ဒႏၱသုခပင္အေၾကာင္းသိေကာင္းစရာ
ကြ်န္ေတာ္တို႔ျမန္မာနိုင္ငံမွာ ဒႏၱသုခပင္လို႔ေျပာလိုက္တာနဲ႔ သြားကိုက္သြားနာရာမွာသံုးရတဲ႔ေဆးပင္ဆိုတာကို အေတာ္မ်ားမ်ားသိၾကပါတယ္။
အပင္ရဲ႕နာမည္ကိုဘာသာျပန္ၾကည္႔ပါကလည္း ဒႏၱ= သြား၊သုခ = က်န္းမာခ်မ္းသာျခင္း ဆိုတဲ႔အတြက္ သြားက်န္းမာခ်မ္းသာပင္(တနည္းအားျဖင္႔သြားအတြက္အက်ိဳးရွိေစတဲ႔အပင္)ဆိုျပီး အဓိပၸာယ္ ရပါတယ္။
ဒႏၱသုခပင္ဟာ ကြ်န္ေတာ္တို႔ျမန္မာနိုင္ငံမွာသဘာ၀အေလ်ာက္ေပါက္ေရာက္ေလ႔ရွိပါတယ္။
အဂၤလိပ္လိုေတာ႔ ဒႏၱသုခပင္ကို Sweet broom weed လို႔ေခၚျပီး ရုကၡေဗဒလိုကေတာ႔ Scoparia dulcis Linn လို႔ေခၚပါတယ္။
တနွစ္ခံပင္ေပ်ာ႔ပင္မ်ိဳးျဖစ္ပါတယ္။အပင္ရဲ႕အျမင္႔ဟာအၾကမ္းအားျဖင္႔၃ေပခန္႔ရွိပါတယ္။
အရြက္ဟာ ရြက္ဆိုင္ထြက္ျပီး ေသးငယ္ကာလွံစြပ္ပံုစံရွိပါတယ္။ရြက္အရင္းဟာအနည္းငယ္ခြ်န္ေပမယ္႔ အရြက္နားေတြကေတာ႔ ညီညာမႈရွိပါတယ္။
အစိမ္းေရာင္ဘက္အနည္းငယ္သန္းေသာ အျဖဴေရာင္အပြင္႔ငယ္ကေလးမ်ားပြင္႔ေလ႔ရွိပါတယ္။
အသီးပံုကေတာ႔ လွံရွည္ပံုသ႑ာန္ ရွိျပီး အခန္းေလးခန္းပါရွိကာ အခန္းတခန္းစီတိုင္းမွာေသးငယ္ေသာ အညိဳေရာင္အေစ႔ကေလးေတြေျမာက္ျမားစြာ ပါရွိပါတယ္။
အသံုး၀င္အစိတ္အပိုင္းအေနနဲ႔ကေတာ႔ တခ်ိဳ႕စာအုပ္ေတြမွာ အျမစ္ကလြဲျပီး အကုန္သံုးနိုင္တယ္လို႔ေရးထားတာလည္းရွိသလို တခ်ိဳ႕စာအုပ္ေတြမွာက်လည္း အျမစ္အပါအ၀င္တပင္လံုးအသံုး၀င္တယ္လို႔ေရးထားတာလည္းရွိပါတယ္။
ဓါတုျဒပ္ေပါင္းပါ၀င္မႈအေနနဲ႔ ဒႏၱသုခပင္မွာ Amellin,b-sitosterol ႏွင္႔ dulciol စတဲ႔ျဒပ္ေပါင္းေတြပါရွိတဲ႔အတြက္ သြားဖံုးေရာင္ျခင္းကိုသက္သာေစေသာအာနိသင္၊သြားကိုက္ျခင္းကိုသက္သာေစေသာအာနိသင္ေတြရွိပါတယ္။
တိုင္းရင္းေဆးအသံုး သမားကိုင္အေနနဲ႔ကေတာ႔ ဒႏၱသုခပင္ကို တျခားေဆးဘက္၀င္ပစၥည္းေတြနဲ႔အခ်ိဳးက်စနစ္တက်စီမံေဖာ္စပ္ကာ သြားကိုက္သြားနာျခင္းကိုကုသရာမွာသံုးတာအျပင္ အဖ်ားေရာဂါ၊ဆီးခ်ိဳေရာဂါ၊အသည္းေရာင္အသား၀ါေရာဂါေတြမွာလည္းအသံုးျပဳတာမ်ိဳးရွိပါတယ္။
အိမ္သံုး ေဆးျမီးတိုအေနနဲ႔ကေတာ႔ သြားကိုက္တာ(Dentalgia)၊သြားဖံုးေရာင္တာ(Gingivitis)ေတြျဖစ္ပါက
ဒႏၱသုခပင္ကိုေရစင္ေအာင္ေဆးျပီး အစိမ္းလိုက္ေထာင္းကာ ရလာတဲ႔အရည္ကိုနာတဲ႔ကိုက္တဲ႔သြား၊သြားဖံုးေပၚသိပ္ေပးတာ သို႔မဟုတ္
ဒႏၱသုခပင္ကိုျပဳတ္ျပီး ရလာတဲ႔အရည္ကိုငံုေထြးတာ သို႔မဟုတ္ ျပာခ်ျပီးရလာတဲ႔အမႈန္႔ကို သြားနဲ႔သြားဖံုးၾကားမွာသိပ္ေပးတာ ေတြလုပ္ေပးျခင္းျဖင္႔ သြားကိုက္တာ၊သြားဖံုးေရာင္တာေတြကိုသက္သာေပ်ာက္ကင္းေစနိုင္ပါတယ္။
ဒါ႔အျပင္ ထိခိုက္ရွနာျဖစ္ပါကလည္း အိမ္သံုးေဆးျမီးတိုအေနနဲ႔ ဒႏၱသုခပင္ကိုေရစင္ေအာင္ေဆးျပီး ေထာင္းကာ အနာေပၚကိုအံုေပးထားနိုင္ပါတယ္။
သီတာႏြယ္(အမရပူရ)
(Unicode)
