fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ


791
VIEWS
29/08/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

 

မန်ကျည်းသီးအကြောင်းသိကောင်းစရာ

မန်ကျည်းသီး ဟာ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေနဲ့ အရမ်းကိုရင်းနှီးပြီး နေ့တိုင်းနီးပါးထိတွေ့နေတဲ့ အသီးဖြစ်ပါတယ်။

အထူးသဖြင့် မြေပြန့်အပူပိုင်းဒေသမှာရှိတဲ့အိမ်တွေမှာဆိုရင် မန်ကျည်းသီးဟာ နေ့စဉ်ဟင်းချက်ရာမှာ အမြဲတမ်းနီးပါးပါလေ့ရှိပါတယ်။

မန်ကျည်းသီးကို ဟင်းချက်ရာမှာလည်းထည့်သုံးသလို၊ဖျော်ရည်အနေနဲ့လည်းဖျော်သောက်ကြပါတယ်။ဒါ့အပြင် အချဉ်ရည်လုပ်တဲ့နေရာမှာလည်းသုံးပါတယ်။

ဒါ့အပြင် မန်ကျည်းရွက်ကိုလည်း သုပ်စားတာ၊ဟင်းချက်စားတာ၊တွေလည်းလုပ်ကြပါတယ်။

မန်ကျည်းသီးကို အင်္ဂလိပ်လို Tamarind လို့ခေါ်ပါတယ်။ရုက္ခဗေဒနာမည်ကတော့ Tamarindus indica Linn ပါ။မျိုးရင်းကတော့ Caesalpiniaceae ဖြစ်ပါတယ်။

မန်းကျည်းပင်ဟာ မြန်မာနိုင်ငံမှာ သဘာဝအလျောက်ပေါက်ရောက်သော အပင်ကြီးမျိုးဖြစ်ပါတယ်။မန်းကျည်းသီးရဲ့ပုံစံကတော့ ရှည်မျောမျောနဲ့အနည်းငယ်ကွေးတဲ့ပုံစံပါ။

သူ့အစေ့က လေးထောင့်ပုံစံရှိပြီး နီညိုရောင်ရှိပါတယ်။

မန်ကျည်းသီးမှာ ဓါတုဒြပ်ပေါင်းအနေနဲ့ Tartaric acid,citric acid,potassium,inverted sugar နဲ့ Pectin တို့ပါဝင်ပါတယ်။

ဒီလိုဓါတ်တွေပါတဲ့အတွက် မန်ကျည်းသီးမှာ အဏုဇီဝပိုးမွှားတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိ(Antimicobial action)၊အိုမင်းမှုကိုကာကွယ်လျှော့ချနိုင်သောအစွမ်းသတ္တိ(Antioxidant property)၊သွေးတွင်းအဆီများကိုကျစေနိုင်သောအစွမ်းသတ္တိ(Anticholestolamic action)တွေရှိပါတယ်။

ဒါ့အပြင် မန်ကျည်းသီးမှာ ဝမ်းပျော့စေတဲ့အမျှင်ဓါတ်နဲ့အစာခြေစနစ်ကိုအထောက်အကူပြုတဲ့တခြားဓါတ်တွေများစွာပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကိုကင်းစေပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာဖြစ်ပွားနှုန်းကိုလည်းလျော့နည်းစေပါတယ်။

ဒါကြောင့်ဝမ်းချုပ်တတ်တဲ့သူတွေဆို မန်းကျည်းဖျော်ရည်မကြာမကြာသောက်ပေးသင့်ပါတယ်။

မန်ကျည်းသီးအနှစ်နဲ့အစေ့ကို သန်ချဆေး၊အဖျားကျဆေး၊ဝမ်းနုတ်ဆေး၊အစာကြေဆေး စတဲ့တိုင်းရင်းဆေးတွေဖော်စပ်ရာမှာထည့်သုံးလေ့ရှိပါတယ်။

မန်ကျည်းသီးဟာ ကျန်းမာရေးအတွက်သာမက အလှအပအတွက်လည်းအသုံးဝင်ပါသေးတယ်။

အသားရေခြောက်သွေ့တာ၊အရေးအကြောင်းတွေဖြစ်တာတွေ အတွက် မန်ကျည်းသီးကိုခပ်ပျစ်ပျစ်လေးဖျော်ပြီးပျားရည်နဲ့ရောကာ မျက်နှာအနှံခပ်ပါးပါးလိမ်း ပေါင်းတင်ထားပြီးနောက် ရေနွေးနွေးလေးနဲ့မျက်နှာသစ်ပေးတာလုပ်နိုင်သလို

ဝက်ခြံပေါက်တာအတွက်လည်း မန်းကျည်းရည်နဲ့အဆီထုတ်ထားတဲ့ဒိန်ချည်နဲ့ရောကာ ခဏလိမ်းထားပြီးနောက် ရေနွေးနွေးလေးနဲ့မျက်နှာသစ်ပေးတာလုပ်နိုင်ပါတယ်။

Dr. သီတာနွယ်(အမရပူရ)

Previous Post

” သတိမမူမိကြတဲ့ ကလမိုင်းဒီးယား “

Next Post

စိတ်အတွက်ဆေးတစ်ခွက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စိတ်အတွက်ဆေးတစ်ခွက်

မိုးရာသီနှင့် အစားအသောက်များ

Nutrition - Wellness Avenue Series

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.