တစ်နေ့သော ရုံးပိတ်ရက် ညနေခင်းတွင် ဇီဝကနှင့် ညီမသဖွယ်
ရင်းနှီးသော ဝတ်ဆံဆိုသည့် သက်လတ်ပိုင်း မိန်းကလေးနှင့် အသက် ၅၀ကျော်
အမျိုးသားတစ်ဦး ဆေးခန်းထဲ ဝင်လာ၏ ။
ဇီဝက ။ ။ လာ ၊ဝတ်ဆံ ။လာရင်းကိစ္စက ။
ဝတ်ဆံ ။ ။ ဟုတ် ၊ဆရာ ။ဒါ ညီမ ဖေဖေလေ ။ဦး ရင်အေး ပါ ဆရာ ။
ခုတော့ ဦးစိတ်ပူလို့ အိမ်က အမေတော့ ခေါ်တယ် ၊ဆရာ ။
ဦးရင်အေး ။ ။ တယ် ၊သမီးကတော့ ။ဆရာရှေ့ ၊ပေါက်တတ်ကရတွေပြောနေ ။
မဟုတ်ရပါဘူး ၊ဆရာရယ် ။
ကျွန်တော်က နည်းနည်း စိုးရိမ်တတ်လို့ ၊အိမ်က အမျိုးသမီးက
နာမည်ပြောင်ပေးထားတာပါ ။
ဝတ်ဆံ ။ ။ ဟုတ်လို့လား ၊ဖေဖေရယ် ။
ဖေဖေ စိတ်ပူတတ်တာ နည်းနည်းတော့ မကပါဘူးနော် ။
ခုနောက်ပိုင်း အဖေက အရင်ကထက်စာရင် ပိုစိုးရိမ်စိတ်များလာ
သလားလို့ ။ အဲ့တာ ဆရာနဲ့လာတိုင်ပင်တာပါ ။
ဇီဝက ။ ။ ဆိုစမ်းပါဦး ။ဦးလေးက ဘယ်လို ကိစ္စ တွေမှာ စိုးရိမ်တတ်သလဲ ။
ဝတ်ဆံ ။ ။ ဥပမာ ပြောရရင် ဆရာရယ် ။
ညီမ က အလုပ်သွား အလုပ်ပြန်ကို ဖယ်ရီနဲ့ သွားနေကျ ။
အဲ့တာ ခုနောက်ပိုင်း အဖေက ကျွန်မကို ကား အက်ဆီးဒင့် ဖြစ်မှာ
စိုးရိမ်တတ်လာတယ် ။
နောက်ပြီး ဟိုတစ်နေ့က ကျွန်မ မောင်လေး အငယ်ကောင် ရေကူး
သင်တန်းတက်မလို့ အိမ်မှာ ပြောတာ ၊ရေနစ်လိမ့်မယ်ဆိုပြီး အဖေ့
မျက်နှာကြီးကဖြူဖျော့လာတယ်၊ အသားတဆတ်ဆတ်တုန်လာပြီး
မတက်ရဘူးဆိုပြီး အော်လိုက်တာလေ တစ်အိမ်သားလုံး အံ့အား
သင့်လို့ ။
ကျန်ခဲ့တဲ့ ၂လကျော်လောက်ကလည်း ဖေဖေ နှာစေးချောင်းဆိုး
တာ ၊”ငါတော့ ကင်ဆာဖြစ်ပါပြီ ၊ငါမရှိတော့ရင် ငါ့မိသားစုတွေ ၊
နင်တို့တတွေ ဘယ်လိုလုပ်မလဲ” ဆိုပြီး အိပ်ခါနီးတိုင်း အမေ့ကို
ညတိုင်းနီးနီးပြောတယ် ။အဲ့တုန်းက ညဘက်တွေ အိပ်မပျော် ၊
အစားအသောက်တွေပါ ပျက်သွားတာ ၊ဆရာ ။နောက်တော့လည်း
တုတ်ကွေးနဲ့တူပါတယ် ။သူ့ဘာသာသူပဲ ပြန်ပျောက်သွားတာပါပဲ။
ဇီဝက ။ ။ ဦးလေးရော ကိုယ့်ကိုယ်ကို ဘယ်လိုထင်လဲ ။
