fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ပျိုမေတို့ဓမ္မတာမမှန်လျှင် (Irregular Menstruation)

858
VIEWS
Share on FacebookShare on TwitterShare on Linkedin
30/01/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

ဓမ္မတာလာခြင်း၊ မလာခြင်း၊ မီးယပ်သွေးမှန်ခြင်း၊ မမှန်ခြင်းတို့ဟာ အမျိုးသမီးတို့ဖြစ်ရိုးဖြစ်စဉ် သဘာဝပဲဖြစ် တယ်။ ဓမ္မတာလာခြင်းနှင့် မမှန်ခြင်းသဘောသဘာဝကို အမျိုးသမီးတိုင်းသိရှိနားလည်ဖို့လိုပါတယ်။ ဓမ္မတာ လာခြင်း မီးယပ်သွေးဆင်းခြင်းဆိုတာ အမျိုးသမီးတို့ရဲ့သားအိမ်အတွင်းမှ အချိန်မှန်မှန်ထပ်ခါတလဲလဲ လစဉ် သွေးဆင်းခြင်းပဲဖြစ်တယ်။ အပျိုအရွယ်ကစလို့ သွေးဆုံးတဲ့အထိ ကိုယ်ဝန်ဆောင်စဉ်နဲ့နို့တိုက်စဉ် အစောပိုင်းက လွဲရင် အစဉ်အမြဲဖြစ်ပျက်နေတဲ့ ဓမ္မတာတစ်ရပ်ပဲဖြစ်လို့ ဓမ္မတာလာတယ်ဆိုတယ်။

ဓမ္မတာလာခြင်းဟာ အမျိုးသမီးတို့ရဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းများရဲ့ ဇီဝကမ္မလုပ်ငန်းစဉ်ကို ဖော်ပြတဲ့သဘာ၀ လက္ခဏာပဲဖြစ်တယ်။ ယင်းကဲ့သို့ဓမ္မတာလာရခြင်းမှာ မမျိုးဥအင်္ဂါမှထုတ်လုပ်တဲ့ မဟော်မုန်းဓာတ် (Oestrogen) နဲ့သန္ဓေတည်ဟော်မုန်းဓာတ် (Progesterone) တို့ကြောင့်သားအိမ်အတွင်းသားဟာ အမမျိုးဥနဲ့ အဖိုမျိုးဥထိတွေ့သန္ဓေတည်ပါက အဆင်သင့်ဖြစ်နေစေဖို့ တိုးပွားများပြားလာပြီးထူလာမှ သန္ဓေမတည်တဲ့အခါ ယင်းပြင်ဆင်မှုမျာပျက်ပြယ်ပြီး သွေးများနဲ့အတူ သားအိမ်အပြင်ကိုကြွေကျခြင်းဖြစ်တယ်။

ဓမ္မတာစလာခြင်းဟာ အပျိုအရွယ်ရောက်စ အသက် (၁၁)နှစ်မှ (၁၆)နှစ်အတွင်းဖြစ်ပေါ်လေ့ရှိတယ်။ ဓမ္မတာစ တင်လာတဲ့အသက်အပိုင်းအခြားဟာ လူမျိုး၊ ဓလေ့၊ ထုံးစံ၊ နေရာဒေသ၊ ရာသီဥတု၊ အပူအအေးကိုလိုက်ပြီးကွဲ ပြားခြားနားပါတယ်။ ပူတဲ့နိုင်ငံအချို့မှာ အေးတဲ့နိုင်ငံများထက်စောပြီး အမျိုးသမီးငယ်များ ဓမ္မတာစလာလေ့ရှိ တယ်။ ပတ်ဝန်းကျင်အခြေအနေ၊ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး၊ လူနေမှုအဆင့်အတန်း၊ မိဘမျိုးရိုး၊ ကျန်း မာသန်စွမ်းခြင်းနဲ့ပြည့်စုံမှု၊ အာဟာရဓာတ်ပြည့်ဝမှုစတာတွေအပေါ် မူတည်ပါတယ်။ ဓမ္မတာကနဦးကာလများ နေရင်ဓမ္မတာမမှန်တတ်ဘူး။ နှစ်နှစ်သုံးနှစ်အတွင်း အလိုအလျောက်လစဉ်မှန်တယ်။

