊လိင်အင်္ဂါများကို ပွတ်ထိနိုင်သော
အိပ်နေစဉ် အနေအထားတို့ကြောင့်ဖြစ်စေ လိင်အင်္ဂါများကို နှိုးဆွသလိုဖြစ်ကာ
ကာမသုခခံစားရသလို သူ့အလိုလို သုတ်လွှတ်ခြင်းများ ၊မိန်းမကိုယ်တွင် အရည်များ
ဖြင့် စိုစိ စိုစိ ဖြစ်တတ်သည် ။အိမ်ထောင်ရှိသူထက်စာလျှင် လူပျို ၊အပျိုတို့တွင် ပိုဖြစ်တတ်သည်။
ဒီလိုမျိုး မက်လျှင် ဘာဖြစ်တတ်သလဲဆိုရင် ကျန်းမာရေးကို ထိခိုက်
ခြင်းမရှိတတ်ပါ ။ဘာလုပ်ရမလဲဆိုရင် အိပ်ရာကနိုးတာနဲ့ သေချာ သန့်ရှင်းရေးလုပ်
ပါ ။စက်ဆုတ်ရွံရှာသလို မိမိကိုယ်ကို အပြစ်ရှိသလို မနေပါနဲ့ ။ဖြစ်တတ်တဲ့ သဘာဝ
ပါ ။မိမိဘာသာ ဖြေသိမ့်လို့ မရက မိမိနှင့် တီးတိုးတိုင်ပင်ဖော်နဲ့ စကားပြောပြီး စိတ်
ကိုဖြေလျှော့ပါ ။ဒါမှမဟုတ် မိမိ မိသားစုဆရာဝန်နဲ့ ဆွေးနွေးပါ ။အိပ်ခါနီး တရား ထိုင်ပါ ။ယောဂဖြစ်ဖြစ် ကျင့်ပါ ။အိပ်ခါနီး ရေနွေးနဲ့ ရေချိုးပါ ။
လိင်အာသာဆန္ဒကို လှုံ့ဆော်သော ပုံများ ၊ရုပ်ရှင်များ ၊စာပေများ စွဲလန်းတကြီး ကြည့်ချင်များ ရှောင်ပါ ။
အိပ်ခါနီး ဆီးအိမ် မတင်းပါစေနဲ့ ။အဝတ်အစား ချောင်ချောင် ချိချိ ဝတ်ပါ ။အပူ
အစပ်များ ၊ခရမ်းသီးများ ၊ကဖင်းပါသော ကော်ဖီ ၊လက်ဖက်ရည် သောက်ခြင်းများ
လျှော့ပါ။ကျန်းမာရေးနှင့် ညီညွတ်သော ကာမဆက်ဆံမှုမျိုး ၊တစ်ကိုယ်ရည် အာသာ
ဖြေမှုများလည်း ကျင့်သုံးနိုင်ပေသည်။
Author – ခေတ်သစ်ဇီဝက