( Zawgyi )
“Reflexology” သည္ေျခလက္တို႔ကို ႏွိပ္နယ္၍ေရာဂါမ်ားကို ကုသသည့္ကုထုံးပညာျဖစ္သည္။ ေရွးႏွစ္ေပါင္း မ်ားစြာကပင္ ဤကုထုံးနည္းရွိခဲ့သည္။ ေျခလက္တို႔တြင္ အာ႐ုံေၾကာမ်ားစုဆုံေနၿပီး အဆိုပါအာ႐ုံေၾကာမ်ားကို ႏွိပ္နယ္လႈံ႕ေဆာ္ေပးျခင္းျဖင့္ ခႏၶာကိုယ္တြင္းေရာဂါမ်ားစြာကုသေပးႏိုင္သည္ဟု ဆိုသည္။
The American Massage Therapy Association မွႏွိပ္နယ္မႈကြၽမ္းက်င္ပညာရွင္ Kathie Lee Miller Read ကေျခေထာက္တြင္အာ႐ုံေၾကာစြန္းေပါင္း ၃၆၀၀၀ ခန႔္ရွိသည္ဟုဆိုသည္။ အဆိုပါအာ႐ုံေၾကာမ်ားကို စစ္ေဆး ေဖာ္ထုတ္ျခင္းျဖင့္ ခႏၶာကိုယ္တြင္းရွိ မည္သည့္အဂၤါအစိတ္အပိုင္း၌ ေရာဂါေဝဒနာရွိသည္ကို ေဖာ္ထုတ္သိရွိႏိုင္ သည္ဟု ေျပာၾကားလိုက္သည္။ ေျခလက္တို႔ကို ႏွိပ္နယ္၍ ေရာဂါကုသသည့္ ကုထုံးပညာမွာလူအမ်ားအျပား လက္ခံခဲ့ၾကၿပီးယေန႔တိုင္ ဆက္လက္ထင္ရွားေနဆဲကုထုံးနည္းပညာ တစ္ရပ္ျဖစ္သည္။
လိင္ဆက္ဆံမႈႏွင့္ ပတ္သက္ေသာထူးျခားမႈတစ္ရပ္မွာလည္း ေျခေထာက္ႏွိပ္နယ္ကုသမႈႏွင့္ ဆက္ႏြယ္ေန ေၾကာင္း ေတြ႕ရသည္။ အမ်ိဳူသမီးတစ္ဦးအားျဖစ္ေစ၊ အမ်ိဳးသားတစ္ဦးအားျဖစ္ေစ လိင္ဆႏၵတက္ႂကြမႈအတြက္၊ လိင္ပိုင္းဆိုင္ရာ အဂၤါအစိတ္အပိုင္းမ်ားကို လႈံ႕ေဆာ္မႈေပးႏိုင္သည္။ ထိုကဲ့သို႔ လိင္ပိုင္းဆိုင္ရာလႈံ႕ေဆာ္မႈေပးသည့္ နည္းတူ၊ ေျခေထာက္ႏွိပ္နယ္မႈျဖင့္လည္း ရရွိေစႏိုင္ေၾကာင္း သုေတသနပညာရွင္မ်ားက ထုတ္ေဖာ္ေျပာၾကား လိုက္သည္။
ညာဘက္ေျခေထာက္ကို ပြတ္သပ္ႏွိပ္နယ္ေပးျခင္းသည္ လိင္ဆႏၵကိုအားေပးႏိုင္သည္ဟူေသာ ေတြ႕ရွိခ်က္ကိုသု ေတသနပညာရွင္မ်ားက ေဖာ္ထုတ္တင္ျပခဲ့ၾကသည္။ ဘယ္ဘက္ေျခေထာက္ထက္ ညာဘက္ေျခေထာက္ႏွိပ္ နယ္မႈက ပိုၿပီးအက်ိဳးအာနိသင္ထိေရာက္မႈရွိေစႏိုင္သည္ဟု ဆိုပါသည္။ ေျခေထာက္မွလႈံ႕ေဆာ္မႈသည္ ဦး ေႏွာက္သို႔ထိေရာက္စြာသတင္းေပးပို႔ႏိုင္ၿပီး ဆႏၵျဖစ္ေပၚမႈကို အားေပးႏိုင္သည္။