မှန်ကန်တဲ့ဓမ္မတာဖြစ်ဖို့ ဓမ္မတာလာခြင်းရဲ့ပမာဏ၊ အချိန်ကာလ ယင်းရဲ့တစ်ကြိမ်နဲ့တစ်ကြိမ်ကြားကာလ၊ ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲမှု၊ စတဲ့အချက်အလက်များမှန်ကန်နေရမယ်။ ဓမ္မတာစတင်လာတဲ့ ပထမနေ့မှစ တင်ပြီး နောက်တစ်ကြိမ်ပထမစတင်လာတဲ့နေ့အထိ အသက်ကာလအပိုင်းအခြားဟာ ပျှမ်းမျှ (၂၈-၃၀)ရက် ကြာမယ်။ အမျိုးသမီးတစ်ဦးနဲ့တစ်ဦး မတူတတ်ပါ။ အနည်းဆုံး (၂၁)ရက်မှ အများဆုံး (၃၅)ရက်အထိဖြစ်နိုင် တယ်။ အမျိုးသမီးတစ်ဦး ဓမ္မတာလာပုံလာနည်းမှာ အများအားဖြင့်အစဉ်တူညီခြင်းရှိတတ်ပေမယ့် ဓမ္မတာလာ တဲ့အချိန်ဟာ တိတိကျကျအမြဲမှန်ကန်နေရမယ်လို့ မဆိုလိုဘူး။ (၂)ရက် (၃)ရက်စောခြင်း၊ နောက်ကျခြင်းစတာ တွေကမကြာခဏဖြစ်လေ့ရှိကြပါတယ်။

ဓမ္မတာလာစဉ်ကာလဟာ (၂)ရက်မှ (၇)ရက်ထိကြာတတ်တယ်။ ပထမရက်မှာ သွေးများများဆင်းပြီး ယင်း နောက်တစ်ရက်နှစ်ရက်နည်းသွားကာ ပြီးခါနီးရက်များမှာ တဖန်ပိုမိုများပြားလာတတ်တယ်။ ဓမ္မတာရာသီးသွေး ဟာအခြားသွေးများနဲ့မတူဘဲ ကွဲပြားခြားနားတဲ့အရောင်အဆင်းနဲ့ အနံ့အသက်ရှိတယ်။ တစ်ခါတစ်ရံ သွေးအစိုင် အခဲငယ်များပါဝင်တတ်တယ်။ ပထမဓမ္မတာပေါ်စ တစ်ရက်နှစ်ရက်မှာ နီရဲတဲ့အရောင်ရှိပြီး နောက်ပိုင်းရက်မှာ အညိုရောင်အဖြင့်ပြောင်းလဲတတ်တယ်။

သွေးများအတွင်းရှိ သွေးနီဥများပျက်စီးပြီးအရောင်ပြောင်းရခြင်းဖြစ်တယ်။ ဓမ္မတာလာရက်များလေ အနံ့အ သက်လည်းနည်းပါးပျောက်ကွယ်သွားလေ ဖြစ်တယ်။ အချို့မှာ ဓမ္မတာလာပြီးပြီးချင်း (သို့) များမကြာမီအဖြူ ရည်အနည်းငယ်ဆင်းတတ်တယ်။ ဓမ္မတာလာချိန်မှာ ကိုယ်လက်မအီမသာလေးလံထိုင်းမှိုင်းခြင်း၊ ဝမ်းနည်းစိတ် ရှိခြင်း၊ အားငယ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ မောပန်းလွယ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သား တင်းပြီးထိမိရင်နာကျင်ခြင်းတို့ ဖြစ်လေ့ရှိတယ်။ ဓမ္မတာလာစဉ် (သို့) လာခါနီးအချိန်ကာလတွေမှာ အမျိုးသမီး များဟာ နာကျင်ကိုက်ခဲခြင်းအမျိုးမျိုးခံစားရတတ်တယ်။ အချို့မှာ ပုံမှန်ဆီးသွားခြင်း၊ ဝမ်းသွားခြင်းလို လုပ်ရိုး လုပ်စဉ်သဘာဝဖြစ်ရပ်များ အနေနဲ့သတိထားဖို့လိုပါတယ်။ အချို့က ဒုက္ခတစ်ရပ်အလုပ်ပိုတစ်ရပ်လို့ ယူဆကာ စိုးရိမ်ကြောင့်ကြမှုများပေါ်ပေါက်လာပြီး နာကျင်ကိုက်ခဲမှုများ ခံစားရတတ်တယ်ဆိုတယ်။