ဦးရင်အေး ။ ။ ဒါကတော့ ဆရာရယ် ၊ကျွန်တော့် မိသားစုကို ကျွန်တော်က ချစ်
တာကိုး ။
ကျွန်တော့် မိသားစုကို ၊ကျွန်တော့်သားသမီးကို စိုးရိမ်တာ ကျန်းမာ
ရေးအရ စိုးရိမ်ရတာလား ၊ဆရာ ။
ဇီဝက ။ ။ ခုထက်ထိတော့ သေချာ ပြောလို့မရသေးပါဘူး ။
ဦးလေး က ဦးလေးမိသားစုကို ခင်တွယ်တာ ကျွန်တော်နားလည်ပါ
တယ် ။ဒါပေမယ့် သူများတကာထက် တကယ့် ဖြစ်ပျက်နေတဲ့ အခြေ
အနေထက် ဦးလေးက ပိုပြီးစိုးရိမ်တတ်တဲ့ ပုံ ပေါ်နေတယ် ။
ဒါနဲ့ ဦးလေး အဲ့လို အတွေးတွေပေါ်လာရင် ဘာတွေခံစားရလဲ ။
ဦးလေး ကိုယ့်ဘာသာကိုယ် ဘာတွေဖြစ်ပျက်သွားတယ်လို့ ထင်လဲ။
ဦးရင်အေး။ ။ အတွေးများတဲ့နေ့တွေ ဆိုရင်တော့ တော်ရုံလည်း အိပ်မပျော်ဘူး ။
ခေါင်းကိုက်သလိုလို ၊ဇက်ကြောတက်သလိုလို ခန္ဓာကိုယ်ကြီးက
တင်းတောင့်နေတာတို့ ၊အာခေါင်ခြောက်လို့ ရေ ခဏခဏ သောက်
ရတာမျိုးတော့ရှိတယ် ၊ဆရာ ။
တစ်ခါတစ်လေတော့ အသက်ရှူမြန်လာပြီး ခြေလက်တွေ အေးသွား
ပြီး ကတုန်ကယင် ဖြစ်လာတယ် ။
ဇီဝက ။ ။ တခြားရော ဘာဖြစ်သေးလဲ ။ဆီး ဝမ်းရော ကောင်းရဲ့လား ၊ဦးလေး ။
ဦးရင်အေး။ ။ ဘာမှ မဖြစ်ဘူးဆရာ ။ဝမ်းလေး တစ်ခါတစ်လေမှ ချုပ်တတ်ရုံပဲ ။
ဇီဝက ။ ။ ခုလို သတိထားမိနေတာ ဘယ်လောက်ကြာပြီလဲ ။
ဦးရင်အေး။ ။ ၄-၅ လပဲ ရှိမှာပေါ့လေ ။
ဝတ်ဆံ ။ ။ ဝတ်ဆံတို့ သတိထားမိတာကတော့ အနည်းဆုံး ၆လ-၁နှစ်လောက်ရှိ
တော့မယ် ။
ဇီဝက ။ ။ တခြားဘာရောဂါအခံရှိသေးလဲ ။ဘာဆေးတွေ စွဲသောက်နေတာ
ရှိလဲ ။
ဦးရင်အေး။ ။ မရှိပါဘူး ၊ဆရာ ။
ဇီဝက ။ ။ ဝတ်ဆံတို့ အိမ်မှာ စိုးရိမ်ပူပန်စရာ ကိစ္စတွေ ရှိလား ။
ဝတ်ဆံ ။ ။ မရှိပါဘူး ၊ဆရာ ။
ဇီဝက ။ ။ ဦးလေး တစ်ဆိတ်လောက် စမ်းသပ်ပါရစေ ။
ဦးရင်အေး။ ။ ရတယ် ၊ဆရာ ။စမ်းပါ ။
စမ်းသပ်ပြီးနောက်
ဝတ်ဆံ ။ ။ ဘာဖြစ်တာလဲ ၊ဆရာ ။
ဇီဝက ။ ။ ဦးလေးက စိုးရိမ်လွန်ရောဂါ ဖြစ်နေတယ်လို့ ယူဆရတယ် ၊ဝတ်ဆံ ။