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒန္တသုခပင်လို့ပြောလိုက်တာနဲ့ သွားကိုက်သွားနာရာမှာသုံးရတဲ့ဆေးပင်ဆိုတာကို အတော်များများသိကြပါတယ်။
အပင်ရဲ့နာမည်ကိုဘာသာပြန်ကြည့်ပါကလည်း ဒန္တ= သွား၊သုခ = ကျန်းမာချမ်းသာခြင်း ဆိုတဲ့အတွက် သွားကျန်းမာချမ်းသာပင်(တနည်းအားဖြင့်သွားအတွက်အကျိုးရှိစေတဲ့အပင်)ဆိုပြီး အဓိပ္ပာယ် ရပါတယ်။
ဒန္တသုခပင်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာသဘာဝအလျောက်ပေါက်ရောက်လေ့ရှိပါတယ်။
အင်္ဂလိပ်လိုတော့ ဒန္တသုခပင်ကို Sweet broom weed လို့ခေါ်ပြီး ရုက္ခဗေဒလိုကတော့ Scoparia dulcis Linn လို့ခေါ်ပါတယ်။
တနှစ်ခံပင်ပျော့ပင်မျိုးဖြစ်ပါတယ်။အပင်ရဲ့အမြင့်ဟာအကြမ်းအားဖြင့်၃ပေခန့်ရှိပါတယ်။
အရွက်ဟာ ရွက်ဆိုင်ထွက်ပြီး သေးငယ်ကာလှံစွပ်ပုံစံရှိပါတယ်။ရွက်အရင်းဟာအနည်းငယ်ချွန်ပေမယ့် အရွက်နားတွေကတော့ ညီညာမှုရှိပါတယ်။
အစိမ်းရောင်ဘက်အနည်းငယ်သန်းသော အဖြူရောင်အပွင့်ငယ်ကလေးများပွင့်လေ့ရှိပါတယ်။
အသီးပုံကတော့ လှံရှည်ပုံသဏ္ဍာန် ရှိပြီး အခန်းလေးခန်းပါရှိကာ အခန်းတခန်းစီတိုင်းမှာသေးငယ်သော အညိုရောင်အစေ့ကလေးတွေမြောက်မြားစွာ ပါရှိပါတယ်။
အသုံးဝင်အစိတ်အပိုင်းအနေနဲ့ကတော့ တချို့စာအုပ်တွေမှာ အမြစ်ကလွဲပြီး အကုန်သုံးနိုင်တယ်လို့ရေးထားတာလည်းရှိသလို တချို့စာအုပ်တွေမှာကျလည်း အမြစ်အပါအဝင်တပင်လုံးအသုံးဝင်တယ်လို့ရေးထားတာလည်းရှိပါတယ်။
ဓါတုဒြပ်ပေါင်းပါဝင်မှုအနေနဲ့ ဒန္တသုခပင်မှာ Amellin,b-sitosterol နှင့် dulciol စတဲ့ဒြပ်ပေါင်းတွေပါရှိတဲ့အတွက် သွားဖုံးရောင်ခြင်းကိုသက်သာစေသောအာနိသင်၊သွားကိုက်ခြင်းကိုသက်သာစေသောအာနိသင်တွေရှိပါတယ်။
တိုင်းရင်းဆေးအသုံး သမားကိုင်အနေနဲ့ကတော့ ဒန္တသုခပင်ကို တခြားဆေးဘက်ဝင်ပစ္စည်းတွေနဲ့အချိုးကျစနစ်တကျစီမံဖော်စပ်ကာ သွားကိုက်သွားနာခြင်းကိုကုသရာမှာသုံးတာအပြင် အဖျားရောဂါ၊ဆီးချိုရောဂါ၊အသည်းရောင်အသားဝါရောဂါတွေမှာလည်းအသုံးပြုတာမျိုးရှိပါတယ်။
အိမ်သုံး ဆေးမြီးတိုအနေနဲ့ကတော့ သွားကိုက်တာ(Dentalgia)၊သွားဖုံးရောင်တာ(Gingivitis)တွေဖြစ်ပါက
ဒန္တသုခပင်ကိုရေစင်အောင်ဆေးပြီး အစိမ်းလိုက်ထောင်းကာ ရလာတဲ့အရည်ကိုနာတဲ့ကိုက်တဲ့သွား၊သွားဖုံးပေါ်သိပ်ပေးတာ သို့မဟုတ်
ဒန္တသုခပင်ကိုပြုတ်ပြီး ရလာတဲ့အရည်ကိုငုံထွေးတာ သို့မဟုတ် ပြာချပြီးရလာတဲ့အမှုန့်ကို သွားနဲ့သွားဖုံးကြားမှာသိပ်ပေးတာ တွေလုပ်ပေးခြင်းဖြင့် သွားကိုက်တာ၊သွားဖုံးရောင်တာတွေကိုသက်သာပျောက်ကင်းစေနိုင်ပါတယ်။
ဒါ့အပြင် ထိခိုက်ရှနာဖြစ်ပါကလည်း အိမ်သုံးဆေးမြီးတိုအနေနဲ့ ဒန္တသုခပင်ကိုရေစင်အောင်ဆေးပြီး ထောင်းကာ အနာပေါ်ကိုအုံပေးထားနိုင်ပါတယ်။
သီတာနွယ်(အမရပူရ)