ဟော်မုန်းဓာတ်များပိုမိုအလုပ်လုပ်လာလို့ သားအိမ်ရဲ့အခြေအနေ ပြောင်းလဲနေခြင်း၊ သားအိမ်ကြွက်သားများ၊ အာရုံကြောများလုပ်ငန်းစဉ်ညီမျှမှု မရှိသေးခြင်းစသည်တို့ကြောင့် ဆီးစပ်မှနာကျင်ခြင်း၊ ခါးကိုက်ခြင်း၊ ခါးနာခြင်း တို့ခေတ္တခဏဖြစ်တတ်တယ်။ အမှန်စင်စစ် အမျိုးသမီးတိုင်းဟာ ဓမ္မတာလာခြင်းဖြစ်စဉ်မှာ အိမ်တစ်အိမ်တည်း သာခံစားနေရခြင်းမဟုတ် ကမ္ဘာပေါ်ရှိအမျိုးသမီးတိုင်း လစဉ်ကြုံတွေ့နေရတဲ့ သဘာဝဖြစ်ရပ်တစ်ခုဖြစ်ကြောင်း လက်ခံယူဆခြင်းကသာ စိုးရိမ်ကြောင့်ကြမှုများ ကင်းရှင်းမှာဖြစ်တယ်။

ဓမ္မတာလာစဉ်ရှက်စရာ ကြောက်ရွံ့စရာမဟုတ်ပါ။ အမျိုးသမီးတို့ရဲ့ သဘာဝလက္ခဏာပြည့်စုံလာခြင်းမည် တယ်။ ဓမ္မတာလာစဉ်ကာလမှာ နေ့စဉ်ပုံမှန်အတိုင်းလုပ်ဆောင်သွားလာ နေထိုင်နိုင်တယ်။ လေ့ကျင့်ခန်းလုပ် ခြင်း၊ ရေချိုးခြင်း၊ ကိုယ်လက်သန့်စင်ခြင်း၊ ခေါင်းလျှော်ခြင်းတို့ ပုံမှန်အတိုင်းလုပ်ဆောင်သင့်တယ်။ ဓမ္မတာလာ စဉ်ကာလဟာ တစ်ကိုယ်ရေသန့်ရှင်းမှု အလွန်လိုအပ်တဲ့အချိန်ဖြစ်လို့ တစ်နေ့နှစ်ကြိမ်ရေချိုးပြီး ကိုယ်လက်သန့် စင်သင့်တယ်။ ရေချိုးခေါင်းလျှော်ရာမှာ အအေးမမိစေဖို့ ဂရုစိုက်ရမယ်။ ဓမ္မတာသွေးဆင်းတဲ့ပမာဏကိုလိုက်ပြီး သန့်ရှင်းစင်ကြယ်ကာ နူးညံ့တဲ့အောက်ခံ၊ ခါးတောင်းကျိုက်၊ လုံချည်၊ ကပ်ခွာလိုအပ်သလိုလဲပေးသင့်ပါတယ်။ ကပ်ခွာကို တစ်နေ့သုံးခုလောက်လဲရတာမျိုးရှိတယ်။

ဓမ္မတာလာစဉ်တစ်ကိုယ်ရေသန့်ရှင်းမှု အလွန်လိုအပ်တဲ့အချိန်ဖြစ်လို့ တစ်နေ့နှစ်ကြိမ်ရေချိုးပြီး ကိုယ်လက်သန့် စင်သင့်တယ်။ ရေချိုးခေါင်းလျှော်ရာမှာ အအေးမမိစေဖို့ ဂရုစိုက်သင့်တယ်။ ရေချိုးမများသင့်ပါ။ ဓမ္မတာသွေး ဆင်းတဲ့အချိန်မှာ အာဟာရပြည့်ပြည့်၀၀စားသောက်ဖို့လိုတယ်။ အမျိုးသမီးများစိုးရိမ်တတ်တဲ့ လက်ဖက်နဲ့ဆီး ဖြူသီး၊ ဖန်ခါးသီးတို့အထူး ရှောင်ကြဉ်ဖို့မလိုဘူး။ တန်ဆေးလွန်ဘေးမဖြစ်ဖို့လိုတယ်။ သင့်တင့်မျှတရုံစားသင့် တယ်။