အန်စရိုင်တီ နူးအိုစစ် (Anxiety Neurosis )လို့လည်း ခေါ်တာပေါ့
ဟာ။
ဒါက စိတ်ရောဂါ အနုစားပေါ့ ဟာ။ ကုရင်ပျောက်ပါတယ် ။
ဦးရင်အေး။ ။ ဆရာလေးရယ် ၊ဟုတ်လို့လား ။
ဒီ စိုးရိမ်လွန်ရောဂါက ဘာလို့ဖြစ်တာလဲ ၊ဒါဆို ။
ဇီဝက ။ ။ လောလောဆယ်တော့ ဒီလိုပဲ သတ်မှတ်လို့ရပါတယ် ။
သေချာအောင်တော့ တခြား ရောဂါတွေ မရှိတာ သေချာအောင်
စမ်းသပ်စစ်ဆေးပြီးမှ ပြောနိုင်ပါ့မယ် ၊ဦးလေး ။
အများအားဖြင့် မျိုးရိုးရှိသူတွေ ၊စိတ်ဖိစီးမှုများ ၊စိတ်ဆင်းရဲမှုများ ရှိ
သူတွေ၊ စိတ်အင်အား၊ကိုယ်ရည်ကိုယ်သွေး ပျော့ညံ့သူတွေ ၊
အားနည်းသူတွေ ၊ပင်ပန်းသူတွေ ၊ အနာရောဂါတစ်ခုခုရှိသူတွေ၊
သိုင်းရွိုင်ဂလင် ဖောက်ပြန်တဲ့ရောဂါရှိသူတွေမှာ အဖြစ်များတယ်
ဗျ့ ။
ဦးရင်အေး။ ။ ဟုတ်ပါပြီ ။ဆရာပြောတဲ့ စိုးရိမ်လွန်ရောဂါဆိုရင် ဘယ်လို ကုသမှု
ခံရမလဲ ဆရာ ။
ဇီဝက ။ ။ ဒီအခြေအနေက ကုလို့ရတယ်ဗျာ ။မစိုးရိမ်နဲ့ ။လောလောဆယ်
စိတ်အေးအေးထား ။တရားလေး ဘာလေးထိုင် ။ဘာသာရေး ပို
လိုက်စားပေါ့ ၊ဦးလေးရာ ။
တခြားရောဂါတွေကို အရင်ရှာဖွေကြည့်မယ် ။
ထွေထွေထူးထူးမရှိရင် စိတ်ကျန်းမာရေး အထူးကုဆီ လွှဲစာရေးပေး
လိုက်မယ်။ သူက လိုအပ်တဲ့ စိတ်ကုထုံးတို့ ၊ကိုယ်အပြုအမူပြောင်း
လဲရေးကုထုံးတို့ ၊လိုအပ်တဲ့ စိတ်သောကပျောက်ဆေးတွေ တိုက်
ကျွေးလိမ့်မယ် ၊ဟုတ်ပလား ။
ဦးရင်အေး။ ။ ဟုတ်ကဲ့ပါ ၊ဆရာ ။
ဝတ်ဆံ ။ ။ လိုအပ်တာတွေ လုပ်ပေးပါနော်။ ဝတ်ဆံတို့က ဆရာ့ကိုပဲ
မိသားစု ဆရာဝန်အဖြစ် အားကိုးနေရတာပါ ။
ဇီဝက ။ ။ အေးပါ ၊ဝတ်ဆံရယ် ။ပြောစရာ မလိုပါဘူး ။
ခုလောလောဆယ် ရှေ့မှာ လိုအပ်တဲ့ဆေးတွေ ယူသွား ။
လိုအပ်တဲ့သွေးတို့ ဘာတို့ကတော့ အားတဲ့တစ်နေ့ သွားစစ် ။
ဆရာ ခုရေးပေးလိုက်မယ် ။
စစ်ပြီးရင် ပြန်လာခဲ့ ။
ဝတ်ဆံ ။ ။ ဟုတ်ကဲ့ပါ ၊ဆရာ။
ကျေးဇူးတင်ပါတယ် ။
Author – ခေတ်သစ်ဇီဝက