အမ်ိဳးသမီးတစ္ဦးသည္ ဖေနာင့္ျမင့္ဖိနပ္မ်ားကို စီးေလ့ရွိပါက ေျခေခ်ာင္းေလးမ်ားႏွင့္ ဖေနာင့္မ်ားနာက်င္မႈေဝဒ နာခံစားရတတ္သည္။ သင္၏လက္မႏွင့္ လက္ညႇိဳးကိုသုံး၍ ညင္သာစြာဆြဲေပးျခင္း၊ လွည့္ေပးျခင္းႏွင့္ ပတ္ေပး ျခင္းမ်ားကို ေျခေခ်ာင္းေလးမ်ား၏ ေအာက္ေျခ၌ လုပ္ေဆာင္ေပးပါဟု ႏွိပ္နယ္မႈကုထုံးပညာရွင္ Kathie Lee Miller Read ကအႀကံေပးေျပာၾကားလိုက္သည္။ ဖေႏွာင့္ကိုလည္း ႏွိပ္နယ္မႈျပဳေပးသင့္သည္။ အဆိုပါႏွိပ္နယ္ ေပးမႈသည္ မည္မွ်အက်ိဳးသက္ေရာက္မႈရွိေၾကာင္း သင္ကိုယ္တိုင္လက္ေတြ႕သိရွိႏိုင္မည္ဟု Kathie Lee က ဆက္လက္ေျပာၾကားခဲ့သည္။
ႏွိပ္နယ္မႈကုထုံးသည္ ခႏၶာကိုယ္အတြင္းေရာဂါမ်ားကို ကုသရာတြင္သာမက လိင္ပိုင္းဆိုင္ရာျပႆနာအခ်ိဳ႕ကိုပါ ကုသႏိုင္စြမ္းရွိေၾကာင္းေတြ႕ရွိရမည္ ျဖစ္သည္။ ေျခေထာက္တြင္ရွိေသာ အာ႐ုံေၾကာစြန္းေပါင္း ၃၆၀၀၀ မွဦး ေႏွာက္သို႔ေပးပို႔ေသာ သတင္းအခ်က္အလက္မ်ားသည္ ဦးေႏွာက္၏ေနရာမ်ိဳးစုံသို႔ လႈံ႕ေဆာ္မႈေပးျခင္းျဖစ္ေပ လိမ့္မည္။
Author – ေဒါက္တာေအးေက်ာ္ (ဇီဝကမၼေဗဒ)
( Unicode )
“Reflexology” သည်ခြေလက်တို့ကို နှိပ်နယ်၍ရောဂါများကို ကုသသည့်ကုထုံးပညာဖြစ်သည်။ ရှေးနှစ်ပေါင်း များစွာကပင် ဤကုထုံးနည်းရှိခဲ့သည်။ ခြေလက်တို့တွင် အာရုံကြောများစုဆုံနေပြီး အဆိုပါအာရုံကြောများကို နှိပ်နယ်လှုံ့ဆော်ပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းရောဂါများစွာကုသပေးနိုင်သည်ဟု ဆိုသည်။
The American Massage Therapy Association မှနှိပ်နယ်မှုကျွမ်းကျင်ပညာရှင် Kathie Lee Miller Read ကခြေထောက်တွင်အာရုံကြောစွန်းပေါင်း ၃၆၀၀၀ ခန့်ရှိသည်ဟုဆိုသည်။ အဆိုပါအာရုံကြောများကို စစ်ဆေး ဖော်ထုတ်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ မည်သည့်အင်္ဂါအစိတ်အပိုင်း၌ ရောဂါဝေဒနာရှိသည်ကို ဖော်ထုတ်သိရှိနိုင် သည်ဟု ပြောကြားလိုက်သည်။ ခြေလက်တို့ကို နှိပ်နယ်၍ ရောဂါကုသသည့် ကုထုံးပညာမှာလူအများအပြား လက်ခံခဲ့ကြပြီးယနေ့တိုင် ဆက်လက်ထင်ရှားနေဆဲကုထုံးနည်းပညာ တစ်ရပ်ဖြစ်သည်။