ဓမ္မတာလာစဉ်ကာလမှာ အမျိုးသမီးတို့ရဲ့ပြုမူလှုပ်ရှားဆောင်ရွက်မှု၊ တွေးတောဆင်ခြင်မှုများဟာ ရိုးရိုးအချိန်အ ခါများထက်များသောအားဖြင့် ထက်မြက်မှုလျော့နည်းနေတတ်တယ်လို့ စိတ်ပညာရှင်များလေ့လာတွေ့ရှိခဲ့ကြ တယ်။ ဓမ္မတာလာစဉ် အမျိုးသမီးများဟာ မိမိခန္ဓာကိုယ်ရဲ့ ကိုယ်စိတ်နှစ်ပါးကျန်းမာရေးနဲ့ မိမိရဲ့လုပ်ငန်းစဉ်အ၀ ဝကို ပိုမိုဂရုစိုက်ဆောင်ရွက်သင့်ပြီး ကြောက်စရာမလိုပါ။

ဓမ္မတာမမှန်ခြင်းအမျိုးမျိုးရှိရာ ဓမ္မတာမလာခြင်း၊ သွေးထိမ်ခြင်း၊ ဓမ္မတာအလာနောက်ကျခြင်း၊ စောလွန်းခြင်း၊ ဓမ္မတာလာတဲ့ရက်ကြာခြင်း၊ ရက်နည်းခြင်း၊ ဓမ္မတာလာတဲ့ပမာဏများလွန်းခြင်း၊ နည်းလွန်းခြင်း၊ ဓမ္မတာလာစဉ် အလွန်နာကျင်ကိုက်ခဲခြင်းစတဲ့ ဓမ္မတာမမှန်ခြင်းအမျိုးမျိုးရှိတယ်။ ဓမ္မတာမလာခြင်း၊ ရာသီသွေးထိမ်ခြင်းမှာ အ ပျိုပေါက်အရွယ်ကတည်းကစပြီး ဓမ္မတာလာစဉ်မလာခြင်းနဲ့ ယခင်လစဉ်ပုံမှန်ဓမ္မတာလာပေမယ့် နောက်မှဓမ္မ တာမလာခြင်းဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ သဘာဝအလျောက်အခြေအနေအမျိုးမျိုးကြောင့် ဓမ္မတာမလာခြင်း နဲ့ရောဂါများကြောင့် ဓမ္မတာမလာခြင်းဆိုပြီး နှစ်မျိုးဖြစ်နိုင်ပြန်တယ်။

ခန္ဓာကိုယ်တွင်းရှိ မျိုးပွားအဖွဲ့အစည်းအင်္ဂါရပ်အမျိုးမျိုးနဲ့ ပြွန်မဲ့ဂလင်း (Endocrine glands) များရဲ့လုပ်ငန်း ဆောင်တာချွတ်ယွင်းမှုကြောင့် ဓမ္မတာတစ်ခါမျှမလာခြင်းဖြစ်တတ်တယ်။ ဓမ္မတာလာသည့်အရွယ်ရောက်သည့် တိုင်မလာတဲ့ အချို့အမျိုးသမီးငယ်များ ဖြစ်တတ်တဲ့အကြောင်းတစ်ခုမှာ အမျိုးသမီးအင်္ဂါလှိုဏ်ခေါင်းကို ပိတ် အုပ်ထားတဲ့ “ကညှာမြှေး” မှာအပေါက်လုံးဝမပါလို့ သွေးများအတွင်းမှာစုနေတတ်ခြင်းဖြစ်တယ်။ ယင်းအခြေအ နေမျိုးမှာ လစဉ်ရာသီသွေးဆင်းပေမယ့် အပြင်ကိုမထွက်ဘဲစုပေါင်းလာလို့ လစဉ်လိုလိုအချိန်မှန်မှန်ဆီးစပ်မှနာ ကျင်ခြင်းပြည့်ဖောင်းနေခြင်းဖြစ်တတ်တယ်။ ယင်းတို့မှာ ဓမ္မတာလမ်းကြောင်းပွင့်သွားစေဖို့ ကညှာမြှေးကိုမေ့ ဆေးထုံဆေးနဲ့ဖောက်ပေးရလေ့ရှိတယ်။