လိင်ဆက်ဆံမှုနှင့် ပတ်သက်သောထူးခြားမှုတစ်ရပ်မှာလည်း ခြေထောက်နှိပ်နယ်ကုသမှုနှင့် ဆက်နွယ်နေ ကြောင်း တွေ့ရသည်။ အမျိုူသမီးတစ်ဦးအားဖြစ်စေ၊ အမျိုးသားတစ်ဦးအားဖြစ်စေ လိင်ဆန္ဒတက်ကြွမှုအတွက်၊ လိင်ပိုင်းဆိုင်ရာ အင်္ဂါအစိတ်အပိုင်းများကို လှုံ့ဆော်မှုပေးနိုင်သည်။ ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာလှုံ့ဆော်မှုပေးသည့် နည်းတူ၊ ခြေထောက်နှိပ်နယ်မှုဖြင့်လည်း ရရှိစေနိုင်ကြောင်း သုတေသနပညာရှင်များက ထုတ်ဖော်ပြောကြား လိုက်သည်။
ညာဘက်ခြေထောက်ကို ပွတ်သပ်နှိပ်နယ်ပေးခြင်းသည် လိင်ဆန္ဒကိုအားပေးနိုင်သည်ဟူသော တွေ့ရှိချက်ကိုသု တေသနပညာရှင်များက ဖော်ထုတ်တင်ပြခဲ့ကြသည်။ ဘယ်ဘက်ခြေထောက်ထက် ညာဘက်ခြေထောက်နှိပ် နယ်မှုက ပိုပြီးအကျိုးအာနိသင်ထိရောက်မှုရှိစေနိုင်သည်ဟု ဆိုပါသည်။ ခြေထောက်မှလှုံ့ဆော်မှုသည် ဦး နှောက်သို့ထိရောက်စွာသတင်းပေးပို့နိုင်ပြီး ဆန္ဒဖြစ်ပေါ်မှုကို အားပေးနိုင်သည်။
အမျိုးသမီးတစ်ဦးသည် ဖနောင့်မြင့်ဖိနပ်များကို စီးလေ့ရှိပါက ခြေချောင်းလေးများနှင့် ဖနောင့်များနာကျင်မှုဝေဒ နာခံစားရတတ်သည်။ သင်၏လက်မနှင့် လက်ညှိုးကိုသုံး၍ ညင်သာစွာဆွဲပေးခြင်း၊ လှည့်ပေးခြင်းနှင့် ပတ်ပေး ခြင်းများကို ခြေချောင်းလေးများ၏ အောက်ခြေ၌ လုပ်ဆောင်ပေးပါဟု နှိပ်နယ်မှုကုထုံးပညာရှင် Kathie Lee Miller Read ကအကြံပေးပြောကြားလိုက်သည်။ ဖနှောင့်ကိုလည်း နှိပ်နယ်မှုပြုပေးသင့်သည်။ အဆိုပါနှိပ်နယ် ပေးမှုသည် မည်မျှအကျိုးသက်ရောက်မှုရှိကြောင်း သင်ကိုယ်တိုင်လက်တွေ့သိရှိနိုင်မည်ဟု Kathie Lee က ဆက်လက်ပြောကြားခဲ့သည်။
နှိပ်နယ်မှုကုထုံးသည် ခန္ဓာကိုယ်အတွင်းရောဂါများကို ကုသရာတွင်သာမက လိင်ပိုင်းဆိုင်ရာပြဿနာအချို့ကိုပါ ကုသနိုင်စွမ်းရှိကြောင်းတွေ့ရှိရမည် ဖြစ်သည်။ ခြေထောက်တွင်ရှိသော အာရုံကြောစွန်းပေါင်း ၃၆၀၀၀ မှဦး နှောက်သို့ပေးပို့သော သတင်းအချက်အလက်များသည် ဦးနှောက်၏နေရာမျိုးစုံသို့ လှုံ့ဆော်မှုပေးခြင်းဖြစ်ပေ လိမ့်မည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)