ဓမ္မတာစတင်တဲ့ကာလမှာ ပထမလာခါစတစ်နှစ်၊ နှစ်နှစ်မှာ ဓမ္မတာမမှန်လေ့ရှိတတ်ပြီး အပျိုဖော်ဝင်စဖြစ်လို့ဦး နှောက်အောက်ဂလင်း (Pituitary gland) မှဓမ္မတာလာစေဖို့ ကနဦးနှိုးဆော်ပေးတဲ့ဟော်မုန်းဓာတ်များ စနစ်တ ကျထုတ်ပေးနိုင်ခြင်းမရှိကာ မျိုးပွားအင်္ဂါပြည့်စုံစွာမဖွံ့ဖြိုးသေးတာကြောင့်ဖြစ်လို့ မစိုးရိမ်သင့်ပါဘူး။ (၁၆)နှစ်ပြည့် တဲ့အထိဓမ္မတာမပေါ်ဘဲရှိရင် မိသားစုဆရာဝန်နဲ့ပြသစစ်ဆေးပြီး ကုသမှုခံယူသင့်ပါတယ်။ ဓမ္မတာမှန်မှန်လာ လေ့ရှိတဲ့ အမျိုးသမီးတဝက်မှာပင် တစ်ခါတစ်ရံ ဓမ္မတာမလာဘဲငုပ်နေတတ်တယ်။ အချို့ (၃)လခံသန္ဓေတား ဆေးထိုးပြီး၊ တစ်လမျှဓမ္မတာမလာတာမျိုး နောက်(၃)လကြာတစ်ကြိမ် ပုံမှန်ထိုးသွားတိုင်းဓမ္မတာမလာတော့ တာတွေ့ရပါတယ်။

ဓမ္မတာလာခြင်း၊ ထိမ်ခြင်း၊ စောခြင်း၊ နောက်ကျခြင်းတို့မှာ စိတ်လှုပ်ရှားမှုနဲ့ဆက်စပ်နေတတ်တယ်။ စာမေးပွဲဖြေ ကာနီးစိတ်ပူနေခြင်း၊ အလုပ်ခွင်အတွက်ကြောင့်ကြခြင်း၊ တနယ်တကျေးပြောင်းလဲနေထိုင်ခြင်း၊ အိမ်ထောင်ကျ စမှာနေသားတကျမဖြစ်ခြင်း၊ အဆင်မပြေမှုများရှိခြင်းနဲ့ အခြားဝမ်းနည်းဝမ်းသာစိတ်လှုပ်ရှားမှု အမျိုးမျိုးကြုံတွေ့ ရခြင်းကြောင့် ဓမ္မတာမမှန်ခြင်း ကိုယ်ဝန်ရှိလို့မလာခြင်းဖြစ်နိုင်ပါတယ်။ အချို့နို့တိုက်မိခင်များမှာ ကလေးမွေး ဖွားပြီးစကာလနဲ့ နို့တိုက်နေတဲ့အချိန်များမှာ ဓမ္မတာမလာဘဲ တစ်နှစ်ခန့်အထိရှိတတ်ကြပါတယ်။ ဦးနှောက် အောက်အကျိတ်မှ သားဥထုတ်လို့နှိုးဆော်တဲ့ ဟော်မုန်းထုတ်ပေးခြင်းဟာ ခေတ္တမျှဖြတ်တားခံရလို့ အံဝင်ခွင်ကျ မကျသေးလို့ဖြစ်တယ်။ တစ်နှစ်အတွင်းပြန်လာလေ့ရှိတယ်။

ကလေးနို့တိုက်ရင်ဓမ္မတာမလာလို့ ကိုယ်ဝန်မရှိနိုင်ဆိုတဲ့ အယူအဆကမှားတယ်။ မမျိုးဥကြွေချိန် လိင်ဆက်ဆံ မိရင် ဓမ္မတာမလာပါ။ နောက်ထပ်ကိုယ်ဝန်ရသွားစေပါတယ်။ သွေးဆုံးခါနီးမှာလည်း မမှန်ပါ။ ဓမ္မတာမမှန်ရင်အ ကြောင်းအမျိုးမျိုးရှိတဲ့အနက် အဖြစ်များတဲ့ ဓမ္မတာမမှန်ခြင်းများဖြစ်နိုင်တယ်။

  • ဓမ္မတာမလာတဲ့အခါဖြစ်နိုင်တဲ့ အကြောင်းရင်းများကိုဆင်ခြင်စဉ်းစားပြီး ရောဂါကြောင့်ယူဆလျှင်
  • မကြာခဏဓမ္မတာထိမ်ခြင်း၊ နောက်ကျခြင်း၊ စောခြင်း၊ မမှန်ခြင်းဖြစ်လေ့ဖြစ်ထရှိလျှင်
  • ဓမ္မတာသွေးဆင်းမှုလွန်ကဲလျှင်
  • ဓမ္မတာသွေးဆင်းရာမှာ ပိုမိုခြင်း၊ ပုံမှန်အတိုင်းထက်နာကျင်ကိုက်ခဲနေခြင်း ဖြစ်လေ့ဖြစ်ထရှိလျှင်
  • သွေးဆုံးကာနီး ဓမ္မတာပိုဆင်းပိုများနေရင် သားဖွားမီးယပ်ပါရဂူနဲ့ပြသသင့်ပါတယ်။

အမျိုးသမီးတိုင်းအနေနဲ့ မိမိတို့ရဲ့ ဓမ္မတာလာခြင်းဟာမှန်ကန်ကောင်းမွန်တဲ့ ဓမ္မတာဟုတ်၊ မဟုတ်အစဉ်လေ့ လာသတိပြုပြီး ဓမ္မတာမမှန်တဲ့အခါတွင် ဂရုတစိုက်ဆန်းစစ်လေ့လာကာ မိသားစုဆရာဝန်နဲ့ပြသဆေးကုသမှု ခံ ယူပြီး ဓမ္မတာမမှန်ခြင်းရဲ့နောက်ကွယ်မှ ဘေးအန္တရာယ် (သို့) ရောဂါအမျိုးမျိုးကိုကြိုတင်ကာကွယ်နိုင်မှာဖြစ် တယ်။

ဆရာဝန်ကလက်နှိုက်ပြီးစမ်းသပ်ခြင်း၊ ပတ်စမီးယား (Papsmear) ယူခြင်း၊ တီဗွီဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ် ဆေးခြင်းနည်းများနဲ့ ရောဂါရှိ၊ မရှိရှာဖွေကာ၊ ရောဂါရှိရင်ရောဂါကုသပြီး လိုအပ်ပါကသားအိမ်ခေါင်းကင်ဆာ ထိုး ဆေးထိုးဖို့ညွှန်ကြားပါလိမ့်မယ်။ အချို့အမျိုးသမီးများ ဓမ္မတာလာရက်မမှတ်ထားမိလို့ အရေးကြီးကိစ္စရပ်များ လုပ်ဆောင်တဲ့အခါ ဓမ္မတာလာရက်များဖြစ်နေကာ စိတ်ကသိကအောင့်ဖြစ်ရခြင်းများ ကြုံတွေ့ရလို့ကြိုတင် တွက်ချက်ထားသင့်တယ်။

Author – ဒေါက်တာလွင်သန့်

Previous Post

ကျွန်တော့် မိသားစု ၊ကျွန်တော့် သားသမီးအတွက် စိတ်ပူတာ ကျန်းမာရေး အရ စိုးရိမ်ရလား

Next Post

ကလေးများတွင်ဖြစ်တတ်သော ဦးနှောက်အမြှေးရောင်ရောဂါ


ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးများတွင်ဖြစ်တတ်သော ဦးနှောက်အမြှေးရောင်ရောဂါ

အမျိုးသမီးများရဲ့ရင်သား (ဆန္ဒပြီးမြောက်ခြင်းမှ)

နှိပ်နယ်မှုကုထုံးနှင့် ဆန္ဒဖြစ်ပေါ်မှု